Success Move Travel &Tours

Success Move Travel &Tours Pack your bags �.We’ll handle the rest.

14/08/2026

Tibet located in the southwestern frontier of China, sitting atop the high Tibetan Plateau.


12/08/2026

Shanghai is located on the central eastern coast of China, directly at the mouth of the Yangtze River as it empties into the East China Sea.



လူတွေရဲ့ အကြည့်တွေကြောင့် အသက်ပင်ဆုံးရှုံးခဲ့ရလေသလား Wei Jieမင်္ဂလာပါရှင့် ဒီနေ့ကတော့ တရုတ်ရာဇဝင်ထဲမှာ နာမည်ကျော်ကြားခဲ့...
11/08/2026

လူတွေရဲ့ အကြည့်တွေကြောင့် အသက်ပင်ဆုံးရှုံးခဲ့ရလေသလား Wei Jie
မင်္ဂလာပါရှင့် ဒီနေ့ကတော့ တရုတ်ရာဇဝင်ထဲမှာ နာမည်ကျော်ကြားခဲ့တဲ့ အချောဆုံးအမျိုးသားလေးယောက်ထဲက နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ Wei Jie ရဲ့ အကြောင်းလေးကို မျှဝေချင်ပါတယ်။ Wei Jie ဆိုတာ အနောက်ပိုင်းကျင်မင်းဆက်ခေတ်မှာ ထင်ရှားခဲ့တဲ့ မျိုးရိုးမြင့်လူတန်းစားမှာ မွေးဖွားလာသူဖြစ်ပြီး ခေတ်ပြိုင်နာမည်ကျော် ဟောပြောဆွေးနွေးသူနဲ့ Neo Taoism (Xuan Xue) ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်ဟာ ထူးခြားပြီးချောမောလွန်းကာ နတ်သားတစ်ပါးလိုတောင် ခမ်းနားတဲ့အသွင်အပြင်ရှိတာမလို့ ကျောက်စိမ်းလူသားလို့တောင် တင်စားခေါ်ဝေါ်ြခင်းကို ခံရတာဖြစ်ပါတယ်။ သူဟာအသက် ၅ နှစ်အရွယ်လောက်တည်းက သူများတွေနဲ့ မတူပဲ တမူထူးခြားတဲ့ရုပ်ရည်ရှိတယ်လို့ အဘိုးဖြစ်သူကလည်း ချီးကျူးခဲ့ပါတယ်။ Wei Jie တစ်ယောက် မြို့ထဲကို ဆိတ်ဆွဲတဲ့ လှည်းလေးနဲ့ အပြင်ထွက်လာတိုင်း သူ့ရဲ့ ရုပ်ရည်ကို မြင်သူတိုင်းက သက်ရှိထင်ရှားရှိတဲ့ ကျောက်စိမ်းရုပ်တု သို့မဟုတ် နတ်ရုပ်ဟုပင် ထင်မှတ်ကြပြီး “ကျောက်စိမ်းပုလဲလူသား” လို့တောင် တင်စားခဲ့ကြပြန်ပါတယ်။ ဦးလေးဖြစ်သူကလည်း Wei Jie နဲ့အတူရှိနေရင် တောက်ပနေတဲ့ ပုလဲရတနာဘေးမှာ ရပ်နေရတယ်လို့ ခံစားရပြီး ကိုယ်ကိုယ်တိုင်ပင် ရုပ်ဆိုးလှတယ်လို့ပါ ခံစားရတယ်လို့ပါ ပြောဖူးပါတယ်။ ရုပ်ရည်ချောမောလွန်းပေမယ့်လည်း သူ့မှာ ကြီးမားတဲ့ အားနည်းချက်ကလည်း ရှိနေခဲ့ပါတယ်။ အဲ့တာကတော့ သူရဲ့ ခန္ဓာကိုယ်က အင်မတန်ကို အားနည်းလွန်းလှပြီး နာမကျန်းဖြစ်လွယ်လွန်းတာပဲ ဖြစ်ပါတယ်။
တစ်နေ့တော့ Wei Jie တစ်ယောက် ‌တောင်ဘက်အရပ်ကို ခရီးထွက်ချိန်မှာ သူ့ရဲ့ချောမောလွန်းလှတဲ့ ဂုဏ်သတင်းကို ကြားဖူးနေကြပြီး အလွန်မြင်ဖူးချင်နေကြတဲ့ လူအုပ်ပရိသတ်ကြီးက Wei Jie ရဲ့ ဘေးတစ်လျှောက်မှာ နံရံကြီးသဖွယ် ဝန်းရံပြီး လိုက်လံကြည့်ရှုခဲ့ကြပါတော့တယ်။ ဒီဒဏ်တွေကြောင့် Wei Jie ဟာ အရမ်းပင်ပန်းနွမ်းနယ်လွန်းလှပြီး ခန္ဓာကိုယ်က မခံနိုင်တော့ပဲ လမ်းခရီးမှာတင်ပဲ ကွယ်လွန်ခဲ့ရပါတော့တယ်။ ထိုအချိန်မှာ သူဟာ အသက် ၂၇ နှစ်သာရှိသေးပြီး အရမ်းကို ငယ်ရွယ်လွန်းလှပါသေးတယ်။ ဒီအဖြစ်အပျက်ကနေစပြီး 看杀卫玠 ( kan sha wei jie )ဆိုတဲ့ နာမည်ကျော်စကားပုံတစ်ခုပါ ပေါ်ထွက်လာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ လူအများရဲ့ ဝိုင်းအုံကြည့်ရှုခြင်းကြောင့် ကွယ်လွန်သွားရရှာတဲ့ ဝေ့ကျဲ့ ဖြစ်ပါတယ်။ အဲ့ဒီစကားစုကို ယနေ့ခေတ်အခါမှာတော့ အလွန်အမင်းနာမည်ကြီးတဲ့ အနုပညာရှင်တွေနဲ့ celebritiesတွေဟာ ပရိသတ်တွေရဲ့ အလုအယက်တိုးဝှေ့ပြီး ဝန်းရံခြင်းကို ခံရတဲ့အခြေအနေတွေမှာ တင်စားပြီး看杀卫玠 ( kan sha wei jie )လို့ တင်စားသုံးနှုန်းကြပါတယ်။
Wei Jie မှာ ဇနီးသည်နှစ်ယောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ပထမဇနီးသည်က စောစီးစွာ ကွယ်လွန်သွားခဲ့တဲ့အတွက် ဒုတိယဇနီးသည်နဲ့ ထပ်မံလက်ဆက်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အသက်၂၇ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်လို့ သားသမီး ထွန်းကားခဲ့လေသလား ဆိုတဲ့အချက်ကိုတော့ သမိုင်းမှာလည်း အထောက်အထားသေချာခိုင်လုံစွာ မရှိပါဘူး။

10/08/2026

Shenzhen (The Silicon Valley of China)
is located in Guangdong Province, China.
🇨🇳🇨🇳🇨🇳





07/08/2026

Must Travel Places of Vietnam 🇻🇳




စာပေနှင့် ရုပ်ရည်ကို စိန်ခေါ်ခဲ့သူ Song Yuရှေးခေတ်က ချူနိုင်ငံရဲ့ စစ်အတွင်းခေတ်က ထင်ရှားခဲ့တဲ့ နာမည်ကျော်ကဗျာနဲ့ စာရေးဆရ...
06/08/2026

စာပေနှင့် ရုပ်ရည်ကို စိန်ခေါ်ခဲ့သူ Song Yu
ရှေးခေတ်က ချူနိုင်ငံရဲ့ စစ်အတွင်းခေတ်က ထင်ရှားခဲ့တဲ့ နာမည်ကျော်ကဗျာနဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဟူပေပြည်နယ်၊ ရီချန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကဗျာဆရာကြီး Qu Yuan ရဲ့ တပည့်ဖြစ်ပြီး တူဝရီးတော်စပ်တယ်လို့လည်း ယူဆကြပါတယ်။ Song Yuဟာ ချူနိုင်ငံရဲ့ ယဥ်ကျေးမှုနဲ့ ကဗျာလောကမှာ ထူးခြားထင်ရှားသူတစ်ယောက်ဖြစ်ပြီး ပိုပြီးထူးခြားတာကတော့ သူ့ရဲ့ရုပ်ရည်က အင်မတန်မှကို ချောမောလွန်းနေတာပါ။ ရုပ်ရည်ချောမောရုံတင်မက စကားပြောဆိုရာမှာလည်း ထက်မြက်လွန်းတာမလို့ ချူဘုရင်ရဲ့ အနီးကပ်ယုံကြည်ရသူအဖြစ် နန်းတွင်းမှာ အမှုထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ချောမောလွန်းတဲ့ရုပ်ရည်ကြောင့် နန်းတွင်းမှာရှိတဲ့ အခြားအမတ်တွေရဲ့ မနာလိုတိုက်ခိုက်ခြင်းကို အမြဲလိုလိုခံရပါသေးတယ်။ အထူးသဖြင့် အမတ်ကြီးတိန့်ထူဇီက Song Yuဟာ ရုပ်တအားချောပြီး စကားတတ်ပေမယ့်လည်း မိန်းမလိုက်စားသူဆိုပြီး ဘုရင့်အနေနဲ့ သူ့ကို အနီးကပ်မထားသင့်ကြောင်းတောင် လျှောက်တင်ခဲ့ပါတယ်။ ဒါနဲ့ Song Yuကလည်း ပြန်လည်ချေပတဲ့အနေနဲ့ 登徒子好色赋
ဆိုတဲ့ စာတမ်းကိုရေးသားကာ “ကျွနိုပ်ရဲ့ အိမ်နီးချင်းမိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှပဆုံးဖြစ်ပြီး သူမက ကျွန်ုပ်ကို ၃ နှစ်တိုင်တိုင် ပိုးပန်းခဲ့သော်လည်း စိတ်မယိမ်းယိုင်ခဲ့ပါဘူး။ အမတ်ကြီးတိန့်ထူဇီကမူ ရုပ်ဆိုးလှတဲ့ ဇနီးသည်နဲ့ ကလေး၅ယောက်အထိ မွေးထားတာဖြစ်လို့ မိန်းမမက်သူဖြစ်တယ်။” လို့ ဟာသနှောကာ ဥာဏ်ပညာရှိရှိ ပြန်လည်ချေပနိုင်ခဲ့တဲ့အတွက် ချုဘုရင်ရဲ့ ယုံကြည်မှုကို ပိုမိုရရှိခဲ့ပါတယ်။
Song Yuဟာ တရုတ်စာပေသမိုင်းမှာ စကားပြေနဲ့ ကဗျာအလင်္ကာကို ပေါင်းစပ်ထားတဲ့ Fu ကဗျာအမျိုးအစားကို အဆင့်မြင့်တင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို အရေးအသားထူးချွန်တဲ့အတွက် သူ့ကို ကဗျာဆရာကြီး Qu Yuanနဲ့ တစ်တန်းတည်းထားကာ သမိုင်းတစ်လျှောက် ကဗျာလောကရဲ့ အထွတ်အထိပ်တွေအဖြစ် Qu-Song တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ချူနိုင်ငံဟာ ချင်နိုင်ငံရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံလိုက်ရတဲ့အတွက် တိုင်းပြည်ကြီး ပျက်သုန်းသွားခဲ့ရပါတော့တယ်။ Song Yuဟာလည်း မိမိနိုင်ငံပျက်သုန်းသွားတာကို မြင်ခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲခဲ့ပါတယ်။ ဒီလိုနဲ့ Song Yuဟာ သူ့အသက် ၇၆ နှစ်အရွယ်လောက်မှာပဲ နိုင်ငံမဲ့ဘဝနဲ့ ဆင်းရဲနွမ်းပါးစွာ ကွယ်လွန်ခဲ့ရပါတော့တယ်။ သူ့ဘဝနှောင်းပိုင်းရဲ့ ကြေကွဲမှုတွေနဲ့ ဆောင်းဦးရဲ့ လွမ်းမောဖွယ်အလှတွေကို သူရေးစပ်ခဲ့တဲ့ ကဗျာတွေစာပေတွေမှာ အထင်အရှား မြင်တွေ့နိုင်မှာပဲ ဖြစ်တယ်။

မကောင်းဆိုးဝါး ဘီလူးမျက်နှာဖုံးစွပ်စစ်သူကြီး (Lan Ling Wang- 蘭陵王)သူကတော့ မြောက်ပိုင်းချီမင်းဆက်ခေတ်တုန်းက နာမည်ကျော်ကြား...
05/08/2026

မကောင်းဆိုးဝါး ဘီလူးမျက်နှာဖုံးစွပ်စစ်သူကြီး (Lan Ling Wang- 蘭陵王)

သူကတော့ မြောက်ပိုင်းချီမင်းဆက်ခေတ်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ မင်းသားတစ်ပါးဖြစ်သလို စစ်သူကြီးတစ်ယောက်လည်း ဖြစ်ပြီးတော့ သူ့ရဲ့ချောမောမှုနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဘဝအဆုံးသတ်ကြောင့် တရုတ်လူမျိုးတွေကြားမှာ နာမည်ကျော်ကြားတာပဲ ဖြစ်ပါတယ်။ တင်စားထားတဲ့ အသုံးအနှုန်းကတော့ ကြားလိုက်တာနဲ့ ကြမ်းတမ်းခက်ထန်လှတဲ့ ယောကျ်ားကြီးတစ်ယောက်လို့ အတော်များများ ထင်မြင်မိကြမှာပါ။ ဒါပေမယ့် တစ်ကယ်တမ်းမှာကတော့ ဒီလန်လင်းဝမ်ဆိုတဲ့ စစ်သူကြီးဟာ ထင်ထားသလိုမဟုတ်ပဲ ရုပ်ရည်က အင်မတန်မှကို ချောမောလှပလွန်းနေတာပါ။ စစ်ရေးစစ်ရာမှာ အလွန်တရာထက်မြက်လွန်းတဲ့သူက စစ်ပွဲအတွင်းမှာ ရန်သူတွေက သူ့ရဲ့ အမျိုးသမီးတစ်ယောက်ထက်တောင် နူးညံ့ချောမောတဲ့ ရုပ်ရည်ကို လှောင်ပြောင်ခံရမှာ စိုးတဲ့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘီလူးမျက်နှာဖုံးကို စွပ်ပြီးမှသာ စစ်တိုက်ခဲ့တာဖြစ်ပါတယ်။ စစ်သူကြီးရဲ့ အမည်ရင်းကတော့ Gao Chang Gong ဖြစ်ပြီး လန်လင်နယ်စားမင်းလို့လည်း လူသိများပါတယ်။ စစ်ရေးစစ်ရာမှာ ထူးချွန်လှပြီး တစ်ခါကဆိုရင် ရန်သူ့စစ်အင်အား တစ်သိန်းလောက်နဲ့ ကျန်ယုံမြို့ကို ဝိုင်းရံထားချိန်မှာ လန်လင်ဝမ်စစ်သူကြီးဟာ ရဲရင့်တဲ့မြင်းစစ်သည်တော် ၅၀၀ နဲ့ ရန်သူ့တပ်တွေကို အနိုင်တိုက်နိုင်ခဲ့ပြီး ကျန်ယုံမြို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး နာမည်ကျော်ကြားလှပြီး ဂုဏ်သတင်းကြီးမားလာတာကြောင့် ဧကရာဇ်က သူ့အပေါ် ပြန်လည်ပုန်ကန်လာမှာကို စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စစ်သူကြီးလန်လင်းဝမ်က ဧကရာဇ်ရဲ့ သံသယကို ဖယ်ရှားနိုင်ရန်အတွက် နေမကောင်းဖျားနာဟန်ဆောင်ပြီး တာဝန်များမှ ရှောင်ရှားနေခဲ့ပါတယ်။ သို့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဧကရာဇ်ပို့ဆောင်ပေးလာတဲ့ အဆိပ်ခတ်ထားတဲ့သေရည်ကို သောက်သုံးခဲ့ရကာ ကွယ်လွန်ခဲ့ရပါတော့တယ်။ ထိုအချိန်မှာ လန်လင်းဝမ်ဟာ ငယ်ရွယ်ပြီး အသက်၃၀ဝန်းကျင်သာ ရှိပါသေးတယ်။

တရုတ်သမိုင်းထဲက နတ်ဘုရားဖန်ဆင်းရှင်အလား အချောဆုံးအမျိုးသား "ဖန်အန်း" (Pan An) တရုတ်သမိုင်းမှာ အလှဆုံးအမျိုးသမီးလေးတွေ ပေ...
04/08/2026

တရုတ်သမိုင်းထဲက နတ်ဘုရားဖန်ဆင်းရှင်အလား အချောဆုံးအမျိုးသား "ဖန်အန်း" (Pan An)
တရုတ်သမိုင်းမှာ အလှဆုံးအမျိုးသမီးလေးတွေ ပေါ်ထွန်းခဲ့သလိုပဲ အချောဆုံးအမျိုးသား ၄ ယောက် (Four Great Beauties of Ancient China) ကလည်း သမိုင်းဝင်ပေါ်ထွန်းခဲ့တာပါ။ ထိုထဲကမှ Pan An ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို အရင်ဆုံးမျှဝေချင်ပါတယ်။ တရုတ်ယဉ်ကျေးမှုမှာဆိုရင် ယောကျာ်းတစ်ယောက်ကို အရမ်းကိုချောတယ်လို့ ချီးမွမ်းချင်ရင် သူ့နာမည်နဲ့ နှိုင်းယှဉ်ပြီး အခုထိတင်စားပြောဆိုကြတာပဲဖြစ်ပါတယ်။ သူကတော့ Jin Dyansty လက်ထက်က အစိုးရအရာရှိ စာဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ Pan An တစ်ယောက်ဘယ်လောက်ထိချောလဲဆိုတာကို ဖော်ကျူးထားတဲ့ သမိုင်းဝင်ပုံပြင်လေးတစ်ပုဒ်တောင် ရှိပါသေးတယ်။ အဲ့တာကတော့ သူဟာ ငယ်စဉ်ကတည်းက ရုပ်ရည်အရမ်းချောမောတာကြောင့်မို့ မိန်းကလေးတွေကြားထဲမှာ အရမ်းကို ရေပန်းစားပြီး အပြင်ထွက်ရင်တောင် မြင်းရထားလုံးနဲ့ သွားတဲ့လူပဲဖြစ်ပါတယ်။ သူအပြင်ထွက်တဲ့ အချိန်ကို မြို့ထဲက မိန်းမပျိုလေးတွေ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေအထိပါ ဘေးမှာမတ်တပ်ရပ်ပြီး စောင့်နေကြတာပါ။ Pan An လာပြီဆိုရင်တော့ သူတို့က စွဲလမ်းလွန်းလို့ သဘောကျ‌ကြောင်း ပြသတဲ့အနေနဲ့ သစ်သီးတွေနဲ့ PanAn ရဲ့ မြင်းရထားလုံးထဲကို ပစ်ထည့်ပေးကြပါတယ်။ ဒါကြောင့်မလို့ Pan An မြို့ထဲက ပြန်ရောက်လာပြီဆိုရင် သူရဲ့ မြင်းရထားတစ်စီးလုံးဟာ သစ်သီးတွေ အပြည့်ပါလာတတ်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးသားခဲ့ကြပါတယ်။ Pan An က ရုပ်ရည်တင်ပဲ ချောတာမဟုတ်ပါဘူး။ သူ့ရဲ့ ဉာဏ်ပညာနဲ့ စာပေပါရမီကလည်း အလွန်ထက်မြက်လှပါတယ်။ သူ့ခေတ်သူ့အခါက စာပေအသိုင်းအဝိုင်းမှာ အတော်ဆုံးစာဆိုတော် ၂၄ ယောက်ထဲမှာ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီးတော့ သူ့ရဲ့ စာသားတွေဟာ နူးညံ့ပြီး ခံစားချက်ပါ‌လွန်းလို့ အဲဒီခေတ်က စာပေပညာရှင်တွေတောင် သူ့ရေးသားဟန်ကို အတုယူခဲ့ကြတာပါ။ ရုပ်ရည်ရော၊စာပေရော ထက်မြက်ရုံတင်မကပဲ အချစ်ရေးမှာဆိုရင်လည်း သူဇနီးသည်တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ပေးတာပါ။ အဲ့ခေတ်တုန်းက အရာရှိကြီးတွေ၊ ရုပ်ချောတဲ့အမျိုးသားတွေက မောင်းမတွေအများကြီးရှိခဲ့ပေမဲ့ Pan An ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ သူ့ရဲ့ဇနီးသည်Yang (ယန်)တစ်ယောက်တည်းကိုပဲ အသက်ထက်ဆုံး ချစ်မြတ်နိုးခဲ့ပြီး ဇနီးသည်ကွယ်လွန်သွားတဲ့ အချိန်မှာလည်း Pan An က နောက်အိမ်ထောင်ထပ်မပြုပဲ တစ်ယောက်ထဲသာ နေသွားခဲ့တာပါ။ သို့ပေမယ့်လည်း Pan An ရဲ့ ဘဝနိဂုံးကတော့ မလှပခဲ့ပါဘူး။ ခေတ်ကာလအရေးအခင်းတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ Pan An ဟာ မင်းဆက်တွေကြားက အာဏာလုပွဲထဲကို ပါဝင်ပတ်သတ်မိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံရေးပုန်ကန်မှုမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူဟာ အသက်၅၃ နှစ်အရွယ်မှာ ကွပ်မျက်ခြင်းခံရပြီးတော့ သူရဲ့မိသားစုမျိုးနွယ်တွေပါ သုတ်သင်ဖျက်ဆီးခြင်း ခံခဲ့ရတာပဲဖြစ်ပါတယ်။

တရုတ်သမိုင်းရာဇဝင်ထဲက အချောအလှဆုံးစာရင်းဝင် မိန်းမလှလေးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Xi Shi (西施) ဘုရင်တွေကြားထဲက စစ်ပွဲတွ...
03/08/2026

တရုတ်သမိုင်းရာဇဝင်ထဲက အချောအလှဆုံးစာရင်းဝင် မိန်းမလှလေးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Xi Shi (西施)
ဘုရင်တွေကြားထဲက စစ်ပွဲတွေမှာ မိန်းမလှတစ်ယောက်ကို လက်နက်အဖြစ်သုံးကာ ရန်သူ့တိုင်းပြည်ကို ပျက်စီးအောင်လုပ်ခဲ့တဲ့ သမိုင်းဝင်ဇာတ်လမ်း ကို ကြားဖူးကြမှာပါ။ ရှေးရှေးတုန်းကYue (ယွဲ့) တိုင်းပြည်ဟာ Wu (ဝူ) တိုင်းပြည်ရဲ့ လက်အောက်ကျရောက်ခဲ့ရချိန်မှာ တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို့ရာအတွက် အလှပဆုံး အဆိပ်ပန်းတစ်ပွင့်ကို ရန်သူ့ဆီ ပေးပို့ခဲ့ကြပါတယ်။ အဲဒီအဆိပ်ပန်းလေးကတော့ တရုတ်နိုင်ငံရဲ့ အချောအလှဆုံးစာရင်းဝင် မိန်းမလှလေး Xi Shi ပဲဖြစ်ပါတယ်။ Xi Shi ကို ဘီစီ ၅ရာစုအခါ ယွဲ့တိုင်းပြည်မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ အမည်ရင်းက XiShiGuang လို့ ခေါ်တွင်ပြီး သူမရဲ့မိဘတွေက ရွာလေးတစ်ရွာက သာမန်သစ်ခုတ်သမားနဲ့ အထည်လျှော်တဲ့သူတွေပဲဖြစ်ပါတယ်။ Xi Shiတစ်ယောက် ချောင်းစပ်လေးမှာထိုင်ပြီး ပိုးထည်တွေ လျှော်တဲ့အချိန် ရေပြင်ပေါ်ကို ထင်ဟပ်နေတဲ့ သူမရဲ့အလှကြောင့် ရေထဲက ငါးလေးတွေကတောင် ငေးမောပြီး ရေအောက်ကိုမြုပ်ဆင်းသွားရတဲ့အထိကို လှပလွန်းတယ်လို့ နာမည်ကျော်ကြားပါတယ်။ ထိုအချိန်တုန်းက အိမ်နီးချင်းဝူတိုင်းပြည်က ယွဲ့တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်အောင်မြင်ခဲ့ပြီး ယွဲ့ဘုရင် Goujianကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ နောက်ပိုင်း Goujian ပြန်လည်လွတ်မြောက်လာပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့နဲ့ ဝူတိုင်းပြည်ကို ပြန်လည်ဖြိုခွဲဖို့ အစီအစဉ်တစ်ခုဆွဲခဲ့ပါတော့တယ်။ ယွဲ့တိုင်းပြည်ရဲ့ အမတ်ကြီး Fan Li (ဖန်းလီ) ဟာ ဝူနိုင်ငံဘုရင်Fuchai ကိုလမ်းလွှဲဖို့ အလှဆုံးအမျိုးသမီးတစ်ယောက် လိုအပ်နေချိန်မှာ Xi Shi ကို တွေ့သွားခဲ့ပါတယ်။ ဒါနဲ့ပဲ Xi Shi ကိုမြို့တော်ကို ခေါ်ဆောင်သွားကာ ၃ နှစ်တိုင်တိုင် ယဉ်ကျေးမှု၊ ကပွဲတွေနဲ့ တိတ်တဆိတ်ထောက်လှမ်းဖို့ နည်းပညာတွေကို စနစ်တကျ သင်ကြားပေးပြီးတော့ သူမကို ဝူနိုင်ငံဘုရင် Fuchai ဆီကို တော်ဝင်လက်ဆောင်အဖြစ် ဆက်သခဲ့ကြပါတယ်။ သူမ Fuchai ဆီကိုရောက်ပြီးနောက် နောက်ပိုင်းမှာတော့ ဝူနိုင်ငံဘုရင်တစ်ယောက်ဟာ သူမရဲ့အလှကို တပ်မက်စွဲလန်းသွားကာ အလှတရားနဲ့ မာယာတွေအောက် ကျရှုံးခဲ့ပြီးတော့ တိုင်းရေးပြည်ရာတွေလစ်ဟင်းလာရုံသာမက စစ်ရေးအင်အားတွေလည်း ကျဆင်းလာခဲ့ပါတော့တယ်။ ဒီအချိန်ကို အငိုက်ဖမ်းပြီးတော့ ယွဲ့နိုင်ငံရဲ့ ဘုရင်က နိုင်ငံကို ပြန်လည်သိမ်းပိုက်လိုက်နိုင်ပါတော့တယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Xi Shiတစ်ယောက်ဟာ တာဝန်တွေ ပြီးဆုံးပြီးတဲ့နောက်မှာ သူမကို ခေါ်ဆောင်ပေးခဲ့တဲ့ အမတ်ကြီးဖန်းလီနဲ့ မေတ္တာမျှကာ နှစ်ယောက်သားဟာ ရာထူးဂုဏ်ဒြပ်တွေကို စွန့်လွတ်ကာ Taihuရေကန်ကြီးထဲ လှေလေးတစ်စင်းနဲ့ အတူတကွ ထွက်ခွာသွားခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။ တစ်ချို့သော ရာဇဝင်တွေထဲမှာတော့ ယွဲ့မိဖုရားက Xi Shi
ရဲ့အလှတရားဟာ တိုင်းပြည်တွေကိုပါ ပျက်စီးသွားစေနိုင်လောက်အောင် အန္တရာယ်များလှတယ်ဆိုပြီး ကို မြစ်ထဲနှစ်မြုပ်စေကာ အဆုံးသတ်စီရင်ပေးလိုက်တယ်လို့လည်း ပြောကြပါသေးတယ်။
ဒါကတော့ သမိုင်းဝင်အချောလှဆုံးထဲက Xi Shiရဲ့ ဘဝဇာတ်ကြောင်းလေးတစ်ခုပါ။ နောက်ရက်မှာတော့ ကျန်တဲ့အချောအလှလေးနှစ်ယောက်အကြောင်းကို ဆက်လက်ဝေမျှသွားပေးပါဉီးမယ်နော်။
တရုတ်နိုင်ငံတင်သာမက ကမ္ဘာပေါ်က သာယာလှပတဲ့ နေရာတွေနဲ့ စားကောင်းသောက်ဖွယ်တွေ အကြောင်းကို ဆက်လက်ပြီး မျှဝေသွားပေးဦးမှာမလို့ စိတ်ဝင်စားတယ်ဆိုရင်‌တော့ Pageလေးကို Like and Followလေး လုပ်ထားဖို့ လိုမယ်နော်။
လူကြီးမင်းတို့အနေနဲ့ အလည်အပတ်သွားမယ်ဆိုရင်တော့ ညီမတို့ Success Move Travel & Tours ကို သတိရလိုက်ပါနော်။ 📞📞📞
☎️Office phone number- 09-400561608, 09-400561618
🏡Office Address- အမှတ် (88) ၊ ပထမထပ်၊ မြောင်းကြီးလမ်းနှင့် ဇီဇဝါလမ်းထောင့် ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

မင်္ဂလာပါရှင့်လူကြီးမင်းတို့အနေနဲ့  ခရီးသွားဖို့ လေယာဉ်လက်မှတ်လေး ဝယ်မယ်ဆိုရင်တော့ Success Move Travel & Tours ကိုသတိရလိ...
02/08/2026

မင်္ဂလာပါရှင့်
လူကြီးမင်းတို့အနေနဲ့ ခရီးသွားဖို့ လေယာဉ်လက်မှတ်လေး ဝယ်မယ်ဆိုရင်တော့ Success Move Travel & Tours ကိုသတိရလိုက်ပါနော်။
ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ်လေးများကို ယုံကြည်စိတ်ချစွာ ရယူလိုက်ပါ။
☎️09-400561608(Viber)
☎️09-400561618(Telegram) မှလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
⏰Office Hours - 09:00 AM to 05:00 PM
📆Office Days - Monday to Friday
🏡Office Address - No.88, First floor, Corner of Myaung Gyi Street & Zizawa Street, Pazundaung Township, Yangon.

Address

No 88, 1st Floor, Myaunggyi Street, Pazundaung Tsp
Yangon
11171

Website

Alerts

Be the first to know and let us send you an email when Success Move Travel &Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category