Asia Polestar Travel

Asia Polestar Travel Having excellent tour services in travel industry in Myanmar over 10 years experience.

May we provide your tour with good memory, lovingly cultural, Unique Experiences.

Prou of Our President!!😍
08/11/2020

Prou of Our President!!😍

Happy Lighting Festival ( Thadingyut festival ).
31/10/2020

Happy Lighting Festival ( Thadingyut festival ).

28/10/2020

😱😱Interesting background histories and things after that always "Smiling People's Faces" that why they called Burma it sucked🤩

Pls mention Ur Memo!!


😍Myanmar Queen & British Queen😍                      💋Suu & Elizabeth💋                                 ❤️Graceful Ladies...
22/08/2020

😍Myanmar Queen & British Queen😍

💋Suu & Elizabeth💋

❤️Graceful Ladies❤️

Our incredible innocence great mother &Th super hero of America(especially black man)         ❤️Absolutely respect diffe...
21/08/2020

Our incredible innocence great mother &
Th super hero of America(especially black man)

❤️Absolutely respect different
humanism TWO❤️

😱ယိုးဒယားက Makro လာတယ်...😱😬တရုတ်က TimeCity ဖွင့်တယ်...😬ဗီယက်နမ်က Myanmar Plaza ဆောက်တယ်အအောင်မြင်ဆုံး Online Shopping က ...
14/08/2020

😱ယိုးဒယားက Makro လာတယ်...😱

😬တရုတ်က TimeCity ဖွင့်တယ်...😬

ဗီယက်နမ်က Myanmar Plaza ဆောက်တယ်

အအောင်မြင်ဆုံး Online Shopping က Alibaba အောက်က Shop . com

နေ့တိုင်းလိုလို ဝယ်စားဖြစ်တဲ့
Food Panda က Germany Base

Taxi လေးဌားရင် Singapore က
Grab နဲ့ ဌားလိုက်ရမှ...

မြန်မာတွေက ပိုက်ဆံထိုင်သုံးနေတယ်...

ဘာလို့လဲဆိုတော့
ပိုက်ဆံသာရှိပီး
ပညာမတတ်ကြလို့ပဲ...

Application လေးသုံးပီး
Management နဲ့တင် ဒီကပိုက်ဆံကို
ဘယ်လိုယူရမလဲသိနေပီ...

ပညာမတတ်
မူလဲမသိ လူလဲမရှိနဲ့
အလွန်ဆုံးတိုးတက်ရင်
သူတို့ဆီမှာ ဝန်ထမ်း အဆင့်ပေါ့...

ဒါတောင် Insurance တွေတခြား
Sector တွေမှာ အများကြီးကျန်သေးတယ်....

ဒို့တွေကတော့
အွန်လိုင်းမှာထိုင်အတင်းတုတ်မယ်...

နီစိမ်းပြာ ငြင်းမယ်...

နိုင်ငံခြား Company ကြီးမှာ
ဒေါ်လာတွေရမယ် ...

ဒါ့ထက်ပိုမလာတော့ဘူး
နောင်၁၀နှစ်မှာ ရုန်းမထွက်နိုင်သေးရင်တော့
သေ ပီဆရာပဲ ...

ပြည်တွင်း SME ဆိုရင်လဲ
ဖြစ်ဖြစ်မြောက်‌မြောက်ပံ့ပိုးပေးတာ
တခုမှမရှိ...

မြန်မာတွေမတိုးတကိရခြင်းအကြောင်းက
ပညာရေးစနစ်ကြောင့်လဲပါသလို
တို့လူမျိုးကိုယ်တိုင်ကိုယ်က
မကြိုးစား ရေပေါ်စီ အချောင်ခိုနေစားချငိတဲ့
စိတ်ဓါတ်တွေနဲ့ ကြိုးစားချင်စိတ်မရှိမှုတွေကြောငိ့ပဲ

ဒါတွေမပြောင်းလဲသရွေ့
သူများအမြတ်ထုတ်တာခံ
သူများဝန်ထမ်းဖြစ်နေရဦးမှာပဲ

နိုင်ငံခြားကုမ္ဗဏီမှာ ဒေါ်လာစားဘဝနှင့်
နေ့စဉ် stress ကြောင့်ဆိုကာ ဘားတက် ကလပ်တက်
ကော်ဖီဆိုင်ထိုင် ပျော်မွေ့နေသော ဝန်ထမ်းဘဝမှ
ဘယါတော့လွတ်မြောက်နိုင်မည်နည်း
သင်တွေးဖူးပါသလား?

အချိန်မရွေး သူတို့သည်
သည်နိုင်ငံမှ ပြန်ထွက်သွားနိုင်သည်
အလုပ်ပြုတ်သွားနိုင်သည် risk ကိုကြိုတင်တွေးထားပါ
ပိုခိုင်မာသည်ဟု ထင်ရသည့်
ကုမ္ဗဏီများသည် ပိုကြောက်ဖို့
ကောင်းသည်ဆိုတာ သင်တို့ မည်သို့မှ သိမည်နည်း

ဘဝကို ကျေနပ်ရောင့်ရဲမှုက
နေရာတိုင်းတွက် မဖြစ်နိုင်သည်
ဒါကြောင့် ကြိုးစား နိုးထကြပါတော့

Credit to original.
edited by ttzk

11/08/2020

ကုန်းဘောင်မင်းဆက် ပျက်သုန်းတာ

တစ်ကယ်တော့ သီပေါမင်းကြောင့်မဟုတ်ပါဘူး😱😱

မင်းတုန်းမင်း မိန်းမအများကြီးယူလို့

ယူတဲ့မိန်းမတွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကို

နယ်အပိုင်စားတွေပေးရာကနေ

သီပေါမင်းလက်ထက်မှာ strikeတွေပိုကြီးပြီး

ပျက်သုန်းသွားတာပါ😥😥

(သီပေါမင်းဟာလည်း မင်းကောင်းမင်းမြတ်တစ်ပါးပါ

စုဖုရားလတ်ကိုကြောက်လို့ဆိုတာလည်း လုံးဝ လုံးဝ

မဟုတ်ပါဘူး သမိုင်းအမှားပါ❌❌)

═════════════════════❝ ကဆုန်လပြည့်ဗုဒ္ဓနေ့ ❞═════════════════════°ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိ...
06/05/2020

═════════════════════
❝ ကဆုန်လပြည့်ဗုဒ္ဓနေ့ ❞
═════════════════════
°

ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ်(၆၈) ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

ကဆုန်လဟာ မြန်မာလ(၁၂)ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။

ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။

နောက်ပိုင်းမှာ “ကု”မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။

(ကုက)ရဲ့အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပာယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။

သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။

ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။
ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။
ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။
ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။
ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

credit : တောင်တန်းသာသနာပြု
ဆရာတော် အရှင်သုခမိန္ဒ မှ
မျှဝေ ပူဇော်ပါသည် 🙏🙏🙏

Full Moon Day Of Kason Month.The full moon day of Kason, second month of the Myanmar Era 1381, is special for all the My...
06/05/2020

Full Moon Day Of Kason Month.

The full moon day of Kason, second month of the Myanmar Era 1381, is special for all the Myanmar Buddhists. Also known as Buddha Day, public holiday in Myanmar, it commemorates Buddha's birth, enlightenment and passing. Pouring clean and cool water on the Bodhi Tree symbolizes our veneration of Buddha during the festival.
Wishing everyone healthy and wealthy on this special day to everafter.
. .

Address

No 36, Pyay Road, Sanchaung Township, Yangon, Myanmar ( Burma )
Yangon
11111

Opening Hours

Monday 09:00 - 17:00
18:30 - 22:30
Tuesday 09:00 - 17:00
18:30 - 22:00
Wednesday 09:00 - 17:00
18:30 - 22:00
Thursday 09:00 - 17:00
18:30 - 22:00
Friday 09:00 - 17:00
18:30 - 22:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959965530855

Website

Alerts

Be the first to know and let us send you an email when Asia Polestar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Polestar Travel:

Shortcuts

Share

Category