27/08/2026
EDIT မလုပ်တော့ပဲ ကျမတို့အသံလေးတွေအတိုင်းတင်ထားပါတယ်။
🏛️ Colosseum ဆိုတာဘာလဲ?
Colosseum က အီတလီနိုင်ငံ Rome မြို့မှာရှိတဲ့ ရောမအင်ပါယာခေတ်က အကြီးမားဆုံး အားကစားကွင်းကြီး / စစ်ရေးပြကွင်းကြီး တစ်ခုပါ။
နှစ်ပေါင်း ၂၀၀၀ ကျော် နေပါပြီ။
* လူ 50,000–70,000 ခန့် ဝင်ဆံ့တယ်လို့ ခန့်မှန်းကြပါတယ်။
⚔️ အထဲမှာ ဘာတွေလုပ်ကြသလဲ?
အဓိကအားဖြင့် Gladiator တိုက်ပွဲတွေ ကျင်းပခဲ့ပါတယ်။
ကြေးစား (သို့) ကျွန် Gladiator တွေက လူအချင်းချင်း တိုက်ခိုက်တာသာမက—
* 🗡️ Gladiator vs Gladiator
* 🦁 လူ vs တောရိုင်းတိရစ္ဆာန်
* ⚔️ စစ်ပွဲပုံစံပြပွဲတွေ
* 🎭 ရှေးရောမလူထုအတွက် ဖျော်ဖြေပွဲတွေ
စတဲ့ အစီအစဉ်တွေရှိခဲ့ပါတယ်။
🕳️ အောက်က ကြမ်းပြင်အောက်မှာ?
Colosseum ရဲ့ အောက်ပိုင်းကို Hypogeum လို့ခေါ်ပါတယ်။
အဲဒီနေရာမှာ Gladiator တွေ၊ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေကို အပေါ်က Arena ထဲကို လျှို့ဝှက်လမ်းကြောင်းနဲ့ lift စနစ်တွေသုံးပြီး တင်ပေးနိုင်ခဲ့ပါတယ်။
🏗️ ဘာကြောင့် ဒီလောက်ကြီးပြီး အံ့သြစရာကောင်းတာလဲ?
အဲဒီခေတ်မှာ ခေတ်မီ ကရိန်း နဲ့
စက်ယန္တယားတွေမရှိသေးပေမယ့်—
ကွန်ကရစ် + ကျောက် + အုတ် + ရောမ ဗိသုကာ ကို အသုံးပြုပြီး အလွန်ကြီးမားတဲ့ အဆောက်အအုံကို တည်ဆောက်နိုင်ခဲ့တာပါ။
ဒါကြောင့်လည်း Colosseum က နှစ်ပေါင်း 2,000 နီးပါး ကြာလာတဲ့အထိ ရောမ ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အအုံအဖြစ် ကျန်ရှိနေပါတယ်။
✨ စိတ်ဝင်စားစရာတစ်ခု
ယနေ့မြင်ရတဲ့ Colosseum က မူလအဆောက်အအုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ငလျင်တွေ၊ ကျောက်တွေကို အခြားဆောက်လုပ်ရေးတွေအတွက် ပြန်လည်အသုံးပြုတာတွေကြောင့် အချို့အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့ပါတယ်။
Rome ကိုရောက်ရင် Colosseum ကိုကြည့်တဲ့အခါ “ရှေးရောမတွေ ဒီနေရာမှာ လူ ၅–၇ သောင်းလောက်နဲ့ Gladiator တိုက်ပွဲတွေကြည့်ခဲ့ကြတာ” လို့ စိတ်ကူးကြည့်ရင်
သက်ဦးဆံပိုင် စနစ်ရဲ့ ကြောက်ရွံမှု့တွေ၊
နိုင်ဖို့ တိုက်ရမယ့် အင်အားတွေ၊
လူတွေရဲ့ အော်ဟစ်မှု့တွေ ကြားရသလို စိတ်ထဲ တွေးမှိပါတယ်။
အထင်ကရအနေနဲ့သာ ဓတ်ပုံရိုက်ကူးပါ။
စီးမျောသွားရင် စိတ်မကောင်းဖြစ်ရမယ်လေ။
GLADIATOR ဆိုတဲ့ရုပ်ရှင်ကြည့်ပြီး ရောမသွားပါ လို့ အကြုံပြုပါတယ်။
အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ❤️
Insta 360 နဲ့ ကားပေါ်ကနေ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။
Journeys High ရဲ့ TitTok ကိုလည်း အားပေးပါ။
Take Your Journeys High.
Journeys High
လိုင်စင်အမှတ် T/I (YGN-2622)
ဓနသစ် ဘုရားဖူး ခရီးသွားလုပ်ငန်း
လိုင်စင်အမှတ် T/O(YGN-0814)
🏠ရုံးခန်းတည်နေရာ
အမှတ် (၄၁၃) (က)
၁၁ လမ်း နှင့် ၉ လမ်းထောင့်/ ၁၁ ရပ်ကွက်/ တောင်ဥက္ကလာပမြို့နယ်/ ရန်ကုန်မြို့။
Phone & Viber
📲 09422095500
📲 09251399819
📲 09251399820