OWL Travels & Tours

OWL Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OWL Travels & Tours, Travel Company, Myasabai Street, Yangon.

၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့မှစ၍ ကမ္ဘာသူ ကမ္ဘာသားမြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံးဘေးဘယာတွေ ဝေးကွာလို့ နှလုံးစ...
17/04/2020

၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့မှစ၍ ကမ္ဘာသူ ကမ္ဘာသား
မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံး
ဘေးဘယာတွေ ဝေးကွာလို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
ကျရောက်နေသော ရောဂါအန္တရာယ်ဆိုးကြီးမှလည်း အမြန်ဆုံး ကင်းဝေးကြပါစေ တစ်ဦးနဲ့တစ်ဦး ပိုပြီး နားလည်နိုင်ကြပါစေ ကြင်နာနိုင်ကြပါစေ သည်းခံနိုင်ကြပါစေ မေတ္တာချင်းပေါင်းစည်းလို့ ရောဂါအန္တရာယ်ဆိုးကြီးကို အမြန်ဆုံးတွန်းလှန်နိုင်ကြပါစေ

🙏🙏🙏

OWL TRAVELS & TOURS Family

ချစ်ရတဲ့သူများအားလုံးဆီကို ပိတောက်ပန်းလေးတွေ ပို့ပေးလိုက်ပြီနော် ကပ်ဆိုးမှ အမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရတဲ့ သူများအားလံ...
13/04/2020

ချစ်ရတဲ့သူများအားလုံးဆီကို ပိတောက်ပန်းလေးတွေ ပို့ပေးလိုက်ပြီနော်

ကပ်ဆိုးမှ အမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရတဲ့ သူများအားလုံးဆီကို ကံကောင်းခြင်းတွေ အမြန်ဆုံး ရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်


မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အခါသမယ တွင် မိဘပြည်သူမိတ်ဆွေ အပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍စီးပွားတိုးတက်ခြင်းနှင့် လိ...
11/04/2020

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အခါသမယ တွင် မိဘပြည်သူမိတ်ဆွေ အပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍စီးပွားတိုးတက်ခြင်းနှင့် လိုအင်ဆန္ဒများ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ပို့သအပ်ပါသည်။

🙏🙏🙏


10/04/2020

ခရီးသွားအကြံပြုချက်(၂၁)
ဟိုတယ်နှင့်ငှားရမ်းထားသည့်တိုက်ခန်း(apartment)များ၌ နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကိစ္စ အကြံပြုခြင်း
********************************************************************
နေပြည်တော်၊ ဧပြီလ (၁၀) ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားအချို့မှာ ၎င်းတို့၏ မူလနေရပ်သို့ ပြန် လည်ထွက်ခွာနိုင်ခြင်း မရှိသေးသဖြင့် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် တိုက်ခန်း(apartment)များ၌ ဆက်လက်တည်းခိုနေထိုင်လျက်ရှိရာ အချို့ဟိုတယ်များ၊ တိုက်ခန်းများမှ ၎င်းပြည်ပနိုင်ငံသားများ အားဆက်လက် လက်ခံခြင်းမရှိဘဲ နှင်ထုတ်သည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိသည့်အတွက် အဆိုပါ နေရာများ၌ တရားဝင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများအားဆက်လက်နေထိုင်ခြင်း မရှိစေရန် ဖိအားပေးဆောင်ရွက်နေမှုများ မပြုလုပ်စေရေး၊ ဒေသခံများအနေဖြင့် တည်းခိုနေထိုင်သည့် ပြည်ပ နိုင်ငံသားများသည် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်သွားရေးနှင့် အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုများမရှိစေရေးတို့အတွက် သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်ရှိ ဒေသန္တရအုပ်ချုပ်ရေးမှူး များမှ ကြီးကြပ်ကူညီပေးသွားကြရန် ထုတ်ပြန်ထားရှိကြောင်းသိရှိရပါသည်။
၃။ သို့ပါ၍ မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား လက်ခံ ထားရှိသည့် ဟိုတယ်များ၊ ၎င်းတို့ကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွား လုပ်ငန်းဆောင်ရွက် နေသူများမှ ဖော်ပြပါအချက်များအား ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက် ကြပါရန် အကြံပြုအပ် ပါသည်။

Credit - Ministry of Hotels and Tourism

10/04/2020

ရပ်နားမည့်လေကြောင်းလိုင်းခရီးစဉ်များ
ရပ်နားမည့်အချိန်ကာလ
==============================

⭕️✈️𝐐𝐚𝐭𝐚𝐫 𝐀𝐢𝐫𝐰𝐚𝐲𝐬 လေကြောင်းလိုင်းသည်
Yangon-Doha-Yangon ခရီးစဉ်များကို
၂၀၂၀ မတ်လတွင် ၂၄-၂၆-၂၇-၂၉-၃၀-၃၁ ရက် နေ့များ
ဧပြီ ၁ရက်နေ့မှ ၃၀ ရက်နေ့အထိ
မေ ၁ရက်နေ့မှ ၃၁ ရက်နေ့အထိ ရပ်နားထား
မည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။

⭕️✈️𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 လေကြောင်းလိုင်းသည်
Myanmar- Vietnam ပျံသန်းပြေးဆွဲလျက်ရှိသော
ခရီးစဉ်များကို ၂၀၂၀ မတ်လ ၂၂ရက်နေ့မှစ၍ ဧပြီလ ၃၀
ရက်နေ့အထိ ရပ်နားထားထားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။

⭕️✈️𝐓𝐡𝐚𝐢 𝐀𝐢𝐫𝐰𝐚𝐲𝐬 လေကြောင်းလိုင်းသည်
Yangon-Bangkok-Yangon ခရီးစဉ်များဖြစ်သည့်
TG2301 နှင့် TG2302 (WE301/302) ခရီးစဉ်များကို
၂၀၂၀ မတ်လ ၂၉ရက်နေ့မှစ၍ အောက်တိုဘာလ ၃၁ ရက်
နေ့အထိရပ်နားထားထားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။

⭕️✈️𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 လေကြောင်းလိုင်းသည်
Yangon-Singapore-Yangon ခရီးစဉ်များဖြစ်သည့်
SQ997 နှင့် SQ998 ခရီးစဉ်များကို
မတ်လ (၂၃)ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ
တစ်ပတ်လျှင်(၃)ကြိမ် ဖြင့် တနင်္လာ၊ဗုဒ္ဓဟူး နှင့် သောကြာ
နေ့များတွင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။

⭕️✈️𝐊𝐨𝐫𝐞𝐚𝐧 𝐀𝐢𝐫 လေကြောင်းလိုင်းသည်
ICN-RGN-ICN ခရီးစဉ်များဖြစ်သည့်
KE471 နှင့် KE472 Flight များကို
၂၀၂၀မတ်လ (၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အထိ
ရပ်နားထားခြင်းကို ၂၀၂၀ ဧပြီလ (၃၀)ရက်နေ့အထိ
ထပ်တိုးရပ်နားသွားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။

Source: Columbus Travels Myanmar FB Page

အခုချိန်မှာ ကိုယ်ချစ်တဲ့သူတွေ ပိုးမကူးစေဖို့အတွက် အားလုံးအတူတကွ လိုက်နာကြမယ်နော် Photo Credit
10/04/2020

အခုချိန်မှာ ကိုယ်ချစ်တဲ့သူတွေ ပိုးမကူးစေဖို့အတွက် အားလုံးအတူတကွ လိုက်နာကြမယ်နော်

Photo Credit

Hello!ဒီတစ်ပတ်က ရုံးပိတ်ရက် ၃ ရက်နော်😍Holiday မှာ ဘယ်တွေ ခရီးထွက်ဖို့ စဥ်းစားနေကြပီလဲ🚗🚌ခရီးသွားရဖို့ ကိုယ်တိုင်စီစဥ်ရမှာ...
26/02/2020

Hello!

ဒီတစ်ပတ်က ရုံးပိတ်ရက် ၃ ရက်နော်😍
Holiday မှာ ဘယ်တွေ ခရီးထွက်ဖို့ စဥ်းစားနေကြပီလဲ🚗🚌

ခရီးသွားရဖို့ ကိုယ်တိုင်စီစဥ်ရမှာ မအားဘူး အလုပ်ရှုပ်နေတယ်ဆိုရင်🦉 Owl Travel🦉 ကို ဖုန်းလေးတချက်ပဲ ဆက်လိုက်ပါနော်☎☎

Owl Travels and Tours
09-421064746,09406789036
[email protected]

ချစ်ရတဲ့ ခရီးသွား ချစ်သူလေးတွေ အတွက် OWL လေးရဲ့ ၃ ညအိပ် ၄ ရက် မြိတ်ခရီးစဉ် လေးနဲ့မိတ်ဆက်ပေးပါစေရှင့်🥰🥰မြိတ်မြို့နဲ့ သရော...
19/02/2020

ချစ်ရတဲ့ ခရီးသွား ချစ်သူလေးတွေ အတွက် OWL လေးရဲ့ ၃ ညအိပ် ၄ ရက် မြိတ်ခရီးစဉ် လေးနဲ့မိတ်ဆက်ပေးပါစေရှင့်🥰🥰
မြိတ်မြို့နဲ့ သရောသဟန်ကြီးကျွန်း ညအိပ် ခရီးစဉ် (Relaxing) (Joint Trip) လေး🥰🥰
ခရီးစဉ်လေးက ဘလိုလေးလည်းဆိုတော့
Day 1 : မြိတ်မြို့တွင်း လည်ပတ်ခြင်း
Day 2 : ကျွန်းများအား လည်ပတ်ခြင်း (ရွက်ဖျင်တဲနဲ့ ညအိပ်ရမယ်နော်)
Day 3 : ကျွန်းမှ မြိတ်မြို့သို့ ပြန်လည် ထွက်ခွာခြင်း
Day 4 : မြိတ်မြို့မှ ပြန်လည်ထွက်ခွာခြင်း

ခရီးစဉ် အသေးစိတ်ကို အောက်က ပုံလေးတွေ ထောက်ကြည့်ပီး ဖတ်ပေးပါနော်👇

ကဲ ဖတ်ပီးသွားလို့ သွားချင်တယ်ဆိုရင်တော့ OWL လေးတို့ရဲ့ လူဦးရေ အရေအတွက် အတိုင်း စိတ်တိုင်းကျ စီစဉ်ပေးမှာမို့ OWL TRAVEL ကို ဆက်သွယ်ပေးနေုာ်........
☎️09-421064746,09-406789036
📧[email protected]
www.owltravelsandtours.com

Happy December🌨🌨☃☃❄🌼Everyone, Good luck🌻🌹🥀🌷🌸🌷🌺🌺
01/12/2019

Happy December🌨🌨☃☃❄🌼Everyone, Good luck🌻🌹🥀🌷🌸🌷🌺🌺

Address

Myasabai Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when OWL Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category