PSM-Intelligent Travel & Tour Agency

PSM-Intelligent Travel & Tour Agency Tourism

နယ်သာလန်နိုင်ငံ (Netherlands) အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားစရာ အချက် (၄) ချက် 🇳🇱✨PSM-Intelligent Travel and Tour မှ ဗ...
31/08/2026

နယ်သာလန်နိုင်ငံ (Netherlands) အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားစရာ အချက် (၄) ချက်
🇳🇱✨PSM-Intelligent Travel and Tour မှ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…..
🌊 ပင်လယ်အောက်က နိုင်ငံ: ကုန်းမြေရဲ့ ၂၆ ရာခိုင်နှုန်း ဟာ ပင်လယ်ရေမျက်နှာပြင်အောက်မှာ ရှိလို့ ကမ္ဘာ့အကောင်းဆုံး ရေထိန်းတံခါးစနစ်တွေနဲ့ တည်ဆောက်ထားပါတယ် ခင်ဗျာ……

🚲 လူထက် စက်ဘီး ပိုများ: နိုင်ငံလူဦးရေထက် စက်ဘီးအရေအတွက်က ပိုများပြီး စက်ဘီးစီးတာဟာ သူတို့ရဲ့ အဓိက ယဉ်ကျေးမှု ဖြစ်ပါတယ်ခင်ဗျာ……

🌷 ပထမဆုံး စီးပွားရေးပူဖောင်း: ၁၇ ရာစုက တူးလစ်ပန်းဥ တစ်ဥရဲ့တန်ဖိုးဟာ အိမ်တစ်လုံးဖိုးအထိ စျေးကြီးခဲ့ဖူးပြီး သမိုင်းတွင်ခဲ့ပါတယ်ခင်ဗျာ……..

🛶 ဗင်းနစ်ထက် တူးမြောင်းပိုများ: မြို့တော် အမ်စတာဒမ်မှာ ရှိတဲ့ တူးမြောင်းတွေဟာ အီတလီက ဗင်းနစ်မြို့ထက်တောင် ပိုများပြီး ယူနက်စကို အမွေအနှစ်ဝင် ဖြစ်ပါတယ်ခင်ဗျာ……..

📍ဒီလို ထူးခြားတဲ့ နယ်သာလန်နိုင်ငံဆီ လူကိုယ်တိုင် သွားရောက်လေ့လာချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ…….

☎️Contact No
09781846333

🇩🇪 "ဂျာမနီမှာ ကျောင်းတက်ရင်း Part-time Job အလုပ်အပေါဆုံး မြို့ကြီး (၃) မြို့”ဂျာမနီကို ကျောင်းသားဗီဇာ (Student Visa) နဲ့...
24/08/2026

🇩🇪 "ဂျာမနီမှာ ကျောင်းတက်ရင်း Part-time Job အလုပ်အပေါဆုံး မြို့ကြီး (၃) မြို့”

ဂျာမနီကို ကျောင်းသားဗီဇာ (Student Visa) နဲ့ သွားရောက်ပညာသင်ကြားမယ့် သူတွေအတွက် ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်ကို
တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေမယ့် Part-time Job (Minijob) ရရှိဖို့က
အလွန်အရေးကြီးပါတယ်ခင်ဗျာ……
ဒါကြောင့် ဂျာမနီမှာ နိုင်ငံတကာကျောင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အများဆုံးရှိတဲ့ စမတ်ကျတဲ့ မြို့ကြီး (၃) မြို့ကို ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ……
🚀 ၁။ Berlin (ဘာလင်)
* ဂျာမနီရဲ့ မြို့တော်Berlin (ဘာလင်) မြို့သည်English-friendly အဖြစ်ဆုံးမြို့ ဖြစ်ပြီးဂျာမန်စကား မကျွမ်းကျင်သေးရင်တောင် Startup ကုမ္ပဏီတွေ၊ ပို့ဆောင်ရေး (Delivery)၊ စားသောက်ဆိုင်နဲ့ ကဖေးတွေမှာ အင်္ဂလိပ်လို ပြောပြီး အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်း အများဆုံး ရှိပါတယ်။
💼 ၂။ Munich (မြူးနစ်)
* စီးပွားရေး တောင့်တင်းပြီး နည်းပညာနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်သင် (Internship) အခွင့်အလမ်း အပေါဆုံးမြို့ ဖြစ်ပါတယ်။ နာရီအလိုက် လုပ်ခလစာ အမြင့်ဆုံး ရနိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။
✈️ ၃။ Frankfurt (ဖရန့်ဖတ်)
* ဥရောပရဲ့ ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သလို အကြီးဆုံး လေဆိပ်ကြီး ရှိတာကြောင့် လေဆိပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု အလုပ်တွေ၊ ဟိုတယ်နဲ့ Logistics (ပို့ဆောင်ရေး) အလုပ်တွေ အမြဲတမ်း ပေါများနေတဲ့ မြို့ ဖြစ်ပါတယ်။

💡 ကျောင်းသားများ သိထားသင့်တဲ့ ဂျာမနီလုပ်ငန်းခွင် စည်းမျဉ်းများ (၂၀၂၆ အခြေအနေ):
* Non-EU ကျောင်းသားတစ်ဦးအနေနဲ့ တစ်နှစ်လျှင် ရက်ပြည့် (၁၄၀ ရက်) သို့မဟုတ် ရက်ဝက် (၂၈၀ ရက်) အလုပ်လုပ်ခွင့် ရှိပါတယ်ခင်ဗျာ
* ဂျာမနီရဲ့ အနည်းဆုံး နာရီလုပ်ခဟာ ၁ နာရီလျှင် ၁၃.၉၀ ယူရို အထိ ရှိပြီး တစ်လကို ၆၀၃ ယူရိုအထိ ဝင်ငွေရှိတဲ့ Minijob တွေအတွက် အခွန်ပေးဆောင်စရာ မလိုပါဘူးခင်ဗျာ
🎓 ဂျာမနီမှာ ပညာသင်ကြားရင်း အနာဂတ်အိပ်မက်တွေကို စမတ်ကျကျ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပြီလား???

📌ဗီဇာလျှောက်ထားခြင်း
📌စာရွက်စာတမ်း ပြင်ဆင်ခြင်းကအစ
📌ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေဖို့ PSM-Intelligent Travel and Tour Agency က ကျွမ်းကျင်စွာ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။ 🤍

❤️ဂျာမနီ ကျောင်းသားဗီဇာအတွက် ဆွေးနွေးတိုင်ပင်ရန်:
📞 ဖုန်းနံပါတ် - 09781846333

German နိုင်ငံနဲ့ဆိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ ပတ်သတ်တာတွေ နားထောင်နိုင်ဖို့ Sharing လုပ်ပါတယ်ရှင်…..https://w...
20/08/2026

German နိုင်ငံနဲ့ဆိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ ပတ်သတ်တာတွေ နားထောင်နိုင်ဖို့ Sharing လုပ်ပါတယ်ရှင်…..

https://www.facebook.com/share/p/18Qjt3A7uS/?mibextid=wwXIfr

💻 ဂျာမနီအလုပ်အကိုင်အခွင့်အလမ်းအကြောင်း သိလိုရာမေးနိုင်မယ့် 🎉Living and Working in Germany အွန်လိုင်းအစီအစဉ်

ဂျာမနီမှာ အခြေချဖို့ စဉ်းစားနေပြီလား?

ဂျာမနီနိုင်ငံမှာ အလုပ်လုပ်ဖို့၊ အသက်မွေးကျောင်းသင်တန်း (vocational training)တက်ဖို့ စိတ်ဝင်စားသူများနဲ့ ပြင်ဆင်နေသူများအတွက် Goethe-Institut Myanmarရဲ့ "Living and Working in Germany Advisory Service" မှ online အမေးအဖြေအစီအစဉ်ကို အခမဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

👉 Living and Working in Germany အစီအစဉ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ IT နှင့် အခြားနယ်ပယ်များမှ ပညာရှင်များ ဂျာမနီမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ အလုပ်လုပ်ရန် လိုအပ်တဲ့ process များနှင့် vocational training နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို မေးနိုင်မှာဖြစ်ပါတယ်။

👩‍🏫 ဒီအစီအစဉ်ကို Goethe-Institut မြန်မာရဲ့ Living and Working in Germany အကြံပေးဖြစ်တဲ့ ဆရာမ ကောင်းစုသက်အောင်မှ သြဂုတ်လ ၂၄ ရက် (တနင်္လာနေ့ ) Zoom Meeting ကနေ ဆွေးနွေးသွားမှာပါ။

🔺 အစီအစဉ်မှာ (၁၅)ဦးသာ လက်ခံဆွေးနွေးပေးသွားမှာဖြစ်လို စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။ လျှောက်ထားသူများပြားတဲ့အတွက် အစီအစဉ်မှာပါဝင်ခွင့်ရသူများကိုသာ အီးမေးလ်ပြန်ကြားပေးမှာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

Living and Working in Germany

နေ့ရက်။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက် (တနင်္လာနေ့ )
အချိန်။ ညနေ 1:30နာရီမှ 3:00 နာရီ
နေရာ။ အွန်လိုင်း Zoom Meeting
အခမဲ့ အစီအစဉ်ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။

စာရင်းပေးသွင်းပုံအဆင့်ဆင့်ကိုအောက်ပါလင့်ခ်ကတဆင့်ကြည့်ရှုပါ။

🔗 https://youtube.com/shorts/cSn6S_O9izw?feature=share

စာရင်းပေးသွင်းရန်လင့်🔗

https://meinwegnachdeutschland.portal.gap.goethe.de/my//service-offers/8df51038-a7ee-4f77-b6bd-48b0ac3456b9

ဥရောပနိုင်ငံတွေမှာမှာ အခြေချနေထိုင်ဖို့ စိတ်ကူးရှိပါသလား? ဗီဇာကနေ အခြေချဖို့အထိအပြီးအစီး တာဝန်ယူပေးမယ့် PSM-Intelligent ...
14/08/2026

ဥရောပနိုင်ငံတွေမှာမှာ အခြေချနေထိုင်ဖို့ စိတ်ကူးရှိပါသလား?

ဗီဇာကနေ အခြေချဖို့အထိအပြီးအစီး တာဝန်ယူပေးမယ့် PSM-Intelligent Travel & Tours ရှိပါတယ်ရှင်

ဥရောပရဲ့ အလှပဆုံးနဲ့ နေချင်စရာအကောင်းဆုံး နိုင်ငံတွေမှာ ကျောင်းတက်ရင်း ရွှေ့ပြောင်းအခြေချ နေထိုင်ဖို့ ပြင်ဆင်နေပါသလား???

စာရွက်စာတမ်း ရှုပ်ထွေးမှုတွေ
အလုပ်အကိုင်နဲ့ ဘဏ်စာရင်းပြဿနာတွေ
နေစရာရှာရခက်တဲ့ အခက်အခဲတွေအားလုံးကို
PSM-Intelligent Travel & Tours မှ
(၄) လမှ (၇) လအတွင်း အချိန်ယူပြီး စနစ်တကျ အပြီးအစီး A to Z Comprehensive Relocation Services ဖြင့် တာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါပြီရှင်……

🌟 PSM-Intelligent Travel & Tourမှ ရရှိနိုင်မည့် Exclusive ဝန်ဆောင်မှုများ
* Visa/Student Visa နှင့် အခြေချမှု အာမခံချက် (Student Pathway):
* စနစ်တကျ ပြင်ဆင်မှုနှင့် အင်တာဗျူးလမ်းညွှန် (Interview & Timeline)
* ရေရှည်အခြေချ နေထိုင်ခွင့် လမ်းညွှန်ချက် (PR Process Guide)
* နေစရာအိမ်ငှါရမ်းမှု နှင့် ဒေသတွင်း အခြေချခြင်း (Housing & Settlement)
* လေယာဉ်လက်မှတ်နှင့် အာမခံ (Flight & Insurance)

🤝 ဘာကြောင့် PSM-Intelligent Travel & Tour ကို ရွေးချယ်သင့်လဲ?
* ၁၀၀% တရားဝင်မှု: ဘဏ်အစစ်၊ လုပ်ငန်းအစစ်များဖြင့်သာ ဆောင်ရွက်သဖြင့် နောက်ဆက်တွဲ ပြဿနာ လုံးဝမရှိခြင်း။
* ရေရှည်မျှော်မှန်းချက်: ဗီဇာရရုံတင်မကဘဲ ဥရောပမြေပေါ် ရောက်ရှိချိန် နေစရာ ရရှိရေးနှင့် PR ရသည်အထိ လမ်းညွှန်ပေးနိုင်ခြင်း။
* စိတ်အေးချမ်းသာမှု: (၄) လမှ (၇) လအတွင်း စနစ်တကျ အချိန်ယူ အကောင်အထည်ဖော်ပေးသဖြင့် ခရီးစဉ် မလွဲချော်စေရခြင်း။
တို့အပြင်

PSM -Intelligent page ကို Like & Followလုပ်ပြီး
ဥရောပ နိုင်ငံမှာ အခြေချဖို့အတွက်
PR process အသေးစိတ် အချက်အလက်တွေ
Visa Interviewအတွက် Guidelines တွေ
ကို စောင့်ကြည့်လေ့လာနိုင်ပါတယ်ရှင်

✈️ သင့်ရဲ့ ဥရောပအခြေချအိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခုပဲ PSM-Intelligent Travel & Tours နဲ့ ဆက်သွယ်လိုက်ပါရှင်

📞 Contact Us Now:
* Phone: 09681846333
* Viber : 09781846333

28/07/2026

Explore the Japan🌸🌸🌸

🌸🗼 ဂျပန်သွားဖို့ ဗီဇာကိစ္စ ခေါင်းခဲနေပြီလား???PSM ရှိရင် အားလုံးအိုကေပြီ! 🌸🗼ဂျပန်နိုင်ငံကို အလည်အပတ်သွားချင်ပေမယ့် ဗီဇာလ...
28/07/2026

🌸🗼 ဂျပန်သွားဖို့ ဗီဇာကိစ္စ ခေါင်းခဲနေပြီလား???

PSM ရှိရင် အားလုံးအိုကေပြီ!

🌸🗼ဂျပန်နိုင်ငံကို အလည်အပတ်သွားချင်ပေမယ့် ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းတွေ ရှုပ်ထွေးနေလို့ စိတ်ပူနေပါသလားခင်ဗျာ???🤷‍♂️

PSM - Travel and Tour ရဲ့
One Stop Service နဲ့ဆိုရင်
လူကြီးမင်းတို့ဘာမှ ပူစရာမလိုဘဲ
အားလုံးကို တစ်နေရာတည်းမှာ
အစအဆုံး ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ 🥰

ဂျပန်ဗီဇာကို စိတ်ချလက်ချ လျှောက်ထားနိုင်ဖို့ အခုပဲ PSM ကို ဆက်သွယ်လိုက်ပါခင်ဗျာ……..

Booking Contact
☎️09781846333

🌸Japan Trip အတွက် PSM ရဲ့ One-Stop ဝန်ဆောင်မှုများ!!!!!စာရွက်စာတမ်းကိစ္စတွေ ရှုပ်ထွေးလို့ စိတ်မပူပါနဲ့တော့ခင်ဗျာPSM-Inte...
17/07/2026

🌸Japan Trip အတွက် PSM ရဲ့ One-Stop ဝန်ဆောင်မှုများ!!!!!

စာရွက်စာတမ်းကိစ္စတွေ ရှုပ်ထွေးလို့ စိတ်မပူပါနဲ့တော့ခင်ဗျာ
PSM-Intelligent Travel and Tour Agency က လူကြီးမင်းတို့အတွက် အစအဆုံး အဆင်ပြေအောင် တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ…..

✈️ Travel Flight: အဆင်ပြေဆုံး လေယာဉ်ခရီးစဉ်များ စီစဉ်ပေးခြင်း

📄 Visa Documentation: ဗီဇာစာရွက်စာတမ်းများကို စနစ်တကျ အမှားအယွင်းမရှိ ပြင်ဆင်ပေးခြင်း

🏨 Hotel Reservation: စိတ်ချရပြီး သန့်ရှင်းသပ်ရပ်သော ဟိုတယ်များ ဘွတ်ကင်လုပ်ပေးခြင်း

🏦 Bank Statements: ဗီဇာအောင်နိုင်ချေ အမြင့်ဆုံးဖြစ်စေမည့် ဘဏ်စာရင်းဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း

🌸 ဂျပန်အိပ်မက်ခရီးစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် စိတ်ချရတဲ့ PSM နဲ့ လက်တွဲလိုက်ပါခင်ဗျာ

📞 Contact Us: 09781846333
💬 အသေးစိတ်ကို Page Messenger (Inbox) ကနေ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ…….


သံရုံးတွေ သဘောကျမယ့် အလုပ်ထောက်ခံစာ ဖြစ်စေဖို့ ဒါတွေ ရှောင်ကြဉ်ပါ📌📌📌နိုင်ငံရပ်ခြားသို့ ခရီးထွက်ရန် ဗီဇာလျှောက်ထားသည့်အခါ...
14/07/2026

သံရုံးတွေ သဘောကျမယ့် အလုပ်ထောက်ခံစာ ဖြစ်စေဖို့ ဒါတွေ ရှောင်ကြဉ်ပါ📌📌📌

နိုင်ငံရပ်ခြားသို့ ခရီးထွက်ရန် ဗီဇာလျှောက်ထားသည့်အခါ မိမိတွင် ခိုင်မာသော အလုပ်အကိုင်ရှိကြောင်း ပြသရန် အလုပ်ထောက်ခံစာ (Employment / Recommendation Letter) ဟာ အဓိက သက်သေခံစာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်ခင်ဗျာ
ဒါပေမဲ့ အလုပ်ရှင်ဆီက ထောက်ခံစာတောင်းတဲ့အခါ ဒါမှမဟုတ် ကုမ္ပဏီက ရေးပေးတဲ့အခါ ဗီဇာအရာရှိတွေ မျက်စိစပါးမွှေးစူးပြီး ဗီဇာအငြင်းခံရစေနိုင်တဲ့ အမှားကြီး (၅) ချက်ကို PSM-Intelligent Travel and Tour Agency က မျှဝေပေးလိုက်ပါတယ်ခင်ဗျာ

❌ ၁။ သံရုံးအမည် တိတိကျကျ လိပ်မမူခြင်းအမှား: "To Whom It May Concern" ဟု ယေဘုယျဆန်စွာ ရေးသားခြင်း။ပြင်ဆင်ရန်: မိမိသွားမည့် သံရုံးအမည်ကို တိတိကျကျ လိပ်မူရပါမည်။ (ဥပမာ - To: Visa Section, Royal Thai Embassy, Yangon)။ ဤသို့ရေးခြင်းက ဤဗီဇာအတွက်သာ ရည်ရွယ်ထုတ်ပေးထားခြင်းဖြစ်ကြောင်း သံရုံးကို ပိုမိုယုံကြည်စေပါတယ်။

❌ ၂။ ခွင့်ပြုမိန့် (Leave Approval) အပိုင်း လိုအပ်နေခြင်းအမှား: အလုပ်လုပ်နေကြောင်းသာ ရေးထားပြီး ခရီးသွားမည့်ရက်တွင် ခွင့်ပေးထားကြောင်း မပါရှိခြင်း။ပြင်ဆင်ရန်: ဗီဇာအရာရှိများသည် လျှောက်ထားသူ ခရီးသွားနေစဉ် အလုပ်မှ ခွင့်ရ၊ မရ အမြဲစစ်ဆေးတတ်သည်။ ထို့ကြောင့် စာထဲတွင် "ခရီးစဉ်အတွင်း ခွင့်ရက် (Leave) အတည်ပြုပေးထားပြီး ခရီးစဉ်ပြီးပါက အလုပ်ပြန်ဝင်မည် ဖြစ်ကြောင်း" မဖြစ်မနေ ထည့်သွင်းရပါမည်။

❌ ၃။ လစာနှင့် ရာထူး အချက်အလက်များ မရှင်းလင်းခြင်းအမှား: ရာထူးသာပါပြီး လစာ (Salary) ပမာဏ မပါဝင်ခြင်း။ပြင်ဆင်ရန်: မိမိ၏ လစဉ်ဝင်ငွေ သို့မဟုတ် နှစ်စဉ်ဝင်ငွေကို ရှင်းလင်းစွာ ရေးရပါမည်။ ထိုလစာပမာဏသည် ဗီဇာလျှောက်ရာတွင် တင်ပြမည့် ဘဏ်စာရင်း (Bank Statement) ထဲက ဝင်ငွေစီးဆင်းမှုနှင့်လည်း ကိုက်ညီနေရပါမည်။

❌ ၄။ ကုမ္ပဏီ Letterhead နှင့် တံဆိပ်တုံး မပါရှိခြင်းအမှား: စာရွက်အဖြူအလွတ်ပေါ်တွင် စာရိုက်ပြီး လက်မှတ်ထိုးထားခြင်း။ပြင်ဆင်ရန်: အလုပ်ထောက်ခံစာသည် ကုမ္ပဏီ၏ တရားဝင်လိုဂိုနှင့် လိပ်စာပါသော စာရွက် (Official Letterhead) ပေါ်တွင်သာ ရှိရပါမည်။ ထို့ပြင် ကုမ္ပဏီတံဆိပ်တုံး (Company Stamp) နှင့် တာဝန်ရှိသူ၏ လက်မှတ် မဖြစ်မနေ ပါဝင်ရပါမည်။

❌ ၅။ နောက်ကြောင်းစစ်ဆေးရန် ဆက်သွယ်ရန်အချက်အလက် မပါခြင်းအမှား: စာထုတ်ပေးသည့် HR မန်နေဂျာ သို့မဟုတ် ကုမ္ပဏီပိုင်ရှင်၏ တိုက်ရိုက်ဖုန်းနံပါတ် သို့မဟုတ် Official Email မပါဝင်ခြင်း။ပြင်ဆင်ရန်: သံရုံးများသည် ထောက်ခံစာ စစ်၊ မစစ် သိရှိရန် ဖုန်းခေါ်ဆို၍ နောက်ကြောင်းရာဇဝင် (Background Check) ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ကုမ္ပဏီ၏ တရားဝင် ဆက်သွယ်ရန်လိပ်စာ တိကျစွာ ပါဝင်ရပါမည်။

💡 PSM ၏ အကြံပြုချက် (Call to Action)ဗီဇာလျှောက်ထားတဲ့အခါ အသေးအဖွဲအမှားလေးတစ်ခုကြောင့် ဗီဇာအငြင်းမခံရစေဖို့ စံချိန်စံညွှန်းမီ အလုပ်ထောက်ခံစာ ရေးသားနည်းများ၊ စာရွက်စာတမ်း ဘာသာပြန်ခြင်းနှင့် ဗီဇာအဆင့်ဆင့် လျှောက်ထားခြင်း ဝန်ဆောင်မှုများအတွက်
“PSM-Intelligent Travel and Tour Agency “သို့ ယနေ့ပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ ခင်ဗျာ။

📱09781846333✨

#ဗီဇာအလုပ်ထောက်ခံစာ #ဗီဇာအကြံပေး

💼 “စာရွက်စာတမ်းတွေ ရှုပ်ထွေးလို့ ခေါင်းခဲမခံပါနဲ့တော့ - ဥရောပခရီးစဉ်အတွက် အကြံဉာဏ်ကစလို့ ဗီဇာရတဲ့အထိ PSM မှာ အားလုံး မေး...
13/07/2026

💼 “စာရွက်စာတမ်းတွေ ရှုပ်ထွေးလို့ ခေါင်းခဲမခံပါနဲ့တော့ - ဥရောပခရီးစဉ်အတွက် အကြံဉာဏ်ကစလို့ ဗီဇာရတဲ့အထိ PSM မှာ အားလုံး မေးမြန်းနိုင်ပါပြီ!”

❓ ဥရောပ (Schengen) ဗီဇာ လျှောက်တော့မလို့လား?
ဥရောပကို သွားဖို့ ဗီဇာလျှောက်ချင်ပေမယ့် စာရွက်စာတမ်းတွေ ရှုပ်ထွေးလို့ စိတ်ပူနေပါသလား? ဘယ်ကစလို့ စရမှန်း မသိဖြစ်နေရင် စိတ်မပူပါနဲ့။ ခရီးသွားလူကြီးမင်းတို့ အမေးများဆုံး မေးခွန်း (Q) လေးတွေကို PSM - Intelligent Travel & Tour Agency ကနေ စုစည်းဖော်ပြလိုက်ပါတယ်။
အဖြေ တွေကိုတော့ PSM page messenger မှာ လာရောက်မေးမြန်းပါခင်ဗျာ😊

💬 Q1: ဗီဇာလျှောက်ဖို့ ဘဏ်အကောင့်ထဲမှာ ငွေ ဘယ်လောက်ရှိရမလဲ?

💬 Q2: လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking တွေကို ဗီဇာမရခင် ကြိုဝယ်ထားရမှာလား?

💬 Q3: ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒါပေမယ့် လုပ်ငန်းလိုင်စင် (Company Register) မရှိရင် ဘယ်လိုလုပ်ရမလဲ?

💬 Q4: ဗီဇာလျှောက်ရင် စာရွက်စာတမ်းတွေ အားလုံးကို ဘာသာပြန်ရမှာလား?

💬 Q5: Travel Insurance (ခရီးသွားအာမခံ) က ရော တကယ် လိုတာလား?

🌟 PSM Intelligent Travel Agency နဲ့ လက်တွဲရင် ဘာတွေ ထူးခြားမလဲ?
* လူကြီးမင်းတို့ရဲ့ အလုပ်အကိုင်၊ ငွေကြေးအခြေအနေအပေါ် မူတည်ပြီး ဗီဇာရရှိနိုင်မည့် အခွင့်အလမ်းကို အခမဲ့ တွက်ချက်ဆွေးနွေးပေးခြင်း။
* ရှုပ်ထွေးလှတဲ့ ဗီဇာ Form များကို မှန်ကန်တိကျစွာ ဖြည့်စွက်ပေးခြင်း။
* သံရုံးအကြိုက် ဖြစ်စေမည့် နေ့စဉ်ခရီးစဉ်အစီအစဉ် (Day-by-Day Itinerary) ကို စနစ်တကျ ရေးဆွဲပေးခြင်း။

💡 လူကြီးမင်းတို့ သိလိုသမျှကို အခုပဲ မေးမြန်းလိုက်ပါ!
ဥရောပဗီဇာနဲ့ ပတ်သက်ပြီး တခြား သိချင်တာ ရှိသေးရင်ဖြစ်စေ၊ မိမိရဲ့ Profile နဲ့ ဗီဇာလျှောက်လို့ အဆင်ပြေမပြေ သိချင်ရင်ဖြစ်စေ အောက်က Comment မှာ ချန်ထားခဲ့ပါ သို့မဟုတ် Chat Box (Messenger) နဲ့ ဖုန်းနံပါတ်မှတစ်ဆင့် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
📞 Hotline: 09 781846333

📕 ခရီးမထွက်ခင် သိထားသင့်တဲ့ "Passport သက်တမ်း အဓိကလျှို့ဝှက်ချက်" ✈️"နိုင်ငံခြားသွားဖို့ ဗီဇာလျှောက်တော့မယ်... ကိုယ့်ရဲ့...
10/07/2026

📕 ခရီးမထွက်ခင် သိထားသင့်တဲ့ "Passport သက်တမ်း အဓိကလျှို့ဝှက်ချက်"
✈️"နိုင်ငံခြားသွားဖို့ ဗီဇာလျှောက်တော့မယ်... ကိုယ့်ရဲ့ Passport သက်တမ်းက ဘယ်လောက်ကျန်ရမလဲ?"
🤔ဒါဟာ ခရီးသွားခါနီးသူတော်တော်များများ မကြာခဏ အမေးအများဆုံး မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။နိုင်ငံတကာ စည်းမျဉ်းများအရ ဗီဇာလျှောက်ထားရန်နှင့် ပြည်ပသို့ ခရီးသွားရန်အတွက် မိမိ Passport ၏ သက်တမ်းသည် အနည်းဆုံး ၆ လ (၆ လနှင့်အထက်) မဖြစ်မနေ ကျန်ရှိနေရပါမည်။
⚠️ သက်တမ်း ၆ လအောက် လျော့နည်းနေရင် ဘာဖြစ်မလဲ?
၁။ ဗီဇာလျှောက်ထား၍ မရခြင်းမည်သည့်နိုင်ငံသံရုံးမဆို Passport သက်တမ်း ၆ လအောက် ရှိနေပါက ဗီဇာ (Visa) ထုတ်ပေးလေ့ မရှိပါ။

၂။ လေဆိပ်တွင် အပယ်ခံရခြင်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ယူသည့်အခါ သက်တမ်းမပြည့်ပါက လေယာဉ်တက်ခွင့် ငြင်းပယ်ခံရပါလိမ့်မည်။

၃။ ပြည်ဝင်ခွင့် ငြင်းပယ်ခံရခြင်းအကယ်၍ လေယာဉ်စီးခွင့်ရသွားခဲ့လျှင်တောင် သွားရောက်မည့်နိုင်ငံ (ဥပမာ - မလေးရှား၊ ထိုင်း) လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး (Immigration) က သင့်ကို ပြည်ဝင်ခွင့်မပေးဘဲ မြန်မာနိုင်ငံသို့ ချက်ချင်းပြန်လှန်ပို့ဆောင် (Deport) လုပ်ပါလိမ့်မည်။

💡 PSM-Intelligent မှ အကြံပြုချက်
ခရီးစဉ်တစ်ခုကို မစီစဉ်မီ သို့မဟုတ် လေယာဉ်လက်မှတ်များ မဝယ်ယူမီ မိမိ Passport ၏ သက်တမ်းကုန်ဆုံးမည့်ရက် (Expiry Date) ကို သေချာပေါက် အရင်ဆုံး စစ်ဆေးပါ။
အကယ်၍ သက်တမ်းသည် ၇ လ သို့မဟုတ် ၈ လ ခန့်သာ ကျန်တော့ပါက ခရီးစဉ်အတွင်း ရက်ကျော်သွားနိုင်ခြေရှိသဖြင့် ကြိုတင်၍ သက်တမ်းတိုး (Passport Renewal) ထားခြင်းက အစိတ်မညစ်ရဆုံး အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

💬 စိတ်ချရတဲ့ ဗီဇာနှင့် ခရီးစဉ်ဝန်ဆောင်မှုများအတွက်နိုင်ငံတကာ ဗီဇာလျှောက်ထားမှုများ၊ အလည်အပတ်ခရီးစဉ် (Tour Packages) များနှင့် ပတ်သက်ပြီး လူကြီးမင်းတို့ စိတ်တိုင်းကျ အဆင်ပြေချောမွေ့စေဖို့ PSM-Intelligent Travel and Tours က လူကြီးမင်းတို့အနားမှာ အမြဲရှိနေပါတယ်။
📞 အသေးစိတ်စုံစမ်းရန် ဖုန်းနံပါတ်: 09781846333
📥 Page Messenger သို့လည်း တိုက်ရိုက် Message ပေးပို့၍ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

#ခရီးသွားသတိပြုစရာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PSM-Intelligent Travel & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category