Backpackers Myanmar

Backpackers Myanmar Backpackers Myanmar is an ecotourism company founded by environmentalists and travel lovers. Explore the Nature!

🌋 အင်ဒိုနီးရှား အရှေ့ဂျာဗားကို ခြေဆန့်ကြမယ် မဂ်လာပါ… Backpackers Myanmar မှ ကြိုဆိုပါတယ်ရှင် 🙏🌋 Nature Lovers တိုရဲ့ အိပ...
29/04/2026

🌋 အင်ဒိုနီးရှား အရှေ့ဂျာဗားကို ခြေဆန့်ကြမယ်

မဂ်လာပါ… Backpackers Myanmar မှ ကြိုဆိုပါတယ်ရှင် 🙏

🌋 Nature Lovers တိုရဲ့ အိပ်မက်ထဲက အင်ဒိုနီးရှား ဂျာဗားကျွန်းရဲ့ အရှေ့ပိုင်း (East Java) ကို BPM အဖွဲသားတွေ ခရီးနှင်ပါတော့မယ်ရှင်..

🏝️ဂျာဗားကျွန်း ဆိုတာက ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတွေ တစ်နေရာတည်းမှာ ပေါင်းစုထားလို့ တစ်သက်မှာ တစ်ခါလောက် အရောက်သွားဖူးသင့်တဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်…

🏝️ အရှေ့ဂျာဗား ( East Java) ကို ကမ္ဘာ့အထင်ကရနေရာတွေက အလှဆင်ထားပြီး BPM က စီစဉ်တဲ့ ခရီးစဉ်မှာ…..

✅ ချော်ရည်ကျောက်တောင်တွေ ဝန်းရံထားပြီး လှပတဲ့ တိမ်ပင်လယ်ကြီးအထက်က ကမ္ဘာကျော်မီးတောင်ကြီး 🌋 Mount Bromo မှာ Sunrise 🌅 ကြည့်မယ်…

✅ ကမ္ဘာကျော် အက်စစ်ရေပြာအိုင် “Ijen” ရဲ့ ပြာလဲ့လဲ့ အလှတရားကို ရှုစားကြမယ်…

✅ အင်ဒိုနီးရှားရဲ့ Niagara လို တင်စားခေါ်ဝေါ်ကြတဲ့ “ Tumpak Sewu” သဘာဝရေတံခွန်ကြီးဆီ သွားရောက်လည်ပါတ်ကြမယ်…

✅ အရှေ့ဂျာဗားရဲ့ အင်ဒိုရိုးရာ အစားအသောက်တွေ သုံးဆောင်ရင်း ဒေသခံ လူနေမှု၊ ယဉ်ကျေးမှုတွေကို လေ့လာကြမယ် 🏝️

🌋 အရှေ့ဂျာဗား ခရီးစဉ်မှာ မမေ့နိုင်စရာ အတွေ့အကြုံတွေ၊ ရင်ခုန်စိတ်ရှားစရာ အမှတ်တရကောင်းတွေ ဖန်တီးဖို နဲ့ စိတ်တူကိုယ်တူ ခရီးသွားဖော် သူငယ်ချင်းအသစ်တွေ ရရှိဖို Backpacker (၁၁) ဦးပဲ လက်ခံပါမယ်ရှင်… 🧗

🌋 ဂျာဗားခရီးစဉ်က 🗓️ 25th May 2026 ~ 31st May 2026 သွားမှာဖြစ်လို Page Message Box ကနေ စာရင်းပေးသွင်းနိုင်ပါတယ်ရှင်.. ☺️

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”

နွေးထွေးစွာဖြင့်
Team BPM
“Explore Nature!”




24/04/2026

🏔️ Sherpa တွေဟာ‌ ‌ဟိမဝန္တာတောင်တန်းတလျှောက် အရေးပါတဲ့ သယ်ဆောင်ရေးလူသားတွေဖြစ်ပါတယ်။
🏔️ တစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်အားဟာ အလွန်မြင့်မားပြီး အအေးဒဏ်၊ အမြင့်ဒဏ်ခံ၊ အကြမ်းခံပြီး ပစ္စည်းအများကြီး အနည်းဆုံး 25-50kg လောက်ကို သယ်နိုင်ကြသူတွေ ဖြစ်ပါတယ်။
🏔️ ကိုယ်တွေလို သာမန်လူတစ်ယောက်အနေနဲ့ လမ်းလျှောက်ဖို့တောင်အနိုင်နိုင်မှာ ရှာပါတွေကတော့ အလေးကြီးတွေသယ်ပြီး အေးဆေးသီချင်းလေးဖွင့်ပြီး သယ်ထွက်သွားကြတာပါ။
🏔️ ရုပ်ဆင်းအင်္ဂါအားဖြင့် south Asian အနွယ်ရုပ်တွေဖြစ်ပြီး ကိုယ်တွေနဲ့ရုပ်အတူတူပါပဲ။
(ဆက်ပါဦးမယ်)
နွေးထွေးစွာဖြင့်
Team BPM
ာဝခရီးသွား #တောတောင်တွေကိုချစ်ပါ

🏔️ EBC ရောက် BPMers များ... 🇳🇵🏔️ BPM အနေနဲ့ ဒီ EBC ခရီးတွင် ပါဝင်သူများအားလုံးကို ကျေးဇူးလည်းတင် ၊ လေးလည်းလေးစားသလို၊ ဂု...
21/04/2026

🏔️ EBC ရောက် BPMers များ... 🇳🇵
🏔️ BPM အနေနဲ့ ဒီ EBC ခရီးတွင် ပါဝင်သူများအားလုံးကို ကျေးဇူးလည်းတင် ၊ လေးလည်းလေးစားသလို၊ ဂုဏ်လည်းယူရပါတယ်။
🏔️ ဒီခရီးဟာ ငွေ‌ကုန်ကြေးကျလည်းများသလို ခရီးကြမ်းတမ်းမှုအနေနဲ့ Strenuous Adventure Hiking, Trekking အမျိုးအစားဖြစ်ပါတယ်။
🏔️ အနိမ့်ဆုံး မီတာ 2000ကျော်ကနေ မီတာ 5000 ကျော် အထိ အနိမ့်ဆုံး အအေးမှတ် 4* ကနေ အမြင့်ဆုံး -13* ရောက်အောင် ပြန်လှည့်ချင်စိတ်တွေနဲ့ အသက်ရှုရခက်၊ အိပ်ရခက်၊ အစားအသောက်ပျက်၊ နှာခေါင်းသွေးထွက်၊ ခေါင်းတွေကိုက်ပြီး ခရီးနှင်ခဲ့ရတာဖြစ်ပါတယ်။
Congratulations 🎉 ပါ
(အရှည်ဖော်ပြပေးသွားပါမယ်)
နွေးထွေးစွာဖြင့်
Team BPM
ာဝခရီးသွား #တောတောင်တွေကိုချစ်ပါ

17/04/2026
13/04/2026

🏔️🇳🇵 BPM - EBC Team အနေနဲ့ April 12 ကနေ 24 ထိတိုင် Everest Base Camp ကို ခရီးနှင်လျက်ရှိပါတယ်။ မကြာမှီခရီးရဲ့ ပုံရိပ်များကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
🏔️ ခရီးတွေနဲ့ပတ်သက်ပြီး စုံစမ်းလိုသူများအနေဖြင့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ညဖက် တွေမှာ active ရှိနေပါတယ်။ နေ့ခင်းဖက်ကတော့ တောင်တန်းတွေကြားရောက်နေတာမို့ Connection မရနိုင်တာမို့ စုံစမ်းလိုတဲ့ခရီးတွေကို စာပို့မေးမြန်းနိုင်ပြီး စာရင်းသွင်းနိုင်ပါတယ်။
နွေးထွေးစွာဖြင့်
Team BPM

☀️နွေရာသီမှာ ခရီးသွားမယ့် Backpacker များ သတိပြုဖို့ 🔔🙏BPM အမျိုးများ အားလုံးမင်္ဂလာပါရှင့် 🙏⛱️ အားလပ်ရက်တွေ အများဆုံး န...
10/04/2026

☀️နွေရာသီမှာ ခရီးသွားမယ့် Backpacker များ သတိပြုဖို့ 🔔

🙏BPM အမျိုးများ အားလုံးမင်္ဂလာပါရှင့် 🙏

⛱️ အားလပ်ရက်တွေ အများဆုံး နွေရာသီမှာ 🌳Adventure ခရီးစဉ်တွေ သွားကြမယ့် Backpacker တို့အတွက် ပုံမှန်ထက် ပိုပြီး သတိထားရမယ့် အချက်တွေကို မျှဝေပေးပါရစေရှင် 👌

✅ Weather Forecast🌤️
▪️ ခရီးသွားမယ့် ရက်တွေအတွင်းမှာ မိမိတို့ သွားရောက်မယ့် ဒေသရဲ့ ရာသီဥတု နဲ့ အပူချိန် ကို ကြိုတင်လေ့လာထားပါ 👌

✅ Sleep Routine 🛏️
▪️ခရီးမထွက််ခင် အနည်းဆုံး တပါတ်လောက် အိပ်ရေးဝဝ အိပ်ထားပါ.. ခရီးစဉ်အတွင်းမှာ အားအင်ပြည့်ဝစွာနဲ့ ခရီးစဉ်ကို တက်တက်ကြွကြွ ချီတက်နိုင်ဖို့ အရေးကြီးပါတယ် 👌

✅ Heat Protection☀️
▪️ပုံမှန်ရာသီဥတုရဲ့ အပူချိန်ထက် နွေရာသီရဲ့ အပူချိန်က ပိုပြီး မြင့်တာကြောင့် ဝတ်နေကျအဝတ်အစားတွေနဲ့တင် မလုံလောက်ပါဘူးရှင်.. အပူဒဏ် ကာကွယ်ပေးနိုင်တဲ့ UV cuts လက်ရှည်အပါး နဲ့ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာ ဖြစ်တဲ့ Wide-brimmed hat ချည်သားဦးထုပ်ကို မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်.. 👌
▪️Trekking မလုပ်ခင် နဲ့ Long Walk မစတင်ခင်မှာ နာရီဝက် ကြိုတင်ပြီး မျက်နှာ နဲ့ ခန္ဓာကိုယ်ကို ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays) ကနေ ကာကွယ်နိုင်ဖို့၊ နေမလှောင်စေဖို့အတွက် Sunscreen (သို့) Sunblock lotion လိမ်းဖို့ မမေ့ပါနဲ့ 👌

✅ Hydration 💧
▪️နွေရာသီမှာ ပုံမှန်ထက် ချွေးထွက်များတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ရေဓါတ်ကုန်ဆုံးတာ ပိုမြန်ပါတယ်.. 🥵 ရေမကြာခဏ သောက်ပေးဖို့ လိုအပ်သလို မူးမော်ခြင်း ၊ အားအင်ကုန်ဆုံးခြင်း 😪တွေကို ကာကွယ်ဖို့ ရေဆူဆေးပြား (သို့) ဓါတ်ဆားရည်အထုပ်လေးတွေ များများ ယူသွားဖို့ အကြုံပြုပါတယ်ရှင် 🫗

✅ Hygiene 🧼
▪️ချွေးထွက်များနိုင်တဲ့အတွက် ခန္ဓာကိုယ်အနံ့အသက် ကောင်းမွန်ဖို့ ပေါ့ပါးပြီး သယ်ရလွယ်ကူတဲ့ Deodorant Stick နဲ့ Travel-size body spray လေးတွေလည်း ဆောင်ထားသင့်ပါတယ် 🤗

✅ Be aware of Safety alerts ‼️
▪️အပူလှိုင်း ဖြတ်မယ့် ရက်တွေမှာ ကြိုတင်သိရှိနိုင်ဖို့ နဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်မိအောင် ရာသီဥတု အရေးပေါ် ကြေညာချက်တွေကို အမြဲ နားစွင့်ထားပါ 🔔

✅ Choose the right host 😎
▪️သဘာတရားအလှအပတွေကို အလွတ်လပ်ဆုံး ထိတွေ့ခံစားနိုင်မယ့် Backpacker အတွေ့အကြုံကို အန္တရာယ်အကင်းဆုံး နဲ့ အမှတ်တရအဖြစ်ဆုံး ဖြတ်သန်းနိုင်ဖို့ဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ Host ⛺️ ကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ အဓိကကျပါတယ် 👌

⛺️ Backpackers Myanmar က မိတ်ဆွေတို့ရဲ့ခရီးစဉ်ကို လှပတဲ့ မမေ့နိုင်စရာ အမှတ်တရလေးအဖြစ် Memory ကျန်ရှိနေစေဖို့ ကူညီပေးပါရစေရှင် 😎

"သဘာဝချစ်သူအားလုံး တန်ပြန်နွေးထွေးမှုကိုရနိုင်ကြပါစေကြောင်းနှင့် ချစ်ခြင်းမေတ္တာများဖြင့်ပြည့်စုံကြပါစေကြောင်း ဆုမွှန်ကောင်းတောင်းလျက်"
နွေးထွေးစွာဖြင့်
Team BPM
"Explore Nature with BPM!"

ာဝခရီးသွား

#တောတောင်တွေကိုချစ်ပါ

03/04/2026
02/04/2026

🌋အရှေ့ဂျာဗားရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေဆီ အတူတူသွားကြစို့! 🇮🇩
🌋 ၂၀၂၆ အတွက် ဂျာဗားမီးတောင်-ခရီးစဉ်ရက်များ 👇
✅ ခရီးစဉ် (၁) May : 27 - 31
✅ ခရီးစဉ် (၂) July : 17 - 21
✅ ခရီးစဉ် (၃) Oct : 23 - 27
✅ ခရီးစဉ် (၄) Dec : 24 - 28 (Christmas & Year End အစီအစဉ်)
📢 BPMရဲ့ ဒီအရှေ့ဂျာဗားခရီးစဉ်ဟာ အများဆုံးလူဦးရေ (၁၁) ဦးသာ လက်ခံတာမို့ အမြန်ဆုံးစာရင်းသွင်းဖို့လိုအပ်ပြီး စိတ်ဝင်စားသူများအနေဖြင့် Page CB ကနေ စုံစမ်းစာရင်းပေးနိုင်ပြီ ဖြစ်ပါတယ်။ အရှေ့ဂျာဗားအကြောင်းသိချင်သူများ ဒီမှာလေ့လာလို့ရပါတယ် 👉 https://web.facebook.com/share/p/1CNUJKs6At/
နွေးထွေးစွာဖြင့်
Team BPM
"Explore Nature - Build Stronger"
Disclaimer: I do not own the rights to this music. All rights belong to the owner/original artist. No copyright infringement intended.

🌋အရှေ့ဂျာဗားရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေဆီ အတူတူသွားကြစို့! 🇮🇩မင်္ဂလာပါ... Backpackers Myanmar မှ ကြိုဆိုပါတယ်! 🙏🌋တိမ...
26/03/2026

🌋အရှေ့ဂျာဗားရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေဆီ အတူတူသွားကြစို့! 🇮🇩
မင်္ဂလာပါ... Backpackers Myanmar မှ ကြိုဆိုပါတယ်! 🙏
🌋တိမ်ပင်လယ်တွေအထက်က ထွက်ပေါ်လာတဲ့ နေမင်းကြီးရဲ့အလှ၊ မီးတောင်ဝက ထွက်နေတဲ့ မီးခိုးငွေ့တွေနဲ့ သဘာဝတရားရဲ့ ခန့်ညားထည်ဝါမှုကို ကိုယ်တိုင်ခံစားကြည့်ချင်ပါသလား? အရှေ့ဂျာဗား (East Java) ဟာ စွန့်စားရတာဝါသနာပါတဲ့ ခရီးသွားတွေအတွက်တော့ တစ်သက်မှာ တစ်ခါအရောက်သွားသင့်တဲ့ နေရာတစ်ခုဆိုရင်မမှားပါဘူး။ သင်ဟာ တောတောင်ခရီးတွေကို စိတ်ပါဝင်စားသူဆိုရင် အောက်ပါရက်တွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။
🌋 ၂၀၂၆ အတွက် ဂျာဗားမီးတောင်-ခရီးစဉ်ရက်တွေက ဘယ်ရက်တွေဖြစ်မလဲ ကြည့်ပြီး စာရင်းသွင်းရအောင်ပါ။ 👇
✅ ခရီးစဉ် (၁) May : 27 - 31
✅ ခရီးစဉ် (၂) July : 17 - 21
✅ ခရီးစဉ် (၃) Oct : 23 - 27
✅ ခရီးစဉ် (၄) Dec : 24 - 28 (Christmas & Year End အစီအစဉ်)
🌋 BPM ရဲ့အရှေ့ဂျာဗား ခရီးစဉ်မှာဘယ်တွေသွားကြမလဲ?
🌋 "Mount Bromo" ကမ္ဘာကျော် မီးတောင်ကြီးရဲ့ ရင်သပ်ရှုမောဖွယ် နေထွက်ချိန်အလှ။
🌋 "Ijen Crater" လျှပ်စစ်ပြာရောင် မီးတောင်ချော်ရည် (Blue Fire) နဲ့ အက်ဆစ်ကန်ကြီးကို ကြည့်ရှုခြင်း။
🌋 "Tumpak Sewu" "ရေတံခွန်တစ်ထောင်" လို့ တင်စားရလောက်အောင် လှပတဲ့ သဘာဝရေတံခွန်ကြီး။
🥣 အရှေ့ဂျာဗားရဲ့ ရိုးရာအစားအသောက်တွေနဲ့ ဒေသခံတို့ရဲ့ နေထိုင်မှုပုံစံတွေကို အနီးကပ်ထိတွေ့ခွင့်။
🎒 ဘာကြောင့် Backpacker Myanmar နဲ့ သွားသင့်လဲ?
♻ စရိတ်စကသက်သာပြီး အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကိုရရှိမယ်။
♻ BPMer အချင်းချင်း ခင်မင်ရင်းနှီးကာ မိတ်ဆွေအသစ်တွေရရှိစေမယ်။
♻ BPM နဲ့ "ခရီးသွားတယ်ဆိုတာ ငွေကုန်တာမဟုတ်ဘဲ အမှတ်တရတွေ စုဆောင်းတာပါ"
♻ အတွေ့အကြုံရင့်ပြီး ပျော်တတ်တဲ့ BPM Guide များက စနစ်တကျ လမ်းညွှန်ပေးမှာဖြစ်ပြီး
♻ BPM ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခံယူချက်နဲ့ စံတန်ဖိုးတွေရရှိစေမယ်။
📢 BPMရဲ့ ဒီအရှေ့ဂျာဗားခရီးစဉ်ဟာ အများဆုံးလူဦးရေ (၁၁) ဦးသာ လက်ခံတာမို့ အမြန်ဆုံးစာရင်းသွင်းဖို့လိုအပ်ပြီး စိတ်ဝင်စားသူများအနေဖြင့် Page CB ကနေ စုံစမ်းစာရင်းပေးနိုင်ပြီ ဖြစ်ပါတယ်။ အရှေ့ဂျာဗားအကြောင်းသိချင်သူများ ဒီမှာလေ့လာလို့ရပါတယ် 👉 https://web.facebook.com/share/p/1CNUJKs6At/
🙏"သဘာဝချစ်သူအားလုံး တန်ပြန်နွေးထွေးမှုကိုရနိုင်ကြပါစေကြောင်းနှင့် ချစ်ခြင်းမေတ္တာများဖြင့်ပြည့်စုံကြပါစေကြောင်း ဆုမွှန်ကောင်းတောင်းလျက်"🙏
နွေးထွေးစွာဖြင့်
Team BPM
"Explore Nature!"





#တောတောင်တွေကိုချစ်ပါ
ာဝခရီးသွား

🌋 February လ ဂျာဗားမှတ်တမ်း 🌲 🥰
24/03/2026

🌋 February လ ဂျာဗားမှတ်တမ်း 🌲 🥰

16/03/2026

🌲BPM ရဲ့ Hill Tribes Explore Program ဆိုတာ ဆိုင်ကယ်အပေါ့စားလေးနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရှိရာကို ခြေဆန့်တဲ့အစီအစဉ်တခုပါ။ အရှည်ကိုတော့ ထပ်တင်ပေးပါမယ်။
June 12-18 မှာတော့ မိုးရာသီ အထူးခရီးစဥ်ရှိပါမယ်။ လက်ရှိတော့ စာရင်းသွင်းသူတွေစရှိနေပြီမို့ အမြန်နေရာယူထားလို့ရပါပြီ။
BPM မှကြိုဆိုပါတယ် 🥰🙏

Address

Yangon

Telephone

+959421082861

Website

http://t.me/backpackersmyanmar

Alerts

Be the first to know and let us send you an email when Backpackers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Backpackers Myanmar:

Share

Category