12/08/2026
✅ လေယာဉ်လက်မှတ်ဝယ်ရင် Mandalar Charm Travels & Tours မှာ ဝယ်နော်။
✅ မဝယ်ခင် သိထားသင်.တာလေးတွေ ပြောပြချင်တယ်။
✅ ၁။ အမေးများဆုံးမေးခွန်း
ဒီလထဲ ဘန်ကောက်သွားချင်လို. ၊ လေယာဉ်ခ ဘယ်လောက်လဲ ပြောပေးပါ။
ကဲ . . ဘယ်လိုဖြေရပါ.။ အလွယ်ဆုံး မေးခွန်း နဲ. အခက်ဆုံး အဖြေ။
ရန်ကုန်-ဘန်ကောက်ကို MAI Airline က နေ.စဉ် ခြောက်ကြိမ် ၊ MNA Airline က နေ.စဉ် နှစ်ကြိမ် ၊ Thai Airways က နေ.စဉ် နှစ်ကြိမ် ၊ Air Asia က နေ.စဉ် နှစ်ကြိမ် ပြေးဆွဲပါတယ်။
အဲဒီတော. ရက်အလိုက် ၊ အချိန် အလိုက် ၊ အဲလိုင်း အလိုက် ဈေးနှုန်းကွာခြားတယ် ဆိုတာကို ပြောပြရပါတယ်။
✅၂။ ဈေးနှုန်းတခုကို ရက်တခု အချိန်တခု သတ်မှတ်ပြီး ပြောလိုက်ပြီ ဆိုပါစို. ၊
နောက်တပတ် တကယ်လာဝယ်တဲ.အချိန်ကျတော. ဟင် အရင်တခါပြောထုန်းက တမျိုး တဲ.။ အမြဲ ကြုံရတဲ. ဇာတ်လမ်းတွေပါ။ ဒါကြောင်. ယခု လက်ရှိဈေးနှုန်းဆိုတာ အမြဲ ထည်.ပြောရပါတယ်။ လေယာဉ်လိုင်းတွေဆိုတာ ခုံနည်းရင် နည်းသလို၊ Class ပေါ်မူတည်ပြီး ၊ လူကြိုက်များတဲ.အချိန် ၊ မများတဲ.အချိန်အပေါ်မူတည်ပြီး ဈေးကစားတာမျိုးပါ။
✅ ၃။ နောက်တခါ အပြန်က ရက်မသတ်မှတ်ရသေးလို. ၊ အသွားတကြောင်းဘဲ ဝယ်သွားမယ် ။ ဘယ်လောက်လဲ တဲ။
နိုင်ငံတကာလေဆိပ်တွေမှာ အလည်လာသူမှန်သမျှ အသွားအပြန်လက်မှတ် ပြရပါတယ်။
နေထိုင်ခွင်.ရှိထားတဲ. ဗီဇာ ပိုင်ဆိုင်ထားသူများမှ အပပေါ။။ ဒါလည်း တော်တော် ရှင်းရတဲ. ကိစ္စပါ။
✅၄။ အပြန်ကို ရက်တခုခု သတ်မှတ်ပြီး ဝယ်သွားမယ်၊ ရက်ပြောင်းလို.ရလား။
ရက်ပြောင်းရင် ရက်ပြောင်းခ Date Change Fees ပေးရပါတယ်။ မပေးရတာမျိုးလည်း ရှိပါတယ်။
ကိုယ်ဝယ်ထားတဲ. လက်မှတ်က အမြင်. Class က ဝယ်ထားရင်တော. မပေးရပါဖူး။ များသောအားဖြင်.က အသက်သာဆုံး Class က ဝယ်ထားကြတာဆိုတော. Date Change Fees ပေးရတာ များပါတယ်။
ပြီးတော.လည်း ကိုယ်ပြောင်းချင်တဲ.နေ.မှာ ခုံရှိဉီးမှ။ အချိန်ကလည်း အနည်းဆုံး ၄၈ နာရီလောက်ခွာပြီး ရက်ချိန်းကြရတာမျိုးလည်းရှိပါတယ်။
✅ ၅။ MAI လက်မှတ်ဝယ်မယ်။ ကျနော်က ကျောပိုးအိတ်လေးဘဲပါမယ်။ ကီလိုမဝယ်ဖူး။
မရပါဖူး။ MAI , MNA , TG , တို. လေယာဉ်လိုင်းကြောင်းကြီးတွေက အနည်းဆုံး ကီလို ၂၀ ပါပြီးသား တွက်ထားတာမျိုးပါ။ ဘတ်ဂျက်အဲလိုင်း - အဲအေးရှားကတော. Hand Carry ၇ ကီလို ဈေးနှုန်း ပြောတာပါ။
✅ ၆။ ယူသွားမယ်.ကီလိုတွေ က သတ်မှတ်ကီလိုတွေထက်များနေတယ်။ ဘယ်လိုလုပ်ရမလဲ။
အများသောအားဖြင်. ကီလိုပိုတာ သေချာရင် ကိုယ်ဝယ်တဲ. လေယာဉ်ကိုယ်စားလှယ်တွေဆီမှာ ကြိုဝယ်ပါ။ အဲလိုင်းကောင်တာမှာပိုဈေးကြီးပါတယ်။
✅ ၇။ ခုံရွေးချင်တယ်။ ရှေ.ခုံမှာ ရမလား။
ရပါတယ်။ ဒါပေမယ်. ရှေ.တန်းခုံတွေကို Hot Seat လို. ခေါ်ပါတယ်။ ခုံဖိုး ထပ်ပေးရပါတယ်။ လေကြောင်းလိုင်းအလိုက် ခရီးစဉ်အလိုက် Row အလိုက် ခုံဖိုး ထပ်ပေးရပါတယ်။
၈။ ကျနော်က အသွားဘဲ စီးမှာ ၊ အပြန် မစီးဖူး။ Refund ပိုက်ဆံ ပြန်အမ်းလား။
လေယာဉ်တွေမှာ တကြောင်းစီးပြီးရင် ပိုက်ဆံ ပြန်မအမ်းပါဖူး။ Date Change Fees ပေးပြီး ရက်ရွှေ.လို.ဘဲ ရပါတယ်။
✅၉။ အသွားရော အပြန်ရော မစီးဖြစ်တော. ပြန်အမ်းလား။
လေကြောင်းလိုင်း အများစုက မသွားဖြစ်ရင် Refund ပြန်အမ်းပါတယ်။ အနည်းဆုံး ၇၂ နာရီတော. ကြိုပြီး ခရီးစဉ်မသွားဖြစ်ကြောင်း ပြောရပါမယ်။ ဒါပေမယ်. ကိုယ်ဝယ်ထားတဲ. ဈေးနှုန်းအတိုင်း ပြန်မရပါဖူး။ ပြီးတော. ပြန်အမ်းငွေကလည်းချက်ချင်းမရပါဖူး။ ၇၀ ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်း လေကြောင်းလိုင်းအလိုက် ပြန်အမ်းပါတယ်။ ပြီးတော. လေကြောင်းလိုင်းအလိုက် အနည်းဆုံး သုံးလ ကနေ ခြောက်လ စောင်.ရပါတယ်။
✅ လေကြောင်းလိုင်းအတွက် ဗဟုသုတ တပိုင်းတစ လေးကို အတွေ.အကြုံအရ ပြောပြလိုက်ပါတယ်။
✅ Mandalar Charm မှာ စိတ်ချလက်ချ လေယာဉ်လက်မှတ် ကို ဝယ်ယူပါ။ ဈေးအနည်းဆုံး ဖြစ်ဖို. အာမ မခံပေမယ်. အကောင်းဆုံး ဝန်ဆောင်မှုပေးဖို. အာမခံပါတယ်။
✅ လူကိုယ်တိုင်မလာနိုင်လည်း ဗိုင်ဘာဖုန်း 09 504 5819 ကနေ အသေးစိတ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။
✅ဘယ်နိုင်ငံကို သွားဖို. ဘယ်လေယာဉ်စီးရင် ကောင်းမလဲ။ ဈေးနှုန်းသက်သာတာ ၊ စိတ်ချရတာ ၊ ကီလို များများသယ်လို.ရတာ ၊ စသဖြင်. အကုန် စဉ်းစားတွက်ချက်ပေးပါတယ်။
✅ Mandalar Charm Travels & Tours ✅
အင်းစိန် ၊မင်းကြီးလမ်း
မညက မှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား
မင်းကြီးလမ်းမပေါ်။
ရန်ကုန်မြို.
ဖုန်း 01 3642334 / 01 3644271 / 09 504 5819