Holiday Dreams Travel and Tour Agency

  • Home
  • Holiday Dreams Travel and Tour Agency

Holiday Dreams Travel and Tour Agency တရားဝင်ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များ နှင့် ခရီးသွားဝန်ဆောင်မှုများအတွက် Holiday Dreams ရှိပါတယ်

🌍✈️ [ခရီးသွားသတိပေးချက် – ဇွန် ၂၀၂၅] ✈️🌍အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ခရီးသွားကန့်သတ်နိုင်ငံများထဲတွင် မြန်မာပါဝင်သည့် Tr...
05/06/2025

🌍✈️ [ခရီးသွားသတိပေးချက် – ဇွန် ၂၀၂၅] ✈️🌍

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ခရီးသွားကန့်သတ်နိုင်ငံများထဲတွင် မြန်မာပါဝင်သည့် Travel Banned countries စာရင်းကို မနေ့ကပဲ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါပြီ။
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများအား Diversity Visa အပါအဝင် F, M, J visa များ၊ Tourist B1/B2 visa များကိုပါ ကန့်သတ်ချက်များ ဆက်လက်ထားရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်အတူ အာဖဂန်နစ္စတန် ၊ ဘီလာရုစ်၊ ကျူဘာ ၊ အီရန် ၊ လစ်ဗျား၊ နီကာရာဂွါ ၊ မြောက်ကိုရီးယား ၊ရုရှား၊ ဆိုးမာလီယာ၊ ဆီးရီးယား၊ ဗင်နီဇွဲလား နှင့် ယီမင်နိုင်ငံများမှာ အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ပိတ်ပင်ထားပါသည်။

🔍 ခရီးသည်များအနေဖြင့် ဘာတွေသိထားရမလဲ?

➡️ အမေရိကန်နိုင်ငံသို့ ခရီးသွားလာရန်စီစဉ်ပြီးသူများ မိမိတို့၏ Visa status နှင့် လေယာဉ်ခရီးစဉ်တို့အား ပြန်လည်စီစစ်ရန်။

➡️ သက်ဆိုင်ရာနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဝယ်ယူထားသော Airline များထံ updated guidelines များမေးမြန်းစုံစမ်းရန်။

➡️ ခရီးစဉ်ပြောင်းလဲခြင်း ၊ travel destinations များပြောင်းလဲဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လိုအပ်ပြီး ကျွန်တော်တို့ ✈️ Holiday Dreams Travel & Tour Agency မှ ခရီးသည်တို့၏
📌 ခရီးစဉ်ပြောင်းလဲမှု
📌 အခြားခရီးစဉ်အကြံပြုမှု
📌 ဗီဇာနှင့် လေကြောင်းလက်မှတ်ပြင်ဆင်မှု
📌 အကြံဉာဏ်နှင့် ဝန်ဆောင်မှုများ ကို ကျွန်ုပ်တို့က အဆင်သင့် ဖြေရှင်းပေးနေပါသည်။

Your journey is our priority – stay informed, and travel safely!

#ခရီးသွားသတိပေးချက်

တစ်ထပ်ထဲကျချင်မိတယ် 😆
01/06/2025

တစ်ထပ်ထဲကျချင်မိတယ် 😆

24/05/2025

ဒီနှစ်မှာ ဘယ်နိုင်ငံကို ခရီးသွားမလဲ ?

Your trustful travel agent , your Holiday Dreams !!



Phone / Viber : 09 899421795
Facebook Messenger : Holiday Dreams Travel and Tour Agency

အခုတော့ ပြေးလိုက်နေရပြီ :3
23/05/2025

အခုတော့ ပြေးလိုက်နေရပြီ :3

✨ Holiday Dreams Travel and Tour Agency is come back with More Adventures! ✨  ခရီးသွား‌ဝါသနာရှင်များအတွက် Holiday Dreams...
20/05/2025

✨ Holiday Dreams Travel and Tour Agency is come back with More Adventures! ✨

ခရီးသွား‌ဝါသနာရှင်များအတွက် Holiday Dreams page လေးပြန်စပါတော့မယ်ရှင့်

တရား၀င်ပြည်တွင်း၊ပြည်‌လေယာဉ်လက်မှတ်များနှင့်လုံခြုံစိတ်ချရသော
ခရီးသွား၀န်ဆောင်မူများအတွက် Holiday Dreams ကအသင့်ရှိနေပါတယ်။

❗အသေးစိတ်နှင့် သိလိုသမျှကိုလည်း Page ကနေတစ်ဆင့် လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်❗


အမေရိကားမှာ တရားဝင်သွားရောက်နေထိုင်ဖို့ DV ထိုးဖို့မမေ့ပါနဲ့ DV (Diversity Visa/ Immigrant Visa) 2026 ကို အခုချိန်ကစပြီး...
02/10/2024

အမေရိကားမှာ တရားဝင်သွားရောက်နေထိုင်ဖို့ DV ထိုးဖို့မမေ့ပါနဲ့

DV (Diversity Visa/ Immigrant Visa) 2026 ကို အခုချိန်ကစပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ထိုးလို့ရနေပြီနော်

🏆 DV ဆိုတာ အမေရိကားမှာ တရားဝင်နေထိုင်ပြီး Green Card holder ဖြစ်မဲ့ သင်ကိုယ်တိုင်ကံစမ်းပြီး လက်မလွှတ်သင့်တဲ့ အခွင့်ရေးတစ်ခုဖြစ်ပါတယ်

👉👉👉👉 ဘယ်သူတွေလျှောက်ထားနိုင်လဲ ?
မြန်မာနိုင်ငံသားတိုင်း အထက်တန်းအောင်ပြီးသူများအကုန် အသက်အပိုင်းခြားမရှိ လျှောက်ထားနိုင်ပါတယ်။

👉👉👉👉 ဘာလိုလဲ ?
ဓါတ်ပုံ (သတ်မှတ်ချက်ပြည့်မှီပြီး)နှင့် ကိုယ်ရေးအချက်လက်တချို့လိုပါတယ်။

👉👉👉👉 Admin တို့က ဘာ service တွေပေးမလဲ ?

> DV application အတွက် ပို့လာတဲ့အချက်လက်တွေ စုံမစုံ ကနဦးစစ်ဆေးပေးမယ်
> ဓါတ်ပုံအရည်သွေး ပြည့်မှီမှု ရှိမရှိ DV photo checker website မှာစစ်ပေးပြီး အတည်ပြုချက်ပြန်ပို့ပေးပါမယ်
> Service Fees လက်ခံရရှိပြီးတာနဲ့ Service Registration Number ပြန်ပို့ပေးပါမယ်
> DV ဖောင်ကို ရရှိထားသောနံပါတ်စဉ်အလိုက် တင်ပေးပြီး
တရားဝင် website ကပြန်ပို့လာတဲ့ DV confirmation code ကို ပြန်ပို့ပေးပါမယ်
> နောက်နှစ် မေလ မှာ DV ပေါက်စာရင်းထွက်တာနဲ့ သက်ဆိုင်ရာ confirmation code နှင့် အဖြေတိုက်စစ်ပေးပြီး အကြောင်းကြားပေးပါမယ်
> DV ပေါက်မပေါက် ကိုယ်တိုင်ဝင်စစ်နိုင်အောင်လဲ sharing ပြန်လုပ်ပေးပါမယ်

တွေဖြစ်ကြရအောင်လို့
မမေ့မလျော့ထိုးသင့်တဲ့ အထူးအခွင့်ရေးမို့ မြန်မာနိုင်ငံသားတိုင်း ကံကောင်းကြပါစေ 👏👏👏👏

(စကားချပ် - Admin တို့ဆီမှာ service မယူပဲ ကိုယ်တိုင်တင်ချင်ရင်လဲ အားမနာတမ်းလာမေးလို့ရပါတယ်နော် 😁😁 သဘောမနောကောင်းတဲ့ admin team လေးပါ)

ဒီလိုမဟုတ်ပဲ DV ထိုးဖို့ service ယူမယ်ဆိုရင် page messenger /chat box (သို့မဟုတ်) Viber 09 899421795 ကိုဆက်သွယ်လို့ရပါတယ်နော်

မှတ်ချက်။ ။ ဖုန်းလိုင်းခေါ်မရလျှင် Viber မှခေါ်ဆိုနိုင်ပါသည်။

☎️ 09 899421795
Dreams Travel and Tour Agency

WHO မှ မျောက်ကျောက်ရောဂါကို ကပ်ရောဂါတစ်မျိုးအဖြစ်ကြော်ညာပြီးနောက် ရန်ကုန်လေဆိပ်အဝင်တွင် ကျန်းမာရေးစီစစ်ရေးဖောင် တစ်ခုထပ်...
23/08/2024

WHO မှ မျောက်ကျောက်ရောဂါကို ကပ်ရောဂါတစ်မျိုးအဖြစ်ကြော်ညာပြီးနောက် ရန်ကုန်လေဆိပ်အဝင်တွင် ကျန်းမာရေးစီစစ်ရေးဖောင် တစ်ခုထပ်မံဖြည့်စွက်ရန်လိုအပ်။

(Updated news)

နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပထွက်ခွာမှုကို ရန်ကုန်လေဆိပ်တွင် တင်းကျပ်​စွာစိစစ်​နေဩဂုတ် ၅၊ ၂၀၂၄Myanmar Labour News နိုင်...
05/08/2024

နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပထွက်ခွာမှုကို ရန်ကုန်လေဆိပ်တွင် တင်းကျပ်​စွာစိစစ်​နေ

ဩဂုတ် ၅၊ ၂၀၂၄
Myanmar Labour News

နိုင်ငံကူးလက်မှတ် PV - passport for visit နဲ့ ပြည်ပကို ထွက်ခွာသူတွေကို ရန်ကုန်လေဆိပ်မှာ အလွန်စိစစ်တင်းကျပ်နေပြီး ထွက်ခွာခွင့်မရသူတွေ လည်းရှိတယ်လို့ ကိုယ်တွေ့ကြုံရသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့အလုပ်လုပ်ရန်ထွက်ခွာမှုတွေကို တင်းတင်းကျပ်ကျပ်စိစစ်ရန် ညွှန်ကြားမှုများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို စိစစ်မှုတွေ တင်းကျပ်ခဲ့ ပြီး သတ်မှတ် ထားတဲ့ အချက်အလက်မပြည့်စုံပါက ပြန်လွှတ်ခံရသူတွေ များစွာရှိတယ်လို့ ဆိုပါတယ်။

""အခု ရက်ပိုင်း အများဆုံး ဖြစ်နေတာက စင်္ကာပူ ကို အလည်နဲ့ အိမ်အကူ အလုပ်နဲ့ သွားလုပ်မယ့်သူတွေ ဒူဘိုင်းတို့ကို အလည် နဲ့ သွားပြီး အလုပ်လုပ်မယ့်သူတွေ လေဆိပ်ကနေပြန်လာရတာများတယ် ဒါက ဒီဘက်ကနေ အလည်နဲ့အထွက်ပြပြီးတစ်ဖက် မှာ အလုပ်သွားလုပ်ကြတာ အရင်ကတော့ သွားနေကျတာပဲ အခုရန်ကုန်လေဆိပ် စိစစ်တာတွေ အရမ်းကျပ်ပြီး လဝက က ပြန်လွှတ်တာတွေလုပ်လာတာ တကယ် ပြည်ပကို အလည်ထွက်မယ့် သူတွေ တောင် သူတို့ သက်မှတ်ထားတဲ့ Show money တွေ အခြားအချက်အလက်တွေ ပြရတယ်""လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်ပကို PV နိုင်ငံကူးလက်မှတ်နဲ့ ထွက်ခွာမယ် ဆိုပါက UIDကတ်၊ လေယာဉ်လက်မှတ်အသွားအပြန်၊Show money US ဒေါ်လာ ၅၀၀ခန့်၊ တစ်ဖက်နိုင်ငံ တွင်တည်းခိုမယ့် ဟိုတယ်သို့မဟုတ် အသိနေအိမ် စတဲ့ အချက်အလက် တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပကို PJ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အလုပ်သွားရောက်သူတွေ ကိုလည်း OWIC ကတ် ပါရှိ မှုရှိမရှိကို သေချာစိစစ်ပြီး အသက်ကန့်သက်ချက်ဖြစ်တဲ့ အသက်၂၃မှ ၃၁ကြားရှိ အမျိုးသားတွေ ကို ထွက်ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒါ့အပြင် PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပမှ အလည် ပြန်လာပြီး ခွင့်ရက်ပြည့် လို့ ပြန်သွားမယ့်သူတွေ ကို လည်း စိစစ်မှုတွေ တင်းကျပ်လျက်ရှိပြီး အသက်ကန့်သက်ချက်ထဲပါဝင်တဲ့ အမျိုးသားတွေ ဖြစ်ပါက ပြည်ပကို ထွက်ခွင့်မပြုတာတွေရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံ က သိရပါတယ်။



Ph

ချင်းမိုင်က စျေးသက်သာတဲ့ လချင်းပေးအခန်းတွေအကြောင်း 🥳🥳ချင်းမိုင် ရောက်ရောက်ချင်း အိမ်ဌားတော့မယ်ဆို လချုပ်ပါတဲ့ အိမ်တွေကို...
29/07/2024

ချင်းမိုင်က စျေးသက်သာတဲ့ လချင်းပေးအခန်းတွေအကြောင်း 🥳🥳

ချင်းမိုင် ရောက်ရောက်ချင်း အိမ်ဌားတော့မယ်ဆို လချုပ်ပါတဲ့ အိမ်တွေကို တန်းမဌားစေချင်ဘူး။
ရောက်ခါစ နေရာကိုမကျက်မိသေးခင်ဌားလိုက်တော့ မြို့ပြင်ဘက် ရောက်နေတက်တာတို့၊
ရေဖိုး၊မီးဖိုး ဈေးကြီးတာ တို့နဲ့ တွေ့ရင် အခက်ကြုံရတယ်။ နောက်တခုက အလုပ်ပေါ့။

အလုပ်က bkk မှာမျိုး တခြား‌တနေရာရာမှာမျိူး ရပီး ပြောင်းရရွှေ့ရတော့ deposit ငွေက ဆုံးဖို့ဖစ်လာရော။
အဆုံးခံနိုင်ရင်က ပြသနာမရှိပေမဲ့ 100/200 မဟုတ်တော့ အခန်းလက်လွဲဌားဖို့ နောက်လူရှာရတာ မျိုးတွေနဲ့ ကိစ္စများကုန်ကြတယ်။

ကျနော်တို့ရောက်လာတုန်းက‌တော့ သူငယ်ချင်းလင်မယားက လိုက်ပို့ပေးလို့ အခုလို ( စာချုပ်မပါ လချင်းပေး ) အခန်းတွေကိုအဆင်ပြေပြေ ရောက်လာလိုက်တယ်။ အဲ့မှာ တလ နေရင်းနဲ့မှ ကိုယ်နဲ့ကိုက်မဲ့ နေရာကို ပြောင်းဖို့ သေသေချာချာ ရွေးချယ်လို့ ရသွားတယ်။
ဒါကြောင့် နောက်ရောက်လာမဲ့သူတွေ အကူအညီနည်းနည်းဖြစ်ဖြစ် ရနိုင်အောင် ကျနော် ရှာတွေ့ ထားတဲ့ အခန်းနေရာတွေကို တင်ပေးလိုက်ပါတယ်။

ဈေးအနေနဲ့က တခြားနေရာတွေနဲ့ သိပ်မကွာပေမဲ့ သူတို့ဆီက အားသာချက်က apartment တိုင်းရဲ့ မြေညီမှာ ရုံးခန်း ရှိနေပီး ဘယ်ပွဲစားမှ မလိုဘဲ walkin ဝင်ပီး အခန်းယူလို့ရနိုင်တာရယ်
တလစာ+deposit တလစာ ပေးတာနဲ့ တက်နေလို့ရနိုင်ပီး မနေချင်တော့တဲ့နေ့ deposit ထုတ်ပီး ထွက်လာလို့ရတာပဲဖြစ်ပါတယ်။
ထပ်တိုးအနေနဲ့ဆို နေရာကလဲ CMU နဲ့ Maya အနီးတဝိုက်တင်ဖြစ်ပီး apartment တွေကလဲ အတော်လေး သန့်ရှင်းသပ်ရပ်မှုရှိတာပဲ။

အခန်းတွေက များသောအားဖြင့်
တလ ကို 3500 baht /4000 baht ပေးရပါတယ်။
ကျနော်နေခဲ့တဲ့ အခန်းက မီးဖိုး - 8baht/unit နဲ့ ရေက တလကို 100baht ပါ။
သန့်ရှင်းရေးခက checkout ထွက်ရင် 400baht ပေးရတယ်။

✅WiFi free ပါ။
✅AC / fan နှစ်မျိုးလုံးပါ။
✅Furniture အပြည့်အစုံပါ။
❎Kitchen တော့ မပါပါဘူးခင်ဗျာ။
တခြားအခန်းတွေနဲ့တော့ အနဲငယ် ကွဲလွဲနိုင်ပါတယ်။

ပုံ တစ်ပုံချင်းဆီအောက်မှာ Apartment နာမည်နဲ့ location တွဲတင်ပေးထားပါတယ်။ အဆင်ပြေကြပါစေ။
Crd - ရီမြောင်း

အမြင့်ပေ ၃၅၀၀၀ ရောက် အမှတ်တရ 😎
12/06/2024

အမြင့်ပေ ၃၅၀၀၀ ရောက် အမှတ်တရ 😎

04/05/2024

DV List

Server စဖွင့်တဲ့အချိန် ၁၁ နာရီကနေ အခုမနက် 2 နာရီအထိ server ကျနေတဲ့အတွက် ဝင်မရသေးပါ။
မနက်ဖြန်မှ တိုက်စစ်ပေးပါမယ် 🙏🏻

Address


Telephone

+959899421795

Website

Alerts

Be the first to know and let us send you an email when Holiday Dreams Travel and Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Holiday Dreams Travel and Tour Agency:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share