မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု

မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု Ma Naw Phyu is one of the online ticket sale services for traveling around the world �

08/10/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

FYI
04/05/2025

FYI

MAI လေယာဉ်နဲ့ ခရီးသွားမယ့် မိတ်ဆွေတွေ သိထားသင့်တဲ့အချက် (11) ချက်
(1) လေယာဉ်လက်မှတ်ကြိုဖြတ်ပါ
လေယာဉ်လက်မှတ်ကို ခရီးမသွားခင် အနည်းဆုံး တစ်လခွဲလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်။ အရင်ကတော့ ၁ လ လောက်လက်မှတ်ကြိုဖြတ်ရင် ဈေးသက်သာတယ်ဆိုပေမယ့် ခရီးသွားရာသီဆိုရင်တော့ ၁ လ ခွဲလောက် လက်မှတ်ကြိုဖြတ်ထားသင့်ပါတယ်။ လေယာဉ်လက်မှတ်ကို သွားခါနီး တစ်ပတ်/နှစ်ပတ် အလိုမှ ကပ်ဖြတ်ရင် ရက် နီးလေ ဈေးကြီးလေပါပဲ။တစ်ခါတစ်လေမှာ မိမိခရီးသွားမယ့်ရက်အတွက် လေယာဉ်လက်မှတ် ကုန်သွားတာမျိုးပါ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ခရီးသွားဖို့ Plan ရှိတယ်ဆိုရင် လေယာဉ်လက်မှတ် အရင်ကြိုဖြတ်ထားသင့်ပါတယ်။

(2) သယ်ယူခွင့်ပြုသည့် Kg
MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆို Kg 30 အထိသယ်လို့ရပါတယ်။ Hand Carry ကတော့ 7 Kg သယ်ယူခွင့်ပြုထားပါတယ်။Kg 30 ထက် ပိုသယ်ချင်တဲ့ Kg တွေကို Online က လေယာဉ်လက်မှတ်ဝယ် ကတည်းက ကြိုတင် ဝယ်ယူထားလို့ရသလို၊ လေဆိပ် မှာလည်း Kg အပိုဝယ်လို့ရပါသေးတယ်။

(3) လေဆိပ်ကိုစောစောလာပါ
မိမိခရီးထွက်မည့်နေ့မှာ လေဆိပ်ကို လေယာဉ် ထွက်ခွာမည့်အချိန်ထက် 3 နာရီလောက် ကြိုပြီး ရောက်အောင် သွားသင့်ပါတယ်။ Check in လုပ်ရင် တန်းစီရမှာရယ်၊ Immigration ဖြတ်ရင် တန်းစီရမှာရယ်ကြောင့် လေဆိပ်ကို စောစောကြိုရောက်ရှိနေတာက ခရီးသွားတဲ့အခါ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

(4) စာရွက်စာတမ်း များကို အသင့်ထုတ်ထားပါ
လေဆိပ် ရောက်တာနဲ့ မိမိ လေယာဉ်လက်မှတ်ဖြတ်ထားသော စာရွက် (သို့မဟုတ်) ဖုန်းထဲမှာ Save ထားသော Soft Copy နဲ့ Passport စာအုပ်ကို အဆင်သင့် လုပ်ထားပါ။

(5) မိမိထိုင်ချင်တဲ့နေရာ ကြိုရွေးထားပါ
လေယာဉ်လက်မှတ်ကို Check In Counter မှာ မထုတ်ခင် မိမိက မိမိထိုင်ချင်သောနေရာကို မပြောဘူးဆိုရင် Counter မှ ဝန်ထမ်းတွေက အဆင်ပြေတဲ့နေရာတွေကို ထိုင်ခိုင်းလေ့ရှိပါတယ်။မိမိက လေယာဉ်ရဲ့ ပြတင်းပေါက်နားထိုင်ချင်တာတို့၊လျှောက်လမ်းနဲ့နီးတဲ့နေရာတို့ ထိုင်ချင်ပါက လက်မှတ်ထုတ်ခါနီးမှာ တစ်ခါတည်းပြောရင် မိမိထိုင်ချင်တဲ့နေရာကို ထိုင်ရပါတယ်။ မိမိထိုင်ချင်တဲ့ခုံကို Online မှာ လက်မှတ်ဝယ်ကတည်းက ကြိုဝယ်ထားလို့လည်းရပါသေးတယ်။

(6) ကန့်သတ်ထားတဲ့ ပစ္စည်းတွေ မသယ်မိအောင် ဂရုပြုပါ
Laptop,Tablet,Power Bank တို့ကို Hand Carry အနေနဲ့သာ သယ်ယူသင့်ပါသည်။အကယ်၍မိမိက အပ်မည့် Luggage ထဲ ၎င်းပစ္စည်းတွေကို ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ်။

(7) လေယာဉ်လက်မှတ်ထုတ်တဲ့အခါ ဘာတွေသိထားရမလဲ?
Check In Counter မှာ Luggage အပ်၊ လေယာဉ်လက်မှတ် အသွားအတွက် ထုတ်ပြီးတာနဲ့ အပေါ်ထပ်မှာ Immigration ဖြတ်ဖို့ တန်းသွားစီပါ။ Departure Card (ပြည်ပထွက်ခွာ) ကို တစ်ခါတည်းဖြည့်ထားပါ။
📌ခြွင်းချက်အနေနဲ့ - ဥပမာ မိမိ လေယာဉ် နှစ်ဆင့်စီးမည့် AirLine တူတယ်ဆိုရင်တော့ ဘန်ကောက်တို့၊စင်္ကာပူတို့ကနေ Transit နဲ့ ဂျပန်သွားမယ်ဆိုပါက လေယာဉ်လက်မှတ် နှစ်ဆင့်စာ တစ်ခါတည်းထုတ်ပေးပါတယ်။Luggage ကိုတော့ ဂျပန်ရောက်မှာ ထုတ်ရမှာဖြစ်ပါတယ်။

(8) Immigration ဘယ်လိုဖြတ်ရမလဲ?
တာဝန်ကျ Immigration Officer ကို Passport ၊ လေယာဉ်လက်မှတ် နဲ့ Departure ကတ် ပေးပြီး Face Scan လုပ်၊ လက်ဗွေနှိပ် ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ။
အပြန် လေယာဉ်လက်မှတ်ဖြတ်ထားတာ ၊ဟော်တယ် Booking လုပ်ထားတာ၊Show Money လည်း တစ်ခါတလေ စစ်ပါတယ်။
📌Immigration Pass ဖြစ်သွားပြီဆို အပေါ်က စစ်တဲ့နေရာမှာ Body Check ပါတယ်၊ရေသန့်ဗူးပါရင် ထားခဲ့ရပါတယ် ၊သယ်လို့မရပါဘူး၊မိမိကသယ်ချင်တယ်ဆို ရေတစ်ခါတည်းသွန်ပါ၊ ဗူးခွံတော့ ယူလာပြီး Gate ရောက်တဲ့အခါ ရေဖြည့်သောက်လို့လည်း ရပါတယ်။

(9) လေယာဉ်ပေါ်တက်ဖို့ ဂိတ်ဖွင့်တဲ့အခါ
Gate ဖွင့်တဲ့ အခါမှာ Business Class နဲ့ Smile Member ကို အရင်ဝင်ခိုင်းပါတယ်၊ပြီးမှ Economy Class ရဲ့ နောက်ဆုံးခုံနံပါတ်မှ စခေါ်ပါတယ်။

(10) လေယာဉ်ပေါ်ရောက်တဲ့အခါ
လေယာဉ်ပေါ်ရောက်ပြီဆို လက်မှတ်မှာပါတဲ့ မိမိရဲ့ ထိုင်ခုံနံပါတ်မှာထိုင်ပါ၊ထိုင်ခုံခါးပတ် ပတ်ပါ၊ဖုန်း ကို Airplane Mode ဖွင့်ထားပါ၊လေယာဉ် မောင်/မယ် တွေရှင်းပြတဲ့ စည်းကမ်းတွေ နားထောင်ပါ။

(11) ဘန်ကောက် လေဆိပ်ရောက်ပြီဆို
ဘန်ကောက်ရောက်တဲ့အခါ Immigration အရင်ဖြတ်ပါ။ Immigration ဖြတ်ပြီးပါက မိမိခရီးဆောင်အိတ်/Luggage ပြန်ယူဖို့အတွက် Baggage Claim ရမည့် Belt နံပါတ်ကို သွားထုတ်ရပါမည်။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

Credit
Photo

မဂ်လာပါရှင် 🤗ယနေ့မနက် ရန်ကုန်ကနေ နေပြည်တော်ကို   ကားဖြင့် ၄ခုံဖြတ်ထားတဲ့ ခရီးသည်များ လမ်းခရီးဘေးကင်းကြပါစေ လိုရာခရီးကိုအ...
04/05/2025

မဂ်လာပါရှင် 🤗
ယနေ့မနက် ရန်ကုန်ကနေ နေပြည်တော်ကို ကားဖြင့် ၄ခုံဖြတ်ထားတဲ့ ခရီးသည်များ လမ်းခရီးဘေးကင်းကြပါစေ လိုရာခရီးကိုအဆင်ပြေချောမွေ့စွာရောက်ကြပါစေ☺️
အဝေးပြေးကားလက်မှတ်များနဲ့ ပြည်တွင်း/ပြည်ပလေယာဥ်လက်မှတ်တွေအတွက် အချိန်မကုန် လူမပန်းဘဲ ဂိတ်ရင်းစျေးအတိုင်း ကိုယ်ကြိုက်တဲ့ခုံနေရာလေးတွေယူချင်တယ်ဆိုရင်တော့ မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု လေးကို သတိရလိုက်ပါနော် 🥰
ခရီးသွားပြည်သူအပေါင်း လိုရာခရီးကို ဘေးကင်းစွာရောက်ရှိကြပါစေ🙏
Contact Ph No> 09421071248, 09784791022
Address > အမှတ် ၁၁၃၆, ပိတောက်ဝါလမ်း, မြရတနာရပ်ကွက်, မဂ်လာဒုံမြို့နယ်

မင်္ဂလာပါရှင် 🥰 #မနောဖြူ Page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် 🤗မင်မင်တို့ ဆိုင်လေးဖွင့်ခဲ့တာ (7-1-2024) ကနေ အခုလ ၇ရက...
02/05/2025

မင်္ဂလာပါရှင် 🥰
#မနောဖြူ Page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် 🤗
မင်မင်တို့ ဆိုင်လေးဖွင့်ခဲ့တာ (7-1-2024) ကနေ အခုလ ၇ရက်နေ့ဆိုရင် ၁နှစ်နဲ့ ၄လပြည့်ခဲ့ပြီပေါ့☺️
မင်မင်တို့ Page မှာ ပို့စ်လေးတွေသိပ်မတင်ဖြစ်တာက မင်မင်တို့ရဲ့ Business က ဒီ၁ခုထဲ မဟုတ်ဘဲ #မနောဖြူစတိုး မှာလည်း ကုန်ပစ္စည်းမျိုးစုံရောင်းတာရယ် Kpay, Wave Pay, CB Pay, AYA Pay, True Money စတဲ့ Digital Money 💵 နဲ့ပတ်သက်တဲ့ ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုတွေကိုလည်း ပြုလုပ်ပေးတာရယ်ကြောင့် မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု Page လေးမှာ ပို့စ်လေးတွေတင်ဖို့ အချိန်မရတာရယ်ကြောင့် ခရီးစဉ်တွေနဲ့ Passengers တွေရဲ့ လက်မှတ်ဝယ်တာလေးတွေကို မတင်ဖြစ်ခဲ့တာပါ😊
မင်မင်တို့အပြင်ဆိုင်မှာတော့ အဝေးပြေးကားလက်မှတ်တွေနဲ့ ပြည်တွင်း/ပြည်ပလေယာဉ်လက်မှတ်တွေကို ဂိတ်ရင်းဈေးအတိုင်း ပုံမှန်ရောင်းချပေးပါတယ် ☺️

မင်မင်တို့က E-Ticket နဲ့ရောင်းတာမို့ မိတ်ဆွေတို့ သွားချင်တဲ့ ခရီးစဉ်ကို Page CB or Viber ကနေ မေးလိုက်တာနဲ့ ပို့ပေးမှာပါ 🤗

အလိမ်တွေများတဲ့ဒီခေတ်ကြီးထဲမှာ ကိုယ်ရွေးချယ်လိုက်တဲ့ နေရာက အစစ်အမှန်ဖြစ်ဖို့ရယ်၊ဈေးနှုန်းမှန်ကန်ဖို့ရယ်၊ဝန်ဆောင်မှုကောင်းဖို့ရယ်က အရေးကြီးပါတယ်နော် ☺️
ဒါမျိုးတွေအတွက် မင်မင်တို့ဆိုင်လေးရဲ့ Contact Address လေးကိုပါ ထည့်ပေးထားပါတယ်နော် ☺️
ဆိုင်လေးစဖွင့်ထဲကနေ ယနေ့အချိန်ထိ အားပေးကြတဲ့ ခရီးသွားပြည်သူအပေါင်းနဲ့ Customers အပေါင်းကို ကျေးဇူးအထူးတင်လျှက် 🙏
Contact Address- 📱 09-421071248, 09-784791022
ဆိုင်လိပ်စာ💞အမှတ်၁၁၃၆၊ပိတောက်ဝါလမ်း၊မြရတနာရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်။

🙏🙏🙏
19/09/2024

🙏🙏🙏

မင်မင့်ရဲ့ Page လေးပါ ပါဝင်အားဖြည့်လှူဒါန်းပေးလို့ရပါတယ်ရှင်🙏
14/09/2024

မင်မင့်ရဲ့ Page လေးပါ ပါဝင်အားဖြည့်လှူဒါန်းပေးလို့ရပါတယ်ရှင်🙏

မင်္ဂလာပါ တိချစ်သူအမျိုးတို့ရေ🤗
ရေဘေးသင့်နေရာဒေသတွေက တိလေးတွေကို ဖေးကူပေးဖို့ Members တွေနဲ့အတူအလှူငွေလေးစုစည်းချင်ပါတယ်•••••
မနှစ်က Bago ရေဘေးတုန်းကလည်း အဖွဲ့အနေနဲ့ ကိုယ်တိုင်သွားရောက်ဖေးကူလှူဒါန်းပေးခဲ့ပါတယ်ရှင်🙏
အခုရေဘေးမှာ အဖွဲ့ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ အခွင့်မသင့်ပေမယ့် ငွေအားလေးကူပေးချင်ပါတယ်🙏
ယခုရရှိတဲ့ အလှူငွေကို သီးသန့်စာရင်းလေးလုပ်ပြီး လိုအပ်တဲ့နေရာတွေကို ပြန်ပြီးလှူဒါန်းပေးပါမယ်🙏
အလှူမှတ်တမ်းလေးတွေကိုလည်း Page မှာပြန်ပြီး share လုပ်ပေးပါမယ်ရှင်🙏
နိုင်ငံတဝန်း လူတွေရော တိလေးတွေရော ကပ်ကြီး၃ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ🙏

#ဖေးကူမယ့်တွဲလက်လေးများ

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ ချစ်မိတ်ဆွေတို့ရေ🥰🌻မင်မင်တို့  #မနောဖြူ ဆိုင်လေးမှာ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်၊ အဝေးပြေးက...
10/06/2024

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ ချစ်မိတ်ဆွေတို့ရေ🥰🌻
မင်မင်တို့ #မနောဖြူ ဆိုင်လေးမှာ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်၊ အဝေးပြေးကားလက်မှတ်တွေကို ဂိတ်ရင်းဈေးနဲ့ရောင်းပေးတဲ့အပြင်
☘️ အစားအသောက်မုန့်မျိုးစုံ၊ အချိုရည်မျိုးစုံ၊
☘️ စာရေးကိရိယာမျိုးစုံ၊
☘️ အလှကုန်မျိုးစုံ၊
☘️ အိမ်သုံးပစ္စည်းနဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို ဈေးနှုန်းမှန်ကန်စွာရောင်းပေးတဲ့အပြင် Kpay, Wave Pay, CB Pay, AYA Pay, True Money တို့ကို ငွေလွှဲငွေထုတ် ဝန်ဆောင်မှုနဲ့
Kpay, Wave Pay, CB Pay, AYA Pay, Yoma, MAB စတဲ့ Digital Money တွေကို Online လည်း လုပ်ပေးပါတယ်နော် •••••

သူငယ်ချင်း၊ မိတ်ဆွေတွေ လိုအပ်ခဲ့ရင်လည်း မင်မင်တို့ဆိုင်လေးကို ညွှန်ပေးပါအုန်းနော်☺️
Customers တွေရဲ့ လိုအပ်ချက်တွေအားလုံး တစ်နေရာထဲပြီးပြည့်စုံစေဖို့ မင်မင်တို့လည်း ကြိုးစားသွားမှာပါရှင့်💪
အားပေးကြတဲ့ ကာကာတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော်
🙏☺️

အဝေးပြေးကားလက်မှတ်အတွက်ဆို မင်မင်တို့ရဲ့ မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု ကို သတိရပေးပါနော် ☺️အချိန်ကုန်လူပ...
26/11/2023

အဝေးပြေးကားလက်မှတ်အတွက်ဆို မင်မင်တို့ရဲ့ မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု ကို သတိရပေးပါနော် ☺️
အချိန်ကုန်လူပန်းစရာမလိုဘဲ ဂိတ်ရင်းဈေးအတိုင်း ကိုယ်လိုချင်တဲ့ခုံနေရာလေးတွေကို ရွေးချယ်ဝယ်ယူနိုင်မှာဘဲဖြစ်ပါတယ်ရှင်☺️

အဝေးပြေးကားကြီးတွေ ...
စီးရတဲ့ အရသာကို ကြိုက်လား

အထူးသဖြင့် ညလုံးပေါက်
စီးသွားရတဲ့ ခရီးမျိုးတွေမှာပေါ့၊

နားကြပ်လေး တပ်ပြီး
သီချင်း နားထောင်မယ်၊

စာဖတ်ချင် ဖတ်နေမယ်
လိုင်းသုံးချင် သုံးနေမယ်၊

လိုက်ကာလေး လှပ်ကြည့်လိုက်လို့
ကားမှန်ရဲ့အပြင်မှာ မှောင်မဲနေတာမျိုးဆို
အကြောင်းမဲ့ငေးနေမိမယ်၊

"အဲ့ဒီအရသာမျိုး ကျွန်တော်သိပ်ကြိုက်တာ"

#ဝေယံနွယ်

  🧳🎒🚃✈️ခရီးသွားဖို့ plan ရှိတယ်ဆို ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်, ကားလက်မှတ်အတွက်  #လေကြောင်းလိုင်း တွေ  #ကားဂိတ် တွေကို...
05/11/2023

🧳🎒🚃✈️
ခရီးသွားဖို့ plan ရှိတယ်ဆို ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်, ကားလက်မှတ်အတွက် #လေကြောင်းလိုင်း တွေ #ကားဂိတ် တွေကို အချိန်ကုန်ခံပြီးတော့ သွားဝယ်စရာမလို ❌
ဖုန်းတွေခဏ ခဏ ဆက်မေးစရာလို ❌

#မနောဖြူ ကိုသာ CB ကနေ ကိုယ်သွားမယ့် ခရီးစဉ်လေးလှမ်းပြောလိုက်ပါနော် 🤗

ပြည်တွင်း/ပြည်ပ Airline တွေဖြစ်တဲ့




စတဲ့ လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေကို Airline Logo & show fare အတိုင်းသာ ရောင်းချပေးလို့ ဈေးများမှာ မပူရဘဲ ယုံကြည်စိတ်ချစွာ အားပေးနိုင်မှာဘဲ ဖြစ်ပါတယ်ရှင် 🥰

ကားလက်မှတ်နဲ့ပတ်သက်ပြီးတော့ အဝေးပြေးယာဉ်လိုင်းပေါင်း ၇၀ ကျော် ခရီးစဉ်လမ်းကြောင်းပေါင်း ၂၀၀ ကျော်အတွက် ကြိုတင်လက်မှတ်များကို ဂိတ်ရင်းဈေးအတိုင်း ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူရရှိနိုင်မှာဘဲ ဖြစ်ပါတယ်နော် 😍

#မနောဖြူ မှာ ကားလက်မှတ်ဝယ်ယူတဲ့အခါ

#ဂိတ်ရင်းဈေးအတိုင်းဝယ်လို့ရမယ် 🩵
#ခရီးစဉ်တိုင်းအတွက်စိတ်ကြိုက်ကားလိုင်းတွေရွေးလို့ရမယ် 🩵
#ကိုယ်သွားချင်တဲ့အချိန်နဲ့ထိုင်ခုံတွေလည်းရွေးချယ်လို့ရမယ် 🩵
#ကိုယ်သွားမယ့်ခရီးအတွက်ရောက်ရှိမယ့်အချိန်ကိုပါသိရမယ် 🩵
#ခရီးစဉ်အားလုံးမှာခရီးသွားအာမခံပါဝင်ပြီးသားဖြစ်မယ် 🩵

ဒါတွေအားလုံးက E-Ticket ဝယ်ယူခြင်းရဲ့ အားသာချက်တွေပါဘဲရှင် 🥰

ကြိုတင်လက်မှတ်ဖြစ်တဲ့အတွက် လက်မှတ်တန်ဘိုးကိုတော့ ဝယ်တာနဲ့တစ်ခါတည်းတန်းပေးရမှာဖြစ်ပါတယ်ရှင် ☺️
#ဂိတ်ရောက်ငွေချေမရပါ ❌

Ph နဲ့ ဆက်သွယ်ဝယ်ယူချင်တဲ့ ချစ်မိတ်ဆွေတို့အတွက်
09-421071248 🤙📱
09-784791022 🤙📱တို့ကို hello လိုက်ပါနော် 🥰
#မနောဖြူ_ကားလက်မှတ်_လေယာဉ်လက်မှတ်ဝန်ဆောင်မှု

Kalaw 🏕️ and Coffee ☕️
26/10/2023

Kalaw 🏕️ and Coffee ☕️

🌻လေးတွေ မနွမ်းခင် ဆောင်းအဝင် November လ လေးမှာ ပန်းမြို့တော်လေးကို သွားကြရအောင်လေနော် 🏕️🍃🍂🍁☘️🍀🎄🪻ကားလက်မှတ်ဖြတ်ဖို့လိုတယ်...
25/10/2023

🌻လေးတွေ မနွမ်းခင် ဆောင်းအဝင် November လ လေးမှာ ပန်းမြို့တော်လေးကို သွားကြရအောင်လေနော် 🏕️🍃🍂🍁☘️🍀🎄🪻
ကားလက်မှတ်ဖြတ်ဖို့လိုတယ်ဆိုရင် မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု မှာ နေပူခံစရာမလို၊ မိုးစိုစရာမလိုဘဲ CB ကို hi လိုက်တာနဲ့ ကိုယ်သွားချင်တဲ့ကားလိုင်းနဲ့ ခုံနေရာကို ဂိတ်ရင်းဈေးအတိုင်း မြန်၂ဆန်၂နဲ့ ဝယ်ယူရရှိနိုင်မှာဘဲဖြစ်ပါတယ်နော် ☺️

Address

Padauk War Street, Mingalardon Township
Yangon

Telephone

+959421071248

Website

Alerts

Be the first to know and let us send you an email when မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု:

Share