Apex Yangon Travels and Tours

Apex Yangon Travels and Tours Apex Yangon Travels and Tours gives the best service of travelling and touring in Myanmar.

19/07/2026

Mighty Shwedagon Pagoda one of the days of night scene.

19/07/2026

❝တရားမဝင်သလို ခေါင်းစဥ်မတပ်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် တောင်းဆို❞

တရုတ်နိုင်ငံသားအချို့ ပါဝင်ပတ်သက်နေတဲ့ ဒုစရိုက်မှုတွေအပေါ် မီဒီယာတွေနဲ့ အများပြည်သူကြားမှာ "မီးခိုးရောင် တရုတ်လုပ်ငန်းရှင်များ- ‘GREY CHINESE" ဆိုပြီး အားလုံးကို သိမ်းကျုံး အမည်တပ် ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စိုးရိမ်မိပြီး ရှုံ့ချလိုက်ပါတယ်။
အခုလို ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်လာတိုင်း 'တရုတ်' ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ အားလုံးကို သိမ်းကျုံးပြီး ပုံဖျက်ခေါ်ဆိုနေကြတာဟာ ရိုးသားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေနိုင်သလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကိုပါ ထိခိုက်စေနိုင်တယ်လို့သူကပြောတာပါ။
ဒီအပေါ်မှာ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တရုတ်သံအမတ်ကြီးကို စိတ်အေးအေးထားဖို့နဲ့ ထိုင်းအစိုးရအနေနဲ့ ဘယ်နိုင်ငံသားကိုမဆို ခွဲခြားဆက်ဆံတာမျိုး လုံးဝမရှိပါဘူး။ အခု နှိမ်နင်းနေတာဟာ လူမျိုးစုတစ်ခုခုကို ပစ်မှတ်ထားတာမဟုတ်ဘဲ "ထိုင်းဥပဒေကို ချိုးဖောက်ပြီး တရားမဝင် စီးပွားရေးလုပ်နေတဲ့သူတွေ" ကိုပဲ ဥပဒေအတိုင်း အရေးယူနေတာ ဖြစ်တယ်၊ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လာရောက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ထိုင်းနိုင်ငံက အပြည့်အဝ ကာကွယ်ပေးထားပြီး ဆက်လက်ပြီးတော့လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံသားအမည်ခံ တွေ သုံးပြီး လာရောက်လုပ်ကိုင်နေတဲ့ တရားမဝင် လုပ်ငန်းတွေကိုတော့ ဆက်လက်စစ်ဆေး နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။ ထိုင်းနဲ့ တရုတ်ဟာ ရေရှည်လက်တွဲလာခဲ့တဲ့ စီးပွားရေးမိတ်ဖက်ကောင်းတွေ ဖြစ်တာကြောင့် အခုလို ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို မထိခိုက်စေနိုင်ပါဘူးလို့ ထိုင်းဘက်က တုံ့ပြန်ထားပါတယ်။

Ref:KhaoSod English
#ထိုင်းရောက်မြန်မာ

19/07/2026

❝ကင်ဆာကာကွယ်ဆေးကို ထိုင်းနိုင်ငံမှာ လူသားတွေနဲ့ စတင်စမ်းသပ်နေ❞

ထိုင်းနိုင်ငံဟာ လူနာတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် သီးသန့် ဖန်တီးထုတ်လုပ်မယ့် "ကင်ဆာကာကွယ်ဆေး (Personalised Cancer Vaccine)" ကို လူသားတွေနဲ့ စတင်ပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေပါပြီ။
ဒီပရောဂျက်ကို ထိုင်းအစိုးရ ဆေးဝါးလုပ်ငန်းအဖွဲ့ (GPO)၊ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) နဲ့ အမေရိကန်အခြေစိုက် Seqker Biosciences ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာပါ။
ဒီဆေးက သာမန်ကာကွယ်ဆေးတွေလို လူတိုင်းကို တပြေးညီ ထိုးပေးတဲ့ ဆေးမျိုး မဟုတ်ပါဘူး။ လူနာတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေရဲ့ မျိုးရိုးဗီဇ ကို ဓာတ်ခွဲခန်းမှာ အရင်ဆုံး စစ်ဆေးပါတယ်။ ပြီးတော့မှ အဲဒီအချက်အလက်တွေကို သုံးပြီး လူနာရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်နှိုးဆွပေးမယ့် ကာကွယ်ဆေးကို သီးသန့် ဖန်တီးတာပါ။ ဒီဆေးကို ထိုးလိုက်တဲ့အခါ လူနာရဲ့ ကိုယ်ခံအားစနစ်ဟာ ကင်ဆာဆဲလ်တွေကိုပဲ ရွေးချယ်ပြီး တိုက်ရိုက် သွားရောက်တိုက်ခိုက် ခြေမှုန်းပေးမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် ကနဦးမှာတော့ အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား ၃ ခုကို အဓိကထားပြီး စမ်းသပ်နေပါတယ်။ အဲဒါတွေကတော့ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ပါ။ အကယ်၍ ထိုင်းနိုင်ငံမှာပဲ ဒီကာကွယ်ဆေးကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် သာမန် ကုန်ကျစရိတ်ထက် ၄ ဆကနေ ၅ ဆအထိ ပိုမိုသက်သာသွားမှာ ဖြစ်ပါတယ်။ အောင်အောင်မြင်မြင်ဖြစ်ဖို့ တောင်းတောင်းတို့ ဆုတောင်းမိပါတယ်။

Ref: NT THAILAND
#ထိုင်းရောက်မြန်မာ

19/07/2026

❝လန်နားမင်းသား ဆုခစမ်နဲ့ မြန်မာအမျိုးသမီးလေး မမြတို့ရဲ့ ရိုမီယိုနဲ့ဂျူးလိယက်လို ရင်နင့်စရာ သမိုင်းဝင် အချစ်ဇာတ်လမ်း❞

‘ရိုမီယိုနဲ့ ဂျူးလိယက်’ အချစ်ဇာတ်လမ်းလိုမျိုး ထိုင်းနိုင်ငံ မြောက်ပိုင်း လန်နား (လောလောဆယ် ချင်းမိုင်မြို့) နဲ့ မြန်မာနိုင်ငံကြားမှာလည်း အဲဒီလိုမျိုးပဲ တကယ့်ကို ရင်နာစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ လန်နားမင်းသားလေး (Prince Sukkasem) နဲ့ မြန်မာအမျိုးသမီးလေး ‘မမြ’ တို့ရဲ့ အချစ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော် (ကိုလိုနီခေတ်) တုန်းကပါ။ လန်နားမင်းသားလေးဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့က St. Patrick’s ကျောင်းမှာ ပညာလာသင်ရင်းနဲ့ မြန်မာမိန်းကလေးချောလေး ‘မမြ’ နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မမြဟာ ဈေးထဲမှာ ဆေးလိပ် ရောင်းရင်း မိသားစုကို ကူညီပေးနေတဲ့သူပါ။ မင်းသားလေးဟာ မမြကို မြင်မြင်ချင်း ချစ်မိသွားခဲ့သလို၊ မမြဘက်ကလည်း မင်းသားလေးအပေါ် သံယောဇဉ် တွယ်ခဲ့ပါတယ်။
ဒါပေမဲ့ "စစ်မှန်တဲ့အချစ်ဟာ လမ်းခရီးမဖြောင့်ဖြူးဘူး" ဆိုတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ မင်းသားလေး ပညာသင်ပြီးလို့ ချင်းမိုင်ကို ပြန်ရမယ့်အချိန်မှာ နှစ်ယောက်သား မခွဲနိုင်လွန်းလို့... မမြဟာ သူမရဲ့ ဆံပင်ကို ဖုံးဖိဖျောက်၊ ယောက်ျားလေးလို ဝတ်ဆင်ပြီး မင်းသားလေးရဲ့ သူငယ်ချင်းအဖြစ် ဟန်ဆောင်ကာ ချင်းမိုင်မြို့ကို လိုက်လာခဲ့ပါတယ်။
ချင်းမိုင်ကို ရောက်တဲ့အခါမှာတော့ ခေါင်းကို မိုးကြိုးပစ်ခံလောက်ရတဲ့အထိ ဆိုးရွားတဲ့ သတင်းက သူတို့ကို စောင့်ကြိုနေပါတယ်။ မင်းသားလေးရဲ့ ခမည်းတော် ချင်းမိုင်စော်ဘွားကြီးက သူ့သားအတွက် Princess BuaChum နဲ့ စေ့စပ်ကြောင်းလမ်းပေးထားပြီးသား ဖြစ်နေလို့ပါ။
သူတို့အတွက် ဆူးခလုတ်က အင်္ဂလိပ် သိမ်းပိုက်ခြင်း ခံထားရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတစ်ယောက်ကို လန်နားရဲ့ နောင်အနာဂတ် အုပ်ချုပ်သူ မင်းသားက လက်ထပ်လိုက်မယ်ဆိုရင်... ဗြိတိသျှတွေရဲ့ နိုင်ငံရေး ဖိအားတွေဟာ လန်နားနိုင်ငံအပေါ် ပိုပြီး အကြီးအကျယ် ကျရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တာလည်းပါပါတယ်။
နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရပြီး... တစ်နေ့နေ့ကျရင် ပိုကောင်းတဲ့ အခြေအနေမှာ ပြန်ဆုံကြမယ်လို့ အပြန်အလှန် သစ္စာဆိုကာ မမြတစ်ယောက် မြန်မာနိုင်ငံကို ပြန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ခွဲခွာခါနီးမှာ မမြဟာ သူမရဲ့ အရှည်ကြီးနဲ့ တောက်ပနေတဲ့ ဆံနွယ်တွေကို သုံးပြီး မင်းသားလေးရဲ့ ခြေထောက်ကို ရိုသေစွာ ပွတ်သပ်ဆေးကြောပေးခဲ့ပါတယ်။ ပြီးတော့ ဖက်လဲတကင်း နှုတ်ဆက်ပြီး မမြက မင်းသားလေးအပေါ် သစ္စာရှိရှိ စောင့်ဆိုင်းသွားမယ့်အကြောင်း၊ မင်းသားလေးကလည်း အခြေအနေပေးတာနဲ့ သူမကို ချက်ချင်း ပြန်ခေါ်မယ့်အကြောင်း ကတိတွေ ပေးခဲ့ကြပါတယ်။
နေ့ရက်တွေ၊ လတွေ ဘယ်လောက်ပြောင်းပြောင်း အခြေအနေကတော့ ပြောင်းမလာခဲ့ပါဘူး။ မမြကတော့ မင်းသားလေး ဆုခစမ်ဟာ သူမရဲ့ တစ်ဦးတည်းသော အချစ်ဦးဖြစ်တယ်ဆိုတဲ့ စိတ်အတိုင်း သာသနာ့ဘောင်ထဲ ဝင်ရောက်ပြီး သီလရှင် ဝတ်သွားခဲ့ပါတယ်။ မင်းသားလေး ဆုခစမ်ကတော့ မိဘတွေရဲ့ အစီအစဉ်အတိုင်း မလွှဲမရှောင်သာဘဲ အလိုမတူဘဲ လက်ထပ်ခဲ့ရပြီး တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
ဒီဝမ်းနည်းစရာကောင်းတဲ့ မမြနဲ့ မင်းသားလေးတို့ရဲ့ သမိုင်းဝင်အချစ်ဇာတ်လမ်းဟာ ချင်းမိုင်နဲ့ လန်နားပြည်သူတွေရဲ့ နှလုံးသားမှာရှင်သန်နေပြီး လန်နားရဲ့ နာမည်ကြီး ရိုးရာစာပေတွေထဲမှာ အခုအထိ ထာဝရ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

Ref: ASEAN STORY
#ထိုင်းရောက်မြန်မာ

05/03/2026

42% Off promotion

17/02/2026

Address

New Ni 3rd Street, 15 Ward, Hlaing That Year, TSP
Yangon

Alerts

Be the first to know and let us send you an email when Apex Yangon Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apex Yangon Travels and Tours:

Shortcuts

Share

Category