Oro Nova Travel

Oro Nova Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oro Nova Travel, Tour Agency, No. 72(B), Ground Floor, Nanthar Street. Ahlone Township, Yangon.

11/06/2026

နာမည်ကျော် Ha Long Bayတည်ရှိရာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟနွိုင်းမြို့သို့သွားရောက်မည့် ခရီးသည်များအနေဖြင့် Digital Pre-Arrival Information(Online Registration)ကြိုတင်ဖြည့်သွင်းပေးရန်လိုအပ်လာပြီ ဖြစ်ပါတယ်.

၂၀၂၆ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှစတင်ပြီး ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Noi Bai International Airport သို့ သွားရောက်ကြမယ့် ခရီးသည်အားလုံးအတွက် Digital Pre-Arrival Information (Online Registration) ကို မဖြစ်မနေ ဖြည့်ပေးရတော့မှာပါ....

လေဆိပ်ကို ရောက်ရှိတဲ့အခါ အချိန်ကြန့်ကြာမှုမရှိဘဲ Immigration ဖြတ်သန်းနိုင်ဖို့အတွက် ခရီးမထွက်ခွာမီ ကြိုတင်စာရင်းသွင်းထားဖို့ Oro Nova Travel မှ အသိပေးအကြောင်းကြားလိုက်ပါတယ်

ဗီယက်နမ်တောင်ဘက်ပိုင်းက စီးပွားရေးအချက်အချာဖြစ်တဲ့ Saigon@Hochimin cityရှိ Tan Son Nhat International Airportသို့သွားရောက်မည်ဆိုရင်လည်း Digital Pre-Arrival Information(Online Registration)ဖြည့်သွင်းပေးရန် ၂၀၂၆ ဧပြီ (၁၅)မှစတင်၍လိုအပ်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်.

ရန်ကုန်-ဟနွိုင်း ခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Myanmar Airways International (MAI) Check-in Counter တွေမှာလည်း ဖြည့်စွက်ရမယ့် QR Code လေးတွေကို အလွယ်တကူ Scan ဖတ်ပြီး ဖြည့်ပေးလို့ရပါတယ်.

လေယာဥ်လက်မှတ်နှင့်ပတ်သတ်၍သိလိုသမျှစုံစမ်းမေးမြန်းလိုပါက

Oro Nova Travel :
01-2300404
09 792822677.09 442031234

Address: No.72 (b) , မြေညီထပ်, နံသာလမ်း
အလုံမြို့နယ် ရန်ကုန်မြို့

သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်.




🌿လေယာဉ်ပေါ်မှာသတ်သတ်လွတ်အစားအစာရနိုင်လား?လတ်တလောဖြေပေးနေရတဲ့မေးခွန်းလေးပါ။အခုဆိုဝါတွင်းကာလရောက်ရှိနေပြီမို့ အဓိဌာန်၀င်သတ...
15/07/2025

🌿လေယာဉ်ပေါ်မှာသတ်သတ်လွတ်အစားအစာ
ရနိုင်လား?လတ်တလောဖြေပေးနေရတဲ့မေးခွန်းလေးပါ။

အခုဆိုဝါတွင်းကာလရောက်ရှိနေပြီမို့ အဓိဌာန်၀င်သတ်သ‌တ်လွတ်စားနေကြသူတွေရှိကြမှာပါ။သတ်သတ်လွတ်ကိုအကြောင်းအမျိုးမျိုးနဲ့စားနေကြသူတွေလေယာဉ်နဲ့ခရီးသွားရတဲ့အခါ လေယာဉ်ပေါ်မှာ သတ်သတ်လွတ်အစားအသောက်ရနိုင်မလားလို့ စဉ်းစားမိကြမယ်ထင်ပါတယ်။အချိန်တိုပဲစီးရတဲ့flightတွေမှာကိစ္စမရှိပေမယ့် အချိန်အကြာကြီးစီးရတဲ့အခါ အစားအသောက်ကိစ္စကအရေးကြီးပြီး ပြင်ပကအစားအသောက်များလည်းယူဆောင်သွားကာ မစားသုံးသင့်ပါဘူး။လေယာဉ်စီးချိန်မှာတော့ သတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေနဲ့ စီမံချက်ပြုတ်ထား‌တဲ့ လေယာဉ်ပေါ်ကတည်ခင်းသော အစားအသောက်(inflight meal)ကိုသာစားသုံးသင့်ပါတယ်။

ဒါကြောင့် သတ်သတ်လွတ်စားနေသူဖြစ်ပါက သတ်သတ်လွတ်အစားအစာကို လေယာဉ်စီးနင်းလိုက်ပါမယ့်ရက်မတိုင် 💙အနည်းဆုံးသုံးရက်
ကြိုတင်ပြီး

✅သက်ဆိုင်ရာAirline (သို့မဟုတ်)
✅ticket၀ယ်ယူထားသောagent
ထံတွင်တောင်းဆိုလို့ရပါတယ်။

သတ်သတ်လွတ်အစားအသောက်တစ်ခုတည်းတောင်းဆိုလို့ရနိုင်တာမဟုတ်ပါဘူး။
💚ဘာသာရေးအရ
💚ကျန်းမာရေးအရ
💚ကလေးငယ်လေးများအတွက်
အစားအစားအမျိုးအစားအတော်များများကိုတောင်းဆိုလို့ရပါတယ်။ဥပမာ ဆီးချိုရောဂါရှိသူ၊ဟိန္ဒူဘာသာ၀င်ဖြစ်သူ ။

အစားအသောက်ကြိုတင်တောင်းဆိုမှုအတွက်လည်း အခကြေးငွေတစ်စုံတရာလည်းထပ်မံပေးဖို့မလိုအပ်ပါဘူးနော်။တောင်းဆိုလို့ရရှိနိုင်တဲ့အစားအသောက်အမျိုးအစားတွေကိုလည်းပုံလေးတကွနဲ့ဖော်ပြပေးလိုက်ပါတယ်နော်

ဒါဆို လေယာဉ်အကြာကြီးစီးရမယ့်ခရီးစဉ်တွေမှာမိမိစားလို့မရတဲ့အစားအသောက်‌ကျွေးမှာစိတ်ပူစရာမလိုတော့ဘူးနော်။
လေယာဉ်လက်မှတ်ကိစ္စများနဲ့ပတ်သတ်ပြီးထပ်မံသိရှိလိုတာများရှိရင်.....

Oro Nova Travel
No.72.Ground Floor.Nanthar Street.Ahlone Township.
☎️Phone:O12300404
📞Mobile:09792822677.09420000027
📱Viber:09792822677
💙 Facebook messenger:Oro Nova Travel

သို့ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။






မြန်မာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဘေးဆိုးကပ်ဆိုးများရန်မှကင်းဝေးပါစေရန် Oro Nova Tr...
16/04/2025

မြန်မာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဘေးဆိုးကပ်ဆိုးများရန်မှကင်းဝေးပါစေရန် Oro Nova Travel မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🌱🌱🌱

🇨🇷ထိုင်းနိုင်ငံသို့ 🧳အလည်အပတ်🧑‍🎓ပညာရေး🧑‍⚕️ကျန်းမာရေး💵စီးပွားရေးမည်သည့်ကိစ္စနှင့်ဖြစ်စေ✈️လေယာဉ်🚃ကုန်းလမ်း(နယ်စပ်ဂိတ်များမ...
06/04/2025

🇨🇷ထိုင်းနိုင်ငံသို့

🧳အလည်အပတ်
🧑‍🎓ပညာရေး
🧑‍⚕️ကျန်းမာရေး
💵စီးပွားရေး

မည်သည့်ကိစ္စနှင့်ဖြစ်စေ

✈️လေယာဉ်
🚃ကုန်းလမ်း(နယ်စပ်ဂိတ်များမှတဆင့်ကားဖြင့်)
🚢ရေလမ်းကြောင်း

များမှဝင်ရောက်မည့်သူအားလုံးသည်
(💚၁ မေ ၂၀၂၅)မှစတင်၍ ဆိုက်ရောက်မည့်နေ့ရက်မတိုင်ခင် 💚၃ရက်ကြိုတင်၍ Thailand Digital Arrival Card (TDAC)ကို အောက်ပါwebsite link တွင်မဖြစ်မနေဖြည့်သွင်းရမည်ဖြစ်ကြောင်း Oro Nova Travel မှလေးစားစွာ အသိပေးအပ်ပါသည်။

https://tdac.immigration.go.th/arrival-card/




🇲🇲Myanmar Airway International(MAI) Airlines ဖြင့်ရန်ကုန်(သို့မဟုတ်)မန္တလေးမြို့များနှင့်✈️✈️🇨🇷ထိုင်းနိုင်ငံဘန်ကောက်မြို...
24/02/2025

🇲🇲Myanmar Airway International(MAI) Airlines ဖြင့်ရန်ကုန်(သို့မဟုတ်)မန္တလေးမြို့များနှင့်✈️✈️

🇨🇷ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Survanabhumi Airport(သို့မဟုတ်)Don Mueang Airport များကြားပျံသန်း‌လျက်ရှိ‌သော flight ticketများ၀ယ်ယူပါက

✅ Free Date Changeခွင့်တကြိမ်
✅ Free Sector Changeခွင့်တကြိမ်

ခွင့်ပြုထားလျက်ရှိပါတယ်။အကယ်၍ခရီးသည်ပြောင်းလဲလို‌ေသာရက် သို့မဟုတ် ခရီးသည်ပြောင်းလဲလိုသောsector ၏ဈေးနှုန်း နှင့်မိမိ၀ယ်ယူထားသောလက်မှတ်၏ဈေးနှုန်းကွာဟမှုရှိပါက ထိုကွာဟနေသောပမာဏ(Airfare Differences)ကိုသာပေးသွင်းရန်လိုအပ်ပြီး ဈေးနှုန်းကွာဟမှုမရှိပါ မည့်သည့် chargesမှထပ်မံပေးဆောင်ရန်မလိုအပ်ပါ။

🚨အရေးကြီးသောအချက်မှာ မိမိ ပြောင်းလဲလိုသောလက်မှတ်၏ ထွက်ခွာချိန်(Departure time)မတိုင်ခင် 72 နာရီ နောက်အကျဆုံးထားပြီး ပြောင်းလဲရမှာဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များစုံစမ်းရန်နှင့်လေယာဉ်လက်မှတ်ကိစ္စများစုံစမ်းရန်-

🍏Oro Nova Travel
No.72(b), Ground floor,Nanthar street,Htar Nar Quarter,Ahlone Township

☎️Tel:012300404,09792822677,09420000027
📞Viber-09792822677
📱Facebook messenger- -https://www.facebook.com/share/18VCxR3Eo





Thailand Tourist visa🇨🇷လျှောက်ထားရာတွင် Bank statement ပြသရန်လိုအပ်ပါသလား???သံရုံးwebsiteဖြစ်သောhttps://www.thaievisa.go...
22/02/2025

Thailand Tourist visa🇨🇷လျှောက်ထားရာတွင် Bank statement ပြသရန်လိုအပ်ပါသလား???

သံရုံးwebsiteဖြစ်သော
https://www.thaievisa.go.th/
တွင်ဗီဇာစတင်လျှောက်ထားရာတွင်bank statement မလိုအပ်သေးပါ။ထိုအဆင့်တွင်လိုအပ်သောစာရွက်စာတမ်းများမှာ-
1.Scanned copy of Passport 🌿
2.passport photo with white background 🌿
3.household List(သန်းခေါင်စာရင်း)🌿
4.hotel booking🌿
5.flight booking🌿
တို့ဖြစ်ပါတယ်။

ဗီဇာလျှောက်တင်မှုပြီးဆုံးပြီး သံရုံးတွင်ဗီဇာကြေးပေးဆောင်ရန်QR codeနှင့်payment requestနံပါတ်ရရှိ‌လျှင်
https://thaiconsularyangon.com/index/
တွင်ဗီဇာကြေးပေးသွင်းရန်ရက်ချိန်းယူပြီး ထိုရက်ချိန်းတွင်သံရုံးသို့သွားရောက်၍ဗီဇာကြေးပေးသွင်းရမည်ဖြစ်ပါသည်။

ဗီဇာကြေးပေးသွင်းပြီး ဗီဇာလုပ်ငန်းစဉ်အတွက်သံရုံးမှစီစစ်ဆောင်ရွက်နေစဉ်တွင် bank statement ကိုemailမှတဆင့်တောင်းခံလေ့ရှိပါသည်။အချို့သူများကိုတောင်းခံလေ့မရှိပဲဗီဇာတန်းရရှိကြသလို အချို့သူများကိုလည်း bank statement တောင်းခံပြီးမှသာ ဗီဇာချပေးလေ့ရှိပါသည်။

updateဖြစ်သော bank statement ကိုပြသရန်လိုအပ်သောကြောင့် အစောကြီးကြိုမထုတ်ထားသင့်ပဲ သံရုံးမှတောင်းခံလာမှသာစီစဉ်ဆောင်ရွက်သင့်ပါသည်။အသက်18နှစ်ပြည့်ပြီးသူတိုင်းအတွက် ကိုယ်ပိုင်ဘဏ်အကောင့်ရှိရန်လိုအပ်ပြီး အနည်းဆုံးပြသရမည့်ငွေပမာဏမှာ တစ်ဦးလျှင် သိန်းနှစ်ဆယ်ကျပ်ဖြစ်ပါသည်။အသက်၁၈နှစ်အောက်ကလေးများအတွက်မိဘတစ်ဦးဦး၏ဘဏ်စာရင်းနှင့်တင်သွင်းလို့ရပြီး မိဘဖြစ်ကြောင်းထောက်ခံချက်တစ်ခုလိုအပ်ပါသည်။ဥပမာ-မွေးစာရင်း။
မိဘဖြစ်သူပါလျှောက်ထားမည်ဆိုပါက တစ်ဦးလျှင်သိန်းနှစ်ဆယ်ဖြစ်သောကြောင့် မိဘတစ်ဦး ကလေးတစ်ဦးဆိုလျှင် ဘဏ်စာရင်းတွင်အနည်းဆုံးသိန်းလေးဆယ်ရှိရမည်ဖြစ်ပါသည်။

သံရုံးသို့ပေးသွင်းရမည့်ဗီဇာကြေးများမှာ💵
Tourist Visa(single entry 60days)-40 USD💵
DTV visa(180days)-400USD💵
Non-immigrant visa-80 USD💵
(Student, Dependent etc.)💵တို့ဖြစ်ပါတယ်။

ကိုယ်တိုင်လျှောက်ထားရန်အချိန်မပေးနိုင်သူများအတွက်လည်း Oro Nova Travel💚မှ အကောင်းဆုံး၀န်ဆောင်မှု အသင့်တင့်ဆုံးဈေးနှုန်းဖြင့်လျှောက်ပေးလျက်ရှိပါသည်။

ဆောင်ရွက်ပေးလျက်ရှိသော၀န်ဆောင်မှုများမှာ

🌱လိုအပ်သောစာရွက်စာတမ်းများအကြံပြုပေးခြင်း
🌱Website တွင်ဗီဇာလျှောက်ထားပေးခြင်း
🌱ဗီဇာကြေးပေးသွင်းရန်ရက်ချိန်းယူပေးခြင်း
🌱ဗီဇာလျှောက်ထားရာတွင်လိုအပ်သော flight booking.hotel booking များစီစဉ်ပေးခြင်း
🌱သံရုံးသို့ သွားရောက်၍ဗီဇာကြေးပေးသွင်းပေးခြင်း
🌱ဗီဇာမရခင်လိုအပ်သောစာရွက်စာတမ်းများထပ်မံတောင်းခံလာပါက( ဥပမာ-bank statement )တင်သွင်းပေးခြင်း
စသည်တို့ကို ဗီဇာရသည်အထိ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Tourist Visa(TR)လျှောက်ထားရန်အတွက် အထက်ပါ၀န်ဆောင်မှုအားလုံးကို 50000ကျပ်ဖြင့်Oro Nova Travelမှလက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။အခြားဗီဇာများအတွက်လည်းအောက်ဖော်ပြပါလိပ်စာ, ဖုန်းနံပါတ် ,Viber, Facebook messenger များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🍏Oro Nova Travel
No.72(b), Ground floor,Nanthar street,Htar Nar Quarter,Ahlone Township

☎️Tel:012300404,09792822677,09420000027
📞Viber-09792822677
📱Facebook messenger- -https://www.facebook.com/share/18VCxR3Eo





📢📢1 January 2025မှစတင်၍ online💻 မှတဆင့်လျှောက်ထားနိုင်ပြီဖြစ်သော🇨🇷 Thailand Visaများကို  Oro Nova Travel မှ အသက်သာဆုံးနှ...
09/01/2025

📢📢1 January 2025မှစတင်၍ online💻 မှ
တဆင့်လျှောက်ထားနိုင်ပြီဖြစ်သော🇨🇷 Thailand Visaများကို Oro Nova Travel မှ အသက်သာဆုံးနှုန်းထားဖြင့်လျှောက်ထားပေးနေပြီဖြစ်ပါသည်။

လျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်းများကို onlineမှတဆင့် ပေးပို့နိုင်ပြီး ရန်ကုန်မှဖြစ်စေ နယ်မှဖြစ်စေ လူကိုယ်တိုင်လာရောက်လျှောက်ထားစရာလုံး၀မလိုအပ်တော့ပါ။👍💚

Oro Nova Travel မှတဆင့်လျှောက်ထားပြီးရရှိ‌သွားပြီဖြစ်သော Tourist E Visa ပုံစံကိုလည်း တွဲလျက်တင်ပြထားပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက
Oro NovaTravel၏📱messenger chat box သို့မဟုတ်
📞Viber +959792822677သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Address

No. 72(B), Ground Floor, Nanthar Street. Ahlone Township
Yangon
11121

Alerts

Be the first to know and let us send you an email when Oro Nova Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category