29/05/2026
🙏🏻🌸🪷 Today charity memories 🪷🌸
🪷Wings Majjhima Foundation မိသားစုနှင့် အတူ မင်္ဂလာရှိသော 29.5.2026 နေ့တွင်
🪷Wings International Ticketing & Tours
🍀Golden Royal Crown
🌼Pyae Sone Shin Jewelry
မိသားစုများအားလုံး စုပေါင်းကာ
ရန်ကုန်မြို့ကုတင် (၅၀၀) ဆေးရုံကြီးတွင် အသုံးပြုရန် အတွက်
🌺စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၂၃၀၀) ကျော် ကျသင့်သည့် "ကျောက်ကပ်ကျောက်ချေစက်" ကြီးကို အောင်မြင်စွာ စုပေါင်းလှူဒါန်းခဲ့ကြပါတယ် 🙏🪷🪷🪷
🪷ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသဌာနတွင် ရှိသောဝေဒနာရှင်လူနာများအတွက် တကယ်တမ်း လိုအပ်နေပြီး ရေရှည်အတွက်ပါ အသက်ကယ်ဆယ် ကုသပေးနိုင်မည့် 'ကျောက်ကပ်ကျောက်ချေစက်ကြီး' ကို လှူဒါန်းခွင့်ရရှိခဲ့သည့်အတွက် ကျွန်မတို့ WINGS မိသားစုဝင်များမှနှလုံးစိတ်ဝမ်း အေးချမ်းရကာ အတိုင်းမသိ မွန်မြတ်လှတဲ့ ကုသိုလ်ပီတိကို ခံစားရပါတယ်🙏🏻🌿🪷
ဤကဲ့သို့ မွန်မြတ်လှသောအလှူကြီးကို လှူဒါန်းနိုင်ရန်အတွက် WINGS ကို အစဉ်အမြဲ ယုံကြည်စိတ်ချစွာ အားပေးကြသော မိဘပြည်သူများ၊ ချစ်လှစွာသော Customers အပေါင်းနှင့်တကွ မိတ်ဖက်လုပ်ငန်းစုများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဝေမျှပေးလိုက်ရပါတယ်ရှင်😇🙏🪷🌹🌷