23/06/2026
"ကားမောင်းနေရုံနဲ့ မပြီးဘူးနော်... ကိုယ့်ကား အင်ဂျင်ဝိုင် အခြေအနေကို ကိုယ်တိုင် စစ်ဆေးတတ်ဖို့ လိုပါတယ်"
"အင်ဂျင်ဝိုင်က ကီလို ဘယ်လောက်မောင်းပြီးမှ လဲရမှာလဲ" ဆိုပြီး မကြာခဏ မေးလေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့်တော့ ကီလို ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား လဲပေးရတာ မှန်ပေမယ့် ကားမောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အချိန်ပေါ်မူတည်ပြီး ကီလိုမပြည့်ခင် လဲရတာမျိုးလည်း ရှိတတ်ပါတယ်။
ကိုယ့်ဖတ်ကနေ အလွယ်ကူဆုံး စစ်ဆေးနိုင်မယ့် နည်းလမ်း (၂) ချက် ရှိပါတယ်ဗျာ..
🎨 အရောင်ကို ကြည့်ခြင်း- အင်ဂျင်ဝိုင်ရိုးတံ (Dipstick) လေးကို ဆွဲနှုတ်ပြီး တစ်ရှူးနဲ့ သုတ်ကြည့်ပါ။ အရောင်က ရွှေဝါရောင် သို့မဟုတ် ပျားရည်ရောင်ဆိုရင် ကောင်းပါသေးတယ်။ အကယ်၍ မည်းနက်ပြီး ပစ်ချွဲနေပြီဆိုရင်တော့ ချက်ချင်း လဲပေးဖို့ လိုနေပါပြီ။
💧 အဆင့် (Level) ကို ကြည့်ခြင်း- ရိုးတံပေါ်မှာ ပါတဲ့ F (Full) နဲ့ L (Low) ကြားမှာ ရှိနေရပါမယ်။ L အောက် ရောက်နေရင်တော့ ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးပြီး အင်ဂျင်ဝိုင် ပြန်ဖြည့်ပေးရပါမယ်။
အင်ဂျင်ဝိုင် ပုံမှန်လဲပေးခြင်းက အင်ဂျင်သက်တမ်းကို ရှည်စေပြီး ဆီစားလည်း သက်သာစေပါတယ်နော်။
ကားထိန်းသိမ်းနည်း ဗဟုသုတတွေနဲ့ ကိုယ်နဲ့ကိုက်ညီမယ့် ကားကောင်းတွေကို တစ်နေရာတည်းမှာ ရှာချင်ရင် Broski App ကို သုံးကြည့်လိုက်ပါ။