PutaO Trekking House

PutaO Trekking House PutaO Trekking House - Trekking is the art of living! Traveling and surviving in the great outdoor i

Explore the remote area of Myanmar which is not just the excursion, it's about nature walk, mountain trials, bird calls and social interactions with local tribes. Trekking through eastern Himalayan region, enrich with tribal, zoology, botany, forestry and ecology will get you a lifetime achievement.

26/04/2024

Putao Trekking House ရဲ့ အချော​လေးများ..😍
Welcome to Putao 😍


13/04/2024
ရေခဲတောင်ခရီး..တယောက်တည်းပဲသွားသွား..အဖွဲ့လိုက်ပဲသွားသွားPutao trekking house ရဲ့ အတွေ့ကြုံရှိသော Trekking team နဲ့ သွား...
30/01/2024

ရေခဲတောင်ခရီး..တယောက်တည်းပဲသွားသွား..အဖွဲ့လိုက်ပဲသွားသွား
Putao trekking house ရဲ့ အတွေ့ကြုံရှိသော Trekking team နဲ့ သွားဖို့ new challenge လုပ်လို့ရပီနော်.
သဘာဝတရားရဲ့ လှပမှုတွေနဲ့ ပူတာအို ရေခဲတောင်ဒေသမှ ပုံရိပ်များ


Contact: 09964033143

😍
25/12/2023

😍

Dec ပိတ်ရက်တွေမှာ ရေခဲတောင်တက် ခရီးစဥ်တွေ သွားချင်တယ်ဆို သီးသန့်ရော အဖွဲ့လိုက်ရော PutaO Trekking House မှ စီစဥ်ပေးပါမယ်န...
28/11/2023

Dec ပိတ်ရက်တွေမှာ ရေခဲတောင်တက် ခရီးစဥ်တွေ သွားချင်တယ်ဆို သီးသန့်ရော အဖွဲ့လိုက်ရော PutaO Trekking House မှ စီစဥ်ပေးပါမယ်နော်..
အသေးစိတ်ကို viber or phone:09403949039 ကို ဆက်သွယ် စုံစမ်းပေးပါရှင့်
ဒီပုံလေးက မြန်မာပြည်ရဲ့ ရေခဲတောင်တွေထဲက အလှတခုပါ..
ခရီးစဥ်တခုက ပုံလေး မျှဝေပေးထားတာပါရှင့်..

မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ လို့ PutaO Trekking House မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်..
29/10/2023

မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ လို့
PutaO Trekking House မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်..

Pre booking to 09403949039
17/10/2023

Pre booking to 09403949039

Create your own memory @ Putao    Booking to  09964033143Putao Trekking House မှ ရွှေဧည့်သည်များ အတွက် အမှတ်တရ လေး.. ဖန်...
04/10/2023

Create your own memory @ Putao


Booking to 09964033143
Putao Trekking House မှ ရွှေဧည့်သည်များ အတွက် အမှတ်တရ လေး.. ဖန်တီးပေးထားပါတယ်ရှင့်..

Hello Putao..
20/09/2023

Hello Putao..

ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာ  မင်းဘောပင် (ခေါ်) အူလိုင်ပင် ။ ရဝမ်လိုတော့ အလေးပင် လို့ ခေါ်ပါ...
16/09/2023

ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာ မင်းဘောပင် (ခေါ်) အူလိုင်ပင် ။ ရဝမ်လိုတော့ အလေးပင် လို့ ခေါ်ပါတယ်။
----------
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်များ ပတ်လည်ဝိုင်းသော တောင်ပေါ်ဒေသ၊ ကျေးငှက် သာသကာများ တွန်ကြူးကာ သစ်ပင်ပန်းမန်များ စုံလင်စွာ ပေါက်ရောက်ရာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့နယ်များတွင် သဘာဝအလျောက်ပေါက်ရောက်သော ရဝမ်ဘာသာစကားဖြင့် အလေး(ခေါ်)အူလိုင်ပင်မှရရှိသော အမှုန့်များကို ရဝမ်တိုင်းရင်းလူမျိုးများက စွဲစွဲမက်မက်တန်ဖိုးထားကာ စာသုံးကြသော ဒေသထွက်အစားအစာတစ်မျိုး ဖြစ်သည်။
ယခင်က တောင်ပေါ်ဒေသများတွင် ရာသီဉတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊ ကြွက်ဘေးကျ ရောက်ချိန်တွင်လည်းကောင်း၊ အစာခေါင်းပါး ဘေးကြုံတွေ့သောအချိန်များတွင် အလေး၊ ရှိန်းဆစ်၊ ဝါ့စား(ရဝမ်အမည်များ)စသည့် တောမှရရှိသော အစားအစာများဖြင့် အသက် ဆက်ခဲ့ကြရပြီး လက်ရှိတွင်လည်း ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများတွင် အစာခေါင်းပါး ဘေးကြုံလျှင် ၎င်းအလေး(ခေါ်)အူလိုင်ပင်မှရရှိသော အူလိုင်မှုန့်များကို အမျိုးမျိုးတီထွင်ကာ အချိုကြိုက်ပါက အချိုနှင့်တွဲဖက်၍ စားသုံးကြသည်။
အလေး(ခေါ်)အူလိုင်ပင်သည် အရှည်အမြင့်ပေ (၄၀)မှ(၈၀)အထိရှည်လျားတတ်ပြီး အပင်၏သက်တမ်းသည် အနှစ်(၁၀) မှ (၁၅) အထက်ရောက်မှသာ ထုတ်ယူစားသုံးနိုင်သည်။ စားသုံးရန် ဆန်များမရှိသောအချိန် အူလိုင်ကို အစာအဖြစ်အသုံးပြုကာ ရှေးဘိုးဘေးများဘဝကို ဖြတ်သန်းခဲ့ကြပြီး အလေး(ခေါ်)အူလိုင် စားသုံးလျှင် အသက်ရှည်ကြောင်း သက်ကြီးစကားရှိခဲ့ကြသည်။
အလေး(ခေါ်)အူလိုင်ပင်များသည် အသီးတစ်ခိုင်မှနှစ်ခိုင်ရင့်မာလာသောအခါ အခေါက်ကိုဓားဖြင့် စမ်းသပ်ကာ အူတိုင်တွင် အနှစ်ပျစ်ရည်ပါမပါစမ်းကြည့်ရပြီး ပျစ်ရည်ပါသော အပင်ကိုခုတ်လှဲရသည်။ ထိုသို့ခုတ်လှဲရာတွင် အပင်ရင်းမှသော်လည်းကောင်း၊ ပင်စည်ထိပ်ပိုင်းမှသော်လည်းကောင်း ခုတ်ယူရပြီး တောင်ကမ်းပါးယံစောင်းများ၌ ခုတ်လှဲရန် ခက်ခဲသောအပင်များကို ပင်စည်ထိပ်ပိုင်းသို့တက်၍ တစ်ပိုင်းစီခုတ်ထစ်ကာ အောက်သို့ လျောချယူရသည်။ အူလိုင်ပင်ကိုခွဲခြမ်းရာတွင် ဓား၊ ပေါက် ဆိန်၊ လွှနှင့် အူလိုင်ပင်ခုတ်ရန် ပစ္စည်းကိရိယာများဖြင့် ထုချေပြီး အမျှင်နှင့် အနှစ်ရောသော အလေးမှုန့်ကို လေးတန်(Le Dvng)ခေါ် အဆင်သင့်လုပ်ထားသော ဇလားခွက်ရှည်စင်ပေါ်တွင် စုပုံ၍ ရေဖြင့် ဆေးကြောရသည်။ စင်၏အောက်တွင် ရေဆေး၍ပါလာသော အနှစ်ပျစ်ရည်များကို ခံယူထားသည့် ရေတလျောက်ပေါ်ကျစေကာ ထိုမှတစ်ဆင့် အူလိုင်အခွံဖြင့် ပြုလုပ်စီမံထားသော ဇလားဖြင့်ခံယူသည်။ ထိုအလေးမှုန့်များကို သရေစာအဖြစ်သော်လည်းကောင်း၊ ထမင်းနှင့်ရောစား၍လည်းကောင်း စားသုံးကြသည်။
အလေး(ခေါ်)အူလိုင်ပင်များကို ယခင်က တောင်ပေါ်ဒေသ တောတောင်လျှိုမြောင်များတွင် သွားရောက် ရှာဖွေကြရပြီး ယခုအခါ အစေ့ချစိုက်ပျိုး၍ရသလို အပင်ပျိုး၍ မြေချစိုက်ပျိုးနိုင်သဖြင့် ပူတာအိုဒေသ ရဝမ်တိုင်းရင်းသားများနေထိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အဆိုပါအူလိုင်ပင်များကိုတွေ့နိုင်သည်။
အလေးမှုန့်သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာတစ်မျိုးဖြစ်သည်ကို တွေ့ရပြီး အစာအိမ် ရောဂါသည်များနှင့် လူမမာများစားသုံးရန် အထူးသင့်လျော်သော ဒေသထွက် အစားအစာတစ်မျိုးဖြစ်ကြောင်း သိရသည်။
Credit to
#ဖုန်ကန်(ပူတာအို)
Photo credit to owners

Address

424/425, Htwe San Lane, Kaung Khataung, PutaO
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959403949039

Alerts

Be the first to know and let us send you an email when PutaO Trekking House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PutaO Trekking House:

Share