07/02/2017
ထားဝယ်၊ မောင်းမကန်ကမ်းခြေ၊ သမိုင်းဝင်ဘုရားများ ခရီးစဉ် ( 3N/2D)
ဈေးနှုန်း 145000 kyats
ထွက်ခွာမည့်ရက် ၂၄.၂.၂၀၁၇ သောကြာနေ့ ည၇နာရီ။
ပြန်ရောက်မည့်ရက် ၂၇.၂.၂၀၁၇ တနင်္လာနေ့ နံနက်ပိုင်း။
မင်္ဂလာပါ။ ပုဂံ၊တောင်ကြီး၊အင်းလေးတို့ကိုသွားနေကျဖြစ်လို့
ရိုးအီနေတယ့်သူတွေနဲ့ ပင်လယ်ပြင်ကျယ်ကြီးကိုဖြတ်လို့လှေစီးပြီး ကျွန်းကိုသွားချင်သူတွေ၊ ရေငုပ်ချင်သူတွေ၊
ကမ်းခြေမှာအပန်းဖြေချင်တယ့်သူတွေအတွက် ထားဝယ်
ခရီးစဉ်လေးကို ထားဝယ်ဒေသခံကျွန်ုပ်တို့ရဲ့
ို့ခရီးသွားလုပ်ငန်းက ခရီးစဉ်မိတ်ဆက်လိုက်ပါပြီ။
ဒေသခံတွေစီစဉ်တယ့်ခရီးစဉ်ဖြစ်လို့ ခရီးစဉ်အစအဆုံး
လုံးဝအဆင်ပြေချောမွေ့ဖို့ အာမခံပါတယ်။
ခရီးစဉ်အသေးစိတ်ကတော့
Day1 သောကြာနေ့ ည၇နာရီမှာ ရန်ကုန်မြို့မှစထွက်ပါမယ်။ တစ်ညတာကို ကားပေါ်မှာအိပ်စက်ကုန်လွန်ပြီး
စနေနေ့ မနက်ပိုင်းမှာ ထားဝယ်မြို့သို့ ရောက်ရှိပါမယ်။
ထားဝယ်မြို့သို့မရောက်မီ မောင်မယ်ရှောင်ရွာမှာရှိတယ့်
ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားသို့ ဝင်ရောက်ဖူးမျှော်ပါမယ်။ နေ့လည်စာကို ထားဝယ်မြို့မှာသုံးဆောင်ပြီး
ရှင်ကိုးရှင်သမိုင်းဝင်ဘုရားများဖြစ်တယ့် ရှင်ပင်ခရုစေတီတော်၊ ရှင်ဥသြစေတီတော်၊ ရှင်မုတ္ထီးဘုရားများကိုသွားရောက်ဖူးမျှော်ကြမှာပါ။ နောက်ပြီး လောကသရဖူလျောင်းတော်မူ
ဘုရားကြီးကိုလည်း ဖူးမျှော်ပါဦးမယ်။ ဘုရားတွေဖူးပြီးတယ့်
နောက် နာမည်ကျော် မောင်းမကန်ကမ်းခြေသို့ သွားရောက်
ကာ ကမ်းခြေက Hotel သို့ Check in ဝင်ပါမယ်။
မောင်းမကန်ရဲ့ သာယာလှပတယ့် sunset နေဝင်အလှကို
ခံစားပြီး ညစာကိုတော့ ပင်လယ်စာတွေနဲ့ ကမ်းခြေက
Hotel ရဲ့ restruant မှာသုံးဆောင်ကြပါမယ်။ ညဘက်
မှာတော့ ပျော်ရွှင်ဖွယ် ကမ်းခြေမှာ မီးပုံပွဲလေးရှိပါသေးတယ်နော်။ ပင်ပန်းခဲ့သမျှတစ်ညတာကို မောင်းမကန်မှာ
အိပ်စက်အနားယူကြပါမယ်။
Day 2 Hotel မှာ မနက်စာသုံးဆောင်ပြီးတယ့်နောက်
လှေစီးပြီး ကျွန်းသွားဖို့ မောင်းမကန်ကနေ စမ်းလှမ်းရွာလေးဆီ ထွက်ခွာပါမယ်။ စမ်းလှမ်းကနေ လှေစီးပြီး ပဲ့ဇင်ကျွန်းကို
ခရီးနှင်မှာ။ ကျွန်းကိုရောက်ရင် ကမ်းခြေရေကူးမလား၊
ရေငုပ်ပြီးသန္တာကျောက်တန်းအလှကြည့်မလား၊ ငါးလေးတွေ
ကြည့်မလား၊ အမှတ်တရ photo တွေရိုက်မလား စိတ်ကြိုက် အချိန်ဖြုန်းရင်း နေ့လည်စာကို ကျွန်းပေါ်မှာ
သုံးဆောင်ကြပါမယ်။ ညနေပိုင်းမှာ ကျွန်းကပြန်ပြီး
ထားဝယ်မြို့ကို ရောက်ရှိပြီး မြို့ပေါ်တန်ခိုးကြီးဘုရားတွေ
ဖြစ်တယ့် ရွှေတောင်စားစေတီတော်၊ ပြည်လုံးချမ်းသာစေတီတော်၊ ၂၇တောင်ရပ်တော်မူဘုရားကြီးတို့ကို ဖူးမျှော်ကြည်ညိုကြပါမယ်။ ဒေသထွက်ကုန်ဆိုင်မှာဈေးဝယ်ပြီးနောက်
ညစာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာ
မှာဖြစ်ပါတယ်။
ပါဝင်သောဝန်ဆောင်မှုများ
Aircon express၊ hotel ၊ နံနက်စာ၊နေ့လည်စာ၊
ညစာ၊ ကျွန်းအသွားအပြန်လှေခ၊ ရေငုပ်ရန်ပစ္စည်းများ၊
ရေသန့်ဘူးစိတ်ကြိုက်၊ ဒေသခံ tour leader။
အုပ်စုလိုက်သွားချင်သူများအတွက် 10ယောက် 1ယောက် free promotion.
ဆက်သွယ်ရန်ဖုန်း 095081192