Travel Goal

Travel Goal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Travel Goal, Tour Agency, No. 491, Kyaikkasan Road, Tamway Gyi (B) ward, Tamway Township, Yangon.

15/08/2023
အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ အပန်းဖြေခရီးသွားဖို့ပဲဖြစ်ဖြစ် လိုအပ်ခဲ့ရင် ဖုန်းလေးသာဆက်လိုက်ပါ။
31/05/2023

အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ အပန်းဖြေခရီးသွားဖို့ပဲဖြစ်ဖြစ် လိုအပ်ခဲ့ရင် ဖုန်းလေးသာဆက်လိုက်ပါ။

မြန်မာပြည်ရှိ မည်သည့်မြို့ကြီးများမှာပဲနေနေ ဖုန်းလေးဆက်လိုက်ယုံဖြင့် အဝေးပြေးကားလက်မှတ်၊‌ပြည်တွင်းပြည်ပ‌ ‌ေလယာဥ်လက်မှတ်များကို ဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူလျင်မြန်စွာဝယ်ယူနိုင်ပါပြီ။ မည်သည့် ဝန်ဆောင်ခ အပိုဆောင်းကြေးမျှ ပေးစရာ မလိုပါ။ မူရင်းနှုန်းထားအတိုင်း ဝယ်ယူနိုင်ပါသည်။

မြန်မာပြည်အနှံ့အဝေးပြေးကားလက်မှတ်

( မူရင်းနှုန်းထားအတိုင်းဝယ်ယူနိုင်ခြင်း၊ လက်မှတ်မဖြတ်သေးပဲ Booking တင်ထားနိုင်ခြင်း၊ ခရီးစဉ် Date Change ပေးခြင်း ၂၄နာရီ တရက်ကြိုပြောဖို့လိုပါသည်။ )

ကိျုက်ထီးရိုး၊ချောင်းသာ၊ငွေဆောင် ခရီးစဉ်များအတွက် ကားလက်မှတ်များ ဝယ်ယူနိုင်သလို Package ခရီးစဉ် များလည်းဝယ်ယူနိုင်ပါသည်။

ကားစင်လုံးဌား( Express Rental )

ကားစင်လုံးဌားအတွက်ဆိုရင်လည်း five-seater family saloon luxury type မှ
45-seater Express ကားကြီးအထိ ရနိုင်ပါတယ်။

လေယာဉ်လက်မှတ် (ပြည်တွင်း ပြည်ပ)
Airlines များရဲ့website များတွင်တင်ထားသော မူရင်းဈေးနှုန်းအတိုင်းဝယ်ယူနိုင်ပါသည်။

အထက်ပါ ဝန်ဆောင်မှုများအတွက် ကွျန်တော်တို့ Aung Minn Naing Travel Agency ကိုဖုန်းသာဆက်လိုက်ပါ။ကွျန်တော်တို့ဆီမှာ မရနိုင်သော ဝန်ဆောင်မှုများကိုပါ လူကြီးမင်းတို့အဆင်ပြေအောင် ဆက်သွယ်ကူညီဆောင်ရွက်ပေးပါမည်။

‌ငွေပေးချေမှုများအတွက် KBZ, K-Pay, AYA, Wave-Money များဖြင့်
လူကြီးမင်းတို့ အဆင်ပြေသလိုပေးချေနိုင်ပါသည်။

Contact no. 09442726432, 09798702097

Address - အမှတ် ၄၉၁ ကျိုက္ကဆံလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်၊ရန်ကုန်။

Photo - IndoChina Tour.com

25/01/2022

လာချင်ရင် အနီးလေးပါ 🏃‍♀️🏃‍♂️🏃
☎️ 09458809344
📌 ကားလက်မှတ်ပဲ ဝယ်မလား
📌 သေးသေး ကြီးကြီး ပစ္စည်းပဲ ပို့မလား
တာမွေ အနီးတဝိုက် ဂျေဂျေ ရောက်ရှိလို့လာပါပြီ 🎉🎉

အားလုံး အာလုံး အတွက် အကောင်းဆုံး တွေကိုပဲ ဖန်တီးပေးနေတဲ့ ဂျေဂျေ ✨အနေနဲ့ ခုတစ်ခေါက်မှာတော့ တာမွေ ၊ ရန်ကင်း ၊ ဗဟန်း အနီး တစ်ဝိုက် 🎯 မိတ်ဆွေများ 💢လက်မှတ်ဝယ်ယူခြင်းနှင့် 💢ကုန်ပစ္စည်းများ ပို့/ယူ ပိုမို အဆင်ပြေ လွယ်ကူလျင်မြန်စေရန် 💥ဦးချစ်မောင် လမ်းမပေါ် ဂျေဂျေ ဂိတ်ခန်းသစ်အား ထပ်မံ တိုးချဲ ဖွင့်လှစ်ထားရှိပါပြီ🎊

လိပ်စာ။ အမှတ် (၁၆၇)၊ ဦးချစ်မောင်လမ်း ( ဥဿာလမ်း နှင့် ရတနာလမ်း ကြား)၊ တာမွေ၊ ရန်ကုန်။

22/11/2021
17/11/2021
09/11/2021
07/08/2021

📢📢 Announcement

Famous Traveller Express 👏 ဗဟိုလမ်းဂိတ် ကို 9.8.2021 မှစ၍ ပြန်လည်ဖွင့်လှစ်မည် 👏 ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်။

လက်ရှိကာလအတွင်း ပြေးဆွဲလျက်ရှိသော #ခရီးစဥ် နှင့် #ကုန်ပစ္စည်းပို့ ဝန်ဆောင်မှုများ
✅ ရန်ကုန် တောင်ကြီး
✅ ရန်ကုန် မန္တလေး (အမြန်လမ်း)
✅ ရန်ကုန် ပြင်ဦးလွင်
✅ ရန်ကုန် ရွှေဘို
✅ ရန်ကုန် မုံရွာ

#အောင်မင်္ဂလာဂိတ်
☎️ 09-788224422(ကုန်လက်ခံဌာနဖုန်း)
☎️ 09-788006611, 09-788006622, 09-88006633, 09-788006644(လက်မှတ်အရောင်းဖုန်း)

#ဗဟိုလမ်းဂိတ်
☎️ 09-776284962, 09-768215351, 09-772588628

#အောင်ဆန်းကွင်းဂိတ်
☎️ 09-777915222, 09-777916222

#တောင်ကြီး
☎️ 09-777914222, 09-788996611

#မန္တလေး
☎️ 09-788770044, 09-788770055

#ပြင်ဦးလွင်
☎️ 09-778040101, 09-778040202

#ရွှေဘို
☎️ 09-767237695, 09-767237697

#မုံရွာ
☎️ 09-777200662, 09-791202076

ရဟန်းရှင်လူများ၊ မိဘပြည်သူများ နှင့် သတ္တဝါများ အားလုံး ကပ်ကြီးသုံးပါးဘေးအန္တရာယ်အပေါင်း မှ အမြန်ဆုံး ကင်း​ဝေးလွတ်မြောက်နိုင်ကြပါစေ။ 🙏🙏



29/01/2021
12/01/2021

ကိုဗစ်ကာလအလွန် ခရီးသွားလာမှုဖွံ့ဖြိုးလာမည့် ရေလွှဲရေတံခွန်
**************************************************

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ရေတာရှည်-ကရင်ချောင်း-လိပ်သို လမ်းပိုင်း၌ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို ဇန်နဝါရီ ၂ ရက်က ဖွင့်လှစ်ခဲ့ရာ မြစ်အရှေ့ဘက်ခြမ်း ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရေလွှဲကျေးရွာအနီးရှိ ရေလွှဲရေတံခွန်သည် ရှုမျှော်ခင်းများလှပခြင်းနှင့် ခရီးသွားလာရမှု အဆင်ပြေခြင်းတို့ကြောင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရန် နေရာတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြား မှုများရှိနေသည်။

ရေတာရှည်မြို့မှ ကရင်ချောင်း-လိပ်သိုလမ်းအတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း အမှတ် (၂) ခရိုင်ချင်းဆက်လမ်း ၈ မိုင် ၆ ဖာလုံမှ မြောက်ဘက်ကို ကားလမ်းအတိုင်း တစ်မိုင်ခန့် သွားလျှင် ရေလွှဲကျေးရွာသို့ ရောက်ရှိမည်ဖြစ်သည်။ ရေလွှဲရေတံခွန်အနီး မြရောင်ခြည်စေတီငယ် နေရာအထိ ယာဉ်များ မောင်းဝင်၍ရပြီး လာရောက်လည်ပတ်သူများ သွားလာရေးအဆင်ပြေ စေရန် ကျေးရွာဒေသခံများက လမ်းများစုပေါင်းပြုပြင်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

အရှေ့ဘက် ကရင်ပြည်နယ် တောင်တန်းကြီးများပေါ်မှ စီးဆင်းလာ သော ကရင်ချောင်း သည် ကျောက်တုံး၊ ကျောက်ဆောင် ကျောက်စွယ်များအကြား စီးဆင်းရာလမ်းတစ်လျှောက် ရေတံခွန်ကြီးတစ်ခု၊ ရေတံခွန်အမွှာတစ်ခု၊ ရေတံခွန်ငယ် လေးခုရှိသည့်အပြင် ကျောက်တောင်၊ ကျောက်ဆောင်များ၏ သဘာဝတည်နေပုံ၊ ကြည်လင်အေးမြသော ရေတို့ကြောင့် လာရောက် လည်ပတ်သူတိုင်း သဘောကျနှစ်ခြိုက်ကြသည်။

အဆိုပါ ရေတံခွန်ကြီးနှင့် ရေတံခွန်အမွှာ၊ ကျောက်ဖျာကြီးများရှိသောနေရာ သည် လက်ရှိ ရေတံခွန်လမ်းမှ ဝင်ရောက်၍မရဘဲ ဒေသခံလမ်းပြများပါမှသာ ချောင်းတောင်ဘက်ခြမ်း ကျောက်တောင်ဘက်မှ တက်လို့ရကြောင်း ရေလွှဲကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။ လွတ်လပ်ရေးနေ့က အဆိုပါ ရေလွှဲရေတံခွန်သို့ နံနက်ပိုင်းရောက်ရှိခဲ့ရာတွင် မိသားစုအလိုက် မိတ်ဆွေ သူငယ်ချင်းများ အစုအဖွဲ့ငယ်လေးများဖြင့် လာရောက်လည်ပတ်ကြရာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း၊ ရေဆော့ကစားကြခြင်း၊ ယူဆောင်လာသောအစားအစားများကိုပျော်ပျော်ပါးပါး စားသောက်ကြသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ ကျောက်တောင်ကြောလမ်းတစ်လျှောက်နှင့် ရေစပ် နေရာများတွင် ပြန့်ကျဲနေသော အမှိုက်သရိုက်များအပြင် အရက်ပုလင်း၊ ဘီယာဘူးခွံများ နေရာစုံ တွင် တွေ့ရှိနေရခြင်းကြောင့် ကျေးရွာဒေသခံများက နေ့စဉ်စုပေါင်း၍ လိုက်လံသိမ်းဆည်းပေးနေ ရခြင်းများလည်းရှိနေရာ လာရောက်လည်ပတ်ကြသူများအနေဖြင့် စည်းကမ်းတကျ အမှိုက်စွန့်ပစ် နိုင်ရန် လုပ်ဆောင်သွားမည်ဟု အဆိုပါ ဒေသခံကပင် ဆက်လက်ပြောသည်။

အဆိုပါ ရေလွှဲကျေးရွာမရောက်ခင် ကရင်ချောင်းကျေးရွာသည် ရှေးသမိုင်းဝင် မြို့ရိုး ကျုံးဟောင်းနေရာများ၊ အရှေ့ဘက် ကရင်ပြည်နယ် တောင်တန်းကြီးများကို မျက်နှာမူလျက် တည်ထားသော ထိုင်တော်မူ ရွှေပြည်ဧ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်ပြီး ကရင်ချောင်းကျေးရွာ လမ်းသည် ဒုတိယ ကမ္ဘာစစ်ကာလ၌ ဂျပန်တပ်များ၏ စစ်သုံးကိရိယာပစ္စည်းများ သယ်ဆောင်ရာ စစ်လမ်းဖြစ်ခဲ့ရာ ရွှေပြည်ဧဘုရားကြီးတည်ရှိသော ဂန္ဓကုဋိဆောင်ကို ကျွဲညီနောင် အမေရိကန်စစ် လေယာဉ်များက စက်သေနတ်ဖြင့် အကြိမ်ကြိမ်ပစ်ခဲ့သော်လည်း ဗုဒ္ဓရုပ်ပွါးတော်ကြီး ကိုယ်လုံးတော် ကို လုံးဝထိမှန်ခဲ့ခြင်းမရှိကြောင်းနှင့် ရုပ်ပွားတော်ကြီး၏ ဗောင်းတော်၊ စလွယ်မကိုဋ်တို့ကိုသာ ထိမှန်ခဲ့သည့် ရှေးဟောင်းပစ္စည်းများကို ယခုတိုင် လေ့လာကြည့်ရှုနိုင်သေးကြောင်း ကရင်ချောင်းကျေးရွာနေ ဦးမြင့်ဦးက ပြောသည်။

ထို့အပြင် ရေလွှဲကျေးရွာအထက် သုံးမိုင်ခန့်အကွာ သက်ကယ်ကျင်း ကျေးရွာအနီး ဝါးတော ကြီး၊ သစ်ပင်များ ထူထဲစွာပေါက်ရောက်နေသောနေရာတွင် အကျယ်သုံးမိုင်ဝန်းကျင်ခန့်ရှိ ဂဝံ ကျောက်တုံးမြို့ရိုးဟောင်း၊ အုပ်ချပ်ကြီးများ၊ အရိုးအိုးများ တူးဖော်တွေ့ရှိသောနေရာများကို ရှေးဟောင်း သုတေသနနှငအမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်စဉ်က လိုက်ပါ ပြသပေးခဲ့ရခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရန် ဆောင်ရွက်နိုင်ပါက ခရီးသွား လုပ်ငန်းနှင့် ကွင်းဆက်ပြတ်နေသော ရှေးဟောင်း အမွေအနှစ်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် သဘာဝရေခံမြေခံကောင်းမွန်သည့် နိုင်ငံတစ်ခုဖြစ်၍ ပြည်ပ ရီးသွားများ၊ ပြည်တွင်းခရီးသွားကြသူများအနေဖြင့် ကိုဗစ်ကာလလွန်မြောက် ချိန်တွင် မွန်းကျပ်မှုမှ လွတ်မြောက်ရန် ခရီးသွားလာလည်ပတ်ခြင်းတို့ကို မလွဲမသွေဆောင်ရွက်ကြမည် ဖြစ်ရာ လည်ပတ်ရန် နေရာသစ်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက မီးခိုး မထွက်သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဖြစ်သည်။

ကိုလွင်(ဆွာ)

Source From: ကြေးမုံ

14/12/2020

Address

No. 491, Kyaikkasan Road, Tamway Gyi (B) Ward, Tamway Township
Yangon
095

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+95 9 44272 6432

Website

Alerts

Be the first to know and let us send you an email when Travel Goal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category