
22/02/2025
မနေ့ညကပွဲမှာ အကြိုက်ဆုံးက ဒီဘဲပဲ။ လက်တစ် ဘက် မရှိတဲ့ လက်ဝှေ့သမား Jake Peacock။ သူ့အဖေက ချယ်လ်ဆီး ကွင်းလယ်လူဟောင်း Gavin Peacock ဆိုတဲ့သူ။ Jake က မွေးကတည်းက လက်တစ်ဘက် ပါမလာတာ။ အဲဒီလို ဘဝကနေ ပရော်ဖက်ရှင်နယ် မွေထိုင်း လက်ဝှေ့သမား ဖြစ်လာအောင် သူဘယ်လောက် ကြိုးစားခဲ့ရမလဲ။
မွေထိုင်းမှာက တံတောင်ကိုလည်း အားပြု ကစားရတာ ဖြစ်လို့ သူ့ရဲ့ ပြတ်နေတဲ့ လက်က အစွမ်းထက်တဲ့ လက်နက် တစ်ခု ဖြစ်နိုင်တယ် ဆိုပေမယ့် သူ့ရဲ့ မျက်နှာ တစ်ခြမ်းကိုတော့ ကာလို့ မရတဲ့ အတွက် အမြဲတမ်း ဟာကွက် ဖြစ်နေတယ်။ ဒီအခြေအနေ နဲ့တောင် ONE မှာ ၂ ပွဲ ဆက်တိုက် နိုင်ထားတယ်။ စိတ်ဓာတ်က လက်ဖျား ခါလောက်တယ်။
ကိုယ့်ကိုယ့်ကိုယ် ဘယ်တော့မှ သူများထက် အားနည်းတယ်လို့ မတွေးနဲ့။ ဖြစ်ချင်စိတ် တကယ် ပြင်းထန်ရင် အရာရာ ဖြစ်နိုင်တယ်။
Crd;