Mhi Travels and Tour

Mhi Travels and Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mhi Travels and Tour, Travel Agency, No. 44 aung zay ya Street, kyauk ye twim , mayangone township, Yangon.

08/02/2019

ပုဂံထီးနန်းကို ကျန်စစ်သားဆက်ခံပြီးတဲ့နောက်နေ့မှာဘဲ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး နှင့် ငထွေရူး တို့ ပုဂံကိုစွန့်ခွာပြီး ထွက်ပြေးရတယ်။

ဘာဖြစ်လို့လည်းဆိုတော့ မဏိစန္ဒာ နှင့် ကျန်စစ်သား ကေ့စ်မှာ ဖော်ကောင်လုပ်ပေးကြလို့ဖြစ်ပါတယ်။

ငထွေရူး ။
အဲဒီအချိန်က တညင် လို့ ခေါ်တဲ့ သန်လျှင်ကို ပြေးတယ်။ တညင်မှာ မွန်မတဦး နဲ့ညားပြီးတဲ့နောက်
ထန်းတောတွေ အောက်ဈေးနဲ့ လိုက်ဝယ်ပြီး ထန်းရည်တဲ ဖွင့်တယ်၊ ထန်းညှက်ချက်တယ်။

ထည်းရည်ကို အပင်ပေါ်က မချခင် လက်ပံပွင့်
စိမ်ပြီး အရသာထူးကဲအောင်လုပ်တဲ့ အတွက် ငထွေရူးရဲ့ ဘုံဆိုင်ဟာ အတော်ဘဲ ရေပန်းစားပါသတဲ့။
ဟိုဒင်း ဟိုဟွာအတွက် တကယ်ကောင်းတဲ့ . . . ဆေးတစ်ခွက်လို့ နာမည်ကြီးပါသတဲ့။

ပုရိသ ယောက်ကျားများသာမက မိန်းမများကပါ အားပေးကြပါသတဲ့။ ထန်းရည်တန်ခိုး နှင့် ရွာကြီး နှစ်ရွာပါထပ်တိုးလာပါသတဲ့။ အဲဒီရွာတွေက ခါးရမ်း ( ယနေ့ ခရမ်း ) နှင့် ကြုံးဟ ( ယနေ့ သုံးခွ) မြိ့တွေဖြစ်ပါတယ်။

မြို့နာမည် အဓိပ္ပါယ်တွေကို ကျောက်စာလှန်ဖတ်စရာမလိုပါဘူး။ တညင်ကနေ ကျောင်းပီးတဲ့ ဂျီတီအိုင် ကျောင်းသားတွေကိုသာ အင်တာဗျူးကြည့်လိုက်ပါ။

"ငလုံးလက်ဖယ်။ "
သူက ကုသိမ်လို့ ခေါ်တဲ့ ယနေ့ ပုသိမ် ဆိုတဲ့ ဆိပ်ကမ်းမြို့လေးကို ပြေးပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားပျက်ပြီး ဥသာဆိုတဲ့ အရပ်ကို ဒိုးပါတယ်။ မြေလည်း ဆုံး၊ မယားလည်း ဆုံးတဲ့ ငလုံးလက်ဖယ်ဟာ ဥသာပဂိုးရောက်တဲ့ အခါ ဘာလုပ်ရမှန်း မသိတဲ့အတွက် လယ်ကွက်တွေထဲက ငါးရံ့တွေ ကိုဖမ်းပြီး တံငါသည် လုပ်ပါသတဲ့။

ဒါပေမယ့် တံငါသည် လက်ဖယ် ဆိုတဲ့ နာမည်သာ တွင်သွားတယ်၊ စီးပွားမတက်ဖူးတဲ့။ ဒါနဲ့ တစ်ရက် စိတ်တိုတို နဲ့ သူ ဖမ်းထားတဲ့ ငါးရံ့တွေကို ဓားနဲ့ ခုတ်ပြီး တဲပေါ်ပစ်တင်လိုက်သတဲ့။

၃-၄ ရက်ကြာလို့ သတိရမှ ပြန်ယူကြည့်တော့ ငါးရံ့သားက ခြောက်သွေ့ပြီး ငါး အသားလည်း ကြည်နေတာ သတိထားမိပါသတဲ့။ ဒါနဲ့ မီးဖိုထဲ ပစ်ထည့်ပြီး စားကြည့်ရာကနေ ငါးရံ့ခြောက်ရဲ့ အရသာထူးကဲ ပုံကို မတော်တဆ တွေ့ရှိသွားပါသတဲ့။

ဥသာပဂိုးနယ်မှာ ငါးရံ့ခြောက် ' စ ' တာ အဲဒီငလုံးလက်ဖယ်ရဲ့ ကျေးဇူးဘဲ။ သူ့ရဲ့ ငါးရံ့ခြောက်ဟာ စစ်ထွက်တဲ့ အခါ ရိက္ခာ ဖြစ်လာတယ်၊ ဘုန်းကြီးကျောင်းကြက်သရေတိုက်ထဲ ထည့်လှူတဲ့ ရိက္ခာဖြစ်လာတယ်။ တညင်က သူ့မိတ်ဆွေရင်း ငထွေရူးရဲ့ ဘုံဆိုင်ကို လက်ဆောင်ပေးရာကနေ ငါးရံ့ခြောက်ဟာ အမြည်းဖြစ်လာတယ်။

ငါးရံ့ခြောက်လုပ်ငန်းနဲ့ ကြီးပွားသွားတဲ့ ငလုံးလက်ဖယ်ဟာ မယား ၃ ယောက်ထပ်ယူပါသတဲ့။ တံငါလုပ်ငန်းနဲ့ ကြီးပွားရတာ အပြစ်ကြီးလှတယ် ကောင်းမှုကုသိုလ်လုပ်ချင်တယ် ဆိုပြီး တွေးမိရာက ဘုရား၃ ဆူတည်ပြီး လှူတယ်။

အဲဒီဘုရား သုံးဆူကို ထိမ်းသိမ်းဖို့ရာ မယားကြီး ၊ မယားလတ် ၊ မယားငယ် သုံးယောင်စလုံး ကိုတာဝန်ပေးပါသတဲ့။ အထောက်ထားအဖြစ် အဲဒီဘုရား ၃ ဆူ ဟာ ဒီနေ့ ပဂိုးတက္ကသိုလ် အနောက်ဖက် ကပ်ရက်မှာ ဒီနေ့ထိ ရှိပါသေးတယ်။

'ညောင်ဦးဖီး။"
ရေကြိုက်တဲ့ ညောင်ဦးဖီးဟာ ပုဂံက ထွက်လာတော့ လူပျိုကြီး။ ငထွေရူးရဲ့ တညင် တလှည့် ငလုံးလက်ဖယ်ရဲ့ ကုသိမ် တလှည့် လိုက်နေတယ်။ ငလုံးလက်ဖယ် ကုသိမ်မှာ စီးပွားပျက်လို့ ပဂိုးပြောင်းသွားတော့ လိုက်မသွားဘဲ ပင်လယ်ကူး ကုန်သင်းဘောပေါ်တက်ပြီး လှေသမားအဖြစ်လိုက်သွားရာက ' ကော့ဆောင် ' ဆိုတဲ့
ယနေ့ ကော့သောင်း နေရာကို ရောက်လာတယ်။

လှေလုပ်သား လုပ်ရတာ စိတ်မပါ၊ စီးပွားရေးလုပ်ဖို့လည်း စိတ်မပါ။ ဒါနဲ့ ရှိတဲ့ ငွေလေးနဲ့ လှေ တစ်စီးဝယ်။ ထားဝယ်တက်မယ် ဆိုပြီး တက်လာရာက ကော့ဆောင်နဲ့ နီးတဲ့ ကျွန်းနားမှာ ခဏ ဝင်နားရာက ရေချိုးနေတဲ့ ဆလုံမ ကို တွေ့တယ်။ ဗိုက်ဆာ လို့ စားစရာတောင်းမိရော။

ဆလုံမကလည်း သူ့နားရှိတဲ့ သံပချုပ် ၃-၄ လုံးလောက် ကောက်ပြီး ကျွေးမိရာက ညောင်ဦးဖီး နှင့် ဆလုံမ ညားကြလေသတည်း။ တစ်သက်လုံး လူပျိုကြီး လုပ်လာတဲ့ ညောင်ဦးဖီးဟာ သံပချုပ်စာ မိသွားတယ်ပေါ့ဗျာ။ သူလည်း မယား ၃ ယောက်ယူတာမှာ အကုန်လုံး ဆလုံမတွေကြီးသာ ရွေးယူပါသတဲ့။

ဒီနေ့ ညောင်ဦးဖီးကျွန်းဆိုတာ ကော့သောင်းကနေ ရေမိုင် ၄၀ အကွာမှာ ရှိပါတယ်။ အပန်းဖြေဟိုတယ် အဖြစ် ဖွင့်လှစ်ထားပါသတဲ့။ လူပျိုးကြီးများ သံပချုပ်စားချင်ရင် ညောင်ဦးဖီးကျွန်းမှာ သွားအပန်းဖြေကြပါ။// ဧကား စကားချပ်တည်း။

ဆိုတော့ကာ … ပျူတွေ ဘယ်ရောက်သွားလဲ လို့ ဒေါက်တာသန်းထွန်းက မေးတယ်။ မဖြေတတ် ၊ မဖြေနိုင်ပါ။ ငဖုန်သင်ယောင်လင်း ဖြေနိုင်တာက ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး ဘယ်ရောက်သွားတယ်ဆိုတာကိုတော့ သက်သေ အထောက်ထားအပြည့်နဲ့ ဖြေပေးလိုက်ပါတယ်။


credit

ကရင် ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘော~~~~~~~~~~~~~~~~~~~~ ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘ...
14/01/2019

ကရင် ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘော
~~~~~~~~~~~~~~~~~~~~

ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘူဘော နဲ့ ခင်ပွန်းသည်
စစ်သူကြီး စောသာဂေါ်ခွားတို့ရဲ့ လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇ၀င်ထဲက
တောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင်
တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၂၄ ပေမြင့်တဲ့ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က
(ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်း
အမြင့်ဆုံးတောင်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပြီး ဘွဲကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသ
တစ်ခု ဖြစ်နေပါတယ်။

နာမည်ကျော်ဒဏ္ဍာရီထဲ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင်တော့ ဘွယ်ဟီခိုတောင်နဲ့
ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် သမိအိက အုပ်ချုပ် ပြီး သူ့မှာ စွမ်းအားပြည့်
တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သားတော် စစ်သူကြီး စောသာဂေါ်ခွား ရှိပါတယ်။

စစ်ပွဲမှန်သမျှ
အနိုင်ရခဲ့တဲ့သားတော် အရွယ် ရောက်နေပြီဖြစ်တာမို့ လက်ထပ်ထိမ်းမြားပေးဖို့ ဘုရင် သမိအိဟာ
သားတော်နဲ့ အတူ အခြွေအရံတွေ ခြံရံပြီး ချွေးမရှာထွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ခိုးအင်မတန်ကြီးတဲ့ ပင်လယ်ဘုရင် သာကအူမှာ အိပ်ပျော်နေရင်း
ရောင်ခြည်အလင်းတန်းတွေ ထွက်တတ်တဲ့ အချောမောအလှပဆုံး သမီးတော် နော်ဘူဘော
ကလည်း သီးခြားတိုင်းပြည်တစ်ခုမှာ နာမည် ကျော်နေသူပါ။

တစ်နေ့မှာ စစ်သူကြီး စောသာဂေါ်ခွားနဲ့
မင်းသမီး နော်ဘူဘောတို့ တွေ့ဆုံ မိကြရာက ချစ်ကြိုက်ပြီး ခုနစ်ရက်အကြာမှာ လက်ထပ်ခဲ့ကြပြီး
ရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည် နေထိုင်ရာ ဘွယ်ဟီခိုတောင်ပေါ်ဒေသကို နော်ဘူ ဘောက
အခြွေအရံတွေနဲ့အတူ ပျော်ရွှင်စွာ လိုက်ပါခဲ့ပါတော့တယ်။

မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရတဲ့ တစ်ဦးတည်းသောသမီး နော်ဘူဘောကို
နယ်မြေခြားထည့်လိုက်ရမှာဖြစ်တဲ့အတွက် ဖခင် ဘုရင်သာကအူ က စောသာဂေါ်ခွားတို့ကို
သမီးအန္တရာယ်မရှိစေဖို့ ကတိအထပ်ထပ်တောင်းခဲ့ ကြပါတယ်။

နော်ဘူဘောရဲ့ မိခင်ဖြစ်သူ
ကတော့ သမီးအတွက် စပါးအပြည့် ဖြည့်ထားတဲ့ ဘူးသီးခြောက်တစ်ခုနဲ့ မှော်ရွှေဘီးတစ်ချောင်း
လက်ဆောင်ပေးခဲ့ ပါတယ်။

ခရီးသွားရင်း လမ်းတစ်ထောက်အနား ဗိုက်ဆာချိန်မှာ နော်ဘူဘောက
မိခင်ထည့်ပေးလိုက်တဲ့ ဘူးသီးခြောက်ထဲက စပါးတစ်စေ့ကို ထုတ်၊ အခွံနွှာ၊ ထက်ပိုင်းချိုးပြီး
အနီးနားက ကြက်ဥခွံလေးထဲ ထည့်ချက်ပါတယ်တဲ့။

ကြက်ဥ ခွံအပြည့်ဖြစ်လာတဲ့ ထမင်းက လိုက်ပါသူတွေအတွက် ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်တဲ့
အထိ အာဟာရပြည့်စေခဲ့ပါတယ်။

ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်မှာတော့ ညဘက်အိပ်ချိန်
ထွက်တတ်တဲ့ မင်းသမီးနော်ဘူဘောရဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ်
ဝိုင်းသတ်မှတ်ခဲ့ကြပြီး မကြာခင်ရက်ပိုင်းမှာ စောသာဂေါ်ခွားဟာ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့
စစ်တိုက်ထွက်ရပါတော့တယ်။

စစ်တိုက်မထွက်ခင်မှာ နော်ဘူ ဘောက တန်ခိုးရှိတဲ့ မှော်ရွှေဘီးကို ခင်ပွန်းသည်ကို အဆောင်အဖြစ်
ထည့်ပေး လိုက်ပါတယ်။

စစ်တိုက်ရာမှာ မှော် ရွှေဘီးကို ခြေနဲ့နင်းထားတာကြောင့် စစ်သူကြီး
စောသာဂေါ်ခွားကို ရန်သူတွေ မမြင်နိုင်ခဲ့ဘဲ အသာစီးနဲ့ ချေမှုန်းနိုင်ခဲ့ပေမယ့် မသေသေးတဲ့ ရန်သူတစ်ယောက်က နောက်ဆုံး စောသာဂေါ်ခွား ရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန်မှာ တွေ့ရှိခဲ့
ပါတယ်။

ဒါကြောင့် အဆိပ်လူးမြှားနဲ့ ပစ်လိုက်ပြီး စောသာဂေါ်ခွားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ရ
ပါတော့တယ်။

စစ်ပွဲတိုင်းအနိုင်ရတဲ့ စောသာဂေါ်ခွား စစ်ပွဲမှာကျဆုံးခဲ့တဲ့ တရားခံအဖြစ် မှော်ဘီးပိုင်ရှင် နော်
ဘူဘောကို သံသယနဲ့ ၀ိုင်းစွပ်စွဲကြပြီး နောက်ဆုံး တရားစီရင်မယ့် ဒေဖာဟိုခိုတောင်စွန်းထိပ်မှာ
ကြိုးနဲ့ချည်ထားခဲ့ပါတယ်။

အဲဒီတောင်ထွတ်နေရာဟာ အရင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်တွေ
နေထိုင် တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး အဲဒီနေရာမှာပဲ မင်းသမီးလေးကို သတ်လိုက် ကြပါတော့
တယ်။

မင်းသမီးလေး အသတ်ခံရတဲ့သတင်းကို ဖခင် ပင်လယ်ဘုရင် သာကအူ ကြားရပြီး
ဒေါသကြီးမားတဲ့ ဘုရင်ကြီးဟာ စစ်သည်များစွာနဲ့ ဘွယ်ဟီခို အရပ်ကို စစ်တိုက်ထွက်ခဲ့ကြပြီး
နောက်ဆုံး ဒေသတစ်ခုလုံး ပျက်စီးပြီး မှော် တန်ခိုးတွေကြောင့် ကျောက်ရုပ်များအဖြစ် ပြောင်း
လဲသွားကြရင်း လွမ်းမော စရာ ဒဏ္ဍာရီလေးက အဆုံးသတ်သွားခဲ့ပါတယ်။

အလွန်သာယာလှပပြီး မြူနှင်းတိမ်ဆိုင်တွေ ဖုံးလွှမ်းအေးချမ်းနေတဲ့ ဘွယ်ဟီခိုအရပ် (ယခု
သံတောင်၊ သံတောင်ကြီးမြို့နယ်)ကို ဗြိတိသျှလက်အောက်ခံကာလမှာ အပန်းဖြေအနားယူစရာ
တောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေး
တိုက်ပွဲတွေကြောင့် မငြိမ်သက်ရာ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့
လှပတဲ့တောတောင်တွေနဲ့ တစ်နှစ်ပတ်လုံး သာယာအေးမြတဲ့ ရာသီဥတုတွေရှိနေတဲ့ သံတောင်မြို့ဟာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့က နေ ၂၇ မိုင်ပဲ ကွာဝေးတာကြောင့် အပန်းဖြေသွားသင့်တဲ့
အနီးဆုံးနေရာအဖြစ် တဖြည်းဖြည်း လူသိပြန်များလာခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့
ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ၊ ဆရာတော် ဒေါက်တာ စောနေဘလု က နော်ဘူဘော
ဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီး နော်ဘူဘော
အသတ်ခံရတယ်လို့ ယူဆတဲ့ တောင်ထွတ်နေရာမှာ လက်ဝါးကပ်တိုင် စိုက်ထူရင်း
ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တောင်ခြေကနေ တောင်ထိပ်ပိုင်းအထိ
ပေ ၅၆၀ အမြင့်၊ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိပြီး တောင်တက်တဲ့ လှေကားတွေဘေးမှာ သီးသန့်ဆုတောင်းခန်းတွေ ဆောက်လုပ်ပေးထားပါတယ်။

အစွဲအလမ်းတွေ၊ ဒဏ္ဍာရီပုံပြင်နဲ့ အယူအဆတွေ ပြည့်နှက်နေတဲ့ နော်ဘူဘော ဆုတောင်း တောင်တက်လမ်းတစ်လျှောက်ကတော့ မြူနှင်းတွေ၊ စိမ်းစိုနေတဲ့ တောနက်နက်တွေနဲ့ စိမ်းရွှေရွှေတောနံ့တွေ၊ ငှက်နဲ့ တောကောင်လေးတွေရဲ့ အော်သံတွေကြောင့် လူစိတ်ဝင်စားရာ အေးချမ်းတဲ့အရပ်အဖြစ် ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေပါတော့တယ်။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

Credit to original writer &
Photo credit.

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင် ~~~~~~~~~~~~~~~~~~~~~~တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသား...
09/01/2019

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်
~~~~~~~~~~~~~~~~~~~~~~
တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စ၀်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။

အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စ၀်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။

ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘ၀ဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘ၀ကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သော နှလုံးသား လေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးလာခဲ့သည်။

ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာတော့သည်။ ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက်မှာ မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။

နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရ လေတော့သည်။

တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှ
တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။

မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသည်။ ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။

ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုး အကြောင်း ပြောပြလေသည်။ ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင် ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။

မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေ ရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံလေးများကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။

ရံဖန်ရံခါတွင် ဇွဲကပင် တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။

ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။

ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။ ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း

"သာသနာတော်အတွက် လုံ့လ၀ီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညို သူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘ တိုးအောင်၊ ကျန်းမာရွှင် လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့"

ဟူသော အမှာစကားအတိုင်း သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင် စခန်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင် ဆရာတော် ဦးက၀ိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

Sit Mhan Hone (စစ်မာန်ဟုန်)

လှို့ဝှက်မှုများစွာနှင့် ကယားပြည်နယ်မှ ကြတ်ဂူကြီး===========================မြန်မာနိုင်ငံရှိ လှိုဏ်ဂူကြီးများတွင် အမည်ကြားယ...
08/01/2019

လှို့ဝှက်မှုများစွာနှင့် ကယားပြည်နယ်မှ ကြတ်ဂူကြီး
===========================
မြန်မာနိုင်ငံရှိ လှိုဏ်ဂူကြီးများတွင် အမည်ကြားယုံဖြင့် စိတ်ဝင်စားမှုခံရသော လှိုဏ်ဂူကြီးတစ်ခုမှာ ကြတ်ဂူပင် ဖြစ်ပါသည်။ ရှေးဟောင်းအခေါင်းများ တည်ရှိနေသည်ဟု နာမည်ကျော်ကြားသော ၊ ထူးဆန်းမှုများနှင့် ပြည့်နေသည့် ကြတ်ဂူကြီးသည် ကယားပြည်နယ် ၊ လွိုင်ကော်မြို့အနီးတွင် တည်ရှိနေပါသည်။

မြန်မာပြည်၏ အထင်ကရလှိုဏ်ဂူကြီးတစ်ခု အဖြစ်သတ်မှတ်ထားကြသော ကြတ်ဂူကြီးသည် ကယားပြည်နယ် လွိုင်ကော်မြို့မှ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပါသည်။ လွိုင်ကော်မှ ရှားတောသို့ သွားသည့် လမ်းပေါ်တွင် ပါလောင်းကျေးရွာအနီး၌ တည်ရှိနေပြီး ယခုအခါ သွားလာရသည်မှာ လွယ်ကူ အဆင်ပြေလှပါသည်။ ကြတ်ဂူကို ကယားဘာသာစကားဖြင့် ရာစုကု ဟုခေါ်ကြပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ထားသမျှ လှိုဏ်ဂူကြီးများတွင် ကြတ်ဂူကြီးသည် တိုင်းတာ၍ ရသလောက်တွင် ပဉ္စမမြောက် အရှည်ဆုံး လှိုဏ်ဂူကြီး ဖြစ်ကြောင်း myanmarcaves.com မှ မှတ်တမ်းတင်ထားပါသည်။ ကယားပြည်နယ်တွင် ဖရူနိုဂူကြီးပြီးနောက် ဒုတိယအရှည်ဆုံး ဖြစ်ကြောင်း သိရပါသည်။ ဒါပေမယ့် ကြတ်ဂူ၏ အဆုံးသတ်ပိုင်းကို မည်သူမှ မရောက်ဖူးသေးဘဲ ဆက်လက်တိုင်းတာ သုတေသနပြုရန် ကျန်ရှိနေသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ယခုလက်ရှိ ခန့်မှန်းတိုင်းတာ မှတ်တမ်းတင်ထားချက်တွင် ( ပေ ၇၂၀၀ ) ၂၁၉၄ မီတာ ခန့် လှိုဏ်ဂူအရှည်ရှိပါသည်။

ဂူအတွင်း၌ မည်သည့်အချိန်ကာလ ကတည်းက ရောက်ရှိနေမှန်းမသိရသည့် သစ်လုံးထွင်း အခေါင်းကဲ့သို့ အရာများကို တွေ့ရှိကြရပြီး ရိုးရာယုံကြည်မှုနှင့်အတူ ကြတ်ဂူဟူသော နာမည်ဆန်းဖြင့် ကျော်ကြားလာခဲ့ပါသည်။ ဂူအတွင်း၌ အရှည်ဆုံး(၁၅)ပေ ၊ အတိုဆုံး(၂)ပေခန့်ရှိသော သစ်လုံးထွင်း သစ်သားခေါင်းတလားများ နေရာစုံတည်ရှိနေပါသည်။ အချို့ကို ပေ(၂၀)၊ ပေ(၃၀) မြင့်သော လှိုဏ်ဂူ မျက်နှာကျက်၌တွေ့ရပါသည်။

ကယားပြည်နယ်မှ ကြတ်ဂူကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက်(၂၉၉၀)ပေ တွင်ရှိသော ထုံးကျောက် (Limestone) ၊ ဒိုလိုမိုက်ကျောက် (Dolomite) များဖြင့် ဖွဲ့စည်းထားသည့် အလွန်ကြီးမားသည့် သဘာဝလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ လှိုဏ်ဂူကြီး၏ သက်တမ်း နှင့် အတွင်းမှ တွေ့ရှိရသော သစ်သားခေါင်းတလားများ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ဆက်လက်သုတေသနပြုဆဲ ရှိပါသည်။

ကြတ်ဂူကြီးသို့ အတက်လမ်း
ကြတ်ဂူသွားရာ လမ်းတွင် သာယာလှပသော ရှုခင်းများကို တွေ့မြင်ရမည် ဖြစ်ပြီး လှိုဏ်ဂူကြီးကို တောင်အလယ်တွင် တွေ့မြင်ကြရပါသည်။ တောင်ခြေတွင် ဘုန်းတော်ကြီးကျောင်းနှင့်အတူ ခရီးသွားများ အနားယူ အပန်းဖြေရန် အဆောင်များကိုလည်း တွေ့မြင်ရပါသည်။

ကြတ်ဂူကြီးကို ဟိုးယခင်ကတည်းက ဒေသခံများ တွေ့ရှိခဲ့ကြပေမယ့် ရိုးရာယုံကြည်မှုများကြောင့် အသွားအလာ မရှိသလောက် ဖြစ်ခဲ့ကြပါသည်။ တစ်ချို့က ဂျပန်ခေတ်ကတည်းက ထိုဂူကြီးရှိကြောင်း ဒေသခံများ သိရှိကြသည်ဟု ဆိုသော်လည်း ပြင်ပမှ ခရီးသွားဧည့်သည်များ သိရှိလာရောက်ကြသည်မှာ နှစ်အားဖြင့် များစွာ မကြာသေးပါ။

တောင်ပေါ်သို့တတ်ရန် လမ်းရှိပြီး ဂူပေါက်ဝသို့ မရောက်ခင်တွင် ကယားရိုးရာ တံခွန်တိုင်ရှည်ကြီးကို တွေ့မြင်ရပါသည်။ ကယားလူမျိုးတို့၏ ရိုးရာယုံကြည်မှုကို ပြသသည့် ထိုတံခွန်တိုင်များကို ကယားပြည်နယ် နေရာအများအပြားတွင် တွေ့မြင်ကြရပါသည်။

ထိုမှ တောင်တက်လမ်းအတိုင်း တက်သွားလျှင် နာမည်ကျော် ကြတ်ဂူကြီး၏ ၀င်ပေါက်ကို တွေ့မြင်ကြရပါသည်။ ဂူပေါက်ဝတွင် ဘုရားဆင်းတုတော်ကို ဖူးမျှော်ကြရပြီး ကြီးမားပြီး မဲမှောင်နေသော ဂူအတွင်းပိုင်းကို တွေ့မြင်ရသည်မှာ ကျောချမ်းစရာ ကောင်းလှပါသည်။

လှိုဏ်ဂူအတွင်းသို့ ၀င်ရောက်ရန် အမြင့်မှ လှေကားဖြင့် ဆင်ကြရပြီး ကျောက်တုံးများကြား လျှိုမြောင်ကို တံတားဖြင့် ကူးကြရပါသည်။ ဂူဝတွင် တွေ့ရှိရသော ပြုပြင်ဖန်တီးထားမှုများကို တွေ့မြင်ကြရသဖြင့် ဒီဂူကြီးကတော့ သဘာဝအတိုင်း တွေ့မှ တွေ့ရပါတော့မလားဟု ထင်မြင်မိပါသည်။ ဒါပေမယ့် မှောင်နေသော ဂူအထဲရောက်သွားမှ မိမိ ထင်မြင်ချက် အမှားကြီး မှားမှန်း သိလိုက်ရပါသည်။

လှိုဏ်ဂူအ၀င် လျောက်လမ်းပေါ်အရောက် တွေ့မြင်ရသော ကျောက်စက်ပန်းဆွဲအလှများမှာ ကြည့်မ၀ပါ။ လျောက်လမ်းမှ အောက်ခြေသို့ကြည့်လိုက်မိသောအခါ မြင့်နေပါသဖြင့် ရင်ထိတ်မိပါသည်။ လျောက်လမ်းတံတားလေးကြောင့်သာ လှိုဏ်ဂူအတွင်း သက်သာစွာ ၀င်ရောက်နိုင်ခြင်း ဖြစ်ပါသည်။

ကြတ်ဂူ၏ ရှေ့မျက်နှာစာလောက်သည်သာ ကျယ်ပြန့်သော လှိုဏ်ဂူဝကြောင့် လင်းနေသော်လည်း လှပသည့် ကျောက်စက်ပန်းဆွဲများကို ကျော်ဖြတ်ပြီးနောက် အတွင်းပိုင်းတွင် မှောင်နှင့်မဲမဲ စမ်းတ၀ါးဝါး ဖြစ်သွားရပါသည်။

လျှပ်စစ်မီး မရှိဘဲ မီးစက်မီးသာ ရှိကြောင်းသိရပြီး လှိုဏ်ဂူတစ်လျောက် မီးလုံးများ သွယ်တန်းထားပါသည်။ ဒါပေမယ့် နေခရမ်းသွားချိန်တွင် မီးထွန်းပေးထားခြင်း မရှိပါ။ လုံးဝမှောင်မဲထဲ ဖုန်းမှ မီးအလင်းရောင်ဖြင့်သာ ချီတက်ကြရပါသည်။ လင်းအားကောင်းသော ဓာတ်မီးများယူသွားဖို့ လိုအပ်သော ဂူဖြစ်ပြီ ဓာတ်မီးမပါသည့်အတွက် ဂူထဲရောက်လေ နောင်တရလေ ဖြစ်ခဲ့ရပါသည်။

ကြတ်ဂူအတွင်း ကျောက်သားလမ်းပေါ် လျောက်နေရင်းဖြင့် နာမည်ကျော် ခေါင်းတလားများ၏ အပျက်အစီးများကို စတင်တွေ့ရှိရပါသည်။ သစ်လုံးတစ်လုံးတည်းကို ထွင်းထုထားသည့် အခေါင်းပုံစံ များကို နေရာအနှံ့ တွေ့ကြရပြီး အရှည်ကတော့ လူတစ်ယောက်အတွက် တော်တော်ရှည်လှပါသည်။ အရှည်ဆုံး အခေါင်းမှာ ၁၅ ပေ ၊ ၁၆ ပေ အထိ ရှိကြောင်းသိရသလို အတိုဆုံးမှာ ၂ ပေခန့် ရှိပါသည်။ လွန်ခဲ့သည့် နှစ်၇၀ ကျော်က ဂူတွင်းဝင်ရောက်ဖူးသူများက အခေါင်းများအတွင်း အရိုးစုများ တွေ့ကြောင်း ပြောကြပြီး ၊ နောက်ပိုင်း အဖိုးတန်ပစ္စည်းများ ရှိမလားဟု ၀င်ရောက်ရှာဖွေ ဖျက်စီးမှုများကြောင့် ပျက်စီးသွားခဲ့ရသည်ဟု ဆိုကြပါသည်။ တိကျသော ပြောကြား မှတ်တမ်းတင်မှုများကတော့ မတွေ့ရပါ။

သစ်လုံးထွင်း လှေပုံစံအခေါင်းများကို နေရာစုံတွင် တွေ့မြင်ရပြီး အချို့ကို ပေ၂၀ ၊ ၃၀ မြင့်သော လှိုဏ်ဂူနံရံများတွင် တွေ့ကြရပါသည်။ စုပုံထပ်ထားခြင်းများကို တွေ့ရသလို ၊ အပျက်အစီးပုံများအဖြစ်လည်း တွေ့ကြရပါသည်။ လှိုဏ်ဂူအတွင်း မှောင်မဲနေသဖြင့် ဂူနံရံနှင့် မြင့်မားသော အမိုးကို သေခြာမကြည့်နိုင်သလို ၊ ကြမ်းတမ်းသော ဂူလျောက်လမ်းကို ဂရုစိုက် ကြည့်လျောက်နေရသဖြင့် သဘာဝအလှအပများကို ခံစားရရန် မဖြစ်နိုင်ခဲ့ပါ။ မှတ်တမ်းတင် ဓာတ်ပုံရိုက်ဖို့ပင် ကောင်းစွာမရလောက်အောင် မှောင်မဲနေသည်မှာ သဘာဝအတိုင်း ရှိမှ ရှိပါ့မလားဟု ဂူဝတွင် ထင်မြင်မိသည်ကို ရယ်ချင်မိပါသည်။ သဘာဝ အကျလွန်သွားသည်ဟုပင် ခံယူလိုက်ပါသည်။

တစ်ချို့နေရာများတွင် ထို ခေါင်းတလား အပိုင်းအစများကို လူသွားလမ်းခင်းထားသည်ကိုပါ တွေ့မြင်ရပါသည်။ လျောက်ရသည့်လမ်းမှာ ကျောက်ခဲချွန်ချွန်များနှင့် ပြည့်နှက်နေပြီး ဖိနပ်မစီးဘဲ ၀င်ရသည်မှာ သိပ်မလွယ်ကူပါ။ လမ်းတစ်လျောက် မီးမလာသော မီးလုံးလေးများ သွယ်တန်းထားသည်ကို အမှတ်အသားပြုပြီး ရှေ့သို့ လျောက်ခဲ့ရပါသည်။

ယုံကြည်မှုများကြောင့် အတိုက်အခံမပြုလိုကြသော်လည်း ထိုခေါင်းတလားများနှင့် ပတ်သတ်ပြီး ထင်မြင်ချက်များ အမျိုးမျိုး ရှိကြပါသည်။ အများအားဖြင့် ယုံကြည်ယူဆကြသည်မှာ ထိုခေါင်းတလားများသည် ရှေးတစ်ချိန်က ထိုဒေသတစ်ဝိုက်တွင် နေထိုင်ခဲ့သော အရပ်အလွန်ရှည်ကြသည့် ရှေးကျသည့် လူမျိုးများ၏ အခေါင်းများ ဖြစ်ကြောင်း ဆိုကြပါသည်။ သေဆုံးလျှင် သစ်လုံးထွင်း အခေါင်းများထဲ ထည့်ပြီး လှိုဏ်ဂူအတွင်းသို့ ရိုးရာယုံကြည်မှုအရ လာရောက်ထားကြောင်း ဆိုကြပါသည်။ ထို့ပြင် ထိုဂူကြီးသည် ကြတ်များ နေထိုင်ရာ ဂူကြီးဟုလည်း ဆိုကြပါသည်။ ထို့ကြောင့်ပင် ထိုဂူကို ကြတ်ဂူဟု ခေါ်ကြောင်း ဆိုကြပါသည်။ ထိုကဲ့သို့ သိရခက်သော ယုံကြည်မှုဆိုင်ရာများ ရှေးကျသည့် လူမျိုးတိုင်းတွင် ရှိတတ်ကြပါသည်။ ကျွန်တော်တို့ အရှေ့အာရှတွင်ပင် လူမျိုးတစ်မျိုးသည် သေပြီးလူများ၏ အခေါင်းများကို ကျောက်တောင်နံရံတွင် ချိတ်ဆွဲထားတတ်ကြပါသည်။ သို့သော် ယခုကဲ့သို့ အရပ်အလွန်ရှည်သောလူမျိုးများ နှင့် ဒီလောက်ကြီးသော ခေါင်းတလားများရှိကြောင်းကတော့ လက်မခံသူများအတွက် တွေးစရာ ဖြစ်နေပါသည်။

တစ်ချို့ကလည်း ကြတ်ဂူမှ ခေါင်းတလားများသည် တစ်ခေတ်တစ်ခါက မှောင်ခိုပစ္စည်းများ လဲလှယ်ရောင်းဝယ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြောင်း ဆိုကြပါသည်။ ထိုအဆိုကို လက်မခံသူများကတော့ မှောင်ခိုပစ္စည်းများကို အလွန်လေးသော သစ်လုံးထွင်းခေါင်းပုံစံထဲ ထည့်ရခြင်း အကြောင်းနှင့် ပေ ၂၀ ၊ ၃၀ မြင့်သော တောင်နံရံ အပေါက်များတွင် ဘာကြောင့်တင်ထားရကြောင်း မေးခွန်းထုတ်ကြပါသည်။

တစ်ချို့ကလည်း ကြတ်ဂူကြီးအောက်မှ ရေထွက်ပေါက်သည် တစ်ဖက်တွင် မြစ် (သို့) ပင်လယ်ထိ ရောက်သဖြင့် ဂျပန်ခေတ်က ဂျပန်များစစ်ပြေးရန် သစ်လုံးထွင်း လှေများပြုလုပ်ပြီး ဂူထဲ၌လာထားကြောင်း ဆိုကြပါသည်။ သစ်လုံးထွင်း လှေအယူအဆကို လက်ခံလိုသော်လည်း တစ်ဖက် မြစ် (သို့) ပင်လယ်အထိ တကယ်ပေါက်လျှင်ပင် အဆုံးထိသွားရောက်ရန် မလွယ်ပါ။ ဂျပန်များ စစ်ပြေးဖို့ဆိုသည်မှာ ပိုလို့ မဖြစ်နိုင်ဟု ယူဆမိပါသည်။

ထို့ပြင် ကြတ်ဂူအတွင်းရှိ လင်းနို့များ၏ ချေးခံယူရန် သစ်လုံးထွင်းခေါင်းတလားများ ထားကြောင်း ဆိုကြသူများကို ကြားဖူးခဲ့ပါသည်။ ထိုအရာမှာလည်း တိကျသော တင်ပြချက်တစ်ခုတော့ မဟုတ်ခဲ့ပါ။

မည်သည့်အတွက်ကြောင့်ပင် ဖြစ်ပါစေ ကြတ်ဂူကြီးအတွင်းတွင် သစ်လုံးထွင်း အခေါင်းပုံစံကြီးများ ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပြီး တိကျသော သုတေသနပြုချက်များ အဖြေမထွက်ခင်အထိ ပဟေဠိပေါင်း များစွာနှင့် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဌာနမှ လာရောက် မှတ်တမ်းယူ သုတေသနပြုနေကြောင်း သိရပါသည်။

ကြတ်ဂူကြီး အတွင်းပိုင်းသည် ကြီးမားကျယ်ပြန့်သလို ကျောက်တုံးကျောက်စိုင်ကြီးများ နေရာအနှံ့ တည်ရှိနေပါသည်။ ထိုကြီးမားသော ကျောက်တုံး အပိုင်ကီးများကြောင့် လူသွားလမ်းသည် ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေပါသည်။ လမ်းသည်လည်း မြင့်လိုက် ၊ နိမ့်လိုက်ဖြင့် သွားလာရသည်မှာ မြေအောက်ကမ္ဘာတစ်ခုကို ရောက်ရှိနေသလို ခံစားရစေပါသည်။

ကြတ်ဂူကြီး အတွင်းပိုင်းတွင် အခြားဂူများမှာကဲ့သို့ ရေစက်ရေပေါက်များ ကျဆင်းနေခြင်းမျိုး သိပ်မတွေ့ရပါ။ ကြီးမားပြီး ကွဲအပ်နေသော ကျောက်တုံးကျောက်ဆောင်ကြီးများကို နေရာအနှံ့ တွေ့မြင်ရပါသည်။ အတွင်းဘက်တွင် ကြီးမားသော ဂူကြီး တစ်ခုပင်ဖြစ်ပါသည်။

ကြတ်ဂူကြီး၏ လမ်းတစ်လျောက် မီးသီးများ သွယ်တန်းထားသလောက်အထိ သဘာဝအတိုင်း ပြုပြင်မှုမရှိသလောက် ၀င်ရောက်ကြရပါသည်။ ဂူအတွင်းပိုင်းတွင် စိုးရိမ်ထိတ်လန့်တတ်သူများ အနေဖြင့် မူးဝေ ခေါင်းမူးခြင်းမျိုးများ ဖြစ်ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ မိမိ၏ စိတ်အခံကြောင့်သာ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ မရောက်ခင် ကတည်းက ကြားသိဖူးသော စကားများကြောင့် အချို့သူများ အသက်ရှုမ၀ ၊ ရင်ထိတ်ကာ လှည့်ပြန်သွားတတ်ကြပါသည်။ စူးစမ်းလိုသူများအနေဖြင့် ဂူအတွင်းပိုင်း ၀င်၍ရသလောက် ၀င်ရောက်လေ့လာသင့်ပါသည်။

ကြတ်ဂူအတွင်း နောက်ဆုံးမီးသီး သွယ်တန်းထားသည့်နေရာ
ကြတ်ဂူကြီးအတွင်းပိုင်း အန္တရာယ်ကင်း သွားနိုင်လောက်သည်အထိ မီးလုံးမီးသီးများ သွယ်တန်းထားပေးပါသည်။ နောက်ဆုံးမီးသီး အဆုံးသတ်နေရာသည် ဂူ၏ အဆုံးသတ်နေရာ မဟုတ်သေးပါ။ အောက်ဆင်း၍ ခက်ခဲလွန်းလောက်အောင် ကုန်းလျောဖြစ်ပေါ်နေပြီး မြင့်လွန်းနေပါသည်။ ကြိုးပါမှသာ အလွယ်တကူ ဆင်းနိုင်မည် ဖြစ်ပါသည်။ ထိုနေရာမှ ကြည့်လျှင် မှောင်မှောင်မဲမဲထဲ ဘာမှ သိပ်မမြင်ရတော့ပါ။ ဒီဂူကြီးသည် လူအများပြောကြသလို အဆုံးမဲ့သလောက် ရှည်လျားလွန်းသလားဟု ထင်မြင်မိပါသည်။ နိုင်ငံခြားသားများ ရသလောက် ၀င်ရောက်လေ့လာဖူးသည့် အရှည်မိုင်သည်ပင် မနည်းပါ။

ကြတ်ဂူအတွင်း မြေအောက်သို့ ဆင်းရမည့် တစ်နေရာ

ထို့ပြင် ကြတ်ဂူကြီး အတွင်းတွင် ဂူလမ်းကြောင်းခွဲများ ရှိပြီး လမ်းကြောင်းတစ်ခု၏ အဆုံးသတ်မှာ အောက်သို့တွင်းပေါက်အဖြစ် ကျဉ်းမြောင်းစွာ ထိုးဆင်းသွားပါသည်။ ထို အောက်သို့ ဆင်းသွားသည့် နေရာတွင် လှေကားတစ်ခု ပြုလုပ်ပေးထားပါသည်။ ဂူအတွင်း အလင်းရောင်မရှိ ၊ ဖုန်းမီးကိုသာ အားကိုးနေရခြင်းကြောင့် အောက်သို့ဆင်းကြည့်ဖို့ကို လက်လျော့ခဲ့ရပါသည်။ အောက်သို့ လှမ်းကြည့်ရသလောက်မှာ အတော်နက်နက် အောက်ဆင်းသွားရပြီး အောက်ခြေတွင် ရေပြင် တွေ့ရပါသည်။ သို့သော် မြေအောက် စမ်းချောင်းလား ၊ မြေအောက် ရေကန် ၊ ရေအိုင်းလား ဆိုတာ သေခြာ မသိရပါ။ မြေအောက်စမ်းချောင်းဆိုလျှင် ထိုမှ ဆက်၍သွားလို့ရနိုင်သေးသလို အဆုံးသတ်ကို ပြောဖို့ မဖြစ်နိုင်သေးပါ။

ဂူအဆုံးကိုတော့ ဘယ်သူမှ မရောက်ဖူးသေးကြောင်း ပြောကြပါသည်။ ဂူတွင်း အနက်ပိုင်းမှာ အောက်ဆီဂျင်လုံလောက်စွာ မရနိုင်တာတွေကြောင့် မည်သူမှဂူအဆုံးထိ သွားရောက်လေ့လာနိုင်ခြင်း မရှိကြောင်း ဆိုကြပါသည်။ အမှန်ပင်ဆိုပါက သေခြာ သုတေသနပြုရမည့် နေရာတစ်နေရာပင် ဖြစ်ပါသည်။

ကြတ်ဂူကြီး ပတ်ဝန်းကျင်

ကယားပြည်နယ် ကြတ်ဂူရောက် အမှတ်တရ
လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ၊ ဒေသတွင် တည်ငြိမ်မှုအားနည်းခြင်းများကြောင့် လူသူအရောက်အပေါက် နည်းခဲ့ရသည့် ကယားပြည်နယ်တွင် ယခုအခါ ခရီးသွားပြည်သူများ စိတ်ဝင်တစား သွားရောက်တတ်ကြသည့် ပြည်နယ်တစ်ခု ဖြစ်လာပါပြီ။ သာယာလှပသည့် ကယားပြည်နယ်၏ ရှု့ခင်းအလှများနှင့် သဘာဝအလှအပများကို ခံစားနိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် အသိရခက်ပြီး လှို့ဝှက်မှုများရှိနေသည့် မြန်မာပြည်၏ အရှည်ဆုံးလှိုဏ်ဂူစာရင်းဝင် ကြတ်ဂူကြီးသို့ တစ်ခါတစ်ခေါက် သွားရောက်လေ့လာသင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။

19/12/2018

မင်္ဂလာပါရှင်
စိတ်​ချမ်းသာ ကိုယ်​ကျန်းမာနဲ့ ​နေ့ရက်​တိုင်း​ပျော်​ရွှင်​ပြီး
အပူပင်​ကင်းမဲ့စွာ ဖြတ်​သန်းနိုင်​ပါ​စေ

Address

No. 44 Aung Zay Ya Street, Kyauk Ye Twim , Mayangone Township
Yangon

Telephone

09798404056

Website

Alerts

Be the first to know and let us send you an email when Mhi Travels and Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category