Travel SuBoo

Travel SuBoo ခရီးသွား ဝါသနာရှင်များအတွက် မျှဝေရာ

တစ်ယောက် ၃၅၀၀၀ တန် RV Min Kyan sit
16/02/2025

တစ်ယောက် ၃၅၀၀၀ တန် RV Min Kyan sit

❤️ ရှိန်းမကာ ❤️ဘယ်လိုသွားရမလဲ ✅မန္တလေးကနေ ၄၂မိုင် အကွာမှာရှိပါတယ်။ ကားလမ်း တင်မက ရေလမ်းနဲ့ပါသွားနိုင်ပါတယ်။ရွာထဲကိုရောက်...
11/09/2021

❤️ ရှိန်းမကာ ❤️

ဘယ်လိုသွားရမလဲ ✅

မန္တလေးကနေ ၄၂မိုင် အကွာမှာရှိပါတယ်။
ကားလမ်း တင်မက ရေလမ်းနဲ့ပါသွားနိုင်ပါတယ်။
ရွာထဲကိုရောက်ရင် တောကျောင်း လမ်းညွှန်မေးပါ။
(note; လမ်းလေး အနဲငယ် ဆိုးပါတယ်)

ဘယ်မှာရှိလဲ ✅

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးမှာရှိပါတယ်

ဘာတွေစားမလဲ ✅

ရှိန်းမကားမုန့်တီ၊ မလိုင်ပေါက်စီ၊ အာပူလျှာပူ အဆာပြေ စားလို့ရပါတယ်

ရှုခင်းတွေက ✅

အပူပိုင်းရဲ့ အိုအေစစ်လေးလို့တင်စားရအောင် မိုးရာသီဆိုရင် သစ်ရိပ်ကောင်းကောင်းနဲ့ စိမ်းစိုလှပ အုံ့ဆိုင်းနေပါတယ်

ဧရာဝတီမြစ်ဆိပ်ကိုဆင်းတဲ့ လှေကားလေးလဲရှိတယ်

မြစ်တစ်ဖက်ကမ်းက စကျင်တောင်ကြီးကိုလည်း လှမ်းမြင်ရတယ်

ဧရာဝတီမြစ်ကြီးကိုလည်း အပေါ်စီးကနေ လှမ်းမြင်ရတယ်။

မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဗီရိုကြီးတွေ၊
မန္တလေးရတနာပုံနန်းတော်ကနေ ဆရာတော်ဘုရားကြီးကို နေ့စဉ်ဆွမ်းပို့တဲ့ ဆွမ်းချိုင့်ကြီး နဲ့
ရတနာပုံခေတ်ရဲ့ အနုပညာ ဗိသုကာလက်ရာတွေ တစ်ဝကြီး ကြည့်လို့ရမှာပါ

မြင်သူတိုင်းလည်း ဓာတ်ပုံမရိုက်ရမနေနိုင်တဲ့ တောကျောင်းကြီးအဝင်မှာရှိတဲ့ အုတ်ရိုးလမ်းကလေးတွေဟာ သိပ်ကို လှပပါတယ်

အံ့သြစရာတွေနဲ့ ပြည့်နှက် လှပနေတဲ့ နေရာလေးမို့ အမှတ်တရ ဓာတ်ပုံလှလှရ မှာ အသေအချာပါပဲ

တစ်နေ့ သွားဖို့အတွက် စုထားတဲ့ Travel SuBoo လေး ❤️

Credit photos . Original photos

01/09/2021
31/08/2021
30/08/2021
30/08/2021
30/08/2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Travel SuBoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share