12/07/2021
အာရှရဲ့ အပျိုစင်ကမ်းခြေ (သို့) ငပလီကမ်းခြေ 🏝️🏖️
ရခိုင်ကမ်းရိုးတန်းရဲ့ အလှပဆုံးကမ်းခြေအစိတ်ပိုင်းတခု အာရှတိုက်ရဲ့ အလှဆုံးကမ်းခြေ ၂၅ခုထဲမှာမှ 2016 Traveller Choice ဆုရထားတဲ့ အပြင် Kiwi Website က ရွေးချယ်ထားတဲ့ ၂၀၁၉ ခုနှစ် အကောင်းဆုံးကမ်းခြေကိုးခုစာရင်းမှာလည်း ပါဝင်ခဲ့တဲ့ အာရှရဲ့အပျိုစင်ကမ်းခြေ... 🏖🏝
ငပလီကမ်းခြေကို လေယာဉ်နဲ့ သွားနိုင်သလို အလွန်လှပတဲ့ ရခိုင်ရိုးမ တောင်တန်းများကို ကားနှင့်လည်း ဖြတ်ကျော်သွားလာနိုင်ပါတယ်... ကားမှန်လေးချပြီး ရခိုင်ရိုးမရဲ့တောင်တန်း 🌄🏞️ အလှအပတွေခံစားပြီးသွားရတာ ခရီးသွားရခြင်းရဲ့ အနှစ်သာရပါပဲ။
Covid မဖြစ်ခင် Myan San Car Rental မှသွားခဲ့တဲ့ ငပလီခရီးစဉ်လေးကို မျှဝေပေးလိုက်ပါတယ်။
🏖️ ရန်ကုန်ကနေ ငပလီကမ်းခြေအထိ မိုင် ၂၅၀ (400 km) အကွာအဝေးရှိပြီး ကားမောင်းချိန် ၁၁နာရီခန့်ကြာမြင့်ပါတယ်။ ရန်ကုန်မြို့မှ ရန်ကုန်-ပုသိမ်လမ်းအတိုင်း ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်သန်းပြီး ပန်းတနော် - ကျောင်းကုန်းမြို့အဝင် တံတားအဆင်းကနေ အသုတ် - ရေကြည် - ငါးသိုင်းချောင်းလမ်းမှတဆင့် ရခိုင်ရိုးမခြေရင်းဖြစ်သော ရေနံ့သာကိုစတင်ရောက်ရှိပါတယ်။အကွေ့အကောက်များစွာနဲ့ ရခိုင်ရိုးမရဲ့ တောင်တန်းများရဲ့အလွန်မှာတော့ ရခိုင်ပြည်နယ် ဂွမြို့သို့ ရောက်ရှိနိူင်ပါပြီ။
🏖️ ဂွမြို့အထွက်မှာတော့ ဂွ - သံတွဲ လမ်းပိုင်းစတင်ပြီး သံတွဲထိ ၈၃မိုင် ရှိပါတယ်။ ကတ္တရာလမ်းကောင်းကာ ကျဉ်းပြီး အကွေ့အကောက် အတော်ကိုများပါတယ်။ ဂွ - သံတွဲ လမ်းဟာ ကမ်းခြေရွာကလေးတွေထဲက ဖြတ်သန်းဖောက်လုပ်ထားတာကြောင့်အေးချမ်းသာယာလှပါတယ်။ ကမ်းသာယာ ကမ်းခြေအနား ရောက်ခါနီးမှာတော့ ပင်လယ်နားကပ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းတစ်နေရာမှာ ခဏရပ်နားပြီး ကမ်းသာယာကမ်းခြေကို လှမ်းမျှော်ကြည့် ရတာကတော့ ကဗျာဆန်ပြီး အရမ်းလှပပါတယ်။ လမ်းတလျှောက်မှာတော့ တစ်ခါတစ်ခါ ပင်လယ်ကြီးကိုတွေ့ရ၊ အေးချမ်းလှတဲ့ ရွာတန်းရှည်များ၊ အုန်းပင်၊ ဓနိတောလေး တွေမြင်ရပြီး လွမ်းဖွယ်ကောင်း နေပါတော့တယ်။
ထိုမှတဆင့် ဆပ်သွား-ကျိန္တလီ-မင်းပြင်-သံတွဲမြို့မှ အနောက်ဖက် ၇မိုင်ခန့် ဆက်သွားလျှင် ငပလီမြို့သို့ရောက်ရှိနိူင်ပါတယ်။ သံတွဲမြို့စအဝင်မှာတော့ ကတ္တရာလမ်းအရမ်းကောင်းပြီး လမ်းလဲကျယ်သွားပါတယ်။ သံတွဲမြို့လယ်ကနေ ခွဲထွက်လာပြီး မိနစ် ၂၀ လောက်မောင်းတော့ ငပလီမြို့ လမ်းဆုံကိုရောက်ပါ တော့တယ်။
🏖️ ငပလီမြို့
ငပလီကိုရောက်ပြီဆိုတာနဲ့ တည်းခိုတဲ့နေရာကို အရင်မသွားဘဲ ငပလီကမ်းခြေရဲ့ ကြည်လင်လှတဲ့ပင်လယ်ရေ၊ လတ်ဆတ်လှတဲ့ပင်လယ်ရနံ နှင့် လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေကိုတွေ့တွေ့လိုက်ရချင်းပဲ ၁၂နာရီကျော် ကားမောင်းလာလို့ ပင်ပန်းထားသမျှ ပြေပျောက်သွားပါတယ်။ငပလီ ၏ မြောက်ဘက်မှာတော့ သံတွဲလေဆိပ်တည်ရှိပါတယ်။ တောင်ဘက်မှာတော့ ပုလဲကျွန်းတို့၊ တံငါရွာတို့ သွားလို့ရတဲ့ လှေဆိပ်တွေရှိပါတယ်။
ငပလီရောက်ရင် ရေကူးအပန်းဖြေရတာလွဲလို့ တခြား ဘာလုပ်ရမလဲဆိုတာစဉ်းစားစရာတခုပါ။ ပင်လယ်စာတွေပတ်စားလို့ရမဲ့အပြင် ဘေးပတ်ဝန်းအနီးအနားကိုလဲသွားလည်လို့ကောင်းမဲ့နေရာတွေ၊ သွားလို့ကောင်းတဲ့ သဘာဝ Adventure တွေအများကြီးရှိပါတယ်။ လည်ပတ်စရာနေရာတွေ သိရအောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။
🏖️ မဒေးတောင်ထိပ်ဘုရား (တိလောက သယမ္ဘူဗုဒ္ဓရုပ်ပွားတော်)
မဒေးတောင်ပေါ်ရှိ တိလောက သယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို အလိုတော်ပြည့် ဆရာတော်သြဝါဒဖြင့် ၂၀၀၈ ခုနှစ် မေလတွင် တည်ထား ပြီးစီးခဲ့ခြင်းဖြစ်ကာ ပင်လယ်ကမ်းစပ် တောင်ထိပ်ပေါ်တွင်ရှိပြီး ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်တွင် အဆိုပါ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးကြောင့် ရခိုင် ပြည်နယ်သို့ မုန်တိုင်းဝင်ရောက် ဖျက်ဆီးခြင်းမှ ကင်းလွတ်ခဲ့ရကြောင်း ဒေသခံများက ယုံကြည်လျက်ရှိကာ ယခုအခါတွင် ၎င်းဗုဒ္ဓရုပ်ပွားတော်မြတ် အတွင်းသို့ ဝင်ရောက်၍ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ရုပ်ကြွများ၊ ဓာတ်တော်တိုက် ဘုရားဝတ် ပြုရာနေရာများသို့ လေ့လာကြည်ညိုသူများ၊ နိုင်ငံခြားသား ဧည့်သည်များ ပုံမှန် လာရောက်လျက်ရှိသည်။
ပင်လယ်ကမ်းစပ်မှ အမြင့်ပေ ၆၀၀ ကျော်ခန့်တွင် တည်ရှိပြီး ရင်ပြင်တော်ပေါ်က ကြည့်ရင် ငပလီကမ်းခြေတစ်လျှောက် အလှတရားကို အပေါ်စီးမြင်ကွင်းဖြင့် မြင်တွေ့နိုင်ပါသည်။
🏖️ ကျောက်ကြီးကမ်းခြေ
ကျောက်ကလပ်/ ကျောက်ကြီး/ မောင်ရွှေလေး ကမ်းခြေတွေကတော့ လူသွားနည်းပြီး private beach လို ဖြစ်နေတာပါ. ပုံမှန်ဆို ဂျိတ်တော ရွာလှေဆိပ်ကနေ မိနစ် ၃၀ ကျော် သွားရမှာပါ. မောင်ရွှေလေးကမ်းခြေကတော့ တံငါရွာကမ်းခြေဖြစ်ပြီး သူမှာဖွင့်ထားတဲ့ lalay lodge မှာ ဧည့်သည်တွေအနေနဲ့ နေ့လယ်စာ ဝင်ရောက်စားသောက်နိုင်ပါတယ်။ ကျောက်ကြီး ကမ်းခြေကလည်း အရမ်းကို လှပပါတယ်. ကျောက်ကလပ်ကမ်းခြေကတော့ နာမည်အတိုင်း ကျောက်သားထု တွေက ကလပ်ပုံစံဖြစ်နေတာ. ကျောက်ဆောင်တွေရဲ့ အနီးတဝိုက်ကလည်း Snorkelling လုပ်ဖို့နေရာကောင်းပါပဲ. သူရဲ့ ရှေ့ဘက်နည်းနည်းဆက်သွားလိုက်မယ်ဆိုရင်လည်း သဘာဝတိုင်းဖြစ်နေတဲ့ ရေကန်ငယ်လေးကိုတွေ့ရမှာ ဖြစ်ပါတယ်။
🏖️ ကျွန်းပတ်ခရီးစဉ်
ငပလီကမ်းခြေကနေ ကျွန်းပတ်ခရီးစဉ်က တော့ ကျွန်းသုံးကျွန် းဖြစ်တဲ့ ပုလဲကျွန်းက ရေအတော်ကြည်ပြီး Snorkeling လုပ်လို့ကောင်းပါတယ်။ ငါးရောင်စုံလေးတွေ၊ ရေမှော်ပင်တွေ ခရုတွေ၊ ကျောက်တုံး ကျောက်ခက်တွေနှင့်ပြည့်နှက်နေ လို့ ရေအောက်ကမ္ဘာလေး တစ်ခုကို ရောက်သွားသလိုခံစားရမှာပါ။ ကျွန်းအနားတဝိုက် Snorkeling လုပ်လို့ရနိုင်တဲ့နေရာများ ၏ ရေအောက်ကြမ်းပြင်မှာ ကျောက်တုံးတွေ နေရာအနှံရှိနေလို့ တော်တော်သတိထားပြီး ရေငုပ်ရပါတယ်။ Snorkelling လုပ်တာက ငပလီကမ်းခြေရောက်ရင် မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ မီးပြတိုက်ရှိတဲ့ကျွန်း ကတော့ ဓာတ်ပုံရိုက်လို့တဲ့ လှ အောင် ဘာလီ ပုံစံ photo booth လေးတွေ လုပ်ပေးထားတယ်.. သူ့နားက ကျွန်းပေါ်မှာလည်း ချစ်သူစုံတွဲတွေ romantic dinner / date လုပ်လို့ရပါတယ်။ ကျွန်းပတ်ခရီးစဉ်သွားမယ်ဆို လှေတစီးဖိုး- ၃၀၀၀၀ ကနေစပါတယ်။ အများဆုံး ၅ ယောက်ပဲစီးလို့ရပါမယ်။
🏖️ ဇလွန်ဘုန်းကြီးကျောင်း
ငပလီရဲ့ နောက်ထပ် နာမည် ကြီး နေရာတစ်ခုဖြစ်ပါတယ်။၁၉၈၄ မှာ တရားကျင့်ကြံရင်း ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ရဲ့ ရုပ်ကလပ်အကြွင်းအကျန်ကို မှန်ဘောင်ထဲမှာ အပူဇော်ခံ ထည့်ထားတာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ကလည်းရှေးဟောင်းကျောင်းဖြစ်တာကြောင့် လှည့်ပတ်ကြည့်ရှူစရာတွေ များပါတယ်။
🏖️ Trekking And Mountain Biking
ခရီးသွားတော်တော်များက Trekking ဆိုရင် ရှမ်းပြည်တောင်တန်းများ ကလော Trekking တွေကိုမြင်ကြပါလိမ့်မယ်။ ငပလီရောက်ရင် ငပလီကမ်းခြေကနေအနီးနားပတ်ဝန်းကျင် ကမ်းခြေတွေ၊ ရခိုင်လူမျိုးများနေထိုင်တဲ့ ရွာတွေ လည်ပတ်လို့ရပါတယ်။Trekking လျှောက်တာပဲဖြစ်ဖြစ် Advanture Sport Mountain Biking စီးချင်သူများအတွက်ကလည်း များသောအားဖြင့် မြေပြန့်ဖြစ်လို့ နင်းရတာလွယ်ပါတယ်။ ပိုပြီး အားစိုက်ရတဲ့ Adventure တွေသွားချင်တယ်ဆို ဆင်စခန်းဘက်၊ ရခိုင်ရိုးမဘက်တွေ သွားလို့ရပါတယ်။
🏖️ Head to Toe massage
ငပလီသောင်ပြင်မှာ sunset ကြည့်ရင်းအနှိပ်ခံချင်တယ်ဆိုရင်တော့ မြပြင်ဆိုင်းဘုတ်နားမှာ Head to Toe Massage ရှိပါတယ်။ သူ့မှာ Traditional Massage, Thai Massage အပြင် 4 in 1 Massage ဆိုတာရှိတယ်။ လာတဲ့ ဧည့်သည်တိုင်းကို ဂျင်း လက်ဖက်ရည်နဲ့ဧည့်ခံပါတယ်။ပိုပြီး privacy ရှိချင်တယ်ဆိုရင် Amata ကဖွင့်ထားတဲ့Nabbana Spa လဲနာမည်ကြီးပါ။
🏖️ Sunrise And Sunset Point
ငပလီ ရဲ့အလှဆုံး နေဝင် နေထွက် ကြည့်ရန် နေရာနှစ်ခု- Sunrise နေထွက်ချိန်ကို အလှဆုံးနေရာက ကြည့်ချင်တယ်ဆိုရင်တော့ အချိန်အနည်းငယ်တော့ ပေးရမှာဖြစ်ပါတယ်.. သံတွဲမြို့ရဲ့ နံတော်ဘုရား တောင်ပေါ်ကကြည့်ရင် မြူတွေဆိုင်းနေတဲ့ ကြားကဖြာထွက်လာတဲ့ နေလုံးဟာ တော်တော်ကို လှပါတယ်။ ကမ္ဘာ့အလှဆုံး sunset တွေထဲက တစ်ခုအပါဝင်ဖြစ်တဲ့ ငပလီ ရဲ့ နေဝင်ချိန်ကို ဝိုင်/ ဘီယာလေးသောက်ပြီး သာ၂ယာ၂ ကြည့်ချင်သူတွေအတွက် PVI Restaurant၊ Sunset View Restaurant ရှိပါတယ်။
အခြားလည်ပတ်စရာများအနေနဲ့ Air Balloon စီးခြင်း၊ သံတွဲမြစ်တစ်လျှောက် စက်လှေစီးခြင်း ၊ ဆင်စခန်းသွားရောက်လည်ပတ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။
🏖️ အိမ်ပြန်ခရီး
အိမ်ပြန်ခရီးမှာ ငပလီ ကနေ အရင်ဆုံးသံတွဲမြို့ရဲ့ တန်ခိုးကြီးဘုရား သုံးဆူဖြစ်တဲ့ နံတော် / အံတော် / ဆံတော် ကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်.. ဘုရားတွေက တစ်နေရာစီဖြစ်ပေမဲ့ အရမ်းကြီး မဝေးပါဘူး. တောင်ထိပ်ပေါ်မှာတည်ထားတာ ဖြစ်ပြီး ဘုရားတစ်ခုစီ ကနေလည်း နောက် ဘုရားနှစ်ဆူကို မြင်တွေ့နိုင်ပါတယ်။သံတွဲဈေးထဲဝင်ပြီး ဒေသအစားအသောက်တွေဖြစ်တဲ့ မုန့်တီ / ကြိတ်မုန့်/ ကောက်ညှင်းထုတ် မြည်းစမ်းနိုင်သလို အိမ်ပြန်လက်ဆောင် ငါးခြောက်/ ပုစွန်ခြောက်စတာတွေလည်း ဝယ်ယူနိုင်ပါတယ်။ပုဇွန်ခြောက်လဲ အတော်သန့်ပြီး ကောင်းပါတယ်။ ရခိုင်ခြောက်(ငါးနီတူခြောက်) ကတော့ စျေးသင့်၊ သန့်ရှင်းပြီး လတ်ဆတ်ပါတယ်။
နိုင်ငံခြားကမ်းခြေေတွကို မသွားချင်သေးဘူး ပြည်တွင်းကမ်းခြေပဲသွားချင်တယ်ဆိုရင်တော့ ငပလီကမ်းခြေက သင့်ရဲ့ ရွေးကိုရွေးချယ်သင့်တဲ့ ကမ်းခြေပါပဲ ... 🏖️ ကိုဗစ်ကင်းစင်ပြီး နိုင်ငံငြိမ်းချမ်းသွားတဲ့အခါ Myan San နှင့်အတူ ခရီးအတူသွားဖို့ ကြိုဆိုပါတယ်ခင်ဗျာ။
🌿 Covid ကာလ မဖြစ်မနေ အရေးကြီးခရီးသွားလိုသော ဧည့်သည်တော်များနှင့် Business အတွက်အရေးကြီးခရီးထွက်လိုသောလူကြီးမင်းများအတွက် Mask , Hand Gel နှင့် ပိုးသတ်ထားပြီးသော ကားများဖြင့် Myan San Car Rental မှခရီးစဉ်များစီစဉ်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။
🌿 Covid 19 ကြောင့် လူအများနဲ့ Express ကား မစီးလိုသော ဧည့်သည်တော်များအတွက် ပိုးသတ်သန့်စင်ထားပြီးသော Private ကားစီးလုံးငှား သီးသန့် စီစဉ်ပေးခြင်း။
🌿 မိသားစုနှင့်အတူ Covid နဲ့ ကင်းဝေးစွာ အပန်းဖြေအနားယူလိုသော ဧည့်သည်တော်များအတွက် ခရီးစဉ်များစီစဉ်ပေးခြင်း။
🌿 ကိုယ်ပိုင်ကားရှိပြီး လမ်းခရီးလုံခြုံရေးအရ ကိုယ်တိုင် ကား မမောင်းလိုသော ဧည့်သည်တော်များအတွက် Mask, Hand Gel အပြည့်အစုံနဲ့ Covid Test စစ်ဆေးထားပြီးသော ကျွမ်းကျင်ယာဉ်မောင်းသီးသန့် များဖြင့် ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ
🌿 ခရီးလမ်းကို ငြိမ့်ငြိမ့်ညောင်းညောင်း နှင့် ကားကို ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်တာက ခရီးသည် လူကြီးမင်းများအပေါ်မှာထားရှိသော
ကျွန်တော်တို့ Myan San Car Rental ရဲ့ အကောင်းမွန်ဆုံး Service ြဖစ်ပါတယ်ခင်ဗျာ။
🌿 အဝေးပြေးကားလက်မှတ်များကို အဝေးပြေးဂိတ်များဆီသို့ သွားဝယ်စရာမလိုဘဲ အချိန်ကုန် ငွေကုန် လူပင်ပန်းမှု သက်သာစွာ ကားလက်မှတ်မူရင်းဈေးနှုန်းအတိုင်း AYA Mobile Banking , Kpay , Wave Money ဖြင့် ဝယ်ယူနိုင်ပြီး Highway Bus E-TICKET စနစ်ကို အသုံးပြုကာ လိုရာခရီးကို သွားကြရအောင် 🚌🚐
🌿 ခရီးသည်လူကြီးမင်းနာမည် နှင့် ခရီးသည်လူဦးရေ ၊ မှတ်ပုံတင်နံပါတ် ၊ သွားလိုသည့် နေရာ ၊ အချိန် ၊ စီးနင်းလိုသည့် Express Bus ၊ များကို ပြောပြပြီး
🌿 Kpay , Wave Money , AYA Mobile Banking ကို အသုံးပြုပြီး ဝယ်ယူနိုင်ပြီး ငွေလွှဲပြီးတာနှင့် E-Ticket Code No နှင့် E - Ticket ကို လူကြီးမင်း ဖုန်းထဲကို SMS Message နဲ့ Email ကို ပို့ပေးလိုက်မှာဘဲ ဖြစ်ပါတယ်။
အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းဝယ်ယူလိုပါက Ph No 09-782709558 ( Viber , Telegram ) ဆက်သွယ်ဝယ်ယူနိုင်သလို
https://www.facebook.com/MyanSanCarRentalMyanmar/
🌿 ခရီးစဉ်တိုင်းအတွက် စိတ်ကျေနပ်ပျော်ရွှင်မှု အပြည့်အဝ ရရှိစေဖို့ Myan San Rental Service Page Chat Box သို့ Ph No 09-782709558 ကို 24 နာရီ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
🏕️🏞️