07/01/2026
Electric Daisy Carnival (EDC) ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူငယ်တွေကြားထဲမှာ popular အဖြစ်ဆုံး EDM Festival တွေထဲက တစ်ခုဖြစ်ပါတယ်။ Insomniac Events က စီစဉ်ကျင်းပပြီး House, Techno, Trance, Dubstep, Drum & Bass စတဲ့ EDM genre များစွာကို Talented Artists များစွာက ဖျော်ဖြေတင်ဆက်ပေးပါတယ်။ EDC ကို ဂီတပွဲတစ်ခုသာမက မျက်စိအာရုံဆွဲဆောင်သော laser မီးတန်းများ,ထူးခြားဆန်းပြားသော stageအပြင်အဆင်နှင့်ပွဲကိုလာရောက်သော ravers တို့ရဲ့ စည်းချက်ညီစွာ ကခုန် ပျော်ရွှင်မှုတို့ကြောင့်အတွေ့အကြုံပေါင်းစုံပါတဲ့ ဖန်တီးမှုကမ္ဘာတစ်ခု လို့တောင် ခေါ်ကြပါတယ်။
EDC ရဲ့ သမိုင်းအကျဉ်း
၁၉၉၁ ခုနှစ်မှာ အမေရိကန်နိုင်ငံ Southern California မှာ စတင်ခဲ့ပါတယ်အစမှာတော့ သေးငယ်တဲ့ rave party တစ်ခုသာ ဖြစ်ခဲ့ပြီး၂၀၁၁ ခုနှစ်မှစပြီး Las Vegas ကို အဓိကကျင်းပရာနေရာအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာတော့ ၃ ရက်တာကျင်းပတဲ့ EDCဟာ လူ ၅ သိန်းကျော် လာရောက်ပျော်ရွှင်ကြပြီး မြောက်အမေရိကအကြီးဆုံး EDM Festival ဖြစ်လာပါတယ်EDC ဟာ
Las Vegas တစ်နေရာတည်းသာမက�🌍 Mexico, Orlando, China, Korea, Thailand စတဲ့ နိုင်ငံများမှာပါ ကျင်းပနေပါတယ်။
🥳 PLUR Culture (Peace, Love, Unity, Respect)
EDC ရဲ့ အရေးကြီးဆုံးအချက်တစ်ခုကတော့�💖 PLUR Culture ဖြစ်ပါတယ်—
* Peace (ငြိမ်းချမ်းမှု)
* Love (ချစ်ခြင်း)
* Unity (ညီညွတ်မှု)
* Respect (လေးစားမှု)
လူတွေက�👕 အရောင်စုံဝတ်ဆင်ကြတယ်�💎 Kandi bracelet လက်ဆောင်ပေးကြတယ်�🤝 အပြန်အလှန်ရင်းနှီးမှုနဲ့ ပျော်ရွှင်ကြတယ်
EDC ကို သွားရောက်ရင် ကမ္ဘာအနှံ့က လူတွေကို တွေ့ရပါတယ်။🇯🇵 🇫🇷 🇹🇭 🇲🇲 နိုင်ငံမျိုးစုံ၊ အရောင်စုံဝတ်စုံများ ချစ်ခြင်းနဲ့ လေးစားမှုအပြည့်ရှိတဲ့ PLUR Culture လူစိမ်းဖြစ်ပေမယ့်🤝 တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေလို ဆက်ဆံကြတာက EDC festival ရဲ့ အလှဆုံးအပိုင်းတစ်ခုပါပဲ။EDC ဟာ လူမျိုး၊ နိုင်ငံ မခွဲခြားဘဲ အားလုံးအတွက် ပျော်စရာကမ္ဘာသစ်တစ်ခု လည်းဖြစ်ပါတယ်။
ယခုအခါ ဖူးခက်မှာ January လ ၁၆ , ၁၇ , ၁၈ ၃ရက်တာ ကျင်းပတော့မယ့် EDC festival ဟာ သင့်ကို စောင့် ကြိုနေမှာ ဖြစ်တာကြောင့် EDM music ချစ်သူတို့အတွက် လက်လွတ်မခံသင့်တဲ့ festival ကောင်းတစ်ခုပါနော်
ကျွန်တော်တို့ Mingalar Tavoy Travel & Tour မှ ခရီးသွား Package လေးတွေလည်း စီစဉ်နေတာကြောင့် Stay Tuned ပါနော် 🤘🏼🤘🏼