လောကသင်္ဂဟ မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးနှင့်အပန်းဖြေခရီးသွားလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • လောကသင်္ဂဟ မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးနှင့်အပန်းဖြေခရီးသွားလုပ်ငန်း

လောကသင်္ဂဟ မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးနှင့်အပန်းဖြေခရီးသွားလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လောကသင်္ဂဟ မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးနှင့်အပန်းဖြေခရီးသွားလုပ်ငန်း, Tour Agency, Street, 3rd Ward, Kmy, Yangon.

( WW-3 အတွက် EU ပြင်ဆင်လေ့ကျင့် )နှစ် (၈၀)ကျော်အတွင်း WW-3 တပ်လှန့်သံ အညံဆုံးအချိန်လို့ ပြောရလိမ့်မယ်၊EU ရဲ့ Crisis mana...
27/03/2025

( WW-3 အတွက် EU ပြင်ဆင်လေ့ကျင့် )

နှစ် (၈၀)ကျော်အတွင်း WW-3 တပ်လှန့်သံ အညံဆုံးအချိန်လို့ ပြောရလိမ့်မယ်၊

EU ရဲ့ Crisis management ( ပဋိပက္ခတ်ကာလ စီမံခန့်ခွဲ့မှု ) ကော်မရှင်နာ Hadja Lahbib က WW-3 နဲ့အခြား ပြသနာကြီးကြီးမားမား ဖြစ်လာခဲ့မယ်ဆိုရင် ဥရောပသားတွေအားလုံး (၇၂) နာရီစာ အစားအစာနဲ့ သက်ကယ်ဆေးဝါးတွေ စုဆောင်းအဆင်သင့်လုပ်ထားကြရမဲ့ အစီအစဉ်ကို တင်သွင်းလာခဲ့တယ်လို့ဆိုတယ်၊

မနေ့ကလဲ UK က ပိုလန်နဲ့အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတခုခုကိုရုရှားဖက်က ဝင်ရောက်ကျူးကျော်ခဲ့မယ်ဆိုရင် အလွန်ပြင်းထန်ပြီး ပျက်စီးမှုကြီးမားတဲ့ တုန့်ပြန်မှုကိုရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားခဲ့တယ်၊

WW-3 ကိုအဲ့သလောက်နီးနီးကပ်ကပ်မျှော်လင့်ထားကြပုံ တွေ့ရတော့ စိုးရိမ်စရာဖြစ်လာရပါတယ်၊

BaMg

27/03/2025

ချစ်မောင်မှ သံလုံးထံ ပေးသောစာ

✨ပန်ထွာဧကရီ၏ အမုန်းကျိန်စာ✨-------------------------------------------သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ...
20/08/2022

✨ပန်ထွာဧကရီ၏ အမုန်းကျိန်စာ✨
-------------------------------------------
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ် ချုပ်နေခဲ့သည်။ ( ရာဇဝင်ကျမ်းများအရ “ပြည်” ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါ သည်။)

ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တ ကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)

စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။

ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိ ဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။( ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။

နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး

ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။)

ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့

ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။

သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။

သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ

၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုး ထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။

(ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရ သေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။

ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိ သည်။

” သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။”ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ် လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။

ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန် ထွာဘုရင် မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။

သို့ရာတွင် အ တွင်းလူများက မင်းကြီးသည် ဘုန်း ကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ ( အချို့က သုဿန်မှ အဝတ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပဝါ အဖြစ် ဆက်သပြီး ထို့ နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။

ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာ သုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။

မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။-” ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါ သည်။

ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက် စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါ စေ”

ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။

သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။

အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက် တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။

Credit –photo/ မူရင်းရေးသားသူအား လေးစားစွာဖြင့်
--------------------------------------------------------

🙏 မင်္ဂလာပါခင်ဗျာ 🙏🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမျှော်မည့် ခရီးစဉ် 🙏 🙏 အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမ...
17/03/2022

🙏 မင်္ဂလာပါခင်ဗျာ 🙏

🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမျှော်မည့် ခရီးစဉ် 🙏

🙏 အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီးအားထူးထူးခြားခြား
တစ်ခေါက်သွားဖူးရုံတင်နဲ့ { 2 } ကြိမ်တိုင်တိုင်
ဖူးမျှော်ကြည်ညိုရမည့် ခရီးစဉ္ လေးပါ ခင်ဗျ

🚌 ကားခစျေးနူန်းလေးကလဲ အခုခေတ်ကာလနဲ့ဆိုရင်
တန်တန်နဲ့မည်အောင်တန်နေတဲ့အတွက်
ဆရာတော်ဘုရားကြီးအားကုသိုလ်ပြု ကုသိုလ်ထူး ခရီးစဉ္လေး အားလိုက်ပါဖို့ဖိတ်ခေါပရစေ
ခင်ဗျာ ။

👉 တစ်ဦး ကားခ သီးသန့် { 7 0 0 0 0 } Ks 👈

🚌 ခရီးစဉ် ထွက်မည့်ရက် 🚌

🌇 25 . 3 .2021 { သောကြာ မနက်စထွက်ပါမည် }
🌇 27 . 3 . 2021 { ညပြန်ရောက် ပါမည် }

🙏 ဆရာတော်ဘုရားကြီးကိုဖူးမျှော်ပါမည် ။

🙏နတ်တလူ မင်းဘိသိတ်ခံဘုရားကို ဖူးမျှော်ပါမည်။

🙏 စစ်ကိုင်းကောင်းမှုတော်စေတီ ဘုရားကြီးအားဖူးမျှော်ပါမည် ။

😍 ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုများ 😍

🚌 (Aircon Express 33/45 seater)
🙏 ဆရာတော်ကြီးကျောင်းတွင် 2 ည
🧂 ရေသန့် { အကန့်သတ်မရှိ } 🥰
👉 mask / hand gel
👱 ဖော်ရွှေပျူ ဌာ၍ အတွေ့ကြုံရှိသော tour leader
💊 အခြေခံသုံးအိမ်သုံးဆေးဝါးများ

👉လက်မှတ်များကို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးပါသည် 🥰

🥰 လူဦးရေ အကန့်အသတ်နှင့် စိတ်အေးချမ်းစွာ ဖူးမျှော်နိုင်စေရန် အကောင်းဆုံးဝန်ဆောင်မှုပေးတာကြောင့် လူမပြည့်ခင်
ဆက်သွယ်လိုက်ပါတော့ဗျာ 😍

📞 လက်မှတ်များဆက်သွယ်မှာယူလိုလျှင် အမြန်
hello လိုက်ပါတော့ ခင်ဗျာ

☎ 09 987551015
☎ 09 450696180

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဆွမ်းခံကြွတော်မူမည် ဆရာတော်ဘုရားကြီးအားသွားရောက်ဖူးမျှော်ကြည်ညိုကျပါမည်ခင...
16/03/2022

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
ဆွမ်းခံကြွတော်မူမည်
ဆရာတော်ဘုရားကြီးအား
သွားရောက်ဖူးမျှော်ကြည်ညို
ကျပါမည်ခင်ဗျာ

သွားရောက် ဖူးမျှော်ကြည်ညိုမည့်
ခရီးစဉ္နေ့ရက်အား
ပြန်လည်တင်ပေးပမည် ခင်ဗျာ

10/12/2021

⋙⋙⋙ နန်းအွန်လွိုင် (Nang Onn Loi - Mountain View Vacation House) ဆိုတာ ဘာလဲ?
⤐⤐⤐ နန်းအွန်တောင်၏သဘာ၀အလှတရားများကို အပြည့်အ၀ခံစားနိုင်သော အပန်းဖြေနားနေစရာအိမ်တစ်လုံးဖြစ်ပါသည် 👍👍👍
☆☆☆☆☆☆☆
⋙⋙⋙ ဘယ်လိုအလှတရားများကို ခံစားနိုင်မှာလဲ?
⤐⤐⤐ မည်သည့်နေရာကိုမှ တကူးတက သွားရောက်ရန်မလိုဘဲ Nang Onn Loi - Mountain View Vacation House အိမ်မှပင် နံနက်အိမ်ယာနိုးချိန်တိုင်း တိမ်ပင်လယ်အား ကြည့်ရှုခံစားနိုင်ခြင်း၊ နှင်းမှုန်များလွင့်ပြယ်သွားသောအခါ Little Switzerland ဟု တင်စားခေါ်ဝေါ်နိုင်လောက်သော Nang Onn Loi ခေါ် ဗျိုက်တောင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ဆေးရောင်စုံ စိုက်ခင်းများ၏ အလှတရားများ ကြည့်ရှုခံစားနိုင်ခြင်း 👍👍👍
☆☆☆☆☆☆☆
⋙⋙⋙ Nang Onn Loi - Mountain View Vacation House မှာ တည်းခိုပါက အားသာချက်ဘာတွေရှိမလဲ?
⤐ အိမ်တစ်လုံးလုံးအား ထင်းရှုးသစ်များဖြင့် တည်ဆောက်ထားသောကြောင့် သင်းပျံ့သော ထင်းရှုးရနံနှင့်အတူ ကလောမြို့ကလေး၏ အရသာကို အပြည့်အ၀ခံစားနိုင်ခြင်း 👍
⤐ အခြားသော နားနေစရာအိမ်များကဲ့ Modern Life ပုံစံမျိုးမဟုတ်ဘဲ ကွဲပြားခြားနားစေရန်အတွက် ဒေသခံတိုင်းရင်းသားအငွေ့အသက်များဖြင့် တန်ဆာဆင်ထားပြီး ဟော်တယ်တစ်ခုကဲ့သို့ အဆင့်မြင့်မြင့် တည်းခိုနိုင်ခြင်း 👍
⤐ ဟော်တယ်တွင် တည်းခိုရသည့်ပုံစံမျိုးမဟုတ်ဘဲ၊ ကိုယ်ပိုင်လုံးချင်းအိမ်တစ်လုံးကဲ့သို့ လွတ်လပ်စွာတည်းခိုနိုင်ခြင်း 👍
☞ ဧည့်ခန်း(၁)ခန်း၊ ထမင်းစားခန်း (၁)ခန်း၊ (၂)ယောက်အိပ်ခန်း (၃)ခန်းပါဝင်ပြီး လူ (၆)ယောက်စာ ကျယ်ဝန်းသပ်ရပ်စွာတည်းခိုနိုင်ပြီး လုံလောက်သော Car Packing တည်ရှိခြင်း 👍

နန်းအွန်လွိုင် (ခ) ဗျိုက်တောင်အလှ ခံ?

09/12/2021
အချစ်တို့ တွက် ဒီတစ်ခေါက်ရှမ်းပြည်တောင်ပိုင်းထွက် ရာသီပေါ် 🥑ထောပတ်သီး အကိတ်လေးတွေရှယ် မင်မင်ရောင်း ပေးမယ်နော် 😍😍😍🥑ထောပတ်...
09/12/2021

အချစ်တို့ တွက် ဒီတစ်ခေါက်
ရှမ်းပြည်တောင်ပိုင်းထွက် ရာသီပေါ်
🥑ထောပတ်သီး အကိတ်လေးတွေရှယ် မင်မင်ရောင်း ပေးမယ်နော် 😍😍😍

🥑ထောပတ်သီး{ ၁ }လုံးစျေး= ၅၅၀ ကျပ်

🥑ထောပတ်သီး { အိတ်ဝက်စျေး} = ၂၄၀၀၀ကျပ်

🥑ထောပတ်သီးအကြီး{ ၁ }အိတ်စျေး=၄၂၀၀၀ကျပ်

🥑 အလုံးကြီးလားသေးလားကတော့ပုံမှာ ပြထားတာသာကြည့်ပေးကျပါခင်ဗျာ 😍😍😍

ကဲ ထောပတ်သီး ကြိုက်နှစ်သတ်ကျတဲ့
မင်မင်အချစ်ဆုံးတို့ရေ မှာခြင်တယ်ဆိုရင်တော့

Messenger { or } ☎️ Ph 09 987551015
09 787776949
သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ် ခင်ဗျာ ။

တောင်ပိုင်းရှမ်းပြည် ဒေသထွက်ကုန်မျူိးစုံကိုလည်း
မင်မင်အချစ်ဆုံးတို့ စားခြင်တယ်ဆိုရင်
ဖုန်းဆက်ပီးမှာပေးကျပါနော် မင်မင်ကတော့
အကောင်းဆုံးတွေကိုဘဲ ရောင်းချပေးသွားမှာပါခင်ဗျာ🥰🥰🥰

🚕ရန်ကုန်မြို့တွင်း ပို့ခ များ မြို့နယ်အလိုက်ကွာခြားမူ့ရှိပါတယ် ခင်ဗျာ

🏞️နယ်မြို့များကလည်း ရှမ်းဒေသ ထွက်ကုန်အမျူိးမျူိးကို မှာယူလိုပါက ကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးပါသည်ခင်ဗျာ

ကဲ ဒီညကနေစပီး အော်ဒါများလက်ခံနေပါ
၁၂ ရက်နေ့ ည နောက်ဆုံးထားပီးအော်ဒါများ
တင်ပေးကျပါခင်ဗျာ 😍😍😍

#နွေဉီးဒေသထွက်ကုန်အမျူိးမျူိးလက်လီလက္ကားရောင်းဝယ်ရေ ။

Address

Street, 3rd Ward, Kmy
Yangon
11041

Telephone

+959429999887

Website

Alerts

Be the first to know and let us send you an email when လောကသင်္ဂဟ မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးနှင့်အပန်းဖြေခရီးသွားလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category