21/10/2026
👑 Celebrating 17 Years💚💛
ဒီနေ့ 21 October 2026 မှာ UA ရုံး ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်မှာ စတင်တည်ထောင်ခဲ့တာ ၁၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။
ဒီနေ့ ဒီအချိန်အထိ Unique Asia Travels အနေနဲ့ ခရီးသွားလုပ်ငန်းလောကမှာ နေရာတစ်ခုကနေ မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့တာဟာ UA ရဲ့ ဝန်ထမ်းကောင်းလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ UA ကို အမြဲချစ်ခင်ယုံကြည်ပြီး နှစ်ပေါင်းများစွာ စိတ်ချလက်ချ အားပေးလာခဲ့ကြတဲ့ ချစ်ရတဲ့ Customers တွေရဲ့ မေတ္တာတွေနဲ့ အားပေးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
အဲ့ဒီ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ အားပေးမှုတွေအားလုံးအတွက် UA Team ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ 🙏
ဖြတ်သန်းခဲ့တဲ့ ၁၇ နှစ်တာ ခရီးတစ်လျှောက်မှာ ပျော်ရွှင်စရာ အောင်မြင်မှုတွေ ရှိခဲ့သလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း မနည်းခဲ့ပါဘူး။
ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း၊ တက်ညီလက်ညီနဲ့ အတူတူ ကြိုးစားဖြတ်သန်းခဲ့ကြတဲ့ နေ့ရက်တွေကိုလည်း အမြဲအမှတ်ရနေမှာပါ။
၁၇ နှစ်ဆိုတဲ့ အချိန်ကာလဟာ နောက်ထပ် ပိုကောင်းတဲ့ ခရီးတစ်ခုရဲ့ အစပဲ ဖြစ်ပါတယ်။
ရှေ့ဆက်ပြီးတော့လည်း UA ကို ယုံကြည်အားပေးကြတဲ့ Customers တွေအတွက် ဒီထက်ပိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ပိုမိုစိတ်ချမ်းသာစရာကောင်းတဲ့ ခရီးသွားအတွေ့အကြုံတွေ ပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်။
17 Years of Trust, Dedication & Togetherness.
Our Foundation, Our Future. 💚