25/03/2024
#မေး။
Company တခုထောင်ထားပီးဆိုလုပ်ငန်းမလုပ်ရသေးလဲအခွန်ရှင်းဖို့လိုလားရှင်
အခွန်ရှင်းရမယ်ဆိုရင် လုပ်ဆောင်ရမယ့်အဆင့်လေးတွေပြောပြပေးပါနော်။
#ဖြေ။
ကုမ္ပဏီတစ်ခုတည်ထောင်ပြီးနောက်လုပ်ငန်းမလုပ်ရသေးသော်လည်းအခွန်ကိစ္စရပ်များကိုဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်၊
ပထမဦးစွာ၂၀၁၇ကုမ္ပဏီဥပဒေအရကုမ္ပဏီတည်ထောင်ပြီးရက်ပေါင်း၉၀အတွင်းအခွန်ထမ်းအဖြစ်မှတ်ပုံတင်ခြင်းအားOnline မှဆောင်ရွက်ရပါမည်၊
Online မှမှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီးအခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးအနေဖြင့်တင်ပြလာသည့်အချက်အလက်များပြည့်စုံမှန်ကန်မှုရှိမရှိစိစစ်ပြီးပြည့်စုံမှန်ကန်ပါက၃ရက်အတွင်းအခွန်ထမ်းမှတ်ပုံတင်လက်မှတ်ကိုe mailဖြင့်ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်၊
e mailမှပေးပို့သည့်အခွန်ထမ်းမှတ်ပုံတင်လက်မှတ်ပါအခွန်ရုံးသို့အခွန်ထမ်းကုမ္ပဏီအနေဖြင့်ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်၊
အခွန်ရုံးနှင့်ဆက်သွယ်ဆောင်ရွက်ပြီးပါက
ဆက်လက်ပြီးextract formပါအစုရှယ်ယာရှင်များထည့်ဝင်ထားသည့်အစုရှယ်ယာများအား
ဆိုင်ရာအစုရှယ်ယာရှင်နေထိုင်သည့်မြို့နယ်အခွန်ရုံးများတွင်ဝင်ငွေရလမ်းစိစစ်မှုခံယူရမှာဖြစ်ပါတယ်၊
အစုရှယ်ယာများအားဝင်ငွေရလမ်းစိစစ်မြှခံယူပြီးပါကကုမ္ပဏီ၏ထည့်ဝင်ငွေPaid up Capital သည်မည်သည့်လုပ်ငန်းကိုမဆိုလုပ်ကိုင်ဆောင်ရွက်နိုင်သည့်အနေအထားသို့ရောက်ရှိသွားပြီဖြစ်ပါတယ်၊
အလုပ်လုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေနှစ်စဉ်ဧပြီလ၁ရက်နေ့မှဇွန်လကုန်အတွင်းကြေညာလွှာတင်သွင်းရမှာဖြစ်ပြီး
အခွန်ရုံးများမှအခွန်ထမ်းကုမ္ပဏီတင်ပြထားသည့်ကြေညာလွှာအပေါ်အခြေပြုပြီးအခွန်စည်းကြပ်မှုဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊
လုပ်ငန်းမလုပ်ထားပါကအခွန်မကျနိုင်ပါ၊
သို့သော်ရက်ပေါင်း၉၀အတွင်းအခွန်ထမ်းအဖြစ်မှတ်ပုံမတင်ထားခြင်း၊
သတ်မှတ်အချိန်တွင်ကြေညာလွှာမတင်
သွင်းခြင်းများရှိခဲ့ပါကဒဏ်ငွေများကျသင့်နိုင်ပါကြောင်းဖြေကြားအပ်ပါတယ်ခင်ဗျား။
#ကချင်လေးအွန်ဂျူး