Travel Blogs

Travel Blogs My dream my life ,so this is my world

03/01/2019

💢 အလုပ်​အကိုင်​အခွင့်​အလမ်း 💢

AureumTravels & Tours မှ အောက်ဖော်ပြပါ ရာထူးများအတွက်ခရီးသွားလုပ်ငန်းအားစိတ်ပါဝင်စားသု ၊ ရိုးသားကြိုးစားလိုသောလူငယ်များအားအလိုရှိပါသည်။

(၁) Tour Operator (ကျား)
- ပြည်တွင်းခရီးစဉ်များအား ကျွမ်းကျင်စွာရေးဆွဲနိုင်ပြီး ခရီးစရိတ်များအား မြန်ဆန်တိကျစွာ တွက်ချက်နိုင်ရမည်။
- Tour Plan များအား ရာသီအလိုက် စနစ်တကျရေးဆွဲနိုင်ရမည်။
- လိုအပ်သော Contracting နှင့် Reservation များအား စနစ်တကျ လုပ်ဆောင်နိုင်ရမည်။
- သတ်မှတ်ထားသော အချိန်အတွင်း မိမိတာဝန်များကို ပြီးစီးအောင် စီစဉ်ဆောင်ရွက် နိုင်ရမည်။
- အင်္ဂလိပ်စကား (4 skills) ပြောနိုင်ရမည်။ (Intermediate Level အနည်းဆုံးရှိရမည်)
- Computer (Internet & Email, Word, Excel, Power Point) အသုံးပြုနိုင်ရမည်။
- အချိန်မရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။
- စိတ်ရှည်သည်းခံနိုင်စွမ်းရှိကာ ဆက်ဆံရေးကောင်းမွန်၍ သွက်လက်ထက်မြတ် သူဖြစ်ရမည်။
- Customers service အထူးကောင်းမွန်ကာ ရံဖန်ရံခါ ကြုံတွေ့လာနိုင်သော complain များကို ဖြေရှင်းနိုင်ရမည်။
- လုပ်ငန်းအတွေ့ကြုံ အနည်းဆုံး ၁နှစ် ရှိရမည်။
- ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။
- Photo Edit လုပ်နိုင်သူ ၊ ကျောင်းကိစ္စကင်းရှင်းသူ ၊ ခရီးသွားအတွေ့ကြုံရှိသူ ၊
သင်္ယန်းကျွန်း နှင့် အနီးတစ်ဝိုက်နေသူများအား ဦးစားပေးပါမည်။

(၂) F.O (ကျား/မ)
- အင်္ဂလိပ်စကားပြောနိုင်ရမည်။ (Intermediate Level အနည်းဆုံးရှိရမည်)
- Computer (Internet & Email, Word, Excel, Power Point) အသုံးပြုနိုင်ရမည်။
- ရုပ်ရည် အသင့်အတင့်ရှိရမည်။
- စိတ်ရှည်သည်းခံနိုင်စွမ်းရှိကာ ဆက်ဆံရေးကောင်းမွန်၍ သွက်လက်ထက်မြတ် သူဖြစ်ရမည်။
- စကားပြောယဉ်ကျေးသိမ်မွေ့ရမည်။
- ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။
- Photo Edit လုပ်နိုင်သူ ၊ ကျောင်းကိစ္စကင်းရှင်းသူ ၊ သင်္ယန်းကျွန်း နှင့် အနီးတစ်ဝိုက်နေသူများအား ဦးစားပေးပါမည်။

(၃) ပြည်တွင်း Tour Leader (ကျား/မ) - Part time
- Tour Leader အတွေ့ကြုံရှိသူဖြစ်ရမည်။
- အချိန်မရွေး၊ ဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။
- ပြည်တွင်း ခရီးစဉ်ဒေသနှင့်ပတ်သက်သော ဒေဿ န္တရ ဗဟုသုတများ သိရှိပြီးဖြစ်ရမည်။
- ရုပ်ရည် အသင့်အတင့်ရှိရမည်။
- စိတ်ရှည်သည်းခံနိုင်စွမ်းရှိကာ ဆက်ဆံရေးကောင်းမွန်၍ သွက်လက်ထက်မြတ်သူဖြစ်ရမည်။
- စကားပြောယဉ်ကျေးသိမ်မွေ့ရမည်။
- ကျန်းမာရေးကောင်းမွန်ရမည်။
- Customers service အထူးကောင်းမွန်ကာ ရံဖန်ရံခါ ကြုံတွေ့လာနိုင်သော complain များကို ဖြေရှင်းနိုင်ရမည်။

(၄) ပြည်ပ Tour Leader (ကျား/မ) - Part time
- Tour Leader အတွေ့ကြုံရှိသူဖြစ်ရမည်။
- အချိန်မရွေး၊ ဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။
- သွားရောက်မည့် ပြည်ပ ခရီးစဉ်ဒေသနှင့်ပတ်သက်သော ဒေဿ န္တရ ဗဟုသုတများ သိရှိပြီးဖြစ်ရမည်။
- ရုပ်ရည် အသင့်အတင့်ရှိရမည်။
- စိတ်ရှည်သည်းခံနိုင်စွမ်းရှိကာ ဆက်ဆံရေးကောင်းမွန်၍ သွက်လက်ထက်မြတ်သူဖြစ်ရမည်။
- စကားပြောယဉ်ကျေးသိမ်မွေ့ရမည်။
- ကျန်းမာရေးကောင်းမွန်ရမည်။
- Customers service အထူးကောင်းမွန်ကာ ရံဖန်ရံခါ ကြုံတွေ့လာနိုင်သော complain များကို ဖြေရှင်းနိုင်ရမည်။

လျှောက်ထားလိုသူသည် မျှော်မှန်းလစာ နှင့်အတူ CV Form အား [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Address: အမှတ် ၁၀F, မေခအိမ်ယာ, လေးထောင့်ကန်လမ်း, သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။ (ဘ၀မြင့်နှင့် BOC မှတ်တိုင်ကြား)
Phone: 09443888063

💢 အလုပ်​အကိုင်​အခွင့်​အလမ်း 💢နေလထွဋ်ခေါင် အဆင့်မြင့်ခရီးသွားဝန်ဆောင်မူ နှင့် လက်တွဲရန် အောက်ပါဝန်ထမ်းများ အလိုရှိနေပါ...
15/12/2018

💢 အလုပ်​အကိုင်​အခွင့်​အလမ်း 💢

နေလထွဋ်ခေါင်

အဆင့်မြင့်ခရီးသွားဝန်ဆောင်မူ နှင့် လက်တွဲရန် အောက်ပါဝန်ထမ်းများ အလိုရှိနေပါသည်။

>> Domestic Tour Leader ( ကျားသီးသန့် ) ၅ ဦး

💢 အလုပ်​​ခေါ်စာ 💢ပြောင်းလဲလိုက်ရင် အဆင်ပြေပါ့မလား? ဆိုပြီး တွေးမိနေတိုင်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက သင့်ကိုစောင့်ဆိုင်းနေမ...
06/12/2018

💢 အလုပ်​​ခေါ်စာ 💢

ပြောင်းလဲလိုက်ရင် အဆင်ပြေပါ့မလား? ဆိုပြီး တွေးမိနေတိုင်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက သင့်ကိုစောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ချဉ်းကပ်မှုအသစ်နဲ့ မြန်မာ့ယဉ်ကျေးမှုကို တိုင်းတစ်ပါးဆီ တင်ပို့ချင်ပါတယ်။

ရိုးရိုးလေးပဲ နားလည်ထားတာက Travel Company တွေက ဆိုင်ရာနိုင်ငံရဲ့ ယဉ်ကျေးမှုသံတမန်တွေပါ။

ကိုယ်ချစ်တဲ့မိသားစု၊ လူမျိုးနဲ့ နိုင်ငံကို ဆွဲ မ,ချင်တဲ့ လူငယ်တွေကို ရှာဖွေနေပါတယ်။

✅ အလုပ်သင် Online Sale Manager (2 ဦး)
✅ အလုပ်သင် Reservation Manager (2 ဦး)
✅ အလုပ်သင် Tour Leader (3 ဦး)

----------
☑ ခံစားခွင့်များ
----------

🔹 အခြေခံလစာ 200000 ks ++
🔹 လစဉ်အမြတ်ရာခိုင်နှုန်း
🔹 တူညီဝတ်စုံ နှင့်ပွဲတက်ဝတ်စုံများ အခမဲ့ (နှောင်ကြိုးမဲ့ ) ရယူခွင့်
🔹 ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် သင်တန်းများ အခမဲ့ ( နှောင်ကြိုးမဲ့ ) တက်ရောက်ခွင့်
🔹 နိုင်ငံခြားသို့ Company ကိုယ်စားပြု စီးပွားရေးနှင့်ဆိုင်သော အစည်းအဝေးများအခမဲ့ ( နှောင်ကြိုးမဲ့ ) တက်ရောက်ခွင့်
🔹 နိုင်ငံခြားခရီးစဉ်များသို့ Tour Leader အနေနှင့်လိုက်ပါခွင့်
🔹 Tour Leader အနေနှင့်လိုက်ပါစဉ်အတွင်း နိုင်ငံအလိုက် ထောက်ပံ့ကြေးများခံစားခွင့်
🔹 Travel & Tour လုပ်သက် ဆယ့်ငါးနှစ်ခန့်ရှိသော BOD များထံမှ Travel Opreation နှင့်သက်ဆိုင်သော အတွေ့အကြုံများသင်ယူခွင့်

----------
☑ အခြေခံလိုအပ်ချက်များ
----------

🔹 မြန်မာစကားအား လိုရင်းရောက်အောင် ပီသ၊ ရှင်းလင်းစွာ ပြောနိုင်ခြင်း
🔹 အသက်၂၀ မှ ၂၅ နှစ်အတွင်း တက္ကသိုလ်တခုခုမှဘွဲ့ရရှိပြီးသူ
🔹 အဖွဲ့အစည်းနှင့်လုပ်ကိုင်နိုင်ခြင်း
🔹 အင်္ဂလိပ်စကား အသင့်အတင့်ပြောဆိုနိုင်ခြင်း
🔹 လုပ်ငန်းခွင်ဖိအားများ ရင်ဆိုင်နိုင်ခြင်း

‼ အခြေခံ လိုအပ်ချက်ပြည့်စုံခြင်းမရှိသူများ လျောက်ထားရန်မလိုပါ။

----------
မှတ်ချက်
----------

☑ Company သည် လူမျိုး၊ လိင်၊ ကိုးကွယ်မှု၊ အိမ်ထောင်ရှိ/မရှိ၊ အသားအရောင် ခွဲခြားခြင်း မရှိပါ။

☑ Company တွင်လျှောက်ထားခြင်း အတွက် အတွေ့အကြုံရှိရန် မလိုပါ။

☑ Company Management သည် လုပ်ငန်းတိုးတက်မှုပေါ် စေတနာထားသည့် အကြံပြုချက်များကို လှိုက်လဲစွာ ကြိုဆိုသည့် အစဉ်အလာနှင့် ယဉ်ကျေးမှုရှိသည်။

----------

‼‼ လျောက်ထားလိုသည့်ရာထူးနှင့် ကိုယ်ရေးရာဇ၀င်အကျဉ်းကို [email protected] သို့ Email ဖြင့်သာ လျောက်ထားခွင့်ရှိပြီး Company Page, Chat Box နှင့် ရုံး ဖုန်းဖြင့် လုံးဝ (လုံးဝ) ဖြေကြားပေးမည် မဟုတ်ပါ။

Post ကိုသေချာစွာမဖတ်ပဲ Phone , Page & Chat Box ဖြင့် လာရောက်မေးမြန်းပါက မြန်မာစာတတ်မြောက်ခြင်းမရှိဟု Company Management မှယူဆပြီး လက်ခံစဉ်းစားခြင်းပြုမည် မဟုတ်ပါ။ ‼‼

✅ ပဏာမရွေးချယ်ခံရသူများသို့ အင်တာဗျူးနေ့ရက်နှင့်အချိန် ပြန်လည် အကြောင်းကြားမည်ဖြစ်ပြီး လာရောက် ဖြေဆိုသည့် နေရာအကွာ အဝေးအလိုက် လျောက်ထားသူအား လေးစားသောအားဖြင့် သွားလာစရိတ် (Taxi Charge) ပြန်လည် ထုတ်ပေးပါမည်။

🎯 25 DEC 2018 နောက်ဆုံးထားပြီးလျောက်ထားနိုင်ပါသည်။

💪 Glamour Malikha Travel ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်နေတဲ့ ရည်ရွယ်ချက်မြင့်တဲ့ အဖွဲ့အစည်းမှ ကြိုဆိုပါတယ်။

--------------------

Glamour Malikha Travel (GM Travel)
No.138, Anawrahta Road, Corner of 48th Street, Middle Block, Botataung Township, Yangon, Myanmar.

[email protected]

--------------------

💢 Job Opportunity 💢My Treasure Travel & Tour Co,Ltd အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာ...
03/12/2018

💢 Job Opportunity 💢

My Treasure Travel & Tour Co,Ltd အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများကို အမြန်ဆုံးခေါ်ယူနေပါသည်။

(1) Part time Tour Leader - 7posts(M/F)
(For Domestic Tour)

(2) Executive Tour Leader (Permanent) - 1 post (M)
( For Domestic Tour)

အမှတ်စဉ် ( ၁ )ရာထူးအတွက်လိုအပ်ချက်များ

✅ အသက် ၁၈နှစ် မှ ၃၀နှစ် အတွင်းဖြစ်ရမည်။
✅ အနည်းဆုံး ၁နှစ် လုပ်ငန်းအတွေ့အကြုံရှိပီး အချိန်မရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။
✅ ခရီးစဉ်တစ်ခုလုံးကို ဦးဆောင်နိုင်၍ လမ်းကြောင်းကျွမ်းကျင်ပီး Tour Service အပြည့်အဝပေးနိုင်သူဖြစ်ရမည်။
✅ Team Work လုပ်ဆောင်နိုင်ရမည်။
✅ ကျန်းမာရေးအထူးကောင်းမွန်ရမည်။
✅ 25000kyats - 30000kyats per day( ခရီးစဉ်အတွင်း Hotel, Meals allowance များရရှိပါမည်။)

အမှတ်စဉ်(၂)ရာထူးအတွက်လိုအပ်ချက်များ

✅ အသက် ၃၀နှစ်အောက်ဖြစ်ရမည်။
✅ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၃နှစ်အထက်ရှိရမည်။
✅ Tour plan အမျိုးမျိုးဆွဲနိုင်ပီး ခရီးစဉ်အစအဆုံး တာဝန်ယူဦးဆောင်နိုင်ရမည်။
✅ ပြည်တွင်းခရီးစဉ် နေရာဒေသများနှင့် ပတ်သတ်သော ဗဟုသုတများရှိသူဖြစ်ရမည်။
✅ စိတ်ရှည်သည်းခံနိုင်သူ၊စေတနာထား၍ Team Work လုပ်ဆောင်နိုင်ရမည်။
✅ English 4skills အခြေခံတတ်မြောက်ရမည်။
✅ E mail,internet ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
✅ ကျန်းမာရေးအထူးကောင်းမွန်ရမည်။
✅ Salary Range: 2.5 - 3.5 lakh + Commission
(မိမိလုပ်နိုင်စွမ်း ကျွမ်းကျင်မှုပေါ်မူတည်၍ အခြားသောအကျိုးခံစားခွင့်များရှိသည်)
မှတ်ချက်။ ။ မျှော်မှန်းလစာနှင့် အကျိုးခံစားလိုသည်များကို ထည့်သွင်းဖော်ပြနိုင်သည်။

📃📃📃 လျှောက်ထားလိုသူများသည် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးရာဇဝင်၊လိုအပ်သောစာရွက်စာတန်းမိတ္တူများကို
(9.dec.2018)နောက်ဆုံးထား၍ လူကိုယ်တိုင် (သို့မဟုတ်)
[email protected] သို့ပေးပို့နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက 09955155568, 0943117709 သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
အမှတ် (၃)မြင့်မိုရ်လမ်း၊စမ်းချောင်း၊ရန်ကုန်

💢 Job Opportunity  💢For Travel & Tour Company ------------------------------------------အာရှနဂါး ခရီးသွားလုပ်​ငန်း....(...
30/11/2018

💢 Job Opportunity 💢
For Travel & Tour Company
------------------------------------------

အာရှနဂါး ခရီးသွားလုပ်​ငန်း....

(၁)Tour Leader ကျား /မ (၃)ဦး

လိုအပ်သောအရည်အချင်းများ .....

> ဘွဲတစ်ခုခု ရပြီးသူဖြစ်ရမည်
> အသက် (၂၆)နှစ်အောက်အိမ်ထောင်မရှိသူ ဖြစ်ရမည်
> အင်္ဂလိပ်စာ ရေး ဖတ် ပြော အခြေခံရှိရမည်
> ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားသူဖြစ်ရမည်
> လိုအပ်ပါက ခရီးထွက်နိုင်သူဖြစ်ရမည်
>Thai (or) English စကားပြောနိုင်သူဦးစားပေးမည်
>မျှော်မှန်းလစာပူးတွဲဖော်ပြရန်
>နေစရာအဆောင်ပေးမည်
> အတွေ့အကြုံရှိရန်မလိုပါ

(၂) Office staff ကျား/ မ (၃) ဦး

လိုအပ်သောအရည်အချင်းများ .....

> ဘွဲ တစ်ခုခုရရှိပြီးသူဖြစ်ရမည်
> အသက် (၂၄) နှစ်အောက်ဖြစ်ရမည်
> အင်္ဂလိပ်စာ ရေး ဖတ် ပြော အခြေခံရှိရမည်
> ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားသူဖြစ်ရမည်
> လိုအပ်ပါက ခရီးထွက်နိုင်သူဖြစ်ရမည်
>Thai (or) English စကားပြောနိုင်သူဦးစားပေးမည်
>မျှော်မှန်းလစာပူးတွဲဖော်ပြရန်
>နေစရာအဆောင်ပေးမည်
> အတွေ့အကြုံရှိရန်မလိုပါ

🚩အလုပ်လျောက်ရန်လိပ်စာ

🔸[email protected]

🔸အမှတ် ၂၆၂/၂၆၄ , ပန်းဆိုးတန်းလမ်း ( အပေါ်ဘလောက် ) ,ကျောက်တံတားမြို့နယ်

🔸📱09797100100, 0930030070

Blogs
where you feel the most alive ...

တရုတ်နဲ့ ဂျပန်တွေစိတ်ဝင်စားနေတဲ့ ရခိုင် မှအနက်​​ ​ရောင်​သဲများအကြောင်းသိကောင်းစရာ*********************************ဒီတလော...
27/11/2018

တရုတ်နဲ့ ဂျပန်တွေစိတ်ဝင်စား
နေတဲ့ ရခိုင် မှအနက်​​ ​ရောင်​သဲများ
အကြောင်းသိကောင်းစရာ
*********************************

ဒီတလော သတင်းမှာ တွေ့နေရတာက
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်
(အငူမော်)ကျွန်းက
အနက်ရောင် သဲများကို
တရုတ်ပြည်က စိတ်ဝင်စားပြီး
လာရောက် စမ်းသပ်မှု တွေ
ပြုလုပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည်သူ အများစုကတော့
အဲဒီ အနက်ရောင်သဲတွေက
ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊
ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြ
ဦးမယ်လို့ မထင်ပါ။

စာရေးသူ ကိုယ်တိုင်လည်း
အဲဒီ သဲတွေကို မမြင်ဖူးပါ။
အကြောင်းလဲမသိပါ။

အရေးကြီးတယ် သိထားသင့်တယ်
ယူဆလို့ ရှာဖွေမိသလောက်ကို
ဝေမျှပေးလိုက်ပါတယ်။

တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။
စာရေးသူက အဲဒီ အနက်ရောင်သဲ
တွေဟာ rare earth နဲ့
ဆက်စပ်နေတယ်၊
အဲဒီထဲမှာrare earth ပါဝင်မယ်လို့
ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက်
အတိုင်းအတာကြောင့်
အတိအကျ rare earth ဟုတ်မဟုတ်
မသေချာပေမဲ့လည်း
စာဖတ် သူများ အနေနဲ့
ဗဟုသုတတခု ရသွားမှာတော့
ယုံကြည်ပါတယ်။

အဆိုပါ အနက်ရောင်သဲများ က
အင်္ဂလိပ်လိုတော့ rare earth
လို့ ခေါ်ပါတယ်။

တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ
ပေါ့၊
ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်း
မရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။

rare earth ဆိုတာက
ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့
သတ္တု ဒြပ် အမျိုးအစားတွေကို
ခေါ်ပါတယ်။

အဲဒါတွေက scandium (Sc-21),
yttrium (Y-39),
lanthanum (La-57),
cerium (Ce-58),
praseodymium (Pr-59),
neodymium (Nd-60),
promethium (Pm-61),
samarium (Sm-62),
europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67),
erbium (Er-68),
thulium (Tm-69),
ytterbium (Yb-70),
and luteium (Lu-71) တို့ ဖြစ်ပါတယ်။

အဲဒီ သတ္တုတွေကို တချို့က
the silent heroes of
modern technolog လို့
တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့
အဲဒီ ဒြပ်စင်သတ္တုတွေက
တမျိုးတည်းသီးခြား တွေ့ရဖို့
မဖြစ်နိုင်ပါဘူး။

ဆိုတော့ တူးဖော်ရတဲ့ မြေကြီး
သို့မဟုတ် အနက်ရောင်သဲများမှာ
အထက်ပါ သတ္တုတွေ
ရောနှောပါဝင်နေမှာ ဖြစ်ပြီး
ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့
အချိုး အစားရာခိုင်နှုန်း
မတူညီဘဲ ရှိတတ်ပါတယ်။

မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့
rare earth ထဲမှာ ပါဝင်နေတဲ့
ဒြပ်သတ္တု တစ်ခုချင်းကို
သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊
ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏ
ရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့
အရာများစွာမှာ rare earth
သတ္တုတမျိုးမျိုး သေချာပေါက်
ပါဝင်နေပါတယ်။

တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊
သေးငယ်တဲ့ အီလက်ထရွန်းနက်
အစိတ်အပိုင်းများ၊
မော်တော်ကား၊ Hybrid ကား၊
အလင်းဖန်မျှင်ကြိုး၊
စစ်လက်နက် ကိရိယာများ၊
နျူ ကလီယား ဓာတ်ပေါင်းဖို နဲ့
အာကာသယာဉ် ကိုယ်ထည်တွေမှာ
အဲဒီသတ္တု တမျိုးမဟုတ်တမျိုး
ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium
သတ္တုကို သေးငယ်တဲ့
အီလက်ထရွန်းနှစ် အစိတ်အပိုင်း
ဖြစ်တဲ့ ကွန်ပြူတာ hard disk,
နားကျပ်၊ စပီကာ၊ တာဘိုင်၊
ရေနံတူးဖော်တဲ့ လွန်ပူ နဲ့
သံလိုက်ဓာတ် သုံးရတဲ့ နေရာ
တိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။
Neodyumium ကို
သေးငယ်ပေါ့ပါးပြီး
အလွန်မာကျောတဲ့ ကိရိယာ
အစိတ်အပိုင်းတွေမှာ
အဓိက သုံးရပါတယ်။

Erbium သတ္တုကို နေကာမျက်မှန်၊
အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု
နဲ့ သတင်းအချက်အလက်
လျင်မြန်စွာစီးဆင်းစေတဲ့
အလင်းဖန်မျှင်ကြိုးတွေမှာ
မရှိမဖြစ် သုံးရပါတယ်။

Europium သတ္တုကို တီဗီဖန်သားပြင်၊
LED မီးလုံး တွေ နဲ့ နျူကလီးယား
ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။

Hybrid ကား (ဆီနဲ့ ဘက်ထရီ
နှစ်မျိုးသုံး) မောင်းနေတဲ့
ကားပိုင်ရှင်တွေကိုယ်တိုင်
rare earth ကို သူတို့နေ့စဉ်
သုံးနေရတယ်ဆိုတာ မသိကြပါဘူး။

တိုယိုတာ Prius Hybrid
ကားတိုင်းမှာ Lanthanum
၁၀ ပေါင် ထည့်သုံးထားပါတယ်။
ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီ
အမျိုးအစား
"nickel-metal hydride"
က Lanthanum သတ္တုကို
သုံးထားတာပါ။

"ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယို
တာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ
Prius ဟိုင်းဘရစ်ကား က
၈ ရာခိုင်နှုန်း ရှိပါတယ်။

အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကား
တွေရယ်၊
တရုတ်ပြည်မှာ သုံးနေတဲ့
ဘက်ထရီကားငယ်လေးတွေ
အားလုံးပေါင်းလိုက်ရင်
လိုအပ်မယ့် Lanthanum က
ဈေးကွက်မှာလုံလောက်စွာမရှိပါဘူး"
လို့
rare earth ကျွမ်းကျင်ပညာရှင်
Jack Lifton က ဆိုပါတယ်။

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ
က lanthanum
တူးဖော်ထုတ်လုပ်ရေး
မှာ ရင်းနှီးမြုပ်နှံနေတဲ့
တစ်ခုတည်းသော ကား
ကုမ္ပဏီဖြစ်ကြောင်းလည်း
သိရပါတယ်။

အချက်အလက်များအရ
ကမ္ဘာပေါ်မှာ တရုတ်ပြည် က
rare earth ပမာဏ အများဆုံး
ပိုင်ဆိုင်ထားပြီး ပြည်တွင်း
စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့
လုံလောက်အောင်ဆိုပြီး
၂၀၁၀ ခုနှစ်မှာ ပြည်ပသို့
တင်ပို့ရောင်းချမှုကို ကန့်သတ်
လိုက်ပါတယ်။

အဲဒီ သတင်း ကြောင့် rare earth
ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။
rare ရဲ့ ဈေးနှုန်းကတော့
ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့
ဝယ်လို အားပေါ် မူတည်ပြီး
ပြောင်းလဲနေတတ်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်
HEFA ရဲ့ ဈေးနှုန်းအရ
၁ ကီလိုဂရမ် ဈေးကို ဖော်ပြထား
ပါတယ်။

Scandium metal -
အမေရိကန် ဒေါ်လာ ၁၅၀၀၀
(၁ ကီလိုဈေး)၊
Terbium metal - ၂၅၀၀၊
Neodymium metal - ၁၁၅၊
Lanthanum metal - ၂၈၊
Europium Oxide - ၂၁၅၀၊
Dysprosium Oxide - ၉၇၅၊
Erbium metal - ၂၇၅၊
Cerium metal - ၂၅ ဒေါ်လာ ....။

ဒါကြောင့် နိုင်ငံခြားမှလာရောက်
ရင်းနှီးမြုပ်နှံသူတွေကို
ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့
သတ္တုတွင်းများမှာ တူးဖော်ခွင့်
ပေးထားရာက
အချောင်ရောပါသွားနိုင်တဲ့
(တနည်း) ခိုးထုတ်သွားမယ့်
အဆိုပါ အနက်ရောင်သဲ ခေါ်
rare earth အကြောင်းကို
မြန်မာပြည်သူတွေ ဂရုစိုက်
သိထားသင့်ကြောင်း ရေးသား
လိုက်ပါတယ်။

Original writer crd.
Via - အ​မေ့သား

(Sai Aung Myo Thant ၏ post ကို ကူးယူဖော်ပြပါသည်။မူရင်း​ရေသားသူကို ဂုဏ်​ယူစွာ​ဖော်​ပြအပ်​ပါသည်​။

blogs

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢 ကဲ.....အမြန်​ဆုံး​လျှောက်​ကြမယ်​​နော်​ 😜Outbound Tour leader ( ကမ္ဘာပတ်​မယ်​​နော်​ )Dead ...
27/11/2018

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢
ကဲ.....အမြန်​ဆုံး​လျှောက်​ကြမယ်​​နော်​ 😜
Outbound Tour leader ( ကမ္ဘာပတ်​မယ်​​နော်​ )
Dead line - 10.Dec .2018
Pls like & Share

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢ဘဏ်​မှာ လုပ်​ချင်​တဲ့ ​သူ​တွေအတွက်​😀Global Treasure Bank ၏ (ရုံးချုပ်) နှင့် ဘဏ်ခွဲများတွ...
27/11/2018

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢

ဘဏ်​မှာ လုပ်​ချင်​တဲ့ ​သူ​တွေအတွက်​😀

Global Treasure Bank ၏ (ရုံးချုပ်) နှင့် ဘဏ်ခွဲများတွင်တာဝန်ထမ်းဆောင်ရန် အတွက် အငယ်တန်းစာရေး (ဘဏ်ဝန်ထမ်း)၊ ရုံးအကူ နှင့် Designer ( Graphic Design Software) ပိုင်းဆိုင် ရာ ဝန်ထမ်းနေရာများအတွက် ခေါ်ယူနေမှုအား ကြေငြာပေးချင်ပါတယ်။ မိမိတို့အနေနဲ့ ဘဏ်လုပ်ငန်းနှင့် ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနေတယ်ဆိုရင်တော့ Global Treasure Bank မှ အငယ်တန်းစာရေး၊ ရုံးအကူ နှင့် Designer နေရာများအတွက် အောက်ဖော်ပြပါ အရည်အချင်းများဖြင့် ကိုက်ညီသောသူများကိုခေါ်ယူနေကြောင်း နှင့် လျှောက်လွှာများကို (7.12.2018) ရက်နေ့ နောက်ဆုံးထား၍ ကမ္ဘာ့ရတနာဘဏ်လီမိတက် (ရုံးချုပ်) သို့လာရောက်လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါ သည် :-) :-) :-)

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢_______________________________________Driver (ကျား ၃ ဦး)_____________________________...
26/11/2018

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢
_______________________________________

Driver (ကျား ၃ ဦး)
_______________________________________

New Motion Travels & Tours တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

🚗(၁) ရုံးချိန်အတွင်းမောင်းနှင်ရန် ယာဉ်မောင်း (ကျား ၁ ဦး)
🚗(၂) နေ/စား စာရိတ်ငြိမ်း ယာဉ်မောင်း (ကျား ၁ ဦး)

လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်။
- အသက် ၂၂ မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
- ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။
- စိတ်ရှည်သည်းခံတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- ရန်ကုန်မြို့တွင်းလမ်းကြောင်းများကို ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရမည်။
________________________________________

🚗(၃) နေ/စား စာရိတ်ငြိမ်း Luxury ကားမောင်းနှင်ရန် ယာဉ်မောင်း (ကျား ၁ ဦး)

လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်။
- အသက် ၃၀ မှ ၄၀ နှစ်အတွင်း ဖြစ်ရမည်။
- ဘယ်မောင်းကျွမ်းကျင်ပြီး ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည်။
- စိတ်ရှည်သည်းခံတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- ရန်ကုန်မြို့တွင်းလမ်းကြောင်းများကို ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရမည်။
________________________________________

လျှောက်ထားလိုသူများသည် မကြာသေးမီက ရိုက်ကူးထားသော ကာလာဓာတ်ပုံ (၁) ပုံ ၊ ကိုယ်ရေးအကျဉ်း(CV) ၊ မှတ်ပုံတင် (မိတ္တူ) ၊ သန်းခေါင်စာရင်း (မိတ္တူ) ၊ ရဲစခန်းထောက်ခံစာ၊ သက်ဆိုင်ရာအထောက်အထားများ (မိတ္တူ) နှင့်တစ်ကွ ဒီဇင်ဘာလ ၃ ရက်နေ့နောက်ဆုံးထားပြီး လူကိုယ်တိုင်လာရောက်လျှောက်ထားရပါမည်။
ကိုယ်တိုင်လျှောက်ထားရန်အခက်အခဲရှိပါက [email protected] သို့လည်း Email ပေးပို့၍လျှောက်ထားနိုင်သည်။

လျှောက်ထားရမည့်လိပ်စာမှာ-
New Motion Travels & Tours (Outbound Department)
အမှတ်(၂၀)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️၀၉-၄၅၉၁၆၃၃၈၈

where you feel the most alive....

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢Global Oriental Travel & Tours Company တွင်တာဝန် ထမ်းဆောင်ရန် အောက်ပါဝန်ထမ်း အမြန်အလို ရ...
26/11/2018

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢

Global Oriental Travel & Tours Company တွင်တာဝန် ထမ်းဆောင်ရန် အောက်ပါဝန်ထမ်း အမြန်အလို ရှိသည်။
ပေးပို့လာသော CV များအား ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း…..
(15-12-2018) ထိသာ လျှောက်ထားနိုင်ပါသည်

1. Tour Operation Staff - Male (5) Posts /လစာ - ညှိနှိုင်း / ပုဇွန်တောင်မြို့နယ်။
- Travels and Tours Operation အတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိသူဖြစ်ရမည်။
- Inbound ခရီးစဉ်များကို စနစ်တကျရေးဆွဲနိုင်ပြီး Quotation တွက်နိုင်ရမည်။
- English ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်သူဖြစ်ရမည်။
- ရုပ်ရည်သန့်ပြန့်ပြေပြစ်ရမည်။
- ရုံးသုံး Software များနှင့် Email ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
- စကားပြောသွက်လက်ပြီး လူအများနှင့် ယဉ်ကျေးလိမ်မာစွာ ပြောဆိုနိုင်သူဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူကို ဦးစားပေးမည်။

2. IT & Admin ~ Male (3) Post / လစာ - ညှိနှိုင်း / ပုဇွန်တောင်မြို့နယ်။
- Travels and Tours အတွေ့အကြုံအနည်းဆုံး (၁) နှစ်ရှိရမည်။
- Inbound ခရီးစဉ်များကို သွားလာမှု အတွေ့အကြုံရှိရမည်။
- English ရေး၊ ဖတ်၊ ပြော အသင့်သင့်ရှိရမည်။
- Adobe Photoshop, Microsoft Office, Design အသုံးပြုနိုင်ရမည်။
- ရုံးသုံး Software များနှင့် Email ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
- Online Marketing ပို်င်းကို စိတ်ပါဝင်စားသူဖြစ်ပြီး Facebook Advertising နဲ့ ပတ်သတ်၍ သိရှိသူဖြစ်ရမည်။
- စကားပြောသွက်လက်ပြီး လူအများနှင့် ယဉ်ကျေးလိမ်မာစွာ ပြောဆိုနိုင်သူဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူကို ဦးစားပေးမည်။

3. Air Ticketing & Reservation ~ Female (3) Post / လစာ - ညှိနှိုင်း / ပုဇွန်တောင်မြို့နယ်။
- Travels and Tours အတွေ့အကြုံအနည်းဆုံး (၂~၃) နှစ်ရှိရမည်။
- Inbound ခရီးစဉ်များတွင် Air Ticket သတ်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိရမည်။
- English ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်သူဖြစ်ရမည်။
- ရုပ်ရည်သန့်ပြန့်ပြေပြစ်ရမည်။
- ရုံးသုံး Software များနှင့် Email ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
- စကားပြောသွက်လက်ပြီး လူအများနှင့် ယဉ်ကျေးလိမ်မာစွာ ပြောဆိုနိုင်သူဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူကို ဦးစားပေးမည်။
4. Junior Accountant ~ Female (3) Post / လစာ - ညှိနှိုင်း / ပုဇွန်တောင်မြို့နယ်။
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- LCCI Level 1,2,3 အောင်မြင် ပြီးသူဖြစ်ရမည်
- English ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်သူဖြစ်ရမည်။
- ရုပ်ရည်သန့်ပြန့်ပြေပြစ်ရမည်။
- ရုံးသုံး Software များနှင့် Email ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
- စကားပြောသွက်လက်ပြီး လူအများနှင့် ယဉ်ကျေးလိမ်မာစွာ ပြောဆိုနိုင်သူ
မှတ်ချက် ။ ။ CV Form များတွင် Passport ဓာတ်ပုံ တစ်ပါတည်း ထည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Email လျှောက်ထားနိုင်ပါသည်။
E-mail- [email protected], [email protected]
Phone Number – 01-8610249
ရုံးခန်းလိပ်စာ ~ No 72/76, Room 32, 3rd Floor, Anawyahta Road, Pazundaung, Yangon Myanmar
# Travelblogs
like & Share 😊

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢 Job Vacancy for Domestic tours1. Myintgyinar- Intawgyi Trip  ... 2 posts ( M / F )  - 22...
25/11/2018

💢 အလုပ်​အကိုင်​ အခွင့်​အလမ်း 💢

Job Vacancy for Domestic tours

1. Myintgyinar- Intawgyi Trip ... 2 posts ( M / F )
- 22Dec to 27Dec & 29Dec to 3Jan
Over night in hotel: 3 nights
(per day) : 20,000~ 30,000 Kyats ++ (Hotel,meals allowance)

2. Dawei- Myeik Trip ... 1 post ( M / F )
- 29Dec to 2Jan
Over night in hotel: 2 nights
(per day) : 20,000~ 30,000 Kyats ++ (Hotel,meals allowance)

3. Hsipaw Trip.... 1 post (M/F)
- 3Jan to 6Jan
Over night in hotel: 1 nights
(per day) : 20,000~ 30,000 Kyats ++ (Hotel,meals allowance)

အပတ်စဉ် Trips ... 4 posts ( M / F )
၁။ ပြည် အကောက်တောင်
၂။ မော်လမြိုင် ကျိုက်ခမီ
၃။ ဘားအံ ဂူ၅ဂူ
၎။ တောင်ငူ နော်ဘူဘော
(per day) : 20,000~ 30,000 Kyats ++ (Meals allowance)

#လိုအပ်ချက်များ
လျောက်ထားသူများသည်..
၁။ မိမိလျောက်ထားသောခရီးစဉ်၏ သမိုင်းကြောင်းများကို ကုမ္ပဏီမှစီစဉ်ထားသော လမ်းကြောင်းအတိုင်း ဦးဆောင်းရှင်းပြနိုင်ရမည်။

၂။ မိမိအရင်လုပ်ခဲ့သော company ၏ ထောက်ခံစာ(မဖြစ်မနေ) ပါရမည်။

**မိမိကိုယ်ကိုယ် ဧည့်သည်များအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည်ဟု ယုံကြည်ချက်ရှိသူများသာ လျောက်ထားရန်**
(ခရီးစဉ်အတွေ့အကြုံမရှိသူများလျောက်ထားရန်မလို)
*စာတွေ့၊လူတွေ့ Interview ပါမည်။
(Nov28ရက်နေ့ ပထမလူတွေ့interview)

Address

Yangon

Alerts

Be the first to know and let us send you an email when Travel Blogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Blogs:

Share