28/08/2024
Passportလုပ်ရန်လိုအပ်ချက်များ နှင့် Passport ရက်ချိန်ဝန်ဆောင်မှု
Passport QR service ဆိုတာကတော့ Passportရုံးဝင်ဖို့ Appointment ယူတဲ့ service တစ်ခုဖြစ်ပါတယ်။ Appointment Letter QRရမှသာ ရုံးထဲဝင်ပြီး Passport လုပ်လို့ရမှာဖြစ်ပါတယ်။ Appointment တွေက ၆လဝန်းကျင်လောက်ကြာတတ်တာမလို့စောစောတင်လေကောင်းလေပါပဲ။ တစ်ရက်နောက်ကျရင် appointment dateက ၂ရက် ၃ရက်လောက် နောက်ရောက်သွားပါတယ်။
အသစ်၊သက်တမ်းတိုး၊ပျောက်ဆုံး/ပျက်စီး နှင့် PV, PJ, PS, PE, PT တို့အတွက်လုပ်ပေးပါတယ်။
အမေးအများဆုံးမေးခွန်းတွေကိုဖြေပေးပါမယ်။
(1) Appointment Letter ရဖို့ဘာတွေလိုလဲ။
Appointment တင်ဖို့ကိုယ်ရေးအချက်အလက်တွေ နဲ့ ရုံးသွင်းငွေ+ဝန်ဆောင်ခလိုပါတယ်။
ကိုယ်ရေးအချက်အလက်အနေနဲ့
မိမိအမည် (မြန်မာ/English)
အဖအမည်(မြန်မာ)
အမိအမည်(မြန်မာ)
မွေးနေ့
ဇာတိ
နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်
ကျား/မ
နေရပ်လိပ်စာအပြည့်အစုံ
ဖုန်းနံပါတ်
Email
ထင်ရှားသည့်အမှတ်အသား
အရပ်အမြင့်/မျက်လုံးအရောင်/ဆံပင်အရောင်
လူမျိုး/ဘာသာ
ပညာအရည်အချင်း
စတဲ့အချက်အလက်တွေပေးဖို့လိုပါတယ်။
ဈေးနှုန်ကို Pageကို Message ပို့စုံစမ်းနိုင်ပါတယ်။
(2) Passport အမျိုးအစားဘာတွေလုပ်ပေးလဲ။
သာမာန်အရပ်သားတွေအတွက် Passport တွေက
📌အလည်အပတ် ( PV ) ( Passport For Visit ) အလည်အပတ်သွားရောက်ရန်အတွက်
📌အလုပ် ( PJ ) ( Passport For Job )
ကုန်းပေါ်၌အလုပ်လုပ်ရန်အတွက်
📌သင်္ဘောသားအတွက် ( PS ) ( Passport For Seaman )
သင်္ဘောပေါ်တွင်အလုပ်လုပ်ရန်အတွက်
📌ပညာရေးအတွက် ( PE ) ( Passport For Education )
သင်တန်းများ ၊ ကျောင်းများတက်ရန်အတွက်
📌မှီခို ( PT ) ( Passport For Dependent )
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအားမှီခိုနေထိုင်ရန်လိုက်ပါမည့်မိသားစု ဝင်များအတွက်
အလုပ်အများဆုံးကတော့ PVနဲ့ PJဖြစ်ပါတယ်။ နိုင်ငံခြားကျောင်းတက်သူများလည်းPVနဲ့သွားရောက်သူများလည်းရှိပါတယ်။ အလုပ်လုပ်ကိုင်လိုသူတွေကတော့ PJသာလုပ်ရပါမယ်။မိမိအဆင်ပြေရာကိုလျှောက်ပေးပါတယ်။
(3) Passport ရုံးသွားရင်ဘာတွေယူသွားရမလဲ။
လိုအပ်တာက အိမ်ထောင်စုစာရင်း မူရင်း နဲ့ မှတ်ပုံတင်မူရင်းပါ မှတ်ပုံတင်မူရင်းဆိုလဲ အသက်အပိုင်းအခြားလိုက် ၁၀ နှစ်ပြည့် ( ၃ က ) ၊ ၁၈ နှစ်ပြည့် ( ၆ က ) ၊ အသက် ၁၈ နှစ်ပြည့်ပီတဲ့သူများ ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲဖိုလိုအပ်ပါတယ် မလဲရသေးရင် သက်ဆိုင်ရာ မြိုနယ် လဝက ရုံးသွားပီလဲလို့ရပါတယ်။ ၁၈ နှစ်ပြည့် မလဲထားရင် ပြန်ပြီးလဲခိုင်းတာမလို့ ကိုယ့်ဘက်ကလိုအပ်ချက်မရှိအောင်ကြိုပြီး တော့လဲထားတာကောင်းပါတယ်။
Passport လုပ်သူအားလုံး UID ခေါ် Smart Card ယူသွားရပါမယ်။ မရှိရင်အမြန်ဆုံးလုပ်ထားဖို့လိုပါမယ်။
Passport လုပ်ဖိုလိုအပ်တဲ့ စာရွက်စာတမ်း တွေက
( အသစ် / သက်တမ်းတိုး / အပျောက်လျှောက် )
ဘယ်အမျိုးစားပဲလုပ်လုပ် ရုံးသွားတဲ့နေမှာလိုအပ်တာတွေက အားလုံးတူတူပါပဲ
***( Booking Appointment Letter Qr Code ၃ စုံ
ကိုယ်ရေးထိန်းသိမ်းပုံစံ ၁ စုံ
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၃ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၃ စောင်
UID မူရင်း + မိတ္တူ ၃စောင် )***
📌PV အတွက်ဆို
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်
📌၁၀ နှစ်အောက် ကလေးများအတွက်
ကလေးကို အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် မိဘတစ်ယောက်ပါတဲ့ အိမ်ထောင်စုစာရင်း ထဲထည့်ထားရမယ်
မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင်
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မိဘအုပ်ထိန်းသူတစ်ယောက်နဲ့ မိဘ ၂ ယောက်ရဲ့ မှတ်ပုံတင် မိတ္တူ ၂ စောင်
📌၁၀ နှစ်အထက် ကလေးများအတွက်
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
၁၀ နှစ်ပြည့်မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်
၁၈ နှစ်အောက်ဖြစ်လို မိဘအုပ်ထိန်းသူတစ်ယောက် (သို) အိမ်ထောင်စုစာရင်းထဲမှာပါတဲ့သူတစ်ယောက် နဲ့ မိဘ ၂ ယောက် ရဲ့ မှတ်ပုံတင် မိတ္တူ ၂ စောင်
📌သက်တမ်းတိုးသမားတွေက အပေါ်ကစာရွက်စာတမ်းတွေ အပြင်
စာအုပ်အဟောင်း + Passport PP မှာမိမိဓါတ်ပုံပါတဲ့စာမျက်နှာ မိတ္တူ ၂ စောင်
📌PJ အတွက်ဆို အပေါ်ကစာရွက်စာတမ်း**တွေအပြင်
Labour Card လိုပါတယ် Labour Card ကို နီးစပ်ရာမြိုနယ် အလုပ်သမားဦးစီးဌာနမှာ ပြည်ပအတွက်လို့ပြောပြီး လျှောက်ထား လိုရပါတယ်။ တခြား Labourအတွက်လိုအပ်ချက်တွေကတော့ မိမိအလုပ်ပေါ်မူတည်ပါတယ်။
📌PE အတွက်ဆို အပေါ်ကစာရွက်စာတမ်း**တွေအပြင်
သက်ဆိုင်ရာကျောင်းခေါ်စာ မူရင်း + မိတ္တူ ၂ စောင်
📌PS အတွက်ဆို အပေါ်ကစာရွက်စာတမ်း**တွေအပြင်
ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်း လက်မှတ် မူရင်းနှင့် မိတ္တူ(၂)စုံ
သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ(၂)စုံ
♦️ PT အတွက်ဆို အပေါ်ကစာရွက်စာတမ်း**တွေအပြင်
နိုင်ငံခြားသားမှီခိုဖြစ်ပါက အပြန်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
လက်ထက်စာချုပ်ကဲ့သို့သော အထောက်အထားများ
စတာတွေလိုအပ်ပါတယ်။
(4) စာအုပ်ဘယ်လောက်နေရင်ရမလဲ။
စာအုပ်ကတော့ Slipရပြီး ရုံးပိတ်ရက်မပါ (၁၀)ရက်လောက်နေရင်ရပါတယ်။ အခြေအနေပေါ်လိုက်ပြီး (၂၀)ရက်လောက်ထိကြာတတ်ပါတယ်။
(5) Appointment Dateကျော်သွားရင်???
Appointment Dateမှာကိစ္စတစ်ခုခုရှိလို့မသွားဖြစ်ရင် ရုံးပိတ်ရက်မပါ (၇)ရက်အတွင်းသွားလုပ်ရပါမယ်။ (၇)ရက်ကျော်သွားရင် Appointment QRကအစကနေပြန်လျှောက်ရပါမယ်။
Slipဆိုတာကတော့ ရုံးဝင် passport လုပ်ပြီး စာအုပ်ထုတ်ဖို့ slipပေးပါတယ်။ Slipရပြီး ရက်၉၀အတွင်းထုတ်ပေးရပါမယ်။
(၅) ရုံးသွားရင် ဘာတွေထပ်ကုန်နိုင်လဲ။
နာမည်က လွဲနေလို့ပြင်ချင်တာဆို - ၅၀၀၀
တန်းစီတဲ့နေရာ တံဆိပ်တုန်းရိုက်တာက - ၅၀၀၀
ဓါတ်ပုံရိုက်တာ - ၅၀၀၀
တခြားကုန်ကျစရိတ်တချို့လည်းရှိနိုင်ပါတယ်။
တရားဝင် Appointment အမြန်ကြေးရှိပါတယ် Page Message မှာစုံစမ်းပေးပါ။ QRအရင်ယူထားတာတော့မမှားပါဘူး။ မြန်မြန်QRယူထားပါ။
မေးချင်တာလေးတွေရှိရင် Comment မှာမေးထားနိုင်ပါတယ်။ Updateတွေလည်း postမှာကော comment မှာကော ဖြည့်ပေးထားပါတယ်။
တချို့ information တွေက စုစည်းတင်ပြဖို့ Reference ယူထားတာမလို့ original ကို credit ပေးပါတယ်။