Shwe Trip

Shwe Trip Shwe Trip မှာ အပျော်ခရီးရှာ

🌿🏡 Eco Tourism ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့တောင်တန်းတွေကြားက Eco...
19/08/2026

🌿🏡 Eco Tourism ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့တောင်တန်းတွေကြားက Eco Tourism ရွာလေး — Mae Kampong Village 🇹🇭
🌱 Mae Kampong ရဲ့ Eco Tourismပုံစံဟာဆိုရင် ဒေသခံတွေနဲ့အတူ နေထိုင်ခံစားနိုင်စေရန် Homestay တည်းခိုစရာတွေနဲ့အတူ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံ၊အစားအသောက်နဲ့ ယဉ်ကျေးမှုတွေကို နီးနီးကပ်ကပ် လေ့လာနိုင်စေရန်စနစ်တကျစီစဉ်ထားပုံ၊ တောင်တန်း၊ သစ်တော၊ ရေတံခွန်နဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို အဓိကထားပြီး သဘာဝနဲ့ လိုက်လျောညီထွေ ခရီးသွားနိုင်အောင် စီမံထားပုံကMae Kampong ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ တောင်ပေါ်ရွာလေးမှာ Eco Tourism ကို လက်တွေ့တွေ့ကြုံချင်သူတွေအတွက် Mae Kampong Village က စိတ်ဝင်စားစရာ Destination တစ်ခုပဲဖြစ်ပါတယ် 🌿💚
Tourismအကြောင်းတွေ၊Promotionတွေပျော်ရွှင်ဖွယ်ရာခရီးစဉ်တွေအကြောင်းကိုအမြဲမပြတ်သိရှိနိုင်ဖို့ Shwe TripကိုLike &Followလုပ်ဖို့မမေ့နဲ့နော်
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

🌿 ဒီနေ့ပြောပြချင်တာကတော့Eco Tourism အကြောင်းပဲဖြစ်ပါတယ် 🌏တောတောင်တွေ၊ သစ်တောတွေ၊ ရေတံခွန်တွေ၊ သဘာဝရှုခင်းတွေနဲ့ တောရိုင်...
19/08/2026

🌿 ဒီနေ့ပြောပြချင်တာကတော့Eco Tourism အကြောင်းပဲဖြစ်ပါတယ် 🌏
တောတောင်တွေ၊ သစ်တောတွေ၊ ရေတံခွန်တွေ၊ သဘာဝရှုခင်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သွားရောက်ကြည့်ရှု လေ့လာရင်း သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ ထိန်းသိမ်းကာကွယ်ပြီး ခရီးသွားခြင်း ကို Eco Tourism လို့ ခေါ်ပါတယ်။ 🌳🍃
Eco Tourism မှာ
🍀 သဘာဝအလှအပတွေကို ကြည့်ရှုလေ့လာတာ၊တောတောင်ရေမြေတွေကို မပျက်စီးအောင် ထိန်းသိမ်းတာ၊အမှိုက်နဲ့ Plastic ပစ္စည်းတွေ မစွန့်ပစ်တာ သစ်ပင်၊ ပန်းပင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို မထိခိုက်စေပဲ ထိန်းသိမ်းစောင့်ရှောက်ပြီးသဘာဝရဲ့ အလှတရားကိုခံစားဖို့ ခရီးသွားခြင်းကို Eco Tourism လို့ခေါ်ပါတယ်။
နောက်နေ့တွေမှာလဲTourismအကြောင်းတွေ၊Promotionတွေပျော်ရွှင်ဖွယ်ရာခရီးစဉ်တွေအကြောင်းကိုအမြဲမပြတ်သိရှိနိုင်ဖို့ Shwe TripကိုLike &Followလုပ်ဖို့မမေ့နဲ့နော်
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

⚠️ ခုလို ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေချိန် ခရီးသွားမယ်ဆိုရင် Shwe Tripရဲ့ခရီးသွားချစ်သူလေးတွေဒီအချက်တွေကိုသတိ...
17/08/2026

⚠️ ခုလို ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေချိန် ခရီးသွားမယ်ဆိုရင် Shwe Tripရဲ့ခရီးသွားချစ်သူလေးတွေဒီအချက်တွေကိုသတိထားနော် 🧳🚗
💧 သန့်ရှင်းစိတ်ချရတဲ့ ရေကိုသာ သောက်ပါ
🍱 ပူပူနွေးနွေးနဲ့ ကျက်အောင်ချက်ထားတဲ့ အစားအစာကို ရွေးစားပါ။ အစားမစားခင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။လက်ခဏခဏဆေးဖို့ မမေ့နဲ့နော်
✅ဓာတ်ဆားထုပ်၊ Mask အပို၊Hand Sanitizer၊ ကိုယ်ပိုင်ရေသန့်ဘူး၊မိမိပုံမှန်သောက်နေရတဲ့ ဆေးဝါးများကိုလဲဆောင်ထားဖို့ မမေ့ပါနဲ့နော်
ကျန်းမာပြီး အန္တရာယ်ကင်းတဲ့ ခရီးစဉ်တိုင်း ဖြစ်ပါစေ။ 🌿✈️
✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

City rewards ကပေးတဲ့ အေးဆေးဖြစ်သွားစေမယ့် Surprise! 🚕✨မြို့ထဲအပြင်ထွက်ဖို့ ကားငှားတော့မယ်ဆိုရင် ကားခကိစ္စ ခေါင်းခဲမနေနဲ့...
17/08/2026

City rewards ကပေးတဲ့ အေးဆေးဖြစ်သွားစေမယ့် Surprise! 🚕✨
မြို့ထဲအပြင်ထွက်ဖို့ ကားငှားတော့မယ်ဆိုရင် ကားခကိစ္စ ခေါင်းခဲမနေနဲ့တော့နော်။ အခု City Rewards App ထဲမှာ Grab Transport ၂,၀၀၀ ကျပ်အထိ လျှော့စျေး Promo Code ကို လုံးဝ အခမဲ့ (FREE) ရယူလို့ရနေပါပြီ!
အလကားရတုန်း လဲမထားရင် နစ်နာသွားမယ်နော်...
➡️➡️လဲယူနည်းလေးကတော့
City Rewards App ထထဲကို ဝင်လိုက်ပါ။
Offer Details ကနေ Grab Promo Code ကို အခမဲ့ Claim လိုက်ပါ။
ရလာတဲ့ Code ကို Grab App ထဲမှာ ထည့်ပြီး ကားခ သက်သက်သာသာနဲ့ စီးသွားရုံပါပဲ!
အသေးစိတ်အချက်လက်တွေနဲ့ စည်းကမ်းလေးတွေကိုတော့ City Rewards appထဲမှာဝင်ရောက်ဖတ်ရှူ့နိုင်ပါတယ်နော်

✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

✈️ MAI (၃၃) နှစ်ပြည့် အထူးပရိုမိုးရှင်း ရပြီနော်! 🎉Shwe Tripရဲ့ ခရီးသွားချစ်သူတို့ရေ MAI လေကြောင်းလိုင်းရဲ့ (၃၃) နှစ်ပြည...
15/08/2026

✈️ MAI (၃၃) နှစ်ပြည့် အထူးပရိုမိုးရှင်း ရပြီနော်! 🎉
Shwe Tripရဲ့ ခရီးသွားချစ်သူတို့ရေ MAI လေကြောင်းလိုင်းရဲ့ (၃၃) နှစ်ပြည့် အထူးအစီအစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်လက်မှတ်တိုင်းမှာ ကျပ် ၃၃,၀၀၀ သက်သာခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသွားအပြန် လေယာဉ်လက်မှတ်များ၊ MAI Travel eSIM နှင့် အမှတ်တရ လက်ဆောင်များစွာ ပါဝင်တဲ့ ကံစမ်းမဲအစီအစဉ်မှာလည်း ပါဝင်ခွင့်ရရှိမှာပါ!
📅 ဝယ်ယူနိုင်သည့်ကာလ: ဩဂုတ် ၁၄ - ၃၁ ရက်၊ ၂၀၂၆
🧳 ခရီးသွားနိုင်သည့်ကာလ: စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ အထိ
အသေးစိတ်အချက်အလက်များကို Myanmar Airways International pageမှာဝင်ရောက်လေ့လာနိုင်ပါတယ်နော်

✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip
Source-https://www.facebook.com/share/1857WQvnMH/?mibextid=wwXIfr

ဒီနေ့မှာတော့ လူငယ်တွေတွက် ဘော်ဒါတွေစုပြီး staycation နေလို့ကောင်းမယ့်နေရာလေးကိုညွှန်းပေးချင်ပါတယ် 🏘️ဒါကတော့ BobaBed ပါ ဘ...
15/08/2026

ဒီနေ့မှာတော့ လူငယ်တွေတွက် ဘော်ဒါတွေစုပြီး staycation နေလို့ကောင်းမယ့်နေရာလေးကိုညွှန်းပေးချင်ပါတယ် 🏘️
ဒါကတော့ BobaBed ပါ ဘားလမ်းမှာရှိပြီး လူငယ်တွေသဘောကျမယ့်Hostelလေးပဲဖြစ်ပါတယ်
✅စျေးသက်သာတယ်
✅သန့်ရှင်းသပ်ရပ်တယ်
✅Breakfast buffet, Swimming Pool, Rooftop barနှင့်တခြားfacilities တွေလဲပါဝင်တယ်
✅မှတ်တိုင်နီးတယ်
✅19လမ်းနဲ့လဲနီးတယ်
ကဲဘာလိုသေးလဲ ပိတ်ရက်မှာ ဘော်ဒါတွေစုကဲဖို့ ဒီလောက်ဆိုပြည့်စုံပြီဟုတ်

✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

🏡 ချင်းမိုင် – မယ့်ကမ်ပေါင်တောင်တန်းတွေနဲ့ သစ်တောတွေကြားက ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာလေးတွေထဲကတစ်ခု မယ့်ကမ်ပေါင် (Mae Ka...
14/08/2026

🏡 ချင်းမိုင် – မယ့်ကမ်ပေါင်

တောင်တန်းတွေနဲ့ သစ်တောတွေကြားက ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာလေးတွေထဲကတစ်ခု မယ့်ကမ်ပေါင် (Mae Kampong) ကို Sအေးအေးဆေးဆေး သွားလည်ကြည့်ဖို့ Shwe Tripကညွှန်းပေးပါရစေနော်💚
🔹 မယ့်ကမ်ပေါင် ကျေးရွာလျှောက်လမ်း
🔹 တောတွင်းရေတံခွန်
🔹 နှစ် ၂၀၀ ကျော် သက်တမ်းရှိ သစ်ပင်ကြီးနှင့် ကော်ဖီဆိုင်
🔹 ရွာအလှကို အပေါ်စီးကမြင်ရမယ့် View Point ကော်ဖီဆိုင် ☕🌿
တွေအပြင် ချင်းမိုင်မြို့ရဲ့ slow life living နဲ့အေးချမ်းတဲ့လူနေမှုဘဝကို ခံစားရင်း မိုးအေးအေးလေးမှာ coffee shopလှလှလေးတွေရှိတဲ့ ချင်းမိုင်မြို့ကိုလည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေနော်💚

✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

သောကြာနေ့ရောက်ပြီဆိုတော့ ပိတ်ရက်မှာ ဘယ်သွားရမလဲ တွေးနေပြီလား🤔ရန်ကုန်နဲ့နီးပြီး day trip ထွက်လို့အဆင်ပြေတဲ့ နေရာလေးကို Sh...
14/08/2026

သောကြာနေ့ရောက်ပြီဆိုတော့ ပိတ်ရက်မှာ ဘယ်သွားရမလဲ တွေးနေပြီလား🤔

ရန်ကုန်နဲ့နီးပြီး day trip ထွက်လို့အဆင်ပြေတဲ့ နေရာလေးကို Shwe Tripကညွှန်းပေးချင်ပါတယ်။ ဒါကတော့ လှော်ကား သဘာဝဥယျာဉ်ပါပဲ 🌳🏞️

🌲စိမ်းလန်းစိုပြေတဲ့ တောအုပ်တွေ
သမင်၊ဒရယ်၊မျောက်ကလေးတွေကိုကြည့်ရင်း သဘာဝအလှကိုခံစားမယ်၊ ရေကန်ဘေး ဖွယ်ဖွယ်ရားရာအစားအစာတွေနဲ့ Picnic ဖျာလေးခင်းပြီ အနားယူမယ်၊ ဓာတ်ပုံလှလှလေးတွေရိုက်မယ် ကဲဘာလိုသေးလဲ သားသားမီးမီးလေးရော၊စုံတွဲလေးတွေရော အားလုံအဆင်ပြေတာမလို့ ဒီပတ်ပိတ်ရက် လှော်ကားဥယျာဉ်ကို ရောက်အောင်သွားကြည့်နော်

✨Travel tips, staycation, promotion တွေအပြင် ခရီးသွားချစ်သူများတွက် ပျော်စရာ စိတ်အပန်းဖြေစရာ ခရီးသွားလို့ကောင်းမယ့်နေရာလေးတွေကို အစဉ်အမြဲရှာဖွေပေးနေတာမလို့ Shwe Trip page and Telegram channel တွေကိုLike, Follow and share ပေးဖို့မမေ့နဲ့နော်✨
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

ခရီးသွားရင်း စိတ်ညစ်စရာ Scammer တွေနဲ့ ကြုံရမှာစိတ်ပူနေပါသလား? Shwe Trip ကလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်...
13/08/2026

ခရီးသွားရင်း စိတ်ညစ်စရာ Scammer တွေနဲ့ ကြုံရမှာစိတ်ပူနေပါသလား? Shwe Trip ကလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်
✅ ကားလက်မှတ် & Hotel Booking: KBZPay / AYA Pay နဲ့ Official Travel Website တွေကနေပဲ စိတ်ချလက်ချ ဝယ်ယူပါ။
✅ ယာဉ်ငှားရမ်းခြင်း (e-bike/အိုးဝေ): ဟိုတယ်နဲ့ တရားဝင် Travel Agency တွေက ညွှန်းပေးတဲ့ ယုံကြည်ရသူတွေထံမှသာ ငှားရမ်းပါ။

✨ နောက်ထပ် အမိုက်စား ခရီးသွား Promotion များနှင့် နေရာသစ် လည်ပတ်ဖွယ်ရာများကို သိရှိနိုင်ဖို့ Shwe Trip ကို Join ထားလိုက်ပါဦးနော် 👇

📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

✨ MPT Club Member ဖြစ်ထားရုံနဲ့ Luxury Hotel Experience ကို Discount နဲ့ခံစားလိုက်ပါ!5-Star Luxury Hotel ဖြစ်တဲ့ Wyndham...
13/08/2026

✨ MPT Club Member ဖြစ်ထားရုံနဲ့ Luxury Hotel Experience ကို Discount နဲ့ခံစားလိုက်ပါ!

5-Star Luxury Hotel ဖြစ်တဲ့ Wyndham Grand Yangon Hotel မှာ MPT Club အဖွဲ့ဝင်တွေအတွက် Exclusive Discount တွေ ရရှိနိုင်ပါတယ်။ 🏨✨

🍵 Infinity Lobby Lounge
• Hi Tea Set & Buffet — 10% OFF

🍽️ SPOON Restaurant
• À la carte Menu — 20% OFF
• Buffet Dinner — 15% OFF
Staycation လုပ်မလား၊ အေးအေးဆေးဆေး Hi Tea သုံးဆောင်မလား၊ ဒါမှမဟုတ် အရသာရှိတဲ့ Dinner Buffet နဲ့ Relax လုပ်မလား—MPT Club Member ဖြစ်ထားရုံနဲ့ ပိုတန်တဲ့ Hotel Experience ကို ရယူနိုင်ပါပြီ။

📌 ခုလိုHotel Promotion တွေအပြင် Day Trip/Staycation and Travel information အစုံကို အချိန်နဲ့တပြေညီသိနိုင်ဖို့ Shwe Trip page& Telegram channel ကိုlike, follow and shareလုပ်ဖို့မမေ့နဲ့နော် 🫶
📌Shwe Trip page
https://www.facebook.com/ShweTrip
📌Shwe Trip Telegram Channel
https://t.me/shwetrip

Address

Bo Kyoke Aung San Road
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share