Hein Htet San Lin Travel&Tours

Hein Htet San Lin Travel&Tours Customer တွေ စိတ်ချမ်းသာဖို့ HHSL က တာဝန်ယူပါရစေ

Visa Service နဲ့ ပတ်သက်တာမှန်သမျှ သိချင်တာများအတွက် - ဒီမှာ မေးလို့ရပါပြီEverything you want to know about Visa Services...
22/03/2026

Visa Service နဲ့ ပတ်သက်တာမှန်သမျှ သိချင်တာများအတွက် - ဒီမှာ မေးလို့ရပါပြီ
Everything you want to know about Visa Services

မိတ်ဆွေက
🔹 ဗီဇာတွေ အကြောင်း စုံစမ်းချင်တာလား❔
🔹 Visa တင်ဖို့ Requirements တွေ မသေချာဘူးလား❔
🔹 Visa Reject ဖြစ်မှာကို စိုးရိမ်နေတာလား❔

ဒါဆိုရင် သိလိုတာမှန်သမျှ ဒီမှာ - မေးလို့ရပါပြီ 👇👇👇
🔹 Visa အမျိုးအစား
🔹 လိုအပ်တဲ့စာရွက်စာတမ်းများ
🔹 ဆောင်ရွက်ရန် ကြာမြင့်ချိန်
🔹 ပြန်လည် တင်သွင်းရန် အကြံပေးချက်များ
🔹 ခရီးသွားလမ်းညွှန် အစရှိတာတွေကို မေးမြန်းဖို့ အခကြေးငွေ ပေးရန် မလိုအပ်ပါ . . . ✨

ဒါကြောင့် မိတ်ဆွေသိလိုတာမှန်သမျှ ဒီ Post ရဲ့ Comment သို့မဟုတ် Page Messenger မှာ မေးမြန်းနိုင်ပါပြီနော် . . . 👈💪❤️

ညီမတို့ HHSL - Hein Htet San Lin Travel & Tour မှာလဲ နိုင်ငံတကာသို့ သွားရောက်ချင်သူများအတွက် Visa နှင့်ပတ်သက်သော ၀န်ဆောင်မှုများကိုလဲ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်နော်

Visa နှင့်ပတ်သက်တာမှန်သမျှ မေးမြန်းနိုင်
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ဗီဇာ တင်ဖို့ အရင်လို စောင့်စရာမလိုတော့ပါNo more waiting to apply for visaဗီဇာ လျှောက်ထားဖို့ဆိုတာ အရင်လို စာရွက်စာတမ်း မ...
20/03/2026

ဗီဇာ တင်ဖို့ အရင်လို စောင့်စရာမလိုတော့ပါ
No more waiting to apply for visa

ဗီဇာ လျှောက်ထားဖို့ဆိုတာ အရင်လို စာရွက်စာတမ်း မပြည့်စုံလို့ အကြာကြီးစောင့်စရာမလိုတော့ပါဘူး . . .
✅ Updated Information များ
✅ လွယ်ကူတဲ့ Process များ နှင့်အတူ
✅ တိကျသေချာသော အချက်အလက်များဖြင့် ဆောင်ရွက်‌ပေးကာ
အမြန်ဆုံး လျှောက်ထားပေးနေပါပြီနော်💪

HHSL - Hein Htet San Lin Travel & Tour မှာ
🔹 China Visa
🔹 Thailand Visa
🔹 Malaysia Visa
🔹 Thailand Married
🔹 Malaysia Married
🔹 Chinese + Myanmar Married အစရှိသည်တို့အတွက်
မိတ်ဆွေရဲ့ လိုအပ်ချက်အလိုက် အကောင်းဆုံး လမ်းညွှန်ပေးနေပါပြီ . . .

ဒါဆို Visa လျှောက်တော့မယ်ဆို HHSL ကို အရင်ဆုံး မေးမြန်းစုံစမ်းလိုက်တော့နော် 😉

Visa နှင့်ပတ်သက်တာမှန်သမျှ မေးမြန်းနိုင်ဖို့
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ခရီးမထွက်ခင် ကြိုတင်ပြင်ဆင်ထားသင့်သော အချက် ၅ ချက် 👈5 Things you should prepare before travelling abroadနိုင်ငံရပ်ခြားသိ...
17/03/2026

ခရီးမထွက်ခင် ကြိုတင်ပြင်ဆင်ထားသင့်သော အချက် ၅ ချက် 👈
5 Things you should prepare before travelling abroad

နိုင်ငံရပ်ခြားသို့ ခရီးထွက်မယ်ဆို ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ ဘာတွေကို အဓိကပြင်ဆင်ထားသင့်တာလဲဆိုတော့ 👇👇👇

✅ Document & Visa
🔹 သက်တမ်း အနည်းဆုံး ၆ လ ကျန်ရှိသော Passport ဖြစ်စေရန် သတိပြုပါ
🔹 Visa လိုအပ်ချက် နှင့် Visa ကို ကြိုတင်ပြင်ဆင်ပါ
🔹 Flight Ticket နှင့် Hotel Booking Confirm လုပ်ထားပါ
🔹 Important Documents များကို Photo Copy ကူးယူသိမ်းဆည်းထားပါ
ဘာကြောင့်လဲဆိုတော့ စာရွက်စာတမ်းပြည့်စုံမှုမရှိတဲ့အခါ လမ်းခရီးမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်. . . .

✅ Travel Insurance & Health
ကိုယ်က ကျန်းမာရေးနှင့်ပတ်သက်တဲ့ကိစ္စများအတွက် သွားရောက်မည့်သူဆိုပါက
🔹 Travel Insurance & Health Insurance ရှိထားပါ ပိုမိုကောင်းမွန်ပါတယ်
🔹 လိုအပ်သော Vaccine နှင့် Medical Checkup လဲ လုပ်ထားသင့်ပါတယ်
🔹 Personal use Medicine ကိုလဲ ကြိုတင်ပြင်ဆင်ထားပါ
လမ်းခရီး/နိုင်ငံရပ်ခြားတွင် အခန့်မသင့်လို့ နေထိုင်မကောင်းဖြစ်ပါက အထောက်အကူဖြစ်စေနိုင်ပါတယ်. . .

✅ Finance & Currency
🔹 Bank Card / Cash လုံလောက်မှု ရှိ/မရှိ အမြဲတမ်းစစ်ပါ
🔹 ကိုယ်သွားမယ်နိုင်ငံရဲ့ Local Currency ကို ကြိုတင်ပြောင်းလဲထားပါ
🔹 Daily Budget များကိုလဲ ခန့်မှန်းသတ်မှတ်ထားတာကြောင့် မလိုအပ်ပဲ ငွေကုန်ကြေးကျ မဖြစ်စေပါဘူး . . .

✅ Accommodation & Transport
🔹 Hotel Booking Confirm ဖြစ်ရဲ့လားဆိုတာ သေချာစစ်ဆေးပါ Email ပြေစာ သို့မဟုတ် Invoice များကို သိမ်းဆည်းထားပါ
🔹 Airport သို့ရောက်တဲ့အခါ Transportation အတွက် ကြိုတင်ပြင်ဆင်ထားပါ
🔹 Local Transportation Area များ Services များကိုလဲ ကြိုတင်လေ့လာထားသင့်ပါတယ်

✅ Safety & Security
🔹 Local Area များရဲ့ Emergency Contact Number များကို ကြိုတင်လေ့လာထားသင့်ပါတယ်
🔹 ကိုယ့်ရဲ့ လုံခြုံရေးကိုအမြဲဉီးစားပေးသင့်ပြီး အရေးကြုံပါက Document Soft Copy ထားရှိခြင်းက အခက်အခဲများကို လျင်မြန်စွာ ပြေလည်စေနိုင်ပါတယ် . . .

ဒါလေးတွေကိုတော့ အမြဲသတိရအောင့် ❤️ Save ထားပြီး ခရီးထွက်တဲ့အခါတိုင်း ပြန်လည် စစ်ဆေးလို့ရပါတယ်နော်

ညီမတို့ HHSL - Hein Htet San Lin Travel & Tour မှာလဲ နိုင်ငံတကာသို့ သွားရောက်ချင်သူများအတွက် Visa နှင့်ပတ်သက်သော ၀န်ဆောင်မှုများကိုလဲ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်

Visa ကိစ္စအခက်အခဲများရှိပါက
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

Passport ကိုင်ဆောင်သူတိုင်း သိထားသင့်တဲ့အချက်များ ✨Every passport holder should know these things . . .Passport ရှိပြီဆိ...
14/03/2026

Passport ကိုင်ဆောင်သူတိုင်း သိထားသင့်တဲ့အချက်များ ✨
Every passport holder should know these things . . .

Passport ရှိပြီဆိုတာနဲ့ ခရီးသွားဖို့အဆင်သင့်မဖြစ်သေးပါဘူး
နိုင်ငံရပ်ခြားသို့ ခရီးမသွားခင်မှာ ဒါတွေကို စစ်ဆေးဖို့တော့လိုမယ်နော် 👈

✅ Passport Expiry Date စစ်ဆေးခြင်း (6 months Rule)
နိုင်ငံအများစုမှာ Passport သက်တမ်း အနည်းဆုံး ၆ လ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတာကြောင့် ကိုယ့်ရဲ့ Passport သက်တမ်းကို အမြဲတမ်းစစ်ဆေးဖို့လိုပါတယ် . . .

✅ Blank Pages
ခရီးအမြဲထွက်ဖြစ်နေသူများအတွက်တော့ Blank Page ရှိမရှိစစ်ဆေးဖို့လိုပါတယ် . . . ကိုယ်က ခရီးတွေခဏခဏထွက်ရတာကြောင့် Blank Page ရှိ/မရှိသတိမထားမိတဲ့တာကြောင့် Entry/Exit Stamp များ ရိုက်နှိပ်ရန် Visa Stamp များထည့်သွင်းရန်အတွက် Blank Pages မရှိတဲ့အခါ အခက်အခဲဖြစ်စေနိုင်ပါတယ် . . .

✅ Passport Type
ကိုယ်က ဘယ်လို Passport အမျိုးအစားကို ပြုလုပ်/ကိုင်ဆောင်ထားလဲဆိုတာကို သိရှိထားသင့်ပြီး Passport အမျိုးအစားအလိုက် အချို့သော နိုင်ငံများသို့သွားရောက်ရန် စာရွက်စာတမ်းလိုအပ်ချက်များရှိနိုင်ပါတယ်...

✅ Visa Requirement လို/မလို
ကိုယ်သွားရောက်မည့် နိုင်ငံက Visa Free ပေးထားလား? Visa on Arrival လား? Pre-Application Visa လိုအပ်တာလားဆိုတာ သိထားဖို့လိုပါမယ်နော် . . .

✅ နောက်ထပ် တစ်ခုကတော့ Travel History ပါ
အချို့ Visa တင်ရန်လိုအပ်သော နိုင်ငံအသစ်များသို့ သွားရောက်ရန်လိုအပ်တဲ့အခါ Travel History ရှိထားခြင်းက အခြားသူများထက် Visa လျှောက်ထားရာမှာ အကျိုးရှိစေနိုင်ပါတယ် . . .

မိတ်ဆွေက Passport လဲရှိထားပြီးပြီ ခရီးတွေလဲ သွားဖို့စီစဉ်နေပြီဆိုရင်တော့ HHSL - Hein Htet San Lin Travel & Tour မှာ လိုအပ်တာမှန်သမျှ မေးမြန်းစုံစမ်းနိုင်ဖို့ ✨
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ကျောင်းသားများအတွက် Student Visa လျှောက်ထားနိုင်ပါပြီ 💪Can apply for Student Visa Now!နိုင်ငံရပ်ခြားမှာ သွားရောက် ပညာသင်...
11/03/2026

ကျောင်းသားများအတွက် Student Visa လျှောက်ထားနိုင်ပါပြီ 💪
Can apply for Student Visa Now!

နိုင်ငံရပ်ခြားမှာ သွားရောက် ပညာသင်ချင်တဲ့ အစီအစဉ်ချနေပြီလား? ✌️
Study လုပ်ရင်း Experiences လဲ ရယူကာ Career Pathway ကိုလဲ တည်ဆောက်ချင်တဲ့ လူငယ် လူရွယ်များအတွက် 👇👇👇

HHSL - Hein Htet San Lin မှာ
Student Visa ကို လျှောက်ထားနိုင်ပါပြီ ✨

Student Visa အတွက် လိုအပ်တဲ့ Requirements တွေကတော့
🔹 သက်တမ်း ၆ နှင့်အထက်ရှိသော Passport
🔹 School / University Offer Letter
🔹 Financial Proof
🔹 Academic Documents
🔹 Visa Applications Form တို့ လိုအပ်ပြီး
🔹 သွားရောက်မည့် နိုင်ငံနှင့် သင်ကြားမည့် Course များအလိုက် အနည်းငယ်ကွားခြားနိုင်ပါတယ်။

ဘာ‌‌ကြောင့် Student Visa ကို ရွေးချယ်သင့်တာလဲ?
🔹 International Education Experience များကို အလွယ်တကူ ရယူနိုင်ပြီး
🔹 English Skill နှင့် Language Improvement လဲ ဖြစ်စေတဲ့အပြင်
🔹 Global Career Opportunities တွေလဲ ရရှိနိုင်မှာဖြစ်ပါတယ်

ဒါ့အပြင်
🔹 အချို့သော နိုင်ငံတွေမှာ Student Visa ကိုင်ဆောင်ထားသော ကျောင်းသား/သူ များအတွက် Part-Time Work များကိုလဲ လုပ်ကိုင်ခွင့်ပေးထားတာကြောင့် Career Experience နှင့် အခြားသော အားသာချက်များကိုလဲရရှိစေပါတယ်.... 🤩

ဒါဆို ဘယ်နိုင်ငံကိုလျှောက်ထားမလဲ ဆိုတာစုံစမ်းချင်တာပဲ အပြင် Visa နှင့်ပတ်သက်တာမှန်သမျှ မေးမြန်းနိုင်ဖို့

Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ဗီဇာ ပယ်ချခံရလို့ စိတ်ညစ်နေပြီလား? 😥Frustrated with visa rejections?Visa Reject လုပ်လိုက်တယ်ဆိုတာ ခရီးသွားမည့်သူများအတွက...
08/03/2026

ဗီဇာ ပယ်ချခံရလို့ စိတ်ညစ်နေပြီလား? 😥
Frustrated with visa rejections?

Visa Reject လုပ်လိုက်တယ်ဆိုတာ ခရီးသွားမည့်သူများအတွက်တော့ အိမ်မက်ဆိုးလိုပါပဲ ခရီးစဉ်တစ်ခုလုံးကိုလဲ ကမောက်ကမ ဖြစ်စေသလို အချိန်ကုန်လူပင်ပန်းလဲဖြစ်စေပါတယ် . . . 😔

ဒါပေမယ့်
ဒီလိုမျိုးအဖြစ်ရအောင် အောက်ပါအ‌ကြောင်းအရင်းလေးတွေကို သိထားရင် ပြန်လည်ပြင်ဆင်နိုင်ပါတယ်နော် . . . 😮

အဓိက ဗီဇာ ပယ်ချလေ့ရှိတဲ့ အ‌ကြောင်းအရင်းတွေက
♦️ စာရွက်စာတမ်းမပြည့်စုံခြင်း
♦️ Bank Statement မလုံလောက်ခြင်း
♦️ အလုပ်အကိုင်အထောက်အထား မခိုင်မာခြင်း
♦️ အချက်အလက် မတိကျ/ မကိုက်ညီခြင်း
♦️ အချို့နိုင်ငံ Visa Type များကတော့ Travel History မရှိခြင်းတို့ကြောင့်လဲ ပယ်ချနိုင်ပါတယ်

အကယ်လို Visa ပယ်ချခဲ့မယ်ဆို ဘယ်လိုပြန်ပြင်ဆင်မလဲ? 🤔

ကိုယ့်ရဲ့ ဗီဇာ ကို ပယ်ချခဲ့မယ်ဆို
🔹 Rejections Reason ကို သေချာစွာ ပြန်လည်စစ်‌ဆေးပါ
🔹 လိုအပ်ချက်များကို ပြည့်စုံဆောင် ပြင်ဆင်ထားပါ
🔹 Supporting Documents တွေကို သေချာစွာ ပြင်ဆင်ပါ
🔹 Professional Visa Services များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါတယ်

ဗီဇာ ပယ်ချခံရတယ်ဆိုတာ ဆုံးရှုံးသွားတာမဟုတ်ပါဘူး ပြန်လည်ပြင်ဆင်ပြီး မှန်ကန်စွာ ဆောင်ရွက်နိုင်ပါတယ် . . . 😊

ဒါကြောင့်
👉 Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ထိုင်း ဗီဇာ လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ? 🤔Requirements to apply for Thailand Visaမိတ်ဆွေဟာ ထိုင်းနိုင်ငံသို့ ခရီးသွားဖိ...
05/03/2026

ထိုင်း ဗီဇာ လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ? 🤔
Requirements to apply for Thailand Visa

မိတ်ဆွေဟာ ထိုင်းနိုင်ငံသို့ ခရီးသွားဖို့ Visa ပြင်ဆင်နေပြီလား?

ဒါဆိုရင်တော့ အခြေခံလိုအပ်ချက်များအနေဖြင့် 👇👇👇
🔹 သက်တမ်း ၆ လအနည်းဆုံး ကျန်ရှိသော Passport ဖြစ်ရပါမယ်
🔹 နောက်ခံ အဖြူ Passport Size ဓာတ်ပုံ
🔹 Visa Application Form
🔹 သွားရောက်ရန် ပြင်ဆင်ထားသော Flight Ticket
🔹 Hotel Booking / Accommodation
များကို ပြင်ဆင်ထားရန်လိုအပ်ပြီး

🟢 အချို့သော Visa Type များအတွက်
🔹 Bank Statement (နောက်ဆုံး ၃ လ)
🔹 Bank Confirmation Letter
🔹 Employment Letter (or) Company Recommendation

စီးပွားရေးကိစ္စများအတွက် လျှောက်ထားရန်လိုအပ်ပါက
🔹 Business License

လိုအပ်ချက်များအရ ထပ်မံပြင်ဆင်ထားသင့်တာတွေကတော့
🔹 ID card / Household List (Notary) အိမ်ထောင်စုစာရင်း
🔹 Cover Letter တို့ကို ပြင်ဆင်ထားသင့်ပါတယ်
ဗီဇာ လျှောက်ထားသည့် အမျိုးအစားအလိုက် ကွားခြားချက်များအနည်းငယ် ရှိနိုင်တာကြောင့် ဗီဇာ Services နှင့်ပတ်သက်တာမှန်သမျှကိုလဲ Page Messenger တွင်လဲ မေးမြန်းစုံစမ်းနိုင်ပါတယ် ရှင်

Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ထိုင်းနိုင်ငံရှိ တရား၀င် ဗီဇာ အမျိုးအစားများ ✨Types of Thailand Visaထိုင်းနိုင်ငံကို သွားရောက်ကြမယ်ဆို မြန်မာနိုင်ငံသားမ...
03/03/2026

ထိုင်းနိုင်ငံရှိ တရား၀င် ဗီဇာ အမျိုးအစားများ ✨
Types of Thailand Visa

ထိုင်းနိုင်ငံကို သွားရောက်ကြမယ်ဆို မြန်မာနိုင်ငံသားများအတွက် (14) ရက် Free Visa ဖြင့်သွားရောက်လည်ပတ်နိုင်ပါတယ် . . .

အခြားသော Visa တွေကတော့
✅ Tourist Visa (TR)
အပန်းဖြေခရီးသွားရောက်လည်ပတ်ချင်သူများ အများဆုံးလျှောက်ထားလေ့ရှိတဲ့ Visa အမျိုးအစားဖြစ်ပါတယ်
ရက်ပေါင်း 60 အထိ နေထိုင်ခွင့်ရရှိနိုင်ပြီး ထပ်တိုးအနေဖြင့် ရက်ပေါင်း 30 ထပ်တိုးနေထိုင်နိုင်သော Extension လုပ်နိုင်သည့် Visa အမျိုးအစားဖြစ်ပါတယ်။

✅ Arrival Visa (VOA - Visa on Arrival)
Arrival Visa ဆိုတာကတော့ Free Visa ကဲ့သို့ ပေးထားကာ ထိုင်းနိုင်ငံသို့ ရောက်ရှိတဲ့အခါ လျှောက်ထားပြီး ၁၅ ရက် အထိ နေထိုင်နိုင်သော ခရီးသွားများအတွက် လုပ်ဆောင်ပေးထားသော Visa အမျိုးအစားဖြစ်ပါတယ်။

✅ Business Visa (B) - Non Immigrant B Visa
ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်လူသူများအနေဖြင့် လုပ်ငန်းဆိုင်ရာကိစ္စများနှင့် စီးပွားရေးလာရောက်အလုပ်လုပ်ကိုင်လိုသော နိုင်ငံခြားသားများအတွက် လျှောက်ထားနိုင်သော Visa အမျိုးအစားဖြစ်ပြီး Single Entry ဖြင့်လျှောက်ထားပါက ရက်ပေါင်း ၉၀ ရရှိနိုင်သော Visa အမျိုးအစားဖြစ်ပါတယ်။

✅ Student Visa (ED) - Education Visa
ထိုင်းနိုင်ငံမှာ ပညာရေးဖြင့် သွားရောက် ကျောင်းတက်ချင်သူများ၊ College, University, Language School တို့ကို တက်ရောက်သူများ ရွေးချယ်လေ့ရှိတဲ့ Visa အမျိုးအစားဖြစ်ပါတယ်။ တစ်ကြိမ်လျှင် ရက်ပေါင်း ၉၀ ရရှိမှာဖြစ်ပြီး နှစ်စဉ်သက်တမ်း နေထိုင်၍ရပါတယ်

✅ Destination Thailand Visa (DTV)
DTV ဆိုတာကတော့ အခုနောက်ပိုင်း အသစ်လျှောက်ထားခွင့်ပေးထားပြီး (၅) နှစ်အထိ နေထိုင်ခွင့်ရရှိနိုင်တဲ့ Visa ပါ။ Visa ကိုင်ဆောင်ထားပြီး အခြားနိုင်ငံများသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်ခြင်း၊ ၆ လ တစ်ကြိမ် သက်တမ်းတိုးနေထိုင်နိုင်တာကြောင့် Digital Nomad / Remote Worker များရွေးချယ်လေ့ရှိသော Visa အမျိုးအစားလဲ ဖြစ်ပါတယ်။

✅ Long Term Resident Visa (LTR)
LTR Visa ဆိုတာကတော့ ထိုင်းနိုင်ငံသို့ နိုင်ငံတကာမှ လာရောက်ပြီး ရင်းနှီးမြုပ်နှံသူများ၊ ကုမ္ပဏီခွဲများအဖြစ် ထပ်မံဖွင့်လှစ်လိုသူများလို စီးပွား‌ရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ Visa အမျိုးအစားဖြစ်ပြီး Visa သက်တမ်း 10 နှစ်အထိ ရရှိနိုင်သော Visa အမျိုးအစားလဲ ဖြစ်ပါတယ် . . .

ညီမတို့ HHSL - Hein Htet San Lin Travel & Tour မှာလဲ နိုင်ငံတကာသို့ သွားရောက်ချင်သူများအတွက် Visa နှင့်ပတ်သက်သော ၀န်ဆောင်မှုများကိုလဲ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်နော်
ဒါဆို Visa လျှောက်တော့မယ်ဆို HHSL ကို အရင်ဆုံး မေးမြန်းစုံစမ်းလိုက်တော့နော်

Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)

Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

မြန်မာနိုင်ငံမှ အများစု သွားရောက်လည်ပတ်ကြတဲ့ နိုင်ငံများCommon countries Myanmar people travel toမိသားစုကိစ္စများ အလည်အပ...
27/02/2026

မြန်မာနိုင်ငံမှ အများစု သွားရောက်လည်ပတ်ကြတဲ့ နိုင်ငံများ
Common countries Myanmar people travel to

မိသားစုကိစ္စများ အလည်အပတ်ကိစ္စများ အပြင် အလုပ်ကိစ္စများကြောင့် Visa လဲ တင်ရလွယ်ကူပြီး သွားလို့ကောင်းတဲ့ နိုင်ငံတွေကတော့

✅ ထိုင်း Thailand
Shopping ထွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ ကိစ္စများအတွက် သွားရောက်ခြင်းတွေ အပြင် Short Trip အနေနဲ့ သွားလို့အကောင်းဆုံးဖြစ်ပြီး စျေးနှုန်းလဲ သင့်တင့်ကာ လူကြိုက်များတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

✅ စက်ာပူ Singapore
City Tour အနေနဲ့ သွားရောက်လည်ပတ်ကြတဲ့သူများလဲရှိသလို နိုင်ငံတကာနှင့်ချိတ်ဆက်ထားတဲ့ ကျောင်းများအပြင် Family အများစု သွားရောက်လည်ပတ်ကြလေ့ ရှိတဲ့ နိုင်ငံတစ်ခုလဲ ဖြစ်ပါတယ်...

✅ မလေးရှား Malaysia
Malaysia ကိုသွားကြတယ်ဆိုတာနဲ့ KL City Tour ဆိုတာ မရောက်မဖြစ်နေရာတခုဖြစ်ပြီး မိသားစုများ အလည်အပတ်အပြင် Genting Highlands လိုနေရာတွေကတော့ အမှတ်တရများစွာနဲ့ ပျော်စရာ ခရီးစဉ်လေးဖြစ်စေပါတယ်။ Malaysia မှာ စျေး၀ယ်ရတာကလဲ Thai လို စျေးနှုန်းသင့်တင့်တာကြောင့် Shopping ထွက်ချင်သူများအပြင် Budget & Comfortable Trip အတွက် ရွေးချယ်လေ့ရှိပါတယ်။

✅ ဗီယက်နမ် Vietnam
ရွှေမြန်မာတို့ အများစု အကြိုက် အစားအသောက်များ၊ Culture & Experiences များအပြင် Shopping ထွက်တဲ့အခါလဲ စျေးနှုန်းသက်သာပြီး လူငယ်တွေအကြား‌ရေပန်းစားနေတဲ့ ခရီးသွားနေရာတစ်ခုလဲ ဖြစ်နေပြီနော်...

✅ ကိုရီးယား Korea
Korea လို့ပြောလိုက်တာနဲ့ Beautiful & Winter Experiences တွေလဲ ရနိုင်တဲ့အပြင် K-Drama တို့ရဲ့ Locations လဲ ဖြစ်တာမို့ လူငယ်များအကြား လူကြိုက်များလာတဲ့ နိုင်ငံတစ်ခုလဲ ဖြစ်ပါတယ်။

✅ ဂျပန် Japan
စည်းကမ်းရှိမှု၊ သန့်ရှင်းသပ်ရပ်မှု၊ နည်းပညာတိုးတက်မှုတွေကို မြင်တွေ့ရနိုင်တဲ့ နိုင်ငံတစ်ခုလဲဖြစ်ပြီး Sakura Season ဆိုရင်တော့ အမှတ်တရတွေအများကြီး ရနိုင်တဲ့ Premium Choice Location တစ်ခုလဲ ဖြစ်ပါတယ်။

ညီမတို့ HHSL - Hein Htet San Lin Travel & Tour မှာလဲ နိုင်ငံတကာသို့ သွားရောက်ချင်သူများအတွက် Visa နှင့်ပတ်သက်သော ၀န်ဆောင်မှုများကိုလဲ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်နော်

Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)

Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

ဗီဇာလျှောက်ထားတဲ့အခါ Single နှင့် Multi ဘာတွေ ကွာခြားလဲ? 🤔ဗီဇာလျှောက်ကြတဲ့အချိန်တိုင်းမှာ Single Entry နဲ့ Multiple Entr...
22/01/2026

ဗီဇာလျှောက်ထားတဲ့အခါ Single နှင့် Multi ဘာတွေ ကွာခြားလဲ? 🤔

ဗီဇာလျှောက်ကြတဲ့အချိန်တိုင်းမှာ Single Entry နဲ့ Multiple Entry (Multi) ဆိုပြီး အမျိုးအစား (၂) မျိုးကို မကြာခဏတွေ့ရလေ့ရှိတတ်ပါတယ်

အဓိကအားဖြင့်
✅ Single Entry Visa ကတော့
ကိုယ်လျှောက်ထားတဲ့ နိုင်ငံတွင်းသို့ သတ်မှတ်ရက်အတွင်း တစ်ကြိမ်သာ ၀င်ခွင့်ရှိတဲ့ Visa အမျိုးအစားဖြစ်ပါတယ်။
ပိတ်ရက် အားလပ်ရက်များ ခရီးသွားတတ်တဲ့သူများ အများဆုံးအသုံးပြုလေ့ရှိတဲ့ Visa လဲ ဖြစ်ပါတယ် . . .

✅ Multiple Entry (Multi) Visa ဆိုတာကတော့
ကိုယ်လျှောက်ထားတဲ့ နိုင်ငံတွင်းသို့ သတ်မှတ်ရက်အတွင်း အကြိမ်ကြိမ် ၀င်ထွက်သွားလာလို့ရတဲ့ Visa အမျိုးအစားဖြစ်ပါတယ်။
အလုပ်ကိစ္စကြောင့် ခရီးတွေ သွားရတာ၊ မိသားစုနဲ့ မကြာခဏသွားတွေ့တတ်တဲ့သူများအတွက် သွားလာရလွယ်ကူစေတဲ့ Visa အမျိုးအစားဖြစ်ပါတယ် . . .
အခြေခံအားဖြင့် Multiple Entry Visa Process များက ပုံမှန် Single Visa Process ထပ် အနည်းငယ်ပိုများနိုင်ပါတယ်။

👉 ဒါဆို ဘယ်လို Visa အမျိုးအစားကို လျှောက်ထားသင့်လဲဆိုတော့ . . .
မိတ်ဆွေရဲ့ ခရီးသွားရခြင်းအကြောင်းအရင်းများနဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး‌ရွေးချယ်လေ့ရှိကြပါတယ်

HHSL Travel & Tour မှာဆိုရင်တော့
ခရီးသွားအစီအစဉ်များ၊ Visa Process များအတွက် လိုအပ်ချက်များအလိုက် ရွေးချယ်အကြံပြုပေးတဲ့အပြင် Visa Process အစအဆုံးကိုလဲ သေချာစွာ စိစစ်လျှောက်ထားပေးပါတယ်နော် . . . ဒါဆို Visa လျှောက်တော့မယ်ဆို HHSL ကို အရင်ဆုံး မေးမြန်းစုံစမ်းလိုက်တော့နော်

Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)
Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

China Visa တင်ဖို့ အရမ်းကို အဆင်ပြေနေပါပြီ✨အရင်ကဆို Visa တင်ဖို့ အခက်အခဲဖြစ်ကြတာများလို့ မရမှာ စိတ်ပူကြတယ်မဟုတ်လား? 😣ဒါပ...
19/01/2026

China Visa တင်ဖို့ အရမ်းကို အဆင်ပြေနေပါပြီ✨

အရင်ကဆို Visa တင်ဖို့ အခက်အခဲဖြစ်ကြတာများလို့ မရမှာ စိတ်ပူကြတယ်မဟုတ်လား? 😣
ဒါပေမယ့် အခုတော့ အရမ်းကို အဆင်ပြေနေပါပြီ . . . 😲

✅ လိုအပ်တဲ့ စာရွက်စာတမ်းများ စနစ်တကျပြင်ဆင်ခြင်း၊
✅ စာရွက်စာတမ်းများစစ်ဆေးပေးခြင်း၊
✅ Visa Process များကို သေချာစွာ ဆောင်ရွက်ပေးခြင်း၊
✅ လိုအပ်သည့်အချက်အလက်များကိုလဲ အဆင်ပြေအောင်ဆောင်ရွက်ပေးခြင်းတွေကို HHSL မှ တာ၀န်ယူလုပ်ဆောင်ပေးပါတယ် . . .

China ကို
👉 အလည်အပတ်သွားချင်သူများ
👉 အလုပ်ကိစ္စဖြင့် သွားရောက်လိုသူများ
👉 မိသားစုများနှင့် တွေ့ဆုံဖို့အတွက် အလွယ်အကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် HHSL Travel & Tour မှ ဆောင်ရွက်ပေးပါတယ်နော်

Visa ကိစ္စအခက်အခဲများရှိပါကလဲ
Page Messenger (သို့မဟုတ်)

Phone No.
09 952 499455, 09 268 323414, 09 760 864222 တို့ကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
သင့်ရဲ့ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ HHSL Travel & Tour

Address

No. 41, 88Streer, Mingalartaung Nyunt Township
Yangon
11221

Website

Alerts

Be the first to know and let us send you an email when Hein Htet San Lin Travel&Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category