02/01/2026
"နတ်ဖွက်ထားသောအလှတရားများဆီသို့ " ခရီးစဉ်
🚌 .... 🏞️🌳..🏕️🌌⛺🔥.... ☕🍜... ⛲💦🛥️.🌿
Day 2 ➡️ အရမ်းလှတဲ့ PaungLaung Shangri-La တိမ်
ပင်လယ်ကြီး နဲ့ နန့်မွန်ကြီး ..နန့်ကုန်း
ရေတံခွန်များ၊ လွမ်းမောဖွယ် လိန်းလီ
တံတားကြီး နဲ့ ပင်လောင်းမြို့လေးဆီသို့
26.12.2025 🗓️ ရက်နေ့
- မနက် 5 နာရီ လူစုပြီး🚶♂️🚶♀️အရမ်းလှတဲ့ တိမ်ပင်လယ်ကြီး ကို ကြည့်ဖို့ တစ်ဖွဲ့လုံးထကြပါတယ် ။ ရှန်ဂရီလာမှ ၀န်ထမ်းတွေကလဲ နံနက်စာ🍛☕ ပြင်ဆင်ပေးကြပါတယ်၊ မနက် 6:15 ကနေ စပြီး ညတုံးက မီးရောင်လေးတွေ မှုန့်ပြပြနဲ့ 🌇တွေ့ရတဲ့ ပေါင်းလောင်းမြို့လေးပေါ်မှာ တိမ်တွေစဖြစ်ပြီး တို့အဖွဲ့တွေလဲ 📸ဓါတ်ဖမ်းကြပါတယ်၊
- ရှန်ဂရီကနေ 7 :30 မှာတိမ်ပင်လယ် 🌫️🌁ကနေ့ပြန်ဆင်းကြပြီး ကွေ့ ၃ နဲ့ ကွေ့ ၄ က တိမ်ပင်လယ်လေးကြည့် ဓါတ်ဖမ်းကြပြီး 📸အရမ်းလှတဲ နန့်မွန်ကြီးရေတံခွန် နန့်ကုန်းရေတံခွန်များသို့ 🚤ဆက်လက်ပို့ ဆောင်ပေးပါတယ်၊ စီးလုံးငှား စက်လှေလေးနဲ့ နန့်မွန်ကြီးရေတံခွန်သို့ သွားရောက်ခဲ့ကြပါတယ်၊ ⛲⛲ ရေတံခွန်က လှေဆိပ်ကနေ လမ်းလေးနည်းးလျော့ရပါတယ်နော်၊ နန့်မွန်ကြီး ဘက်ခြမ်ူမှာ ထမင်းဆိုင်🧑🍳လေးရှိပါတယ်နော်၊ နန့်မွန်ကြီးသို့ နေ့လယ် ၁၁ နာရီလောက်ရောက်ရှိပါတယ်၊ နန့်မွန်ကြီး မှာရေကစားကြပြီး အပြန် လှေဆိပ်မှာ နေ့လယ်စာ စားကြပါတယ်၊ 🙏နန့်မွန်ကြီးကြနေ ပြန်ထွက်ပြီး နန့်ကုန် ရေတံခွန် သို့ ၀င်ရောက် ဓာတ်ဖမ်းခဲ့ကြပြီး လှေဆိပ်သို့ ပြန်လည် ထွက်ခွာပြီး လွမ်းမောစရာ လိန်လီ🌫️🌁 တံတာကြီးသို့ ထွက်ခွာရောက်ရှိပြီး ဓါတ်ဖမ်းခဲ့ကြပါတယ်📸၊ ဆက်လက်ပြီး ၀င်္ဂဘာဂူ 🌌↔️သို့ ၀င်ရောက်လည်ပတ်ပြီး တစ်ညတာ တည်းခိုမဲ့ , Royal Pinlong Hotel🏨 သို့ သွားရောက် အနားယူခဲ့ကြပါတယ်။ မီးပုံပွဲလေး 🔥ပါ စီစဉ်ပေးပြီး စိတ်ရှည်ပေးတဲ့ Royal Pinlong ပိုင်ရှင်မိသားစုလဲ ကျေးဇူးပါ။
🌿ခရီးစဉ် လိုက်ပါအားပေးခဲ့ပါသော 🤝 🚶♂️🚶♀️တစ်
ဦီးတစ်ယောက်စီတိုင်းနဲ့ လိုက်ပါ အားဖြည့်
ပို့ဆောင်ပေး ခဲ့ပါသော ကိုသူရ 🧍♂️ Admin (Taung
Pyar Tan & The Nature )၊ ဧည့်၀တ်ကျေတဲ့
ပေါင်းလောင်းရှန်ဂရီလာမှ ၀န်ထမ်းများ 👨🍳၊ Royal ဎဎဎဘံ့Pinlong Hote မိသားစု စိတ်၀င်စားပြီး ခု Post📝 လေး ပြီးဆုံး
အောင် ဖတ်ပေးခဲ့ကြသော 📖 မိတ် ဆွေများအား
ကျွန်တော်တို့ Journey To The Nature
Admin Team 👭 မှ အထူးကျေးဇူးတင်ရှိပါတယ်
နော်🙏🙏🙏 ပုံလေးတွေလဲ ဆက်ပြီး အားပေးခဲ့ကြ
ပါအုံးနော်🙂🌿
🎉မိတ်ဆွေတို့ရဲ့ ပျော်ရွှင်ဖွယ် အချိန်လေးတွေ⏳
ဖန်တီးဖို့ Journey To The Nature ကို ယုံကြည်
စိတ်ချပေးပါနော်🎉
Journey To The Nature
Admin Team