01/09/2026
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း
( TTT TAROT Reader @ TTT TAROT Fortune Teller )
https://www.facebook.com/share/p/17oa3wsqBz/
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း ဘာပဲလုပ်လုပ် ဘယ်လိုပဲကြုံတွေ့နေရပါစေ မိမိသဘော ဆန္ဒထက် အများ ဆန္ဒအတိုင်း ဦးစားပေး လုပ်ကိုင်သင့်ပါသည်။ အထက်လူကြီးများနှင့် မိမိ သဘောထား ကွဲလွဲနေသလို လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အမြင်မတူဘဲ ဖြစ်နေမည်။ စီးပွားရေး လုပ်ကိုင်နေသူ ဆိုပါကလည်း ရင်းနှီးမြှုပ်နှံသူများ ရှယ်ယာရှင်များနှင့် ညှိနှိုင်း မရ ဖြစ်နေတတ်သည်။ ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ထားပါက အမြတ်ခွဲဝေရာတွင် မိမိအား ပေးရန် မေ့လျော့နေတတ်သည်။ ထို့ကြောင့် အလုပ်သစ်၊ လုပ်ငန်းများ မစတင် သင့်သေးသလို ရင်းနှီး မြှုပ်နှံမှုများအားလည်း ထပ်မတိုးချဲ့သင့်သေးပါ။ ကွဲကွာနေသော အိမ်ထောင်ဖက်ဟောင်း၊ ပြတ်စဲပြီးသော ရည်းစားဟောင်းတို့နှင့် ပြန်ဆုံရတတ်သည်။ သား၊ သမီး အရေးကိစ္စများ၊ စီးပွားရေး ကိစ္စများနှင့် ပတ်သက်၍ အိမ်ထောင်ဖက်နှင့် အကြီးအကျယ် စကားများရတတ်သည်။ စီးပွားရေး လုပ်ငန်းများပါ ပြန်အဆင်ပြေ လာမည်။ မည်သို့သော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ၊ ပြဿနာ ကြီးကြီးမားမား မရှိဘဲ ချစ်သူနှင့် လမ်းခွဲရတတ်သည်။ ယခုကာလအတွင်း ကျောနာခြင်း၊ ကျောအောင့်ခြင်း မှအပ ကြီးကြီးမားမား ရောဂါ ဝေဒနာ ဖြစ်ရန် မရှိပါ။ စီးပွားရေးနှင့် ပညာရေးကြား၊ မေတ္တာရေးနှင့် ပညာရေးကြား လွန်ဆွဲနေမည်။ အိမ်ထောင်ကျပါက ပညာရေး တစ်ခန်းရပ် သွားမည်။ နိုင်ငံရပ်ခြား ပညာတော်သင် သွားပါက အရှက်တကွဲအကျိုးနည်း ကြုံတွေ့ရ တတ်သောကြောင့် ဂုဏ်သိက္ခာ အလေးထားသူများ အနေဖြင့် မသွားသင့်သေးပါ။ မိမိ လုပ်ချင်သည့်အလုပ်၊ တကယ်စိတ်ဝင်စားပြီး လုပ်နိုင်မည့် အလုပ်မျိုးကိုသာ တစိုက် မတ်မတ် လျှောက်ထားပါ။ ရာထူး၊ လစာထက် ပညာရမည့် အလုပ်ကိုသာ ဦးစားပေး ရွေးချယ်ပါက နောင်တွင် ပိုမိုအဆင်ပြေမည်။
https://vt.tiktok.com/ZSVX7QhY2/
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
လုပ်ငန်းပြိုင်၊ လူပြိုင်ဝင်လာမည့် ကာလဖြစ်သည်။ ပိုမိုမျှတသည့် အလုပ်ကိုသာ ဦးစားပေး ရွေးချယ်ပါ။ အမြတ်၊ ငွေကြေးထက် ပညာရမည့် အလုပ်၊ တရားဝင်သော အလုပ်၊ မိတ်ဆွေ ကောင်းများဖြင့် တွဲဖက်လုပ်ကိုင်ရမည့် အလုပ်မျိုးကိုသာ ရွေးချယ်လုပ်ကိုင်ပါ။ ရှေ့က ပြုခဲ့ဖူးသည့်အတိုင်းအကျိုး ပြန်ခံစားရမည်။ ပညာရေးနှင့် ပတ်သက်သော အလုပ်များ၊ Private Schools လုပ်ငန်းများ၊ Freelance Teachers အလွတ်သင် ဆရာ၊ ဆရာမများ၊ စာကြည့်ဂိုက်များ၊ စာအုပ်ဆိုင်များ၊ စာပေ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဘာသာစကား သင်တန်းကျောင်းများ ၊ သက်မွေး သင်တန်းကျောင်းများ အဆင်ပြေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် အဆင်မပြေ ဖြစ်နေမည်။ မျက်နှာချင်းဆိုင်သည်နှင့် စကားများ ရန်ဖြစ် နေတတ်သည်။ နှစ်ဦးစလုံး က ခေါင်းမာပြီး တဇွတ်ထိုး ဆက်လုပ်နေပါက နောက်ဆုံးတွင် အိမ်ထောင်ရေး၊ အချစ်ရေးထိခိုက်လိမ့်မည်။ မိမိတို့နှစ်ဦး ဘဝရှေ့ရေး အတွက် မကြိုးစားဘဲ ပေါ့ပျက်ပျက် နေသည်ဟု ချစ်သူမှ အထင်လွဲနေသည်။ အထင်လွဲမှုများ၊ အမြင်မတူမှုများ ရှိနေပါက စိတ်လျှော့၍ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းယူမှသာ ပြန်အဆင်ပြေ နိုင်မည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ယခုပြသနေသော ဆေးရုံ၊ ဆေးခန်းမှ ပြောင်းလဲ ပြသခြင်းဖြင့် ဝေဒနာ သက်သာနိုင်သည်။ အစားမှားခြင်း၊ ဆေးမှားခြင်း၊ ဆေးထိုး ဆေးသောက်မှားခြင်း တို့ဖြစ်တတ်သည်။ ယခုကာလအတွင်း လုံးဝ ခရီး မသွားသင့် သေးပါ။ ခရီးသွားနေစဉ် ရောဂါ ဝေဒနာဟောင်း ပြန်ဖောက်လာပြီး လမ်းခရီး ကြန့်ကြာ တတ်သည်။ အဘွား၊ အမေ၊ အဒေါ်၊ အုပ်ထိန်းသူအမျိုးသမီးတို့၏ ထောက်ပံ့ပေးမှု တို့ကြောင့်မိမိ၏ ပညာရေး ရည်မှန်းချက်များ ပြည့်မြောက်လာမည်။ ပညာရပ်အသစ်များ သင်ကြားခွင့်ရမည်။အလုပ်၊ အင်တာဗျူးစာမေးပွဲများ အောင်မြင်မည်။ ပညာရေးနှင့် ပတ်သက်ပြီး မဖြစ်မနေ ခရီးသွားရမည့် ကိစ္စမျိုး ပေါ်လာတတ်သည်။
https://vt.tiktok.com/ZSVX72FWr/
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ အေးနေမည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်။ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရမည့် ကိစ္စများတွင် ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆုံးဖြတ် လုပ်ကိုင် သင့်သည်။ အောက်လက်ငယ်သား၊ ဝန်ထမ်း ဒုက္ခပေးတတ်သည်။ သတိထားပါ။ နှစ်ဖက် အသိုင်းအဝိုင်းနှင့် ဆွေမျိုးများမှ ဝင်ရောက်နှောင့်ယှက်တတ်သောကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ စေ့စပ်ပွဲ ကျင်းပရန်၊ မင်္ဂလာကိစ္စ စကားပြောရန်၊ မင်္ဂလာပွဲ ကျင်းပရန်တို့ကို အကြိမ်ကြိမ်ညှိနှိုင်းနေရတတ်သည်။ ကြုံလာသမျှ အခက်အခဲ၊ အတိုက်အခိုက်များအား နောက်မဆုတ်တမ်း ရဲရဲရှေ့တိုး လုပ်ဆောင်မှသာအိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေမည်။ မိမိချစ်သူအား အခြားသူ တစ်ဦးဦးဖြင့် ယှဉ်ပြိုင် တိုက်ခိုက်ပြီးမှ ရယူနိုင်မည်။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေပါက နှစ်ဦးတည်း အပျော် ခရီးသွားခြင်း၊ ဘုရားဖူးသွားခြင်းဖြင့် ပြန်အဆင်ပြေနိုင်သည်။ နှစ်ရှည်လများ ခံစားနေ ရသော နာတာရှည် ဝေဒနာသည်များ ပြန်နလန်ထူလာမည်။ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါဝေဒနာများ၊ နှလုံး၊ အဆုတ်နှင့် ပတ်သက်သောရောဂါ ဝေဒနာများ ခံစားရ တတ်သည်။ လည်ပင်းနာခြင်း၊ လည်ပင်း ကျီးပေါင်းတတ်ခြင်း၊ အုံးလွဲခြင်း၊ လက်ထိခိုက် မိခြင်းတို့ ဖြစ်တတ်သည်။ လူကြီး၊ မိဘများ၏ အစီအမံများကြောင့် မိမိပညာရေး ရည်မှန်းချက်များ စွန့်လွှတ် ရတတ်သည်။ ရာထူးတိုး စာမေးပွဲများ ဖြေဆိုထားပါက အထက်လူကြီး၊ အကြီးအကဲဖြင့် အဆင်ပြေအောင် နေထိုင်လုပ်ကိုင်ပါ။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဆိုသင့်သေးပါ။
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခင်က ဆုံးရှုံးဖူးသော လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေး၊ အလုပ်အကိုင် များ ပြန်ဦးမော့လာမည်။ သို့သော် လက်ရှိလုပ်ကိုင်နေသော အလုပ်အကိုင်မှာ ရပ်တန့်ရ ခြင်း၊ ဆုံးရှုံးရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ငွေချေးခြင်း၊ ငွေကြေးနှင့် လုပ်ငန်းကိစ္စများ တွင် အခြားတစ်ပါးသူအတွက် အာမခံပေးခြင်း၊ မိမိ တစ်ခါမှ မလုပ်ဖူးသော လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်၊ ခြံ၊ မြေ၊ စတော့ရှယ်ယာ၊ ငွေကြေး စျေးကွက်စသော လောင်းကစားဆန်သော လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းတို့ ရှောင်ကြဉ်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် မမျှော်လင့်သော အလှည့်အပြောင်းများ ကြုံတွေ့ရ တတ်သည်။ မိမိ ချစ်ခင် နှစ်သက်သူနှင့် အိမ်ထောင် ပြုထားပါက အဆင်ပြေနိုင်ပြီး မိဘ သဘောတူ ကြည်ဖြူသူနှင့် လက်ထပ်ထားသူများ ကွဲနိုင်သည်။ သား၊ သမီးရတနာ ရမည်။ ကိုယ်ဝန် ဖျက်မချပါနှင့်။ အသက် အန္တရာယ် ရှိသည်။ ခွဲစိတ် ကုသမှု ခံယူရတတ် သည်။ သွေးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ အာရုံကြောနှင့် သက်ဆိုင်သော ရောဂါဝေဒနာများ ခံစားရတတ်သည်။ ခြေထောက် ထိခိုက် မိလိမ့်မည်။ အကြီးအကဲ၊ အထက်လူကြီး၊ အမျိုးသမီးကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်နိုင်သည်။ ပညာရေးနှင့် ပတ်သက်ပြီး မိမိနှင့်သိသော၊ မသိသော အမျိုးသမီးများထံမှ အကူအညီများ ရရှိမည်။ ကျောင်းသား၊ လူငယ်များ ပညာရေးကိုသာ အာရုံစိုက်ပြီး သင်ယူ လေ့လာပါ။ မေတ္တာရေးအား အလေးသာပြီး အိမ်ထောင်ကျ သွားပါက ပညာရေး ဆုံးခန်းမတိုင်နိုင်ပါ။
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ "ကြာသပတေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလှည့်အပြောင်း ကြုံရပြီး အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ စိတ်တိုင်းကျ လုပ်ကိုင်လာနိုင်မည်။ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ စတင်နိုင်သော ကာလဖြစ်သည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှလည်း အလုပ်နှင့် ပတ်သက်သော အခွင့်အရေး၊ ငွေကြေးနှင့် အကူအညီများ ရရှိမည်။ လှောင်ကုန်များ ထုတ်ရောင်းပါက ကြိုက်ဈေးရမည်။
အထက်လူကြီး၊ အကြီးအကဲနှင့် မိဘများကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး ပြန်အဆင်ပြေမည့် ကာလဖြစ်သည်။ အိမ်ထောင်ရေး၊ အချစ်ရေး သာမက စီးပွားရေးနှင့် အလုပ်အကိုင်များပါ ပျက်စီး ဆုံးရှုံးနိုင်သောကြောင့် ယခုကာလအတွင်းအသောက်အစား၊ အပျော်အပါး၊ မိန်းမလိုက်စားခြင်းတို့ ရှောင်ကြဥ်ပါ။ အိမ်တွင် ညအိပ်ညနေ ဧည့်သည် လုံးဝ လက်မခံသင့်ပါ။အဆင်ပြေနေသော အိမ်ထောင်ရေး၊ အချစ်ရေးမှ ရုတ်တရက် အခက်ကြုံ လာတတ်သလို၊ ပြိုကွဲခါနီး အိမ်ထောင်ရေး၊ လမ်းခွဲခါနီး အချစ်ရေး တို့မှာလည်း ပြန်အဆင်ပြေတတ်သည်။ လက်ထပ်ခါနီး စုံတွဲများ အနေဖြင့် နောက်ထပ် အချိန် တစ်နှစ်ခန့် ထပ်စောင့်ကြည့်ပြီးမှ လက်ထပ်ပွဲအတွက် ပြင်ဆင်သင့်သည်။ ကားကိုယ်တိုင် မောင်းပါက ဂရုစိုက်ပါ။ အမြင့်ပေါ်မှပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် ယာဉ် အမျိုးမျိုးတို့ပေါ်မှ ပြုတ်ကျခြင်းတို့ကြောင့် ခြေထောက်၊ လက် ထိခိုက်မိတတ်သည်။ အာရုံကြောနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ သွေးဖိအား၊ သွေးနှင့် ပတ်သက်သောရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ဆရာသမား၊ အကြီးအကဲ၏ လမ်းညွှန် ပြသပေးမှုကြောင့် ပညာရပ် အသစ်များ သင်ယူ ရရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများအောင်မြင်မည်။ ပညာသင်ကြားနေသောကျောင်းသား၊ လူငယ်များ၊ အပေါင်းအသင်းမှားတတ်သည်။ စာမကြိုးစားသော၊ အလေလိုက်နေသော သူများဖြင့် ပေါင်းပြီး မိမိပါ စာမလုပ်နိုင်ဘဲ၊ မလုပ်ဖြစ်ဘဲ ဖြစ်တတ်သည်။
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
ယခင်က ဆုံးရှုံးဖူးသော လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေး၊ အလုပ်အကိုင် များ ပြန်ဦးမော့လာမည်။ သို့သော် လက်ရှိလုပ်ကိုင်နေသော အလုပ်အကိုင်မှာ ရပ်တန့် ရခြင်း၊ ဆုံးရှုံးရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ငွေချေးခြင်း၊ ငွေကြေးနှင့် လုပ်ငန်း ကိစ္စများ တွင် အခြားတစ်ပါးသူအတွက် အာမခံပေးခြင်း၊ မိမိ တစ်ခါမှ မလုပ်ဖူးသော လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်၊ ခြံ၊ မြေ၊ စတော့ရှယ်ယာ၊ ငွေကြေး စျေးကွက်စသော လောင်းကစားဆန်သော လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းတို့ ရှောင်ကြဉ်ပါ။ နှစ်ဖက် အသိုင်းအဝိုင်းနှင့် ဆွေမျိုးများမှ ဝင်ရောက် နှောက်ယှက် တတ်သောကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ စေ့စပ်ပွဲ ကျင်းပရန်၊ မင်္ဂလာကိစ္စ စကားပြောရန်၊ မင်္ဂလာပွဲ ကျင်းပရန်တို့ကို အကြိမ်ကြိမ် ညှိနှိုင်း နေရတတ်သည်။ ကြုံ လာသမျှ အခက်အခဲ၊ အတိုက်အခိုက်များအား နောက်မဆုတ်တမ်း ရဲရဲရှေ့တိုး လုပ်ဆောင် မှသာ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေမည်။ မိမိချစ်သူအား အခြားသူ တစ်ဦးဦးဖြင့် ယှဉ်ပြိုင် တိုက်ခိုက်ပြီးမှ ရယူနိုင်မည်။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေပါ က နှစ်ဦးတည်း အပျော်ခရီးသွားခြင်း၊ ဘုရားဖူးသွားခြင်းဖြင့် ပြန်အဆင်ပြေနိုင်သည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ သွေးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ အာရုံကြောနှင့် သက်ဆိုင်သော ရောဂါဝေဒနာများ ခံစားရတတ်သည်။ ခြေထောက် ထိခိုက်မိလိမ့်မည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ၊ ရာထူးတိုး စာမေးပွဲများ ဖြေဆိုထားပါက အထက်လူကြီး၊ အကြီးအကဲနှင့် အဆင်ပြေ အောင် နေထိုင်ပါ။ ပညာရေးနှင့် ပတ်သက်ပြီးအမျိုးသမီး တစ်ဦးဦး၏ ကူညီ ထောက်ပံ့မှု ကြောင့် ပညာရေး ရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်လာမည်။ ကျောင်းသား၊ လူငယ်များ ယခုကာလအတွင်း မေတ္တာရေးကြောင့် ပညာရေးတွင် အနှောင့်အယှက် ကြုံရမည်။ ပညာရေးကိုသာ အလေးထားပြီးဆက်လက် သင်ယူပါ။
( ၂၈.၈.၂၀၂၆ ) မှ ( ၃.၉.၂၀၂၆ ) အထိ “စနေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း အမျိုးသမီး အကျိုးမပေးသောကြောင့် အမျိုးသမီးများနှင့် တွဲဖက် လုပ်ကိုင်ရသော လုပ်ငန်းများ၊ လုပ်ငန်းတွင်းရှိလုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအား သတိထားပါ။ လုပ်ငန်း၏ လျှို့ဝှက်ချက်များ ခိုးယူခြင်း၊ အစ်အောက် မေးမြန်းခြင်း၊ ပြဿနာ တက်အောင် ဖန်တီးပြီး မိမိအပေါ် အပြစ်ပုံချခြင်းတို့ ပြုလုပ်တတ်သည်။ မိမိ စကားထက် ၎င်း၏ စကားအား ပိုမို ယုံကြည်နေကြမည်။ အခြားသူများ၏ ပြဿနာ များ၊ စိတ်ရှုပ်စရာများအား မိမိမှ ခေါင်းခံ ဖြေရှင်းပေးရတတ်သည်။ ချစ်လျက်နှင့် ကွဲကွာ နေကြသော အိမ်ထောင်ဖက်၊ ချစ်သူများ ပြန်လည် ဆုံဆည်း ကြရမည်။ ချစ်သူ၊ အိမ်ထောင်ဖက်ထံမှ သတင်းကောင်း ကြားရမည်။ သား၊ သမီးရတနာ ရမည်။ မိမိတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများအား အိမ်ထောင်ဖက်၊ ချစ်သူနှင့် တိုင်ပင်ခြင်းဖြင့် နည်းလမ်းကောင်း၊ အကြံဉာဏ်ကောင်းများရရှိမည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာလာမည်။ ပျောက်ကင်းလာမည်။ ကားကိုယ်တိုင် မောင်းပါက ဂရုစိုက်ပါ။ အမြင့်ပေါ်မှ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် ယာဉ် အမျိုးမျိုးတို့ပေါ်မှ ပြုတ်ကျ ခြင်း တို့ကြောင့် ခြေထောက်၊ လက် ထိခိုက်မိတတ်သည်။ အာရုံကြောနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ သွေးဖိအား၊ သွေးနှင့် ပတ်သက်သောရောဂါ ဝေဒနာများ၊ သွေးလေ မညီညွတ်ခြင်းကြောင့် ဖြစ်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ပညာရေးတွင် အလွယ်လမ်း၊ ဖြတ်လမ်းနည်းဖြင့် အောင်မြင်ရန် ကြိုးပမ်းနေနေတတ်သည်။ ရေရှည် အတွက် မကောင်းသဖြင့် သေသေချာချာ ကြိုးစား လေ့လာသင့်ပါသည်။ တရားမဝင်သော၊ မကောင်းသော ငွေရလွယ်သော အလုပ်များတွင် အလုပ်ရတတ်သည်။ ၎င်းအလုပ်များတွင် လုပ်ကိုင်မိပါက ပြန်ထွက်မရခြင်း၊ အချုပ်အနှောင် ခံရခြင်း၊ ငွေလျော်ရခြင်းတို့ ကြုံရတတ် သောကြောင့် မလုပ်ကိုင်သင့်ပါ။
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။
CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER
TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER
VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7
TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1
အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။
SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။
“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------
တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။
#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန