Online Ticket Shopping

Online Ticket Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online Ticket Shopping, Travel Company, Yangon.

Your Truthful & Trusted Travel Partner "TTT Travel & Tour ".

📲HOT LINE/ Viber/ Tg +959791295458
☎️Tel: 09 791295458, 09 964295456;

📍 "TTT TRAVEL&TOUR" online Page
-𝗛𝗼𝘁𝗲𝗹 & 𝗖𝗮r & 𝗔𝗶𝗿 𝗧𝗶𝗰𝗸𝗲𝘁 & 𝗠𝗲𝗱𝗶𝗰𝗮𝗹 Svs & 𝗚𝗿𝗼𝘂𝗽 𝗧𝗼𝘂𝗿

"တားရော့ပညာဒါန"    "၂၂.၈.၂၀၂၆" "စနေနေ့"♥️"ချစ်ရသူလေး အေးချမ်းပါစေ...🩵     💙မေတ္တာပို့ကာ တောင်းဆုချွေ...😘          🩷ရင်ထဲ...
19/08/2026

"တားရော့ပညာဒါန"
"၂၂.၈.၂၀၂၆" "စနေနေ့"

♥️"ချစ်ရသူလေး အေးချမ်းပါစေ...🩵
💙မေတ္တာပို့ကာ တောင်းဆုချွေ...😘
🩷ရင်ထဲက🔥 ပူပန်မှုတွေကို ခဏမေ့ပြီး .....
🔮တားရော့ဆီမှာ အဖြေရှာလေ🔮

#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
https://www.facebook.com/share/p/19SzkMQJNJ/

"တားရော့ပညာဒါန"
"၂၂.၈.၂၀၂၆" "စနေနေ့"

♥️"ချစ်ရသူလေး အေးချမ်းပါစေ...🩵
💙မေတ္တာပို့ကာ တောင်းဆုချွေ...😘
🩷ရင်ထဲက🔥 ပူပန်မှုတွေကို ခဏမေ့ပြီး .....
🔮တားရော့ဆီမှာ အဖြေရှာလေ🔮

🌟ဘဝရဲ့ 💢လမ်းဆုံလမ်းခွမှာ 😟တွေဝေနေရသူတွေ..
♥️အချစ်ရေး၊ 💫အနာဂတ်နဲ့ 💼အလုပ်အကိုင်တွေကြောင့် တွေးပူနေရတဲ့ 🫂ချစ်ရသူတို့အတွက်
🩵ရင်ထဲက ဝန်ထုပ်တွေ🧰ကို ခဏချထားနိုင်ဖို့
🤎ရင်ထဲမှာ 🙇မွန်းကျပ်နေသမျှ မေးခွန်းတွေကို 🧠ခေါင်းထဲကထုတ်ပြီး အလင်းရောင် 🌟☸️စက်ကွင်းလေးတစ်ခုဆီ✡️ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
🩷ချစ်ရသူအတွက်🔮 တားရော့နဲ့ အဖြေရှာလို့ရအောင်
🔮"တားရော့ ပညာဒါန"🔮 လေးကနေ
💛မေတ္တာနဲ့အတူ🧡 အကောင်းဆုံး လမ်းပြပေးသွားပါမယ်။

❓သင့်မေးခွန်းကို Comment မန့် မှာ ချန်ခဲ့ပါ…
🅰️: အဖြေတစ်ခုက သင့်အတွက် စောင့်နေပါလိမ့်မယ်။ 🔮✨

❓ဘယ်လိုမေးမြန်းရမလဲ ❓
🅰️:
📱 Online ပေါ်မှာပဲ ယခုပို့စ်အောက်မှာသာ မန့်ပြီး မေးမြန်းထားရမှာ ဖြစ်ပါတယ်။

❓အချိန်နဲ့ ရက် ကရော?
⏰ အချိန်နဲ့ နေ့ရက် လေးကိုတော့ "၂၂.၈.၂၀၂၆" "စနေနေ့" တစ်ရက်လုံး ♾️ ပညာဒါန ♾️ အဖြစ် တားရော့ ဟောပေးမှာ ဖြစ်ပါတယ်။

❓ဉာဏ်ပူဇော်ခ ပေးရလား?
♾️ "ပညာဒါန" ♾️ ဖြစ်သဖြင့် "ဉာဏ်ပူဇော်ခ" ပေးရန်မလိုပါ။

❓မေးဖို့ ဘယ်လိုအချက်အလက်တွေနဲ့မေးရမလဲ?
လိုအပ်ချက်များကတော့ ....
🔮 #တားရော့ဗေဒင် ✡️ မေးချင်သူ၏....
⭐⭐⭐ အမည်
⭐⭐⭐ မွေးနေ့ (သို့) မွေးနံ ( တနင်္ဂနွေ၊ တနင်္လာ၊စဖြင့် နေ့နံ )။
⭐⭐⭐ ကိုယ်ရဲ့ 💜အချစ်ရေး၊🤎 အိမ်ထောင်ရေး မေးမြန်း လိုပါက မိမိချစ်သူ... (သို့ ) အိမ်ထောင်ဖက်ရဲ့ အမည်နဲ့ မွေးနံပါ တစ်ခါတည်း ရေးပေးပါရန်။
⭐⭐ ⭐ မိမိမေးလို‌သော မေးခွန်းများကို တိကျ ရှင်းလင်းစွာ ရေးသားပြီး ယခုပို့စ်အောက်ရှိ Comment တွင် မန့် မေးနိုင်ပါသည်။

📌 စာကြွင်း။ ။ ယခုမှ အချိန်မှစ၍⭐⭐ ⭐ "၂၂.၈၂၀၂၆" "ည ၁၂နာရီ" အထိ မေးထားသူများသာ "ပညာဒါန" အဖြစ် ပြန်ဟောပေးမှာဖြစ်ပါတယ် ။
🚫 ( အထူးမှတ်ချက်။ 📌အမည်နှင့်မွေးနေ့မပါဘဲ မေးမြန်းထားသော မေးခွန်းများ။
📌 တိကျ ရှင်းလင်းမှု မရှိသော မေးခွန်းများ။
📌 "၂၂.၈.၂၀၂၆" ( ည ၁၂ နာရီ ) အချိန် ကျော်ပြီးမှ လာမေး‌သော မေးခွန်းများအား "ပညာဒါန" အဖြစ် ပြန်လည် ဟောကြားပေးမည် မဟုတ်ပါ။ 🚫

⛔ အသံဖိုင် ပြန်ပို့ရာမှာ အဆင်မပြေသော‌ကြောင့် MESSENGER မက်စင်ဂျာ Tiktok တို့၏ ChatBox မှ မေးမြန်းခြင်းသည်းခံပါ။ ⛔

⭐⭐ ⭐ အပတ်စဉ် တစ်ပတ်စာ တားရော့ ဟောစာတမ်းများ ဖတ်ချင်ပါက... VIBER နှင့် TELEGRAM ရှိ ⭐⭐ ⭐
"TTT TAROT FORTUNE TELLER Channel" ⭐⭐ ⭐ တို့တွင် ဝင် JOIN ပြီး ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

@ဆရာမဒေါ်သန့်သန့်သိန်း


#ဆရာမဒေါ်သန့်သန့်သိန်း


#ဗေဒင်ဟောစာတမ်း
#တားရော့

#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန
゚viralシ




ဘန်ကောက်မှာ တည်းခိုဖို့ လုံခြုံတဲ့ နေရာ ၅ ခုနဲ့ သတိထားရမယ့် နေရာ ၃ ခုဘန်ကောက်ကို သွားရောက်လည်ပတ်တဲ့အခါ တည်းခိုမယ့်နေရာရွ...
19/08/2026

ဘန်ကောက်မှာ တည်းခိုဖို့ လုံခြုံတဲ့ နေရာ ၅ ခုနဲ့ သတိထားရမယ့် နေရာ ၃ ခု

ဘန်ကောက်ကို သွားရောက်လည်ပတ်တဲ့အခါ တည်းခိုမယ့်နေရာရွေးချယ်မှုက အလွန်အရေးကြီးပါတယ်။ မှန်ကန်တဲ့နေရာကို ရွေးချယ်တာက အချိန်ကုန်သက်သာစေပြီး သွားလာရလွယ်ကူစေပါတယ်။ အောက်မှာတော့ ဘန်ကောက်မှာ တည်းခိုဖို့ အဆင်ပြေလုံခြုံတဲ့ နေရာ ၅ ခုနဲ့ အထူးသတိထားသင့်တဲ့ နေရာ ၃ ခုကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

🔶 လုံခြုံစိတ်ချရတဲ့ နေရာ ၅ ခု

၁။ Siam & Pathum Wan
ပထမဆုံးအကြိမ် လာရောက်သူတွေ၊ ဈေးဝယ်ထွက်ချင်သူတွေ၊ မိသားစုတွေနဲ့ စုံတွဲတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ Sukhumvit နဲ့ Silom လိုင်းတွေဆုံတဲ့ BTS Siam ဘူတာရှိလို့ သွားလာရလွယ်ကူပါတယ်။ ကုန်တိုက်ကြီးတွေ၊ စားသောက်ဆိုင်တွေကို Skywalk တွေနဲ့ ဆက်သွယ်ထားလို့ မိုးရွာရွာ နေပူပူ အဆင်ပြေပါတယ်။ ဒါပေမဲ့ လူအရမ်းကျပ်ပြီး ဈေးနှုန်းကြီးမြင့်တတ်ပါတယ်။ တိတ်ဆိတ်တဲ့နေရာကို ရှာနေသူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

၂။ Mid-Upper Sukhumvit
စုံတွဲတွေ၊ တစ်ကိုယ်တော်ခရီးသည်တွေ၊ Digital Nomads နဲ့ အစားအသောက်ကြိုက်သူတွေအတွက် သင့်လျော်ပါတယ်။ Asok, Phrom Phong, Thong Lo နဲ့ Ekkamai စတဲ့ နေရာတွေမှာ ခေတ်မီအဆောက်အအုံတွေ၊ ကော်ဖီဆိုင်တွေနဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေ အများကြီးရှိပါတယ်။ Asok မှာ BTS နဲ့ MRT ဆုံတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားတတ်ပြီး အချို့ဟိုတယ်တွေက လမ်းသွယ်တွေထဲမှာ အဝေးကြီး ဝင်ရတတ်ပါတယ်။

၃။ Silom & Sathorn
စီးပွားရေးလုပ်ငန်းရှင်တွေ၊ ယဉ်ကျေးမှုလေ့လာချင်သူတွေနဲ့ အစားအသောက်ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ Silom မှာ စားသောက်ဆိုင်တွေနဲ့ ညဘက်သွားလာစရာတွေရှိပြီး Sathorn ကတော့ ပိုမိုတိတ်ဆိတ်ပါတယ်။ Lumpini Park နဲ့လည်း နီးပါတယ်။ BTS, MRT တို့အပြင် မြစ်ကြောင်းခရီးစဉ်တွေအတွက်ပါ အဆင်ပြေပါတယ်။ စနေ၊ တနင်္ဂနွေတွေမှာတော့ ရုံးပိတ်ရက်ဖြစ်လို့ အနည်းငယ် တိတ်ဆိတ်တတ်ပါတယ်။

၄။ မြစ်ကမ်းဘေး
မိသားစုတွေ၊ စုံတွဲတွေနဲ့ အေးအေးဆေးဆေး ဇိမ်ခံချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ မြစ်ကမ်းဘေး ရှုခင်းတွေနဲ့အတူ အေးချမ်းတဲ့ ညနေခင်းတွေကို ရရှိနိုင်ပါတယ်။ Grand Palace, Wat Pho နဲ့ Wat Arun စတဲ့ သမိုင်းဝင် နေရာတွေကို လှေနဲ့သွားရောက်ဖို့ အလွန်လွယ်ကူပါတယ်။ သို့ပေမယ့် Sukhumvit ဘက်က ညဘက် သွားလာလည်ပတ်စရာ နေရာတွေနဲ့တော့ အနည်းငယ် ဝေးပြီး ဟိုတယ်တွေကလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်။

၅။ Old Town, Rattanakosin & Nearby Chinatown
သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေ၊ လမ်းဘေးအစားအစာ ကြိုက်နှစ်သက်သူတွေနဲ့ ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ Rattanakosin မှာ နန်းတော်နဲ့ ဘုရားကျောင်းတွေရှိပြီး Chinatown မှာတော့ နာမည်ကြီး အစားအစာတွေရှိပါတယ်။ MRT Blue Line နဲ့ သွားလာနိုင်ပါတယ်။ ဟိုတယ်ကြီးတွေထက် Boutique တည်းခိုခန်းလေးတွေ ပိုများပါတယ်။ လမ်းတွေကျဉ်းပြီး လူကျပ်တတ်သလို ညဘက်တွေမှာ စောစော တိတ်ဆိတ်သွားတတ်ပါတယ်။

🔶 အထူးသတိထားရမယ့် နေရာ ၃ ခု

၁။ Khao San လမ်းနဲ့ Banglamphu
ကမ္ဘာလှည့်ခရီးသည်တွေကြား နာမည်ကြီးတဲ့ နေရာဖြစ်ပြီး ဈေးပေါတဲ့ တည်းခိုခန်းတွေ ရှိပါတယ်။ ဒါပေမဲ့ ညနက်ပိုင်းအထိ အလွန်ဆူညံပြီး လူအရမ်းကျပ်ပါတယ်။ တိုက်ရိုက်သွားနိုင်တဲ့ BTS သို့မဟုတ် MRT မရှိပါဘူး။ တက္ကစီနဲ့ တုတ်တုတ်တွေကိုပဲ အားကိုးရပါတယ်။ ပါတီပွဲကြိုက်သူတွေအတွက်သာ အဆင်ပြေပြီး မိသားစုတွေနဲ့ အေးအေးဆေးဆေး နားချင်သူတွေ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

၂။ Lower Sukhumvit Around Nana Plaza & Soi Cowboy
Nana နဲ့ Asok တစ်ဝိုက်မှာရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပေမယ့် လူကြီးဖျော်ဖြေရေး လုပ်ငန်းတွေ အဓိကရှိတဲ့ နေရာဖြစ်ပါတယ်။ ညဘက်တွေမှာ အလွန်ဆူညံပြီး လူရှုပ်တဲ့အတွက် မိသားစုနဲ့ လာသူတွေ၊ တစ်ယောက်တည်းလာတဲ့ အမျိုးသမီးတွေ အနေနဲ့ တည်းခိုဖို့ မရွေးချယ်သင့်ပါဘူး။

၃။ Patpong
Silom နဲ့ Sathorn ဧရိယာထဲမှာ ရှိပေမယ့် ညဈေးနဲ့ လူကြီးဖျော်ဖြေရေးလုပ်ငန်းတွေ ရောထွေးနေပါတယ်။ ဈေးတင်ရောင်းတာတွေနဲ့ အတင်းအကျပ် ဈေးဝယ်ခိုင်းတာတွေ ရှိတတ်ပါတယ်။ မိသားစုနဲ့ လာရောက်သူတွေအတွက် အဆင်မပြေနိုင်ဘဲ လည်ပတ်မယ်ဆိုရင်တောင် ပစ္စည်းဈေးနှုန်းတွေကို သေချာမေးမြန်းပြီးမှ သွားလာဝယ်ယူသင့်ပါတယ်။

Ref : Preparetravelplans

Credit

#ဘန်ကောက်

ဘယ်လ်ဂျီယမ်မှာ ကျောင်းသားတဦး ရေဆိုးမြောင်း တူးဖော်ရင်း ယူရို ၉ သန်းခန့်တန် ရွှေတွေတွေ့ရှိမြေလတ်အသံ၊ ဩဂုတ် ၁၈၊ ၂၀၂၆။ဘယ်လ်...
19/08/2026

ဘယ်လ်ဂျီယမ်မှာ ကျောင်းသားတဦး ရေဆိုးမြောင်း တူးဖော်ရင်း ယူရို ၉ သန်းခန့်တန် ရွှေတွေတွေ့ရှိ

မြေလတ်အသံ၊ ဩဂုတ် ၁၈၊ ၂၀၂၆။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတဦးဟာ ရေဆိုးမြောင်း တူးဖော်ရာ ယူ ရို ၉ သန်းခန့် တန်ဖိုးရှိတဲ့ ရွှေတွေကို တွေ့ရှိခဲ့ပါတယ်။

“စစချင်းတော့ ၁ ယူရိုတန် ဒင်္ဂါးပြားတွေလို့ ထင်ပြီး တူးဖော်ကြည့်ရာကနေ ရွှေချောင်းတွေကိုပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်” လို့ ကိုဘီလို့ခေါ်တဲ့ အဆိုပါကျောင်းသားက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ဘရပ်ဆဲလ်မြို့ အနောက်မြောက်ဘက် စိန့်ဂီးလစ် ဒန်ဒါမွန်ဒေးရှိ ဘီယာချက်စက်ရုံဟောင်းတခုရဲ့ မြေနေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကျောင်းသားနဲ့ အလုပ်သမားတွေဟာ ဩဂုတ် ၁၁ ရက်က ရေဆိုးမြောင်း တူးဖော်နေစဉ် ရွှေတွေကို တွေ့ရှိခဲ့တာပါ။

တွေ့ရှိခဲ့တဲ့ ရွှေတွေထဲမှာ ရွှေဒင်္ဂါးတွေ၊ ရွှေတုံးတွေနဲ့ ရွှေချောင်းတွေ ပါဝင်ပြီး ၁၉ ရာစုနှောင်းပိုင်းက ဘီယာချက်စက်ရုံပိုင်ရှင် သီအိုဖီးလပ်စ်ဗန်းအာရှီရဲ့ အိမ်အောက်ရှိ မြေအောက်ခန်း အုတ်နံရံအတွင်း အိတ်တအိတ်နဲ့ သေချာဝှက်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဘီယာချက်စက်ရုံဟာ ၁၈၉၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ ပိတ်သိမ်းခဲ့ကာ လက်ရှိမှာ CAW Oost-Vlaanderen အဖွဲ့အစည်းက ရုံးခန်းနဲ့ အိမ်ရာအဖြစ် ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အဆောက်အအုံကို ပြန်လည်ပြင်ဆင်ဖို့အတွင်းပိုင်း ရေဆိုးမြောင်းတွေ တူးဖော်စဉ် အလုပ်သမားတွေက အုတ်နံရံအတွင်း ဝှက်ထားတဲ့ ရွှေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရွှေတုံးတွေကို တွေ့ရှိပြီးနောက် ကျောင်းသားနဲ့ အလုပ်သမားတွေဟာ ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး လက်ရှိမှာ တရားဝင် ပိုင်ဆိုင်ခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ အဆိုပါရွှေတွေကို ဘရပ်ဆဲလ်မြို့ရှိ လုံခြုံစိတ်ချရတဲ့ ရွှေတိုက်သို့ ရွှေ့ပြောင်းထားပါတယ်။

အစိုးရရှေ့နေရုံးမှ တာဝန်ရှိသူတဦးက ဒီရွှေတွေဟာ ရာဇဝတ်မှုနဲ့ ဆက်စပ်မှု ရှိမရှိ ပထမဆုံး စစ်ဆေးရမှာဖြစ်ပြီး ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယမ် ဥပဒေအရ စက်ရုံပိုင်ရှင်ရဲ့မျိုးဆက်တွေ၊ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ လူမှုဖူလုံရေးအဖွဲ့တို့ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်ပြီး မူလပိုင်ရှင် ထွက်ပေါ်လာရေးအတွက် အနည်းဆုံး ၅ နှစ်ကြာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ကိုဘီက တွေ့ရှိခဲ့တဲ့ ရွှေပမာဏ အလွန်များပြားတာကြောင့် အာဏာပိုင်တွေထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး နောင်တချိန်မှာ သူ့အတွက် ဆုကြေးတခုခု ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

News & Photo: The Guardian

#မြေလတ်အသံ
#ဘယ်လ်ဂျီယမ် #ရွှေတုံးတွေ့ရှိမှု #ကျောင်းသား #နိုင်ငံတကာသတင်း #ထူးဆန်းထွေလာ

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instagram၊ Twitter နဲ့ TikTok တို့မှာ သ တင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribe ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️❗️တောင်ကိုရီးယားမှာ ခေတ်စားနေတဲ့ 우편물 안내서 (စာတိုက်ပို့ကုန်/စာပေးစာယူ အကြောင်းကြားစာ) ပုံစံနဲ့ လိမ်လည်တဲ့ Phishing (Voic...
19/08/2026

⚠️❗️တောင်ကိုရီးယားမှာ ခေတ်စားနေတဲ့ 우편물 안내서 (စာတိုက်ပို့ကုန်/စာပေးစာယူ အကြောင်းကြားစာ) ပုံစံနဲ့ လိမ်လည်တဲ့ Phishing (Voice Phishing / Smishing) ⚠️❗️

✅ဟိုးအရင်ထဲက ရှိခဲ့တယ်ဆိုပေမယ့် ခုနောက်ပိုင်းပြန်လည်းခေတ်ထနေတာမို့ သတိထားဖို့ရန် တင်ပေးလိုက်ရပါတယ်

❗️အရင်ဆုံး အိမ်တံခါးမှာ 우편물 안내서 ဆိုပြီး ကတ်ထားတာမျိုးရှိရင် ဖတ်ပြီး လွှင့်ပစ်ခြင်း (သို့) နီးစပ်ရာ စာတိုက်ကို ကိုယ်တိုင်သွားဖို့အကြံပေးပါရစေ ဘာလို့လဲဆိုတော့

လိမ်လည်သူတွေဟာ စာတိုက်က ပို့တဲ့ အကြောင်းကြားစာ အတုတွေမှာ QR code တွေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။

🚫QR Code ပါသည့် စာရွက် အတုများ: အိမ်ရဲ့ စာတိုက်ပုံးထဲကိုဖြစ်စေ၊ တံခါးဝမှာဖြစ်စေ (우체국) ရဲ့ တရားဝင် အကြောင်းကြားစာပုံစံတူ စာရွက်အတုကို လာကပ်ထားတတ်ပါတယ်။ အဲ့ဒီစာရွက်ပေါ်မှာ "ပါဆယ်ကို ပြန်လည်လက်ခံရန် သို့မဟုတ် ပို့ဆောင်ခရှင်းရန် QR code ကို စကင်ဖတ်ပါ" ဆိုပြီး ရေးထားပါတယ်။

🚫ဖုန်းကင်မရာ (သို့မဟုတ်) QR Scanner နဲ့ အဲ့ဒီကုဒ်ကို စကင်ဖတ်လိုက်တာနဲ့ တပြိုင်နက် လိမ်လည်သူတွေ ဖန်တီးထားတဲ့ Phishing ဝက်ဘ်ဆိုက် အတု ဆီကို ချက်ချင်း ရောက်သွားပါတယ်။

🚫ဝက်ဘ်ဆိုက်ပေါ်ရောက်သွားတဲ့အခါ ပါဆယ်ခ (သို့မဟုတ်) အခွန်ပေးဆောင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ကာ ဘဏ်အကောင့်၊ ကတ်နံပါတ်၊ ကိုယ်ရေးအချက်အလက် ဒါမှမဟုတ် ဖုန်းထဲကို Malware (အန္တရာယ်ရှိသော ဆော့ဖ်ဝဲ) တွေ ဒေါင်းလုဒ်ဆွဲခိုင်းတာမျိုး လုပ်တတ်ပါတယ်။ အဲ့ဒီကနေတဆင့် ဖုန်းထဲက အချက်အလက်တွေကိုပါ ခိုးယူခံရနိုင်ပါတယ်။

⚠️သတိပြုဖို့ အကြံပေးချင်တာကတော့

❌စာတိုက်က ဘဏ်အကောင့်၊ ကတ်နံပါတ်၊ ကိုယ်ရေးအချက်အလက်တွေကိုမတောင်းတတ်ပါဘူး
❌ကိုရီးယားစာတိုက် (우체국) က ပို့တဲ့ တရားဝင် အကြောင်းကြားစာတွေမှာ အွန်လိုင်းကနေ ငွေပေးချေဖို့ ဒါမှမဟုတ် အချက်အလက်ဖြည့်ဖို့အတွက် QR code တွေကို စာရွက်ပေါ်မှာ ထည့်ပြီး စကင်ဖတ်ခိုင်းလေ့ လုံးဝမရှိပါ။

❌အိမ်က စာတိုက်ပုံးထဲမှာ ဒါမှမဟုတ် တံခါးဝမှာ ထူးဆန်းတဲ့ QR code ပါတဲ့ ပါဆယ်အကြောင်းကြားစာ တွေ့ခဲ့ရင် မစကင်ဖတ်ပါနဲ့။
✅ကိုရီးယားစာတိုက်ရဲ့ တရားဝင် ဖုန်းနံပါတ် (1588-1300) ကို ဆက်သွယ်ပြီး (သို့) ကိုယ်တိုင်နီးစပ်ရာ စာတိုက်ကို သွားပြီး စာတိုက်ဝန်ထမ်းကိုမေးဖို့ အကြံပေးချင်ပါတယ်
#우체국

ထိုင်းမှာ မြန်မာ PV ပတ်စ်ပို့  သက်တမ်းတိုးရင် နေပြည်တော်ထံ ခွင့်ပြုချက်တင်မယ် 🟥PV သက်တမ်းတိုးမယ့်သူတွေကို နောက် ၂ လနေမှပ...
19/08/2026

ထိုင်းမှာ မြန်မာ PV ပတ်စ်ပို့ သက်တမ်းတိုးရင် နေပြည်တော်ထံ ခွင့်ပြုချက်တင်မယ်

🟥PV သက်တမ်းတိုးမယ့်သူတွေကို နောက် ၂ လနေမှပြန်လာစုံစမ်းဖို့ အကြောင်းပြန်

သြဂုတ် ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ PV (အလည်အပတ်) ပတ်စ်ပို့ အမျိုးအစား သက်တမ်းတိုးရင် ဒီနေ့ကစပြီး နေပြည်တော်ကိုတင်ပြရမယ့်အကြောင်း သံရုံးကပြောခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အကျိုးဆောင်တချို့ကပြောပါတယ်။

ဒီနေ့မြန်မာသံရုံးမှာ PV ပတ်စ်ပို့ သက်တမ်းတိုးမယ့်သူတွေကို နောက်နှစ်လနေမှပြန်လာပြီး စုံစမ်းဖို့ စာရေးသားပေးခဲ့တယ်လို့ သွားရောက်ခဲ့တဲ့ အကျိုးဆောင် ၁ ဦးကလူမှုကွန်ရက်မှာရေးသားပါတယ်။

ဘန်ကောက်မြို့က အကျိုးဆောင် ၁ ဦးကလည်း

"အခုက နေပြည်တော်ကိုခွင့်ပြုအမိန့်တင်ရပါမယ်။ နေပြည်တော် ခွင့်ပြုမိန့်ကျမှ ဆက်လုပ်လို့ရပါမယ်။ ရမရဆိုတာတော့ အတိကျမသိပါဘူး။ လက်ရှိအနေထားကတော့ လုပ်ငန်းစဉ်အတွက် ၂ လ ကြာမြှင့်မယ်ဆိုပြီးတော့ အကြောင်းကြာစာထုတ်ထားပေးပါတယ်။ တစ်ခြား PJ ကနေ PJ ချိန်းတာ PE ကနေ PE ချိန်းတာ PT ကနေ PT ချိန်းတာတော့ လက်ရှိဒီတိုင်းဆက်လုပ်လို့ရ​ပါတယ်"လို့ Migrant Times ကိုပြောပါတယ်။

ထိုင်းနိုင်ငံရောက် PV အမျိုးအစား ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့မြန်မာတွေဟာ သက်တမ်းတိုးဖို့အတွက် အထောက်အထားအပြည့်အစုံနဲ့အတူ ဘန်ကောက်ရှိ မြန်မာသံရုံးမှာ တင်ပြရမှာပါ။

သံရုံးကတဆင့် နေပြည်တော်ကို အချက်အလက်ပေးပို့ပြီး သက်တမ်းတိုးပေး မပေးစစ်ဆေးမှာပါ ။ သက်တမ်းတိုးရမရ သိရဖို့ အနည်းဆုံး ၂ လစောင့်ရမှာဖြစ်ပါတယ်။

နေပြည်တော်က စစ်ဆေးပြီး ခွင့်ပြုချက်မရရင် သံရုံးကိုသွင်းထားတဲ့ အခွန်ဖိုး၊ စာရွက်စာတမ်းကြေး နဲ့ စာအုပ်ဖိုးတွေ ဆုံးရှုံးနိုင်တယ်လို့ အကျိုးဆောင် ၁ ဦးက Migrant Times ကိုပြောပါတယ်။

ဒါပေမယ့်ထိုင်းရောက်မြန်မာတွေ PJ (အလုပ်ပတ်စ်ပို့) ကနေ PJ စာအုပ် ၊ PE (ပညာရေး ပတ်စ်ပို့)ကနေ PE စာအုပ် နဲ့PT (မှီခို ပတ်စ်ပို့) ကနေ PT စာအုပ်သက်တမ်းတိုးမယ့်သူတွေကတော့ တရက်အတွင်းသက်တမ်းတိုးနိုင်မယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

PV ပတ်စ်ပို့ စာအုပ် ကိုင်ဆောင်ထားသူတွေကတော့ သက်တမ်း ကုန်ခါနီးမှ ကပ်ပြီး ဆောင်ရွက်တာမျိုး မပြုလုပ်ဘဲ သက်တမ်း (၆) လ အလိုကတည်းက ကြိုတင်သက်တမ်းတိုး ဆောင်ရွက်ကြဖို့ အကြံပြုကြပါတယ်။

Migrant Times က ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဒီနေ့မနက်မှာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားတာမရှိပါဘူး ။ မြန်မာသံရုံး(ဘန်ကောက်)ရဲ့ လူမှုကွန်ရက်စာမျက်မှာလည်း PV အမျိုးအစားသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး ဒီနေ့ မွန်းလွဲ ၃ နာရီအထိ ဖော်ပြထားတာမရှိသေးပါဘူး။

Photo - FB
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကနေ PV စာအုပ်သက်တမ်း လာတိုးသူတွေကိုဒီနေ့(သြဂုတ် ၁၉)ပြန်ပေးခဲ့တဲ့စာရွက်များ။



#မြန်မာလုပ်သား
#ထိုင်း
#ဘန်ကောက်

အမှု ရှုံး ရင် အိမ်တိုင် ချွတ် ပေါင်ရမယ့် ကိန်း ရှိ ပါတယ်။ပြည်နယ် ၄၁ ပြည်နယ် နဲ့ ဝါရှင်တန် (‌ဒီစီ) က ပေါင်းပြီး တရားစွဲ ...
19/08/2026

အမှု ရှုံး ရင် အိမ်တိုင် ချွတ် ပေါင်ရမယ့် ကိန်း ရှိ ပါတယ်။

ပြည်နယ် ၄၁ ပြည်နယ် နဲ့ ဝါရှင်တန် (‌ဒီစီ) က ပေါင်းပြီး တရားစွဲ ထားတာ တစ်မှု၊ ကလေး တွေ ကို ဘေး အန္တရာယ် ဖြစ်စေမှု နဲ့ မဆုံး နိုင်တော့ တဲ့ စွဲဆောင်မှု ကို အသက်အရွယ် ကို ပစ်မှတ် ထား ပြီး လုပ်နေ မှု တွေ နဲ့ ကာလီဖိုးနီးယား အပါ အဝင် အခြား ပြည်နယ် လေးခု က တရား စွဲ ဆို ထားမှု မှာ ‌တော့ Facebook, Instagram တို့ရဲ့ မိခင် ကုမ္ပဏီ မီတာ က နေ နစ်နာကြေး ဒေါ်လာ ၁.၅ ထရီလီယံ ရ လိုကြောင်း ရုံးတော် ကို လျှောက် ထားပါတယ်။

အုခ်ကလန် မြို့ က ဖက်ဒရယ် တရား ရုံး မှာ အမှု စစစ် နေ ပါတယ်။

မီတာ ရဲ့ တန်ကြေး က ၁.၃၉ ထရီလီယံ ပဲ ရှိ တဲ့ အတွက် အမှု ရှုံး ရင် မီတာ ဟာ ရပ်ဆိုင်း ရမတတ် အတော့် ကို ချိ နဲ့ သွား မှာ ဖြစ်ပါတယ်။

ကနေဒါ၊ ဥရောပ သမဂ္ဂ နဲ့ အခြား နိုင်ငံ တွေ က လည်း တရားစွဲ ဆိုထား ပါ သေးတယ်။ အမှု အကုန် ရှုံးရင် နှစ် ထရီလီယံ နီးပါး ရှိ ပါတယ်။

ဒီနေ့ ကာလီဖိုးနီးယား တရားရုံး ရှေ့ မှာ မီတာ ရဲ့ Facebook, Instagram တို့ကြောင့် သေဆုံး ဘဝ ပျက် သွား တဲ့ ကလေး တွေ နာမည် နဲ့ အသက် တွေ ကို သရုပ်ဖော် ပြသ ထား ပါတယ်။

မြန်မာ ပြည်သား တွေ သွား ရောက် ကြည့်ရှု နိုင်ပါတယ်။

တရားစွဲ ဆိုခံ ရ လို့ ‌လျှော်ကြေး ပေးရတာ တွေ၊ တရား ရုံး စရိတ် တွေ ကြောင့် Facebook ဟာ ဇွန်လ က စပြီး အမြတ်ငွေ တွေ ကျ ဆင်း လာတယ် လို့ သိရပါတယ်။

🎡🎠 ပါနန်းဘုရားပွဲတော်ကြီး ပြန်လာပြီနော်! 🎆✨နှစ်တိုင်း လူစည်ကားတဲ့ Samut Prakan ရဲ့ နာမည်ကြီး “ပါနန်းဘုရားပွဲတော်” ကို ဒီ...
19/08/2026

🎡🎠 ပါနန်းဘုရားပွဲတော်ကြီး ပြန်လာပြီနော်! 🎆✨

နှစ်တိုင်း လူစည်ကားတဲ့ Samut Prakan ရဲ့ နာမည်ကြီး “ပါနန်းဘုရားပွဲတော်” ကို ဒီနှစ်လည်း ပြန်လည်ကျင်းပတော့မယ်နော် 🙏🏻🎡

✨ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ၁၂ ရက် ၁၂ ည တိုင်တိုင် စည်ကားစွာ ကျင်းပသွားမှာပါ💥

ပွဲတော်ရောက်ရင် 🎡
🎠 ကစားစရာတွေ
🛍️ စျေးဆိုင်တန်းတွေ
🍢 အစားအသောက်ဆိုင်တွေ
🎆 ညဘက်ပွဲတော်အငွေ့အသက်တွေကြောင့်
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် သွားလည်ဖို့ကောင်းတဲ့နေရာလေးပါ 😍

🚆 ဘယ်လိုသွားမလဲ?

BTS နဲ့လာမယ်ဆိုရင်
👉 Pak Nam Station မှာဆင်းပြီး လမ်းလျှောက်သွားလို့ရပါတယ်။

🚌 လိုင်းကားနဲ့လာမယ်ဆိုရင်
👉 142 / 102 / 511 / 536 ကားတွေ ရောက်ပါတယ်။

📍 Samut Prakan – Pak Nam

ဒီနှစ် ပါနန်းဘုရားပွဲကို ဘယ်သူတွေနဲ့ သွားမလဲ? 🎡❤️
Comment မှာ သူငယ်ချင်းတွေကို Tag ခေါ်သွားလိုက်ပါ 👇🏻

#ပါနန်း #สมุทรปราการ #เที่ยวสมุทรปราการ

🟪ရွှေ့ပြောင်းလုပ်သား ကလေးမွေးတာတွေ ခံစားခွင့်ကန့်သတ်ဖို့  ဝန်ကြီးထံ တောင်းဆိုနေ🟪ဒေသခံတွေ ကျန်းမာရေးဝန်ဆောင်မှု ဖိအားများ...
19/08/2026

🟪ရွှေ့ပြောင်းလုပ်သား ကလေးမွေးတာတွေ ခံစားခွင့်ကန့်သတ်ဖို့ ဝန်ကြီးထံ တောင်းဆိုနေ
🟪ဒေသခံတွေ ကျန်းမာရေးဝန်ဆောင်မှု ဖိအားများ
____________
ဖူးခက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ (PPAO) ဥက္ကဋ္ဌ ရီဝပ် အာရီရော့ဘ်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်တွေကို ကန့်သတ်ဖို့နဲ့ မှီခိုသူတွေနဲ့ ကလေးတွေအတွက် ကျန်းမာရေးအာမခံ အပြည့်အဝထားရှိဖို့ အလုပ်သမားဝန်ကြီးဌာနထံ တရားဝင် တောင်းဆိုထားပါတယ်။ ဖူးခက်မှာ ရွှေ့ပြောင်းလုပ်သားတွေ အစိုးရဆေးရုံတွေမှာ မီးဖွားတဲ့ကိစ္စတွေကြောင့် ဒေသခံတွေရဲ့ ဆေးကုသမှုရရှိရေးနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ ထောက်ပြထားပါတယ်။

ဖူးခက်မှာ ရွှေ့ပြောင်းလုပ်သား အရေအတွက် များပြားမှုကြောင့် အစိုးရကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် ဖိအားရှိလာတယ်ဆိုတဲ့ ဒေသခံတွေရဲ့ တိုင်ကြားမှုတွေ ရှိခဲ့သလို PPAO အနေနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေ အစိုးရဆေးရုံတွေမှာ မီးဖွားတဲ့အခြေအနေတွေကြောင့် ဒေသခံတွေရဲ့ ဆေးကုသခွင့်ရရှိမှုအပြင် ဆေးရုံဝန်ထမ်း၊ ခုတင်နေရာနဲ့ ပြည်သူ့ကျန်းမာရေးဘတ်ဂျက်တွေအပေါ် ဖိအားများလာတယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေးအာမခံစနစ်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုတင်းကျပ်စွာ စီမံဖို့၊ မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်တွေကို ကန့်သတ်တာ ဒါမှမဟုတ် ဖယ်ရှားတာ၊ မီးဖွားမှုကို ထိန်းချုပ်တာနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံမှာ မီးဖွားပြီး မီးဖွားခွင့်ဆိုင်ရာ အကျိုးခံစားခွင့် တောင်းခံနိုင်မှုကို တားဆီးနိုင်ဖို့ သက်ဆိုင်ရာဥပဒေတွေ ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ မှီခိုသူတွေနဲ့ ကလေးတွေအားလုံး ကျန်းမာရေးအာမခံ အပြည့်အဝရှိထားရမယ့် စည်းမျဉ်း သတ်မှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အဆိုပါ အစီအမံတွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ မှီခိုသူ၊ ကလေးတွေအတွက် ဆေးကုသမှုရရှိရေးကြောင့် ဒေသတွင်း ဆေးရုံတွေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် ဖြစ်လာနေတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ ရည်ရွယ်ကြောင်း ထိုင်းသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #ထိုင်းရောက်မြန်မာ #ဖူးခက် #ရွှေ့ပြောင်းလုပ်သား

19/08/2026
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ )  အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း #ဆရာမဒေါ်သန့်သန့်သိန်း ( ...
16/08/2026

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
https://www.facebook.com/share/p/19EjcTxnNE/

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ကောင်းမွန်သော အလှည့်အပြောင်း ကြုံရပြီးအလုပ်အကိုင်၊ အခွင့်အလမ်းများ ပေါ်လာ မည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ရမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလွန်အတွက် ငွေကြေး၊ အကူအညီ၊ လုပ်ကိုင်ခွင့်များ ရရှိလာမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိမည်။ လေယာဉ်လိုင်းများ၊ လေကြောင်းနှင့် ပတ်သတ်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ရွှေလုပ်ငန်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ ရွှေ အရောင်း အဝယ် လုပ်ငန်း၊ ရွှေနှင့် ပတ်သက်သော လုပ်ငန်းများကားပြင်ဆင်ခြင်း၊ ကား ရောင်း ဝယ်ခြင်း လုပ်ငန်းများ အဆင်ပြေမည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် အမြင်မတူဘဲ ဖြစ်နေ မည်။ မိမိဖြစ်စေချင်သည့် ဆန္ဒထက် အိမ်ထောင်ဖက်၊ ချစ်သူ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဦးစားပေး လိုက်လျောခြင်းဖြင့်အိမ်ထောင်ရေး၊ အချစ်ရေး ပြဿနာများပါ လျော့ပါး သက်သာနိုင်သည်။ သဘောထားတင်းမာမှုများ ပြေလျော့မည်။ မိမိမှ မည်မျှပင် ကြိုးစား စေကာမူ ချစ်သူမှ မိမိတို့ ဘဝရှေ့‌ရေးအတွက် မကြိုးစားဘဲ ပေါ့ပျက်ပျက် နေသည်ဟု ထင်နေသည်။ ချစ်သူနှစ်ဦးကြား အထင်လွဲနေမှုများအား မဖြေရှင်းဘဲ အရွဲ့တိုက်ခြင်း၊ ရှေ့သို့ ထပ်တိုး လုပ်ဆောင်ခြင်းများ မပြုလုပ်သင့်ပါ။ ခံစားနေရသော ရောဂါ ဝေဒနာများ ရှိပါက သက်သာလာမည်။ ပျောက်ကင်းလာမည်။ ပုခုံးကြောပြုတ်ခြင်း၊ အုံးလွဲခြင်း၊ လည်ပင်းနာခြင်းတို့ ဖြစ်တတ်သည်။ ဦးခေါင်းပေါ်သို့ အမြင့်‌နေရာမှ ပစ္စည်းများ ပြုတ်ကျခြင်း၊၊ ဦးခေါင်းခြေထောက်တို့ ထိခိုက်မိခြင်း ဖြစ်တတ်သည်။ ပညာရေးတွင် မိမိကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မည့် ကာလ ဖြစ်သည်။ မိမိ ပညာရေး ရည်မှန်းချက်များ အောင်မြင်ရန် ကူညီပေးမည့် သူများလည်း ရှိနေသည်။ ပညာရေးနှင့် ပတ်သက်ပြီး ခရီးသွား ရတတ်သည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။
https://vt.tiktok.com/ZSXTDYVDN/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
သူဌေးနှင့် မိမိကြား၊ ရင်းနှီးမြှုပ်နှံသူများနှင့် မိမိကြား၊ လုပ်‌ဖော်ကိုင်ဖက်များနှင့် မိမိကြား၊ သွေးထိုး တိုက်ခိုက်သူ ရှိနေသည်။ လုပ်ငန်း၏ အရေးကြီးဆုံး အချက်အလက်များ၊ လျို့ဝှက်ချက်များ၊ နည်းပညာများအား ခိုးယူခံရတတ်သည်။ မိမိကြောင့်ဟု အထင်မှား ခံရတတ်သည်။ အိမ်ထောင်ရေး၊ အချစ်ရေး တင်းမာနေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် မည်သို့မှ ညှိနှိုင်းမရဘဲ ဖြစ်နေတတ်သည်။ တစ်ဦးဦးမှ အလျှော့ပေး လိုက်လျော ပေးမှသာ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေနိုင်မည်။ ချစ်သူမှ အထင်မှား၊ အမြင်မှား နေမည်။ အထင်အမြင် လွဲမှားမှုများ၊ နားလည်မှု လွဲခြင်းများအား ချက်ချင်း ဖြေရှင်းမှသာ အချစ်ရေး ရှေ့ဆက်နိုင်မည်။ သို့မဟုတ်ပါက အချစ်ရေး လမ်းဆုံးသို့ ရောက်သွားနိုင်သည်။ ခါးနာခြင်းလည်ပင်းနာခြင်း၊ အုံးလွဲခြင်းတို့ မှအပကြီးမားသော ကျန်းမာရေး အညံ့ မရှိပါ။ ကျောင်းပြောင်းခြင်း၊ ဆရာပြောင်းခြင်းတို့ကြုံတွေ့ရတတ်သည်။ မိမိတက်ရောက် သင်ယူ ရသော ကျောင်းအသစ်၊ ဆရာအသစ်နှင့် ယခင်အတိုင်း ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ အပေါင်းအသင်း မှားတတ်သည်။ စာကို စိတ်မဝင်စားဘဲ အပေါင်းအသင်း၊ အပျော်အပါး တို့ဖြင့်သာ အချိန်ကုန် နေတတ်သည်။ မိမိလျှောက်ထားသော ရာထူး၊ လစာ၊ အလုပ် နေရာနှင့် ရရှိလာသော ရာထူး၊ လစာအလုပ်နေရာတို့မှာ မတူညီတတ်ပေ။
https://vt.tiktok.com/ZSXTDhjL2/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး၊ အလုပ်အကိုင်များ လုပ်ကိုင်ရာတွင် အကြီးအကဲကောင်း၊ ဆရာသမားကောင်း နှင့် တွေ့ရှိမည်။ ၎င်းမှ နည်းပညာအသစ်၊ နည်းလမ်း အသစ်များ ပြောပြ၊ သင်ပြပေး လိမ့်မည်။ ကြုံကြိုက် တွေ့ရှိသော ဆရာသမား၏ စကားအား မြေဝယ်မကျ နားထောင် ခြင်းဖြင့် လုပ်ငန်းများ တိုးတက် အောင်မြင်လာလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်း မိတ်ဖက်၊ အပေါင်းအသင်း သတိထားပါ။ အိမ်ထောင်ဖက်၊ ချစ်သူချင်း အချစ်လွန်ကာ သဝန်တို၊ အူတို နေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူ၏ မိဘ၊ အထက်လူကြီး၊ အုပ်ထိန်းသူများနှင့် သဘောထား ကွဲလွဲနေတတ်သည်။ လုပ်ငန်းထဲမှ အထက်လူကြီး၊ အကြီးအကဲ ( အထူးသဖြင့်အမျိုးသမီး) မှ အိမ်ထောင်ဖက်၊ ချစ်သူအား နှစ်သက် သဘောကျပြီး အရေးပေး ဆက်ဆံနေမည်။ ထို့ကြောင့် ၎င်းနှင့် ပတ်သက်သော ပွဲများ၊ ခရီးစဉ်များတွင် အိမ်ထောင်ဖက်၊ ချစ်သူ နှင့်အတူ လိုက်ပါ ပွဲတက်ခြင်း၊ အတူသွားခြင်းများ ပြုလုပ်သင့်ပါသည်။ နှလုံးခုန် မမှန်ခြင်း၊ နှလုံးအဆို့ရှင် လဲရခြင်း၊ အမောဖောက်ခြင်း စသော နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ သွေးနှင့် ပတ်သက်သော ရောဂါများ ခံစားရခြင်း၊ သွေးခုန်နှုံး မမှန်ခြင်း တို့ ဖြစ်တတ်သည်။ အလှည့်အပြောင်း၊အပြောင်းအလဲ ကြုံရပါက ပညာရေး အတွက် အခွင့်အလမ်း ပွင့်လာမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များ ဖြောင့်ဖြူးမည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသူ, ကျောင်းသားများ အနေဖြင့် မိမိ စိတ်မဝင်စားသော၊ မိမိအတွက် အခက်အခဲ ဖြစ်နေသော ဘာသာရပ်များအား ယူထား မိပါက အချိန်မှီ ဘာသာရပ်၊ မေဂျာ ပြန်ပြောင်းယူခြင်းဖြင့် ပညာရေး ပိုမို တိုးတက် လာမည်။
https://vt.tiktok.com/ZSXTD8fGQ/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မိမိထက် အင်အားကြီးသော လုပ်ငန်းကြီးသော၊ ဂုဏ်အရှိန်အဝါကြီးသောသူမှ ကူညီ ထောက်ပံ့ ပေးခြင်းခံရမည်။ လုပ်ငန်းများ မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်မည်။ လုပ်ငန်း တိုးချဲ့လုပ်ကိုင်ခြင်း၊ အလုပ်သစ်၊ လုပ်ငန်းသစ်များလုပ်ကိုင်ခြင်းတို့ အဆင်ပြေမည့် ကာလ ဖြစ်သည်။ သစ်နှင့် သစ်တောထွက် ပစ္စည်းများရောင်းဝယ်ခြင်း၊ သတ္တု တွင်းထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း၊ အမျိုးသမီး အဝတ်အထည်များ ရောင်းဝယ်ခြင်း လုပ်ငန်းတို့ အဆင်ပြေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် ကြားလူ ဝင်ရောက် နှောင့်ယှက်တတ်သည်။ ယခုကာလအတွင်း မိမိနှင့်သိသော၊ မသိသော အမျိုးသမီးများအား ညအိပ်ညနေ ကူညီခြင်း၊ ခရီးသွားရာတွင် ကူညီခြင်း၊ ခိုးရာလိုက်ရာ တွင် ကူညီခြင်းများ ရှောင်ကြဉ်ပါ။ အိမ်ထောင်ဖက် မဟုတ်သော အခြား အမျိုးသမီး တစ်ဦးတစ်ယောက်ကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်း၊ ထောင်ဖမ်းခံရခြင်း၊ ငွေစိုက်လျော်ရခြင်းများ ကြုံရတတ်သည်။ ခေါင်းပူခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ မျက်စိ ဝေဝါးလာခြင်း၊ ကြည့်မကောင်းခြင်း၊ မျက်စိနာခြင်းစသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများလည်း ခံစားရတတ်ပါသည်။ ခြေထောက် ထိခိုက်မိတတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန်နှစ်ဦး၌ တပြိုင်တည်း ကုသခြင်းကြောင့် ဆေးမှားတက်ပါသည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆရာဝန် တစ်ဦးတည်း၏ ကုသမှု အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ အပေါင်းအသင်း၊ သူငယ်ချင်း၏ ချောက်ချမှု၊ မြူစွယ်မှုတို့ကြောင့် ပညာရေး ထိခိုက်မိလိမ့်မည်။ အပေါင်းအသင်းမှားခြင်းကြောင့် ပညာရေးကို စိတ်မဝင်စားဘဲ ဖြစ်နေမည်။ အပျော်အပါး၊ မိန်းမ၊ လောကစားတို့၌သာ ပျော်မွေ့နေမည်။ အလုပ် မလျှောက်ဖြစ်ဘဲ၊ အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဖြစ်ဘဲ ဖြစ်နေမည်။
https://vt.tiktok.com/ZSXTAo1mU/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "ကြာသပ‌တေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ ပြန်လာပြီး နေရပ်တွင် အလုပ်လုပ်ကိုင်သူများ အခြေကျ လာမည်။ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်လိုသူများ၊ လုပ်ငန်း ပြောင်းလိုသူများ အတွက် ပြောင်းလဲ လုပ်ကိုင်နိုင်သော အချိန်ကောင်း ဖြစ်သည်။ မိမိ တကယ် ချစ်ခင် နှစ်သက်သူနှင့် စည်းစိမ် ချမ်းသာ ပြည့်စုံသူ နှစ်ဦးကြား ရွေးရခက်နေမည်။ မိမိ တကယ် ချစ်ခင်နှစ်သက် မြတ်နိုးသူ နှင့် ပေါင်းဖက်ရမှသာ တစ်သက်တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ ရည်းစားဟောင်း ပြန်ပေါ်လာပြီး အိမ်ထောင်ရေးအား နှောက်ယှက်တတ်သည်။ မည်သည့်ကိစ္စမဆို ဖုံးကွယ် မထားဘဲ အိမ်ထောင်ဖက်အား ဖွင့်ဟ တိုင်ပင်ခြင်း၊ ပြောပြခြင်းဖြင့် အိမ်ထောင်ရေး သာယာလာလိမ့်မည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ ဟင်းအိုး အပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ ရပ်တန့်နေသောပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲများ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါကအောင်မြင်ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။
https://vt.tiktok.com/ZSXTD6SRF/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများ‌ ဖြေးဖြေးမှန်မှန် လုပ်ကိုင်ရမည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းကိစ္စများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက် နိုင်မည်။ "တည်ငြိမ်လေ၊ အောင်မြင်လေ" ဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်ကိုင်သင့်ပါသည်။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေမည်။ စိတ်ရူးပေါက်ပြီး အိမ်ထောင်ဖက်၊ ချစ်သူနှင့် ကန့်လန့်တိုက် နေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အမှားများ ချမှတ်မိမည်။ လုပ်မှားကိုင်မှား၊ ဆက်ဆံ ပြောဆိုပုံ အမှားများကြောင့် အိမ်ထောင်ရေး ပြိုကွဲတတ်သည်။ အချစ်ရေး လမ်းဆုံး ရောက်သွားနိုင်သည်။ ဟင်းအိုးအပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ အမျိုးသားများ ဆီးကျင် ခြင်း၊ ဆီးအောင့်ခြင်း ဆီးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ် ပါသည်။ ရပ်တန့်နေသော ပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲ များ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါက အောင်မြင် ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများ၊ အလုပ်များအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။ ယခင်က လုပ်ခဲ့ဖူးသော အလုပ်မှဟောင်းမှ ပြန်လည် ခေါ်ယူ ခန့်ထားခြင်းမျိုး ကြုံရမည်။
https://vt.tiktok.com/ZSXTSxnF5/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်တန့်‌နေသော လုပ်ငန်းများ၊ ရပ်ဆိုင်းခံထားရသော စီးပွားရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိမည်။ အရောင်ထိုင်းနေသောကုန်ပစ္စည်းများ၊ လှောင်ကုန်များ ရောင်းချ ရမည်။ ရပ်‌ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလုပ်နှင့် ပတ်သက်သော အကူအညီ၊ အခွင့်အလမ်းနှင့် သတင်းကောင်းများ ကြားရမည်။ မိသားစုလိုက် လုပ်ကိုင်ရသော လုပ်ငန်းများ ပိုမို တိုးတက်လာမည်။ လေယာဉ်လိုင်းများ၊လေယာဉ် လက်မှတ် အရောင်း အေဂျင်စီများ၊ Air cargo လုပ်ငန်းများ၊ လေကြောင်းနှင့် ပတ်သက်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ အဆိုတော်၊ သရုပ်ဆောင်များ စသော အနုပညာရှင်များ၊ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ တေးဂီတ ထုတ်လုပ်ရေး လုပ်ငန်းများ၊ အနုပညာနှင့် ဆက်စပ်နေသောလုပ်ငန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှု ပေးသော လုပ်ငန်းများ အဆင်ပြေမည်။ မိမိယုံကြည် စိတ်ချရသော အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေများ ကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်ဖက်နှင့် စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ စွပ်စွဲပြောဆို ခဲ့ရခြင်းတို့ကြုံရတတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းပါ။ အိမ်ထောင်ရေး ပြိုကွဲခဲ့ပါက ပတ်ဝန်းကျင်တွင် အရှက်ရခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ သွားပုပ်လေလွင့်ပြောဆိုခံရခြင်းများ ကြုံရမည်။ ချစ်သူ၏ အနားတွင် ၎င်းအား တဖက်သတ် ကြိုက်နေသောသူ ရှိနေသည်။ ယုံကြည်ရသော အပေါင်းအသင်း၊ အခင်ရဆုံးသောသူငယ်ချင်း၊ မိတ်တွေမှ ချစ်သူနှင့် မိမိအကြား ဂုန်းတိုက် စကား ဆိုထားတတ်သည်။ ၎င်း၏ စကားအား ယုံကြည်ပြီး ချစ်သူမှ မိမိအား ရုတ်တစ်ရက် အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲသွားခြင်းတို့ ပြုလိမ့်မည်။ ညဘက် အိပ်မပျော်ခြင်း၊ လန့် လန့်နိုးခြင်း၊ စိတ်ချောက်ချားခြင်းများ ဖြစ်နေတတ်သည်။ စိတ်မလုံခြုံခြင်း၊ စိတ်အေးချမ်းမှု မရရှိခြင်း စသော စိတ်နှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားနေရတတ်သည်။ ယခုကာလအတွင်း ကျန်းမာရေးအတွက် ကောင်းဆုံး ယတြာမှာ ဘာသာရေး ပြင်းပြင်းထန်ထန် လုပ်ခြင်းပင် ဖြစ်သည်။ ကိုယ်ဝန်‌ဆောင်သည်များ ကိုယ်ဝန်ကို အထူးဂရုစိုက်ပါ။ ဆီပူ၊ မီးပူ၊ ဟင်းအိုး အပူလောင်တတ်သည်။ အဘွား၊ အမေ၊ အဒေါ်နှင့် အုပ်ထိန်းသူ၊ အမျိုးသမီးကြောင့် ပညာရေးရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်လာမည်။ အမျိုးသမီး တစ်ဦးတစ်ယောက်၏ ကူညီပေးမှုကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။ အထက်လူကြီး၊ အကြီးအကဲ၊ အမျိုးသမီးကြောင့် ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးခြင်းတို့ ကြုံရမည်။
https://vt.tiktok.com/ZSVLodbU2/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------

တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#‌ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Online Ticket Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category