12/05/2025
PJ Passport & PS Passport အခွန်ကင်းရှင်းကြောင်း
PJ ( Passport for Job )
PS ( Seaman Passport )
တစ်ခြား Passport အမျိုးစားများမလိုပါ
အလုပ်လုပ်ခွင့် Passport ဖြစ်တဲ့ PJ & PS Passport
ကိုင်ဆောင်ထားတဲ့သူတွေက သက်တမ်းတိုးလုပ်တဲ့အချိန် ဥပမာ - PJ to PJ , PS to PS , PJ 🔁 PS ဆိုတာနဲ့ ပြည်ပထွက်ထားသည်ဖြစ်စေ မထွက်ထားသည်ဖြစ်စေ အခွန်ဆောင်ရပါမည်
PJ to PV , PS to PV ပြည်ပထွက်အလုပ်လုပ်ထားရင် အခွန်ဆောင်ရမယ်
PJ to PV , PS to PV ပြည်ပမထွက်ထားရင် အခွန်မဆောင်ရပါ
PJ အသစ်သမားအခွန်မဆောင်ရပါ
ဒါတွေသည် ရန်ကုန်ရုံးမှာလုပ်မည့်သူတွေအတွက်ပါ တစ်ချို့နယ်ရုံးတွေက PJ အသစ်သမားလဲ အခွန်ဆောင်ခိုင်းတာတွေ့နေရတာကြောင့် မလုပ်ခင်ကိုယ့်နယ်ကအခွန်ရုံးမှာအရင်စုံစမ်းကြည့်ကျပါ
ရုံးထဲဝင်လုပ်တဲ့နေ့မှာ အခွန်ကင်းရှင်းကြောင်းထောက်ခံစာ လိုပါမည် ၊ထောက်ခံစာကိုသက်ဆိုင်ရာမြို့နယ်အလိုက် အခွန်ဦးစီးဌာနမှူးရုံး မှာသွားရောက်ပီ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာယူရပါမည်
အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံထုတ်ယူရန်သတ်မှတ်ထားသောရုံးများ
ရန်ကုန်တိုင်း
အုပ်စု (၁) အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၈) မင်းကြီးလမ်း ရွာမအရှေ့ရပ်ကွက် ၊ အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃
အုပ်စု (၂) ရန်ကင်းမြို့နယ် အခွန်ဦးစီးဌာနမှုးရုံး
စုပေါင်းရုံးဝင်း ရန်ကင်းလမ်း (၂) ရပ်ကွက် ၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂
အုပ်စု (၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၂၉၅) မင်းနန္ဒာလမ်းမ မြို့သစ်ရပ်ကွက် ၊ ဒေါပုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀
အုပ်စု (၄) ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး
အမှတ် (၉၆+၁၁၁) ပြည်ထောင်စုလမ်း (၆၄)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈
မန္တလေးတိုင်း
မဟာအောင်မြေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
၈၄ လမ်း၊ (၂၈×၂၉)လမ်းကြား ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး ၀၂-၄၀၆၄၅၆၄
ချမ်းမြသာစည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
ဆ-၁၃/၂ ၊ ၇၃ လမ်း ၊ ခိုင်ရွှေဝါလမ်းနှင့်မနော်ဟရီလမ်း မြို့သစ်(၂)ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး ၀၂-၂၈၄၇၈၂၃
ကျန် ပြည်နယ် / တိုင်းဒေသတွေက
Passport ရုံးတည်ရှိရာမြို့နယ်မှာရှိတဲ့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှာ သွားရောက်လုပ်ဆောင်ရပါမည်
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခွန်ရုံးလိပ်စာ နဲ့ ဖုန်းနံပါတ်များ
https://www.ird.gov.mm/my/content/contact-us
ပြည်နယ် / တိုင်းဒေကြီး မှာရှိတဲ့
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လိပ်စာများ
➡️ https://www.passport.gov.mm/stations
ရန်ကုန်တိုင်းအတွက်ကိုယ့်မြို့နယ်ပါတဲ့ သက်ဆိုင်ရာအခွန်ဦးစီးရုံးသွားပီ အခွန်ကင်းရှင်းကြောင်းထောက်ခံစာသွားယူရမှာပါ ၊ ပုံမှာအုပ်စုအလိုက် မြို့နယ်တွေပါပါတယ်
နယ်အိမ်ထောင်စုစာရင်းနဲ့သူတွေက အုပ်စု(၃) ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အုပ်စု (၄)ဒဂုံမြို့သစ်တောင်ပိုင်း အခွန်ဦးစီးဌာနမှူးရုံး မှာသွားလုပ်လို့ရပါတယ် ၊ နယ်ကလူတွေ ရန်ကုန်မှာလုပ်မယ်ဆို ဒီ ၂ ရုံးကလွဲပီ ရန်ကုန်ကတစ်ခြားမြို့နယ်ရုံးတွေမှာလုပ်လို့မရပါဘူး
အခွန်ကင်းရှင်းကြောင်းထုတ်ယူရာတွင်တင်ပြရမည့်စာရွက်စာတမ်းများ
PJ
လျှောက်လွှာ
Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)
အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ
Appointment (ကုမ္ပဏီ)
ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ
Bank Acc / Bank Name
email address
Qr မိတ်တူ
PS
လျှောက်လွှာ
Passport မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
CDC မူရင်း/မိတ္တူ ( ဓါတ်ပုံပါတဲ့စာမျက်နှာအား Colour ဖြင့် မိတ္တူ ဆွဲပေးရန်) အဝင်အထွက်တုံးပါအားလုံး မိတ္တူ ဆွဲရန်
Portage Bill မူရင်း/မိတ္တူ
Contract မူရင်း/မိတ္တူ
မှတ်ပုံတင် မူရင်း/မိတ္တူ (ကာလာဖြင့်ဆွဲရန်)
အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ
ကိုယ်တိုင်/ကိုယ်စားလှယ်လွှဲစာ
Bank Acc / Bank Name
email address
Qr မိတ်တူ
မိတ္တူ (၂)စုံယူသွားပေးရန်
ဒီထပ်ပိုသိချင်တာများရှိရင် အခွန်ရုံးကိုသာတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါ
မူရင်း ပို့စ်ပိုင်ရှင်ကို Credit ပေးပါတယ်