Ngwe Yadanar Pann International - Medical Tourism

Ngwe Yadanar Pann International - Medical Tourism Myanmar-registered medical tourism connecting patients to top hospitals in Myanmar, Thailand & India for trusted, quality care. 🇲🇲🇹🇭🇮🇳

ထိုင်းနိုင်ငံမှာ ကျောက်ကပ်အစားထိုးကုသမှုခံယူချင်တဲ့ လူကြီးမင်းတို့အတွက် ကျွန်တော်တို့ ငွေရတနာပန်း နိုင်ငံတကာ ကျန်းမာရေးခ...
25/04/2026

ထိုင်းနိုင်ငံမှာ ကျောက်ကပ်အစားထိုးကုသမှုခံယူချင်တဲ့ လူကြီးမင်းတို့အတွက် ကျွန်တော်တို့ ငွေရတနာပန်း နိုင်ငံတကာ ကျန်းမာရေးခရီးသွားကုမ္ပဏီကနေ ထိုင်းနိုင်ငံရဲ့ Top 10 စာရင်းဝင် Praram 9 Hospital နဲ့ ချိတ်ဆက်ထားပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ ခင်ဗျာ။

🏥 ဘန်ကောက်မြို့မှာရှိတဲ့ Praram 9 Hospital က နှစ်ပေါင်း (၃၀) ကျော်သက်တမ်းရှိ ဆေးရုံတစ်ခုဖြစ်ပါတယ်။

☑️ JCI (Joint Commission International) လက်မှတ်ရရှိထားပြီး

☑️ ထိုင်းနိုင်ငံမှာ Top 10 စာရင်းဝင် ဆေးရုံတစ်ခုလည်းဖြစ်တဲ့အတွက် ကျန်းမာရေး စစ်ဆေး ကုသမှုများကို ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ပါတယ်။

Praram 9 Hospital မှာ နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ ကင်ဆာကုသမှု၊ ကျောက်ကပ်ရောဂါ၊ အရိုးနှင့်ကျောရိုးဆိုင်ရာရောဂါတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ပါတယ်။ Praram 9 က ကျောက်ကပ်အစားထိုးကုသမှုပေါင်း (၁,၀၀၀) ကျော်ကို အောင်မြင်ခဲ့ပြီးကျောက်ကပ်ကုသမှုအတွက် ထိပ်တန်း Private ဆေးရုံတစ်ခုလည်းဖြစ်ပါတယ်။

အထူးကုဆရာဝန်များနဲ့ ခေတ်မီစက်ပစ္စည်းများကို အသုံးပြုကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ Praram 9 မှာ ဆေးကုသမှုခံယူချင်တယ်ဆိုရင် ကျွန်တော်တို့ ငွေရတနာပန်းကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်တလျှောက် အဆင်ပြေချောမွေ့ဖို့ ငွေရတနာပန်းက အစအဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

📞 ဖုန်းခေါ်ဆိုရန် – (+95) 9 9450 00858 , (+95) 9 9450 00859

📲 Viber ဆက်သွယ်ရန် – (+95) 9 9450 00858 , (+95) 9 9450 00859

📍 ရုံးလိပ်စာ

ရန်ကုန် - အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေး - အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

✉️ Email – [email protected]



၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကမ်းခြေတွင် ကျင်းပပြုလုပ်မည့် Global Medical...
21/04/2026

၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကမ်းခြေတွင် ကျင်းပပြုလုပ်မည့် Global Medical Tourism & Insurance Summit သို့ တက်ရောက်နိုင်ရန် ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှုကုမ္ပဏီလီမိတက်ကို တရားဝင်ဖိတ်ကြားခြင်းခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

အ‌ဆိုပါ Summit ဟာ ကမ္ဘာတဝှမ်းရှိ ထိပ်တန်းဆေးရုံကြီးများနှင့် ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများမှ
အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ၊ ကျန်းမာရေးအာမခံနှင့်
ကျန်းမာရေးခရီးသွားဝန်ဆောင်မှုနယ်ပယ်မှ
ကျွမ်းကျင်ပညာရှင် များစွာ စုဝေးတက်ရောက်ကြမယ့်
အခမ်းအနားကြီးပဲ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကြီးမှာ ဟောပြောကြမယ့်
ကမ္ဘာတဝှမ်းမှ ပညာရှင်ကြီးများနှင့် တက်ရောက်ကြမယ့်
ဆေးရုံကြီးများနှင့် ကုမ္ပဏီကြီးများစာရင်းကို
အောက်ပါ website တွင် လေ့လာနိုင်ပါတယ်ခင်ဗျာ။

https://www.medicaltourism.com/conference/2026-attendees-global-medical-tourism-summit

✨ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ ✨မင်္ဂလာရှိသော မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစ၍ မြန်မာပြည်သူ ပြည်သား အပေါင်း စိတ်ချမ်းသာ၊ ကို...
17/04/2026

✨ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ ✨

မင်္ဂလာရှိသော မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစ၍ မြန်မာပြည်သူ ပြည်သား အပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ နှစ်သစ်မှာ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး ငွေကြေးဓန လာဘ်လာဘများ အလျှံပယ် စီးဝင်လာကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ငွေရတနာပန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် 🌿မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း တ...
12/04/2026

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် 🌿

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံပြီး ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာ သင်္ကြန်ကာလကို ဖြတ်သန်းနိုင်ပါစေကြောင်း ငွေရတနာပန်းမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။

April လအတွင်း Medical Check-up လုပ်ပြီး 20% Discount ရယူပါ 📣လူကြီးမင်းတို့အတွက် အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုကို ကုန်က...
08/04/2026

April လအတွင်း Medical Check-up လုပ်ပြီး 20% Discount ရယူပါ 📣

လူကြီးမင်းတို့အတွက် အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုကို ကုန်ကျစရိတ်သက်သာစွာ ပြုလုပ်နိုင်မယ့် အခွင့်အလမ်းတစ်ခုကို ငွေရတနာပန်းမှ ယူဆောင်လာခဲ့ပါပြီ။

ဧပြီလအတွင်း ထိုင်းနိုင်ငံက ဝေ့ဌာနီဆေးရုံကြီးမှာ Medical Check-up လုပ်ဖို့ ငွေရတနာပန်းနဲ့ ချိတ်ဆက်လိုက်ရုံနဲ့တင် ‼️ 20% Discount ရရှိမှာဖြစ်ပါတယ်။

Medical Check-up အစီအစဉ်မှာ
▪️Young Executive Program
▪️Executive Program
▪️President Program
▪️President Plus Program တွေ ပါဝင်သွားမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ထားလို့ လက်ဦးမှုရယူနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

April လ တစ်လတည်းသာရရှိမယ့် အထူး Discount အစီအစဉ်ကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ ငွေရတနာပန်းမှာ (အခမဲ့) ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Contact Info ℹ️
▪️ရန်ကုန်ရုံးခွဲ
📲 +959 740 022 544 (Viber) , +959 945 000 858 (Viber)
📍အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

▪️မန္တလေးရုံးခွဲ
📲 +959 783 500 425
📍အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

✉️ Email – [email protected]


01/04/2026

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာမျှဝေပွဲ (ရန်ကုန်) အခမ်းအနားကို
ယနေ့ (၂၁ မတ်လ ၂၀၂၆) မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာ ဆေးရုံကြီး (Vejthani International Hospital) နှင့် အိန္ဒိယနိုင်ငံ၊
ချန်နိုင်းမြို့ရှိ Gleneagles Hospital တို့မှ
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆိုင်ရာဗဟုသုတများ မျှဝေဟောပြောပေးခဲ့ကြပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် Dai-ichi Life Insurance Myanmar မှ Exclusive Sponsor အဖြစ် ပံ့ပိုးကူညီထားပါတယ်။

29/03/2026

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်နှင့် မြင့်မြတ်ဆေးရုံ (ဟင်္သာတ)တို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာမျှဝေပွဲ (ဟင်္သာတ) အခမ်းအနားကို ယနေ့ (၂၂ မတ်လ ၂၀၂၆) မနက်ပိုင်းက
ဟင်္သာတမြို့ရှိ မြင့်မြတ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာ ဆေးရုံကြီး (Vejthani International Hospital)
နှင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ Gleneagles Hospital တို့မှ
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆိုင်ရာဗဟုသုတများ မျှဝေဟောပြောပေးခဲ့ကြပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် Dai-ichi Life Insurance Myanmar မှ Exclusive Sponsor အဖြစ် ပံ့ပိုးကူညီထားပါတယ်။


၂၀၂၆ ခုနှစ် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဟင်္သာတမြို့ရှိမြင့်မြတ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပည...
24/03/2026

၂၀၂၆ ခုနှစ် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဟင်္သာတမြို့ရှိ
မြင့်မြတ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ
ကျန်းမာရေးအသိပညာ မျှဝေပွဲ (ဟင်္သာတ) အခမ်းအနားမှ
မှတ်တမ်းဓာတ်ပုံများ

၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိPark Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကျန်းမာရေ...
23/03/2026

၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ
Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ
ကျန်းမာရေးအသိပညာ မျှဝေပွဲ (ရန်ကုန်) အခမ်းအနားမှ
မှတ်တမ်းဓာတ်ပုံများ

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်နှင့် မြင့်မြတ်ဆေးရုံ (ဟင်္သာတ)တို့ ပူးပေါင်းကျင်း...
22/03/2026

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်နှင့် မြင့်မြတ်ဆေးရုံ (ဟင်္သာတ)တို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာမျှဝေပွဲ (ဟင်္သာတ) အခမ်းအနားကို ယနေ့ (၂၂ မတ်လ ၂၀၂၆) မနက်ပိုင်းက
ဟင်္သာတမြို့ရှိ မြင့်မြတ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာ ဆေးရုံကြီး (Vejthani International Hospital)
နှင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ Gleneagles Hospital တို့မှ
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆိုင်ရာဗဟုသုတများ မျှဝေဟောပြောပေးခဲ့ကြပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် Dai-ichi Life Insurance Myanmar မှ Exclusive Sponsor အဖြစ် ပံ့ပိုးကူညီထားပါတယ်။

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာမျှဝေပ...
21/03/2026

ငွေရတနာပန်းအင်တာနေရှင်နယ် ကျန်းမာရေးခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ကျန်းမာရေးအသိပညာမျှဝေပွဲ (ရန်ကုန်) အခမ်းအနားကို
ယနေ့ (၂၁ မတ်လ ၂၀၂၆) မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ
Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာ ဆေးရုံကြီး (Vejthani International Hospital) နှင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ Gleneagles Hospital တို့မှ
အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆိုင်ရာဗဟုသုတများ မျှဝေဟောပြောပေးခဲ့ကြပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် Dai-ichi Life Insurance Myanmar မှ Exclusive Sponsor အဖြစ် ပံ့ပိုးကူညီထားပါတယ်။

🕌 Eid Mubarak 🌙 အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ (ကုရ်ဘာနီအီးဒ်) " အစ်နေ့ " မှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီ...
21/03/2026

🕌 Eid Mubarak 🌙

အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ (ကုရ်ဘာနီအီးဒ်) " အစ်နေ့ " မှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းခြင်း မင်္ဂလာများ ပြည့်စုံကြပါစေကြောင်း ငွေရတနာပန်းမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

Address

Ahlone Road
Yangon
11121

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Alerts

Be the first to know and let us send you an email when Ngwe Yadanar Pann International - Medical Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share