24/06/2025
ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး 𝐒𝐩𝐨𝐭 တွေရှိတဲ့ ပြည်တွင်းခရီးစဉ်များ 📸✨
✈️ခရီးထွက်တာနဲ့ အမှတ်တရဆိုတာ မချန်ချင်တဲ့သူ မရှိတာမို့ ဘယ်နေရာသွားသွား လှပတဲ့ ဓာတ်ပုံမှတ်တမ်းလေးတွေရှိနေအောင် ဘယ်သူမဆို ဓာတ်ဖမ်းတတ်ကြပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာပဲ ဓာတ်ပုံအလှလေးတွေ ရိုက်လို့ရတာမဟုတ်ဘဲ ကိုယ့်ရဲ့ မြန်မာပြည်တွင်းမှာလည်း ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ နန်းဆန်တဲ့ နောက်ခံနေရာတွေနဲ့ အတူ အမှတ်တရဓာတ်ပုံအလှလေးတွေကို အကောင်းဆုံးဖန်တီးလို့ရပါတယ်။
🇲🇲မြန်မာနိုင်ငံဟာ သမိုင်းဝင် အမွေအနှစ်တွေ၊ သဘာဝအလှတရားတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတွေ အများကြီးရှိပါတယ်။ သင်ဟာ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတစ်ယောက်ဆိုရင် သွားကိုသွားသင့်တဲ့ မြန်မာပြည်ရဲ့ အလှပဆုံး 𝐒𝐩𝐨𝐭 တွေပေါတဲ့ ပြည်တွင်းခရီးစဉ်တွေတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
🌉 ရှေးခေတ် မြန်မာ့အငွေ့အသက် တော်ဝင်အလှတရားတွေနဲ့ မြို့သက်တမ်းရဲ့အလှကိုဖော်ပြနိုင်တဲ့ မန္တလေး
🏙️ မြို့ပြရဲ့ စည်ကားသက်ဝင်ပုံနဲ့ သမိုင်းဝင်အဆောက်အအုံအလှကို ဖော်ပြနိုင်တဲ့ ရန်ကုန်
🌅 𝐆𝐨𝐥𝐝𝐞𝐧 𝐡𝐨𝐮𝐫 ပုံရိပ်အလှဆုံးပေါ်လွင်နိုင်တဲ့ ပုဂံ
🏞️ 𝐕𝐞𝐧𝐢𝐜𝐞 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 လို့တင်စားကြတဲ့ ရိုးရာသဘာဝအလှကို အစွမ်းကုန် ဖော်ပြနိုင်တဲ့ အင်းလေး
🌼 တောတောင်အေးအေးနဲ့ ပန်းခြံလေးတွေကြားမှာ romantic ပုံရိပ်တွေရိုက်နိုင်တဲ့ ပြင်ဦးလွင်
🏖️ ကမ်းခြေရဲ့ သဘာဝအလှတရားစစ်စစ်နဲ့ လှချင်တိုင်းလှနေတဲ့ ငပလီ
🏔️ မြန်မာပြည်ရဲ့ နှင်းဖုံးတောင်တန်းအလှကို မှတ်တမ်းတင်နိုင်တဲ့ ပူတာအို
ဒီခရီးစဉ်တွေဟာ ခရီးသွားရင်း ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့ ဝါသနာရှင်တွေအတွက် မြန်မာပြည်ရဲ့ အလှဆုံး ရှုခင်းတွေကို ဖမ်းယူနိုင်မဲ့ အကောင်းဆုံး နေရာလေးတွေပါပဲ။ ဒါကြောင့် သင့်ရဲ့ ကင်မရာကိုယူပြီး မြန်မာပြည်အနှံ့ ဓာတ်ပုံခရီးထွက်ဖို့ အခုကတည်းက Plan ထားထားလိုက်တော့နော်…📸🧳
ခရီးစဉ်တွေကို 𝐏𝐞𝐫𝐟𝐞𝐜𝐭 ဖြစ်အောင် အစအဆုံးစီစဉ်ပေးတဲ့ ရပ်၀န်းတစ်ခု ရှာဖွေနေတယ်ဆိုရင်တော့ 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬 𝐂𝐢𝐧𝐝𝐞𝐫𝐞𝐥𝐥𝐚 က အမြဲ အဆင်သင့်ရှိနေပါတယ်နော်…🥰
“𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬 𝐂𝐢𝐧𝐝𝐞𝐫𝐞𝐥𝐥𝐚 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬”
🏬 𝐀𝐝𝐝𝐫𝐞𝐬𝐬: No. (6.A), 53 St, 4th Ward, Botahtaung Tsp, Yangon.
📱𝐏𝐡𝐨𝐧𝐞: 01-9010949, 09 422 288 594
📧 𝐆𝐦𝐚𝐢𝐥: [email protected]