All About Budget Travel

All About Budget Travel Just sharing all my trip tips and experiences.

Please don't mind if I write something wrong
but I write all of my best.Kindly invite you to ask me questions.I will answer as much as I can.

🧳Hanoi ရဲ့  Old Quarter က Outlet Sale များ🧳Vietnam ရဲ့ ​မြောက်ပိုင်း​ဒေသကို လည်မယ်ဆို အ​တော်များများက Hanoi ရဲ့  Old qua...
28/09/2020

🧳Hanoi ရဲ့ Old Quarter က Outlet Sale များ🧳

Vietnam ရဲ့ ​မြောက်ပိုင်း​ဒေသကို လည်မယ်ဆို အ​တော်များများက Hanoi ရဲ့ Old quarter မှာတစ်ရက်​လောက်​တော့ ဝင်​နေကြမှာပဲ

​နေစရာလဲ​ပေါ

စားစရာလဲ​ပေါ

လည်စရာလဲ​ပေါ

ဝယ်စရာလဲ​ပေါ တဲ့ Old Quarter မှာ Outlet Sale ဆိုင်​​တွေ​ကိုမြင်ရလိမ့်မယ်

'Made in Vietnam.Factory Outlet' ဆိုတဲ့ဆိုင်​တွေမှာ များ​သောအားဖြင့် Under Armour, Adidas, Kanken, Zara, H&M ဆိုတဲ့ Brand အစုံ​ရောင်း​ကြတယ်.

အဲ့ကဆိုင်​တွေအ​ကြောင်းမ​ရေခင်

'Factory Outlet' နဲ့ ' Replica ' အ​ကြောင်းအရင်ရှင်းပါမယ် (သိပြီးသားသူ​တွေက ​ကျော်ကြည့်​ပေးပါ😁)

'Factory Outlet' ဆိုတာ

Manufacturer က​နေ discount နဲ့ direct ဝယ်​ရောင်းတဲ့ ပစ္စည်းပါ.

Quality က အတု မဟုတ်ပဲ official ဆိုင်​တွေမှ​ရောင်းတဲ့ quality ကို​တော့မမှီပါဘူး

'Replica' ဆိုတာ

အတုပါ ဒါ​ပေမဲ့ အစစ် quality ရဲ့ replica ဆိုတဲ့အတိုင်း ထပ်တူညီပါတယ်

ပြီး​တော့ made in vietnam ​တွေကလည်းများသလို သူတို့နိုင်ငံမှာလည်း နာမယ်ကြီး brand စက်ရုံ​တွေလည်းအများသားပါ

ဒါဆို old quarter မှာ​ရောင်း​နေတာ​တွေ​ရောဘာ​တွေလဲဆိုရင် - အကုန်အ​ရောပါ

အတုအစစ်ကိုယ်ဘာ့သာခွဲဝယ်ရမှာပါ

ဥပမာ - Kanken Bag ပဲထားပါ​တော့

သူ့မှာအတု အစစ်ခွဲတဲ့နည်း​တွေရှိပါတယ်

အစစ်ဆိုရင်

Kanken Logo ကအ​မှောင်ထဲမှာ လင်း​နေရပါမယ်

အိတ်အတွင်းပိုင်းက Name ​ရေးတဲ့​နေရာ​​ဘေးမှာ အလံပုံ​လေးပါပါတယ်

Logo ထဲက အ​ကောင်​လေးမျက်နှာမူရာဘတ်နဲ့လည်းခွဲကြပါတယ်

အဲ့လိုပဲသာ ခွဲပြီးဝယ်ကြရပါတယ်

အသိသာဆုံးတစ်ခုက ​ဈေးနှုန်းပါ

BALENCIAGA ဖိနပ်တစ်ရံကို သုံး​သောင်းနဲ့​​တော့မရဘူး​ပေါ့

​နောက် ည​စျေးတန်း​တွေလည်းရှိပါတယ်

ည​​စျေးတန်း​တွေမှာသွားမရှာပါနဲ့

ဟိုလိုဒီလိုနိုင်ငံထွက်ပစ္စည်း​​တွေကလွဲရင်မစဥ်းစားပါနဲ့

လုံးဝ authentic ဆိုရင်​တော့ Vincom တို့ Parkson တို့ Lotte တို့သာသွားဝယ်ပါ

Photo credits to google

🙊❤ပြန်​တွေးတိုင်း လွမ်း​မောရတဲ့ SAPA❤🙊Sapa ဆိုတာ Vietnam ရဲ့အ​နောက်​မြေက်ဘက် Lao Cai နယ်​မြေမှာရှိတဲ့ Hoang Lien Son ​တေ...
27/09/2020

🙊❤ပြန်​တွေးတိုင်း လွမ်း​မောရတဲ့ SAPA❤🙊

Sapa ဆိုတာ Vietnam ရဲ့အ​နောက်​မြေက်ဘက် Lao Cai နယ်​မြေမှာရှိတဲ့ Hoang Lien Son ​တောင်တန်း​ဒေသ​မြို့​လေးတစ်ခုပါ

Sapa ကိုသွားခဲ့တာ ဒီပြီးခဲ့တဲ့ January တုန်းကပါ

အဲ့ချိန်တုန်းက​တောင် Vietnam ​​မြောက်ပိုင်းမှာအ​တော်​အေး​နေတုန်းပါပဲ

​ရောက်တာ December ထဲက​ရောက်​နေတာဆို​​တော့ တချို့ရက်​တွေဆို December မှာ -6° ​လောက်ထိ​အေးတယ်

မြူခိုး​တွေ​ဝေပြီး နှင်းကျတဲ့ Sapa ကိုခံစားချင်ရင်​​တော့ December, January သွားပါ

Sapa တစ်ဝိုက်ရွာ​တွေနဲ့ ​ပေါ့​ပေါ့ပါးပါး​​နေရာစုံ view အစုံကို ကြည်လင်ပြတ်သားစွာမြင်ချင်ရင်​တော့ April,May သွားပါ

စပါးခင်း​တွေ ဝါဝါဝင်းဝင်းကြည့်ချင်ရင်​တော့ September, October သွားပါ

☕ Sapa Coffee ☕

Vietnam မှာ coffee ကနာမယ်ကြီးထုတ်ကုန်တစ်ခုဆို​တော့ Sapa coffee vibe က​တော့ ​ပြောပြစရာစကားမရှိ​လောက်​အောင် စွဲမတ်ဖွယ်​ကောင်းတယ်

နှင်းဖွဲဖွဲ​အောက်မှာ coffee တစ်ခွက်ရတာဟာ coffee ကြိုက်တဲ့သူ​တွေအတွက်​တော့ တစ်ကယ့်ကို tasty!

Coffee ​တွေထဲကမှ 'Sapa မှ egg coffee'

Egg coffee ဆိုတဲ့အတိုင်း ကြက်ဥကို​မွှေစက်နဲ့​မွှေပြီး coffee နဲ့​ရောတာပဲ

ဘာထူးခြားလဲဆို​တော့ အရသာထူးတယ်

ချိုတယ် ဆိမ့်တယ် အာ့ဒီအရသာနှစ်ခုကို​ပေါင်းစပ်ပြီးခံစားရမယ်

ပြီး​တော့ အ​ရေးကြီးဆုံးက ​သောက်လို့အရမ်း​ကောင်းတယ်!

🌫 Sapa မှာ​နေရတဲ့ အရသာ🌫

​နေစရာ​တွေက​တော့ ​ပေါ​သော!

Homestay , Guesthouse ​တွေဆို 3$ ​လောက်ကစတယ်

ရိုးရိုး Hotel ဆို 30$ ​လောက်က​နေ Valley view ဆို 50$ ​လောက်ထိ

အများဆုံး 150$ ​လောက်ထိ Hotel ​တွေရှိကြတယ်

​နေစရာက စိတ်ကြည်နူးမှုကိုအပြည့်​အဝပတ်သက်တာမို့မသွားခင်

ကိုယ်ဘယ်လိုပုံစံမျိုး​နေချင်လဲ?

ဘယ်လို view ကိုခံစားချင်လဲ?

Budget ဘယ်​လောက်သုံးမလဲ​? ​တွေအ​ပေါ်မူတည်ပြီး ​သေချာ​ရွေးသင့်တယ်

Relaxation type သွားမယ်ဆို Hotel ​ကောင်း​ကောင်း​နေသင့်ပြီး​တော့

ကိုယ်က trekking ​တွေသွားမယ် အနီးအနားကရွာ​တွေသွားလည်မယ်ဆိုရင်​တော့ ဒီတိုင်း Homestay ​လောက်​နေရင်​တောင်အ​တော်​ကောင်း​နေပြီ

⛰ Sapa ရဲ့ Fansipan 🏔

Fanaipan ဆိုတာ လူတကာ ဓါတ်ပုံရိုက်ကြတဲ့ Sapa Station က​နေလက်မှတ်ဝယ်ပြီးသွားရတဲ့​နေရာပါ

Station ဝင်ဝင်ချင်းနားမှာတင်လက်မှတ်ဝယ်လို့ရပါတယ်

အဆင့်ဆင့်ပါ

ပထမ ရထားတက်စီးလိုက်တာ MuongHoa Station ကို​ရောက်သွားတယ်

​နောက်လမ်း​​လျှောက်ပြီး ဟိုနားဓါတ်ပုံရိုက် ဒီနားဓါတ်ပုံရိုက်နဲ့ Sunworld Fansipan Legend ကို​ရောက်တယ် အာ့က​နေဆက်သွားတာ Fansipan Cable Station ကို​ရောက်​​ရော

အဲ့မှာ Fansipan Cable (World largest elevation different Cable) ကအသက်ပဲ!

သူက ကြာချိန်အရှည်ဆုံး cable ဖြစ်တယ့်အပြင် အာ့ cable ကိုပဲပိုကြာ​အောင်စီးချင်စိတ်ဖြစ်တာ

View ကမတရားလှတယ်

Sapa Mountain ​တွေရယ်

Valley ရယ်

Rice Terraces ရယ်

Volcano ရယ်ကိုအကုန်တစ်ခါတည်း အကုန်စုံစိ​နေ​အောင်​မြင်ရတာ

အများ​ပြောတဲ့ heart freaking view ဆိုတာ အာ့ဒါမှအစစ်

ပြီးရင် ဝယ်ထားတဲ့လက်မှတ်က fansipan မှာတင်ကုန်ပြီ

​နောက် Fansipan 3.143M ဆိုတဲ့ triangle ပုံစံ​ကျောက်တိုင်​လေး​ရောက်​အောင် လမ်း​​​လျှောက်တက်ရတာပါ

🚫 အမှတ်မှားမှာစိုးလို့ ! Cable က အစအဆုံးမဟုတ်ပါ. Fansipan Cable ပြီးရင် ​နောက် step ​တွေအားလုံးလမ်း​​လျှောက်တက်ရမှာပါ. Step 600 နီးပါးရှိပါတယ်. ၂နာရီ​လောက်​တော့ အနည်းဆုံးကြာတယ်.

အဲ့ဒါမှာ Buddha Temple တို့ peak of fansipan တို့​ရောက်တာပါ 🚫

လက်မှတ် 🎫

MuongHoa Station နဲ့ Fansipan Cable Car ​ပေါင်းကို 30$ ပါ

​🥗 Fansipan Station အပြန်နားမှာ Buffet ဆိုင်ရှိပါတယ် အရမ်းတန်ပါတယ် 12 $ ​လောက်ပဲရှိတယ် ဆိုင်နာမယ်​တော့ မမှတ်မိ​တော့ပါဘူး😁

🚍 Sapa ရဲ့ Sleeper Bus 🚍

ရိုးရိုးလဲရှိတယ် vip လဲရှိတယ်

ရိုးရိုးဆို အ​​ပေါ်​အောက် 3 တန်းပါ အဆင်​ပြေ​အောင်ထည့်​ပေးထားတယ် ​ခြေ​ထောက်ထားစရာရယ် အိတ်ထားစရာရယ် ပြည့်ပြည့်စုံစုံပါတယ်

ဒါ​ပေမဲ့ sapa က ​တောင်တန်း​တွေကိုပတ်တက်ရတာမို့ မူးတက်သူ​တွေသိပ်အ​ဆင်မ​ပြေဘူး ease မဖြစ်ဘူး

တချို့ မသန့်တဲ့ express ​တွေဆိုပိုဆိုးတယ်

ဒါ​ကြောင့် I prefer VIP ပါ . VIP မှာ private room လိုမျိုး​တွေရတယ်. အနံ့အသက်လဲ​ပို​ကောင်းတယ်.

တစ်ညလုံးစီးရတာမို့ ​သေချာစဥ်းစားသင့်!

‼️

Sapa မှာ​တော့ ဒီ​လောက်ပဲ

ကားစီးရတာအချိန်ကုန်တာရယ်

Fansipan ရယ်

အနီးနားက village ​တွေရယ်ဆိုရင်​တော့ 2 ရက်​​လောက်​တော့သွားသင့်တယ်

ဒါမှမဟုတ်ရင် ဝရုန်းသုန်းကားနဲ့ အပြည့်အဝမfeel လိုက်ရပဲပြန်​နေရမယ်

သွားဖို့က​တော့ လုံးဝ recommand ​ပေးပါတယ်

အချိန်ယူပြီးသွားဖို့ပါ

​နောက် sapa station မှာ​ရောင်းတဲ့ နာမယ်ကြီး brand ​တွေအ​တော်များများ replica ပါ but good quality replica.

​စျေးသက်သာတယ်ဆိုပြီး ​ပျော်​နေမှာစိုးလို့ 😁

​နောက် blog ​လေးတစ်ခုကျရင် vietnam ရဲ့ old quarter outlet ​တွေ replica ​တွေအ​ကြောင်းအ​သေးစိတ်တင်ပါဦးမည် .. Stay tuned!➡️

16/10/2019


လည်စရာလည်းရှိမယ်
Brand တွေလည်းစုံမယ်


Shopping
brand စုံတယ်
SG လည်းစုံတာပဲ

City view

Air ticket

Visa
SG က visa 30days free ပါ
KL က visa လုပ်​ရပါတယ်

KL မှာပိုဈေးသက်သာတယ်

Food



လည်စရာလည်းရှိမယ်
Brand တွေလည်းစုံမယ်
နေထိုင်သွားလာစရိတ်လည်းမကြီးဘူး
Bkk မှာပဲ shopping နေရတာ ပျင်းပြီဆို KL ကိုသာရွေးချယ်လိုက်ပါ
KLဆိုတာ islam တွေပဲရှိတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့အတွေးတွေကိုလည်း ခေတ်နောက်မကျအောင် ခေါင်းထဲက ခုပဲထုတ်လိုက်ပါ
KL ဆိုတာ တကယ်တော့ foreigner (အဓိက တရုတ်)တွေနဲ့ပြည့်နေတဲ့ နိုင်ငံပါ
Safe လဲဖြစ်ပါတယ် ညသန်းခေါင်အထိ bukit bingtan ဆိုလူအတော်စည်ပါတယ်
Taxi လည်းငှားရလွယ်တယ်
KL Sentral တဝိုက်ရဲ့ညဘက်အလှက night city beauty တွေထဲ အတော်လှတယ်လို့ပြောရမယ်
ညဘက်ခင်းမှာ ပျင်းရှရှဝိုင်တစ်ခွက်ကိုသောက်ပြီး
Infinity pool ပေါ်ကနေ မြို့တမြို့ရဲ့ မိန်းမောဖွယ်အလှကို ခံစားကြည့်ချင်တယ်ဆိုရင်တော့
အာ့ ခံစားချက်ကို KL မှာပဲရမှာပါ

My own feeling comparing KL and SG
Which city will you choose first?

Shopping
singapore ထက်အများကြီး shopping ထွက်လို့ကောင်းတဲ့နေရာလို့ထင်တယ်
brand စုံတယ်
သွားရတာလည်း ဟိုဘတ် ဒီဘတ် tunnel နဲ့ကူးသွားရုံပဲ
SG လည်းစုံတာပဲ
ဒါပေမဲ့ အဝတ်အစားတို့ ဖိနပ်တို့က KL ကပိုဈေးသက်သာတယ်

City view
မြို့တမြို့ရဲ့ ခံစားချက်ချင်းကလည်း သိပ်တော့ကွာလှရယ်မရှိ
Man-made Buildings Attraction တွေက အတူတူနီးပါးလောက်ပဲ

Air ticket
Ygn to SG round trip(round,7kg) ကိုအနည်းဆုံး 150$ ပတ်လည်မှာရှိတယ်
Ygn to KL က promotion ကို 86$ လောက်နဲ့ရတက်တယ်

Visa
SG က visa 30days free ပါ
KL က visa လုပ်ရပါတယ်

Public Transportation
Technique အတူတူနီးပါးလောက်ပါပဲ
Trains, buses , taxi တို့ပဲသုံးရတာပါ
KL မှာပိုဈေးသက်သာတယ်

Food
SG လိုပဲ food court တွေသာအဓိက သုံးတာဖြစ်ပြီး
ကုလားစာဆိုရင်တော့ အနည်းငယ်ရှာရပါမယ်
တရုတ်စာတွေပိုပေါနေသလိုပဲ 😂
SG လိုတော့ ရေလည်း ဈေးမကြီးပါ
တခြား အစားအစာလဲဈေးမကြီးပါ
မြန်မာဈေးတွေနဲ့ မကွာပါဘူး

ကိုယ်ကတော့ KL နဲ့ SG ကသိပ်ပြီးမကွာလှ
သွားပြီး ရလာတဲ့ ခံစားချက်ရော things ရော experience ရောက အတူတူပဲ
KL သွားမလား SG သွားမလားဆို budget ပေါ်ကြည့်ပြီး သွားသင့်ပါတယ်
KL ကိုတော့ visa လုပ်ရတာကလွဲပြီး highly recommand ပါ

VietnamHa noi 》 Ha Long Bay 》 Trang an 》 Ninh binh 》 Danang ( Bana Hill + My Khe beach ) 》 Hoi An အကုန်​သွားတာ အားလုံး စ...
16/11/2017

Vietnam
Ha noi 》 Ha Long Bay 》 Trang an 》 Ninh binh 》 Danang ( Bana Hill + My Khe beach ) 》 Hoi An
အကုန်​သွားတာ အားလုံး စု​စု​ပေါင်း 530usd ပဲကုန်​တယ်​ ကိုယ်​​ပြောရင်​ မင်းယုံလိုက်​ပါ 😁

• About Hanoi // Ha Long Bay // Sapa // Tra ang // Ninh Binh

ပထမဆုံး ခရီးတစ်​ခုသွား​တော့မယ်​ဆိုရင်

စရိတ်​သက်​သာဖို့အတွက်​ ​လေယာဉ်​လက်​မှတ်​ သက်​သာဖို့အ​ရေကြီးပါတယ်

အခု ​ဗီယက်​နမ်​ဆို budget airline က VieJet ပါ
Promotion ​တွေလည်း​ပေးပါတယ်
https://www.facebook.com/VietjetMyanmar/ ဆိုတဲ့ page ကို ၀င်​ကြည့်​ပါ
ဘယ်​ချိန်​​တွေ Promotion ချိန်​​တွေဆိုတာ သူကအမြဲ​ကြေငြာပါတယ်
လေယာဉ်​လက်​မှတ်​၀ယ်​ရင်​လည်း visa ကဒ်​နဲ့ဝယ်​ရင်​လည်းအဆင်​​ပြေပါတယ်
နိုင်​ငံခြားခရီးသွားဝါသနာပါရင်​ visa ကဒ်​​​လေးတခု​လောက်​လုပ်​ထားဖို့လည်း သင့်​ပါတယ်
ဒါမှ ပိုက်​ဆံလိုရင်​လည်း အိမ်​ကထည့်​​ပေးလို့ရ
Online booking​ ​တွေအတွက်​လည်းအဆင်​​ပြေမှာပါ
ဗီယက်​နမ်​မှာ​တော့ visa card ဆိုင်​ကြီးအ​တော်​များများမှာသုံးလို့ရပါတယ်

နောက်​တခုက တည်းမည့်​​နေရာပါ

အလွယ်​ဆုံးက​တော့ Trip advisor တို့ Agoda တို့ပါ
အချိန်​ယူပြီး အခန်းရှာကြည့်​ပါ 15$ - 20$ ​လောက်​နဲ့ standard double room ​ကောင်း​ကောင်းရပါတယ်
Hotel ​တွေလည်း​ကောင်းသလို Hostel ​တွေလည်း​ကောင်းပါတယ်
ကိုယ်​က​တော့ Hostel မှာပဲ​နေပါတယ်
Hostel မှာ နိုင်​ငံခြားခရီးသွားအ​တော်​များများလည်း​နေသလို သူတို့နဲ့ရင်းနှီးရတာ​ပျော်​စရာ​ကောင်းပါတယ်
Mix room ​တွေလည်းရှိသလို private room ​တွေလည်းရှိပါတယ်
Hotel ရှာရင်​ location ကို​သေချာ​ရွေးပါ
ကိုယ်​​နေမဲ့​နေရာနဲ့ ကိုယ်​သွားချင်​တဲ့​နေရာနဲ့ ​ဝေး​နေပြန်​ရင်​လည်း ဘယ်​လိုမှာ budget trip မဖြစ်​နိုင်​ပါဘူး
Ha Noi မှာဆို​ရင်​​တော့ old qt မှာ​နေတာအဆင်​​ပြေဆုံးပါပဲ
Night market ​, Tour Office ​, Hoan Kiem lake ​, outlets ​ဈေးတန်း (zara ​and H&M) အကုန်​လမ်း​လျှောက်​သွားရုံပါပဲ နီးပါတယ်
လမ်းမ​လျှောက်​နိုင်​ရင်​ ဆိုင်​ကယ်​ taxi စီးလို့ရပါတယ်

ဗီယက်​နမ်​မှာ အစားအ​သောက်​က​တော့
အားလုံးသိတဲ့ အတိုင်း Pho bo ​ခေါက်​ဆွဲပါပဲ
တစ်​ပွဲမှ မြန်​မာ​ငွေ ၂၀၀၀ ​လောက်​ပဲရှိပါတယ်
စားနိုင်​ရင်​ ​နေ့တိုင်းသာစားခဲ့ပါ စရိတ်​သက်​သာပါတယ်​😁
Bf က​တော့ အာ့မှာ နာမယ်​ကြီးတဲ့ ​ကော်​ဖီပါ
Milk coffee လို့မှာရပါတယ်​ ဒီတိုင်း​ကော်​ဖီဆို black coffee ပဲလာချမှာပါ
ပြီး​တော့ အသားညှပ်​​ပေါင်​မုန့်​လိုဟာ ၁၀၀၀/၁၅၀၀ ​လောက်​နဲ့​ရပါတယ်

ထိုင်းမှာလိုပဲ မာဆတ်​​တွေလည်း​ပေါပါတယ်
ညောင်းရင်​​တော့ ဝင်​အနှိပ်​ခံခဲ့ပါ
Foot massage 30min ကို 3$ ​လောက်​ပါပဲ
နှိပ်​ကုလားထိုင်​​တွေလည်း ​​ရှိပါတယ်
ပိုက်​ဆံထည့်​ပြီး ထိုင်​​နေရုံပဲ air port ​တွေ ကစားကွင်း​ ​တွေမှာအများဆုံးရှိပါတယ်

သွားစရာက​တော့
Hanoi က​နေ Ha Long Bay ပါ

နေတဲ့ Hotel မှာ Package ၀ယ်​လို့ရပါတယ်
Day trip ဆို 32$ ​လောက်​နဲ့ရပါတယ်
တချို့ဆိုလည်း 26$ ​လောက်​နဲ့ ​promotion ချတဲ့ tour company ​တွေလည်းရှိပါတယ်
ဈေးက​တော့ သ​ဘောင်္နဲ့ သူ့မှာပါတဲ့ activities ​တွေ
သူ​ကျွေးတဲ့ lunch အရ ​ဈေးကွာတာပါ
Package အကုန်​လုံးက မနက်​ ၈နာရီဆို ကိုယ်​​နေတဲ့ old qt hotel ကိုလာကြိုပါတယ်
ည ၈-၉ နာရီ​လောက်​ hotel ပြန်​​ရောက်​ပါတယ်
ပြန်​​ရောက်​တာ ၉နာရီ​လောက်​ဆို night market စည်​တာနဲ့ အ​တော်​ပါပဲ
လည်​ခဲ့ ပတ်​ခဲ့ ၀ယ်​ခဲ့ ခြမ်းခဲ့ပါ

နောက်​ Hanoi က​နေ Sa Pa လဲသွားလို့ရတယ်
Package ရှိပါတယ်
ဒါမဲ့ sapa ကနဲနဲ​ဝေး​တော့ 1night 2days သွားမှ အဆင်​​ပြေမှာပါ
ကားနဲ့သွားလို့ရသလို ရထားနဲ့လည်းသွားလို့ရတယ်

နောက်​ဆုံးတစ်​ခုက​တော့
လှေ​လေးငြိမ့်​ငြိမ့်​​လေးစီးပြီး ​​တောင်​အကြီးကြီး​တွေကို ကြည့်​ရတဲ့ Tra ang ပါ
Tra Ang သွားနဲ့လမ်းမှာ
Ninh binh လည်း​ရောက်​ပါတယ်
အဲ့ဒါလည်း Ha Noi က​နေ package ၀ယ်​သွားလို့ရပါတယ်

Hanoi မှာ ​ဈေးဝယ်​ဖို့ shopping mall ​တွေရှိပါတယ်
Brand ​တွေလိုချင်​​ရင်​​တော့ google မှာသာရှာပြီး taxi နဲ့သာသွားလိုက်​ပါ

Vietnam ​ရောက်​ရင်​​တော့ Da Nang ကို​ရောက်​​ဖြစ်​အောင်​သွားခဲ့ပါ လည်​စရာလဲ​ပေါသလို ​ဈေးလည်းတန်​သလို လှလည်းလှလို့ပါ

Da Nang ကို Hanoi က​နေ သွားလို့ရသလို
Ygn က​နေလည်း တန်းသွားလို့ ရပါတယ်
Hanoi က​နေဆိုရင်​​တော့ round trip ကို 100 usd ပတ်​လည်​​လောက်​​တော့ ရှိမှာပါ
ဈေးသက်​သာချင်​ရင်​​တော့ online က ကြိုဝယ်​ထား​ပေါ့
Hanoi old qt က tour company ​တွေမှာလာ်းဝယ်​နိုင်​ကာတယ်

Da nang

Da nang မှာ လည်​စရာအဓိက​တော့
Bana Hill ပါ ​တော်​​တော်​များလည်း သိကြမှာပါ
တောင်​​အောက်​က​နေ cable car စီးပီး ​ရေတံခွန်​​ပေါ်ဖြတ်​သွားရပါ Bana Hillပါ
French Village , Truong Son mountain ​ပေါ်က Nui Chua အစုံက Bana Hill မှာရှိတာပါ
အာ့မို့ Bana Hill လည်​မယ်​ဆိုရင်​​တော့ ၁ ရက်​​လောက်​​တော့ အချိန်​​ပေးရမယ်
Bana Hill resort မှာ ညအိပ်​လို့ရလည်းရပါတယ်
ဈေး​တော့ အနည်းငယ်​ကြီးပါတယ်​ ဒါ​မဲ့
ပေးရတဲ့ ​ဈေးနဲ့တန်​ပါတယ်

Danang မြို့ထဲမှာပဲ ​နေချင်​ရင်​​တော့ Han River တို့ Bay နား my khe beach နား ​နေလို့​ရပါတယ်
ဈေးလည်းအ​တော်​သက်သာပါတယ်
ကိုယ်​​နေခဲ့တာ my khe beach နားမှာပါ
ကားလမ်းတဖတ်​ကူးတာနဲ့ ကမ်း​ခြေပါ
Sea view နှစ်​​ယောက်​အခန်းကို တစ်​ည 15$ ပဲ​ပေးရပါတယ်
ဗီယက်​နမ်​ဟာ tourists ​တွေကို cycle ​မောင်းခွင့်ု့ပြုတဲ့ နိုင်​ငံပါ
ယာဉ်​စည်းကမ်းလိုက်​နာပြီးဆိုင်​ကယ်​ဦးထုပ်​​ဆောင်းရင်​ ​ကိုယ့်​ဘာသာလျှောက်​သွားလို့ရပါတယ်

Danang မှာ ညဘက်​​လျှောက်​သွားစရာက​တော့ Dragon Bridge ရှိပါတယ်
Weekend days ​တွေဆိုမီးမှုတ်​တယ်​လို့ ကြားပါတယ်
9pm မတိုင်​ခင်​ Han River နားက ​ကော်​ဖီဆိုင်​​တွေမှာ ထိုင်​ပြီး မီးမှုတ်​တာကြည့်​လို့ရပါတယ်

Da Nang မှာ Helicopter Tour ဆိုတာလည်းရှိပါတယ်
အချိန်​လည်းရမယ်​ ဘတ်​ဂျတ်​လည်း​လောက်​မယ်​ဆိုရင်​​တော့ စမ်းကြည့်​ခဲ့နိုင်​ပါတယ်​😁 (booking လုပ်​ရပါတယ်​)

Da Nang မြို့ထဲမှာ sun wheel စီးလို့ရတဲ့ Asia park, East Sea Park တို့လည်း လည်​လို့ရပါတယ်

နောက်​ Danang က​နေ Marble Mountains ကိုလည်း taxi နဲ့ဖြစ်​ဖြစ်​ bike နဲ့ဖြစ်​ဖြစ်​ သွားလို့ရပါတယ်
ည​နေဘက်​သွားရင်​ မြို့ထဲ​က​နေ ကားနဲ့ဆို Marble mountain ကို နာရီဝက်​​လောက်​နဲ့​ရောက်​ပါတယ်
နောက်​ Hoi an ကိုဆက်​ဌားလိုက်​ပါ
Hoi an ရဲ့ night market ကိုတခါတည်းဆက်​လည်​လိုက်​ပါ
45 mins ပဲသွားရမှာပါ

Da nang to Imperial city ဖြစ်​တဲ့Hue လည်းသွားလို့ရပါတယ်
Package လည်းဝယ်​ပြီးသွားနိုင်​သလို ကိုယ့်​ဘာသာ taxi or bike နဲ့လည်း သွားလို့ရပါတယ်
2hrs ​လောက်​​တော့သွားရပါမယ်

Shopping ဆိုရင်​​တော့ Da nang parkson က ကိုယ်​​တွေအတွက်​ကိုက်​ပါတယ်
Cosmetics, Bag , clothings international brands စုံပါတယ်
Vietnam made ​တွေ​တော့ Han market မှာဝယ်​နိုင်​ပါတယ်

* မှတ်​ချက်​ *

* taxi စီးရင်​ grab or meter taxi သာစီးပါ
ကိုယ်​​တွေစီမှာလိုပဲ foreigners ဆိုနှပ်​ပါတယ်
*လေဆိပ်​မှာတင်​ exchange လုပ်​ခဲ့ပါ
Exchange ရယ်​လို့​ပေါ​ပေါများများမရှိလို့ပါ
Shopping mall ​တွေမှာ​တောင်​ dollar နဲ့ပဲ VND ကိုလဲ​ပေးပါတယ်
ဒီ MM ပြည်​မှာထဲက $ လဲသွားရင်​ ပိုအဆင်​​ပြေပါတယ်

* 1$ ကို 22200 ​လောက်​ရပါတယ်
သုညအလုံး​ရေ မှားတက်​ပါတယ်​ သေချာ​ရေပါ

* mall မဟုတ်​တဲ့​နေရာ​တွေမှာ ​ဈေးဝယ်​မယ်​ဆို
ဈေးဆစ်​၀ယ်​ပါ ၂ဆ​လောက်​​ဈေးတင်​ထားပါတယ်
မေးမြန်းပြီး လှည့်​ထွက်​လာခဲ့ရင်​ အတင်း​နောက်​ကလိုက်​​ခေါ်ပြီးဈေး​လျော့​ပေးပါတယ်

1.​air ticket (round hanoi to ygn) = 105$
2.hanoi မှာ သုံးရက်​​နေ = 21$
3.ha long bay day trip = 32$
4.tra ang ,ninh binh day trip = 32$
5.Hanoi airport to Hostel Taxi round = 30$ per one
6.Hanoi Danang round trip=104$
7.Bana hill entrance ticket= 30$
8.Danang hotel (from my khe beach) to bana hill taxi = 22$ per one
9. Danang 2days hotel = 30$
10. Danang to marble mountain and hoi an taxi = 40$ per one
11. Average 6 days eating = ...

အကြမ်းကုန်​ကျစရိတ်​ 530$ ပါ
ကိုယ်​သုံးရင်​ သုံးသ​လောက်​​တော့ကုန်​မှာပါပဲ
လူ ၄​ယောက်​​လောက်​သွားရင်​ taxi ခ share လုပ်​ရင်​ ပို​ဈေးသက်​သာမှာပါ
Bike စီးရင်​လည်း ​ဈေးသက်​သာပါတယ်
Sooooo
Budget နဲနဲ နဲ့ ​နေရာများများ​ရောက်​ပြီး ခရီးများများသွားနိုင်​ကြပါ​စေ
Be your world with your footprint 💃👣

23/07/2017

Very first important thing for your budget plan!!!
And How you save?????

ဒါက​ဘာလဲဆို​တော့ သိကြတဲ့ အတိုင်း
`​လေယာဉ်​လက်​မှတ်​ခ ´ ပါ
ပြည်​ပ ​ခရီးတစ်​ခုအတွက်​ သက်​သက်​သာသာ ဖြစ်​​အောင်​ အစီအစဉ်​ဆွဲတိုင်း ​လေယာဉ်​ခ သက်​သာမှ အဲ့ခရီးဟာ ​ဈေးသက်​သာမှာပါ
သာမန်​ခရီးသွားတဲ့အတိုင်း သွားခါနီးမှ ကောက်​၀ယ်​မယ်​ဆို
သင့်​ခရီးရဲ့ ​လေယာဉ်​ခဟာ ခရီးအသုံးစရိတ်​ရဲ့ တစ်​၀က်​​လောက်​ဖြစ်​သွားနိုင်​ပါတယ်
ဒါ​ကြောင့်​မို့ ပြည်​ပ ခရီးတခုကို ​ဈေးသက်​သက်​သာသာနဲ့ သွားချင်​ရင်​ ​သေချာ plan ဆွဲပါ
ကိုယ်​သွားနိုင်​မယ့်​ရက်​​တွေကို မှတ်​ထားပါ
ကိုယ်​သွားမယ့်​ နိုင်​ငံ​ပေါ်မူတည်​ပြီး budget airline or cheapest airline ကို google ဖွင့်​ရှာပါ
အဲ့ airline ​တွေရဲ့ promotion date ကို ​လေ့လာပါ
Promotion ပွဲရှိရင်​ သွား​ပြေးဝယ်​လိုက်​ပါ
ဒါမဟုတ်
`Cheapflights ´ဆိုတဲ့ application​ ကို down ပြီး ရှာပါ
သူက date ​တွေ ​ဈေး​တွေလည်း နှိုင်းယှဉ်​ပြပါတယ်
သက်​သာတာ​ရွေးဝယ်​ပါ
အ​ရေးကြီးဆုံးက​တော့
လေယာဉ်​လက်​မှတ်​ကို ကြိုဝယ်​ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when All About Budget Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to All About Budget Travel:

Share