07/03/2025
ထိုင်းမှာနေဖို့ စဉ်းစားထားရင် Visa အကြောင်း မဖြစ်မနေ သိဖို့လိုပါတယ် 🪪
ထိုင်းမှာအခြေချဖို့ Plan ထားတဲ့သူတွေအတွက် ထိုင်းမှာနေထိုင်တဲ့အခါ လိုအပ်တဲ့ Visa Type တွေအကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ဒါဆို ထိုင်းမှာနေဖို့ ဘယ်လို Visa အမျိုးအစားတွေ လျှောက်ထားနိုင်လဲ ❓
➡️ B Visa ( Work & Business Visa )
-ဒီဗီဇာကတော့ ထိုင်းမှာ အလုပ်လုပ်မယ့်သူတွေနဲ့ စီးပွားရေးလုပ်မယ့်သူတွေအတွက် လျှောက်ထားရ မယ့် Visa ပါ။
-B Visa လျှောက်မယ်ဆိုရင် အလုပ်ခေါ်မယ့် ကုမ္ပဏီရဲ့ Job Offer Letter, Employer’s Document နဲ့ Work Permit တွေရှိဖို့ လိုအပ်ပါတယ်။
➡️ O Visa
🔹 Dependent Visa
-O Visa ရဲ့ Dependent Visa ကတော့ ထိုင်းတွင် Work Permit ဖြင့် အလုပ်လုပ်နေတဲ့ သူတွေဆိုရင် မိမိ၏ မိသားစုဝင်များ (ခင်ပွန်း / ဇနီး / မိဘ / သားသမီး) တို့ကို Dependent အနေနဲ့ ခေါ်လို့ရပါတယ်။
🔹 Guardian Visa
-Guardian Visa ဆိုတာကတော့ အထူးသဖြင့် ထိုင်းကို ကျောင်းနဲ့လာမယ့် ကလေးတွေရဲ့ မိဘအုပ်ထိန်းသူတွေ လျှောက်ထားခွင့်ရှိတဲ့ ဗီဇာပါ။
-ကိုယ့်ကလေးက အသက် 18 နှစ်အောက် ဖြစ်မယ်ဆိုရင် ကလေးကို နိုင်ငံခြားမှာ အုပ်ထိန်းဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘတွေက လျှောက်ထားနိုင်ပါတယ်။
-ကလေးကျောင်းတက်နေတဲ့ ကာလအတွင်း ထိုင်းမှာ တရားဝင်နေထိုင်ခွင့်ရတဲ့ ဗီဇာဖြစ်ပါတယ်။ ကလေးကျောင်းစရိတ်ကို ပုံမှန်သွင်းပေးနေတဲ့ အထောက်အထားနဲ့ ကလေးက ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ကြောင်း ထောက်ခံစာတွေလိုပါတယ်။
🔹 Family Visa
-Family Visa ဆိုတာကလည်း Dependent Visa နဲ့ နည်းနည်းဆင်ပါတယ်။
-နိုင်ငံခြားသားတစ်ယောက်က ထိုင်းလူမျိုးတစ်ယောက်နဲ့ လက်ထပ်တဲ့အခါမှာ Dependent Visa လျှောက်ပြီး ကိုယ့်မိသားစုဝင်တွေကို ထိုင်းမှာ တရားဝင်နေထိုင်လို့ရအောင် လျှောက်ထားလို့ရပြီး ထိုင်းနိုင်ငံရဲ့ တရားဝင်နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဗီဇာမျိုးပါပဲ။
-အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ ကလေးတွေအတွက် လျှောက်ထားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ မိဘတွေအတွက်လည်း လျှောက်လို့ရပါတယ်။
လိုအပ်တာကတော့
- လက်ထပ်စာချုပ်၊ အိမ်ထောင်စုစာရင်းနဲ့ ကိုယ်လက်ထပ်ထားတဲ့ ထိုင်းနိုင်ငံသားရဲ့ Financial Proof တွေလိုအပ်ပါတယ်။
➡️ ED Visa ( Education Visa )
-ထိုင်းမှာ University, Collage နဲ့ Language School တွေ လာတက်မယ့် ကျောင်းသားတွေအတွက်ကတော့ ED Visa လျှောက်ရပါမယ်။
- ED Visa လျှောက်တဲ့အခါမှာ Thai Educational Institution နဲ့ Tuition Fees Slip စတာတွေကို လိုအပ်ပါတယ်
➡️ Tourist Visa
-ဒါကတော့ အလည်လာမယ့်သူတွေအတွက် လျှောက်ထားနိုင်တဲ့ Visa Type ဖြစ်ပါတယ်။
-Tourist Visa မှာမှ Single-entry နဲ့ Multiple-entry ဆိုပြီး ရှိပါတယ်။ Multiple-entry က 6 လအတွင်း အသွားအပြန် လုပ်လို့ရပြီးတော့ Single-entry ကတော့ ရက် 60 သက်တမ်းရှိပါတယ်။
-လိုအပ်တာကတော့ Financial Proof၊ လေယာဉ်လက်မှတ်အသွားအပြန်နဲ့ ဟိုတယ်ဘိုကင်တွေလိုအပ်ပါတယ်
➡️ Medical Visa
- Single-entry Medical Visa ကတော့ လျှောက်ထားမယ့်သူက ထိုင်းမှာ ဆေးကုသမှုအတွက် ရက် 60 နေထိုင်ခွင့်ပေးတဲ့ Visa ဖြစ်ပါတယ်။နောက်ပိုင်း ရက်ထပ်တိုးပြီး နေချင်တယ်ဆိုလည်း လျှောက်လို့ရပါတယ်
- ကိုယ်ပြမယ့် ဆေးရုံ၊ ဆေးခန်းကပေးတဲ့ Letter, ကျန်းမာရေးအခြေအနေ အသေးစိတ်နဲ့ ဆေးကုသမှုဆိုင်ရာ အထောက်အထားတွေ ပြပေးရပါတယ်။
ဒီလောက်ဆိုရင်တော့ ထိုင်းကို ဘယ်လို Visa မျိုးတွေနဲ့ လာလို့ရမလဲဆိုတာ တော်တော်များများ သိသွားလောက်ပြီလို့ ထင်ပါတယ်နော် 🤗