29/07/2025
လေယာဉ်လက်မှတ်ကို ဈေးအချိုဆုံးဖြစ်အောင် ဘယ်လိုဝယ်ရမလဲ?
ခရီးသွားဖို့ စိတ်ကူးလိုက်တာနဲ့ ပထမဆုံး ခေါင်းထဲရောက်လာတာက လေယာဉ်လက်မှတ်စျေးနှုန်းတွေပါပဲ။
အထူးသဖြင့် လေယာဉ်လက်မှတ်ကိုဘယ်လိုစျေးသက်သာအောင်ဝယ်ရမလဲဆိုတာတော့ အမြဲစဉ်းစားမိမယ်ထင်ပါတယ်။
ဒါကြောင့် ဒီတစ်ခါမှာ လေယာဉ်လက်မှတ်ကိုစျေးသက်သာအောင် ဘယ်လိုဝယ်ရမလဲဆိုတဲ့ အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။
✅ လက်မှတ်ကြိုတင်ဝယ်ယူပါ။
ခရီးသွားရက် မနီးခင် ကြိုတင်ပြီး လက်မှတ်ဝယ်တာက အများအားဖြင့် စျေးသက်သာပါတယ်။ အထူးသဖြင့် ခရီးသွားရာသီတွေမှာဆို ပိုလို့တောင် အရေးကြီးပါတယ်။
စောစောစီးစီး ရှာဖွေပြီး မျက်ခြေမပြတ်စောင့်ကြည့်ဝယ်မယ်ဆိုရင် စျေးသက်သာပါတယ်။
✅နေ့ရက်၊ အချိန်ကိုရွေးချယ်ဝယ်ယူပါ။
လေယာဉ်လက်မှတ်စျေးနှုန်းတွေဟာ ပျံသန်းမယ့်ရက်နဲ့ အချိန်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။
ဥပမာ- စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေ၊ အားလပ်ရက်တွေမှာဆို စျေးပိုကြီးပါတယ်။
ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့ လိုမျိုး ရက်တွေမှာ ခရီးသွားတာက စျေးသက်သာနိုင်ပါတယ်။
မနက်စောစော ဒါမှမဟုတ် ညဉ့်နက်ပိုင်း လေယာဉ်တွေကလည်း နေ့လယ်ပိုင်းလေယာဉ်တွေထက် စျေးသက်သာလေ့ရှိပါတယ်။
✅ လေဆိပ်အသေးစားတွေကိုရွေးချယ်ဝယ်ယူပါ။
တချို့မြို့ကြီးတွေမှာ လေဆိပ်တစ်ခုထက်ပိုပြီး ရှိတတ်ပါတယ်။
လေဆိပ်အကြီးတွေက စျေးကြီးပြီး အသေးစား လေဆိပ်တွေကစျေးသက်သာတတ်ပါတယ်။
ဒါကြောင့် ခရီးစဉ်ကို စီစဉ်တဲ့အခါ လေဆိပ်အသေးစားတွေကိုပါ ထည့်သွင်းစဉ်းစားတာ
စျေးသက်သာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။
✅ 𝐑𝐨𝐮𝐧𝐝 𝐓𝐫𝐢𝐩 နှင့် 𝐒𝐭𝐨𝐩𝐨𝐯𝐞𝐫 𝐅𝐥𝐢𝐠𝐡𝐭 များ ရွေးချယ်ခြင်း
တစ်ခါတည်းသွားပြီး ပြန်မယ့် 𝐑𝐨𝐮𝐧𝐝 𝐓𝐫𝐢𝐩 (အသွားအပြန်) လက်မှတ်ဝယ်တာက 𝐒𝐢𝐧𝐠𝐥𝐞 𝐓𝐢𝐜𝐤𝐞𝐭 (တစ်ကြောင်းတည်း) နှစ်ခုဝယ်တာထက် ပိုမိုသက်သာပါတယ်။
ဒါ့အပြင် တိုက်ရိုက်ပျံသန်းတာထက် 𝐒𝐭𝐨𝐩𝐨𝐯𝐞𝐫 (တစ်ထောက်နား) တစ်ခါလောက်ရှိတဲ့ 𝐅𝐥𝐢𝐠𝐡𝐭 တွေကို ရွေးမယ်ဆိုရင်လည်း စျေးပိုသက်သာနိုင်ပါတယ်။
𝐒𝐭𝐨𝐩𝐨𝐯𝐞𝐫 ကြောင့် ခရီးသွားချိန် ပိုကြာနိုင်ပေမယ့် စျေးနှုန်းအရ သက်သာတာကြောင့် စဉ်းစားသင့်တဲ့ နည်းလမ်းတစ်ခုပါ။
ဒီအချက်လေးတွေကို လေယာဉ်လက်မှတ်ဝယ်တဲ့အခါမှာအသုံးချမယ်ဆိုရင် သူများထက်ပိုပြီး စျေးသက်သာစေမှာပါ။