Kyi Min Brothers Travel and Tourism

Kyi Min Brothers Travel and Tourism Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyi Min Brothers Travel and Tourism, Travel Company, 59, 44 Street, lower block, Botataung Township, Tangon, Yangon.

ဘုရားဖူး၊ရဟန်၊ရှင်၊လူ၊ပြည်သူ အပေါင်း သီရိလင်္ကာနိုင်ငံ(သီဟိုရ်ကျွန်း)ရှိ
ဗုဒ္ဓမြတ်စွယ်တော်ကြီးကို ဖူးမြော် ကြည်ညို သပ္ပါယ် နိုင်စေရန် ကျွန်တော်များ
Kyi Min Brothers ခရီးသွားဝန်ဆောင်မှု လုပ်ငန်မှ ဈေနှုန်းအထူးချိုသာစွာဖြင့်
တာဝန်ယူပို့ဆောင်ပေးနေပါပြီ။

သီရိလင်္ကာရှိ တန်ခိုးကြီးဘုရားများ၊ ဘုန်းကြီးကျောင်း၊ အထင်ကရ နေရာများနှင့် စွယ်တော်လှည့်ပွဲအား ဖူးမြော်နိုင်ရန် အတွက် ကျွန...
06/07/2017

သီရိလင်္ကာရှိ တန်ခိုးကြီးဘုရားများ၊ ဘုန်းကြီးကျောင်း၊ အထင်ကရ နေရာများနှင့် စွယ်တော်လှည့်ပွဲအား ဖူးမြော်နိုင်ရန် အတွက် ကျွန်တော်တို့  KMB Travels & Tours မှ သာသနာပြုအဓိဌာန်ခရီးစဉ်( အသွား/ အပြန်)
(၄ညအိပ်-၅ရက်ခရီး)

သီရိလင်္ကာရှိ တန်ခိုးကြီးဘုရားများ၊ ဘုန်းကြီးကျောင်း၊ အထင်ကရ နေရာများနှင့် စွယ်တော်လှည့်ပွဲကို ဖူးမြော်ချင်ရင်တော့ KMB Travels & Tours ရဲ့  သာသနာပြုအဓိဌာန်ခရီးစဉ်
(၄ညအိပ်-၅ရက်ခရီး) ရှိပါတယ်။ (စွယ်​​တော်လှည့်​ပွဲကျင်းပမယ့်​ရက်​မတိုင်​ခင်​ အမှီဖူး​မြော်​နိုင်​ဖို့အတွက့့်အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါခင်ဗျ။

Day 01 ရန်ကုန် - ဘန်ကောက်
ညနေခင်းတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်းခရီးစဉ်ဖြင့် ဘန်ကောက်မြို့ သို့ ရောက်ရှိပါမည်။ဘန်ကောက်လေဆိပ်တွင် ညစာ သုံးဆောင်ပါမည်။

Day 02 ဘန်ကောက် - သီရိလင်္ကာ
ညစာသုံးဆောင်ပြီးနောက်ပိုင်းတွင်ဘန်ကောက်လေဆိပ်မှလေကြောင်းခရီးစဉ်ဖြင့် ကိုလံဘိုလေဆိပ်(သီရိလင်္ကာ) သို ရောက်ရှိပါမည်။ထို့ နောက် Hotel တွင် Check in ၀င်ရောက်ပြီး တစ်ညတာအတွက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ မနက် Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ကလျာဏီသိမ်၊ ဂင်္ဂါရာမကျောင်းတော် သို့ သွားရောက်ဖူးမြော်မည်။ထို့ နောက် အနုရာထပူရသို့ သွားရောက်ပြီး Hotel တွင် Check in ၀င်ရောက်ပြီး ညစာသုံးဆောင်ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ပါမည်။

Day 03
Hotel တွင် မနက်စာ သုံးဆောင်ပြီးနောက် မဟိန္ဒလေတောင်တော် သို့ သွားရောက်ပါမည်။ နေ့ လယ်စာသုံးဆောင်ပြီးနောက် မဟာဗောဓိပင်၊ မဟာစေတီ၊ ပြတိုက် ၊ အထင်ကရနေရာ (၉)နေရာ သို့ သွားရောက်မည်။ထိုနောက် Hotel တွင် ညစာသုံးဆောင်ပြီးနောက် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ပါမည်။

Day.04
Hotel တွင် မနက်စာ သုံးဆောင်ပြီးနောက် အနုရာထပူရ မှ ဒန္ဘူလတောင်တော် သို့ သွားရောက်ပါမည်။ ထို့ နောက်နေ့ လယ်စာ သုံးဆောင်ပါမည်။ နေ့ လယ်စာသုံးဆောင်ညပြီးနောက် စိင်္ဂီရီရခံတပ်မြို့ ဟောင်း သို့ သွားရောက်ပါမည်။ထို့ နောက် မာတလေ စတုတ္တသံဃာရနာတင် အာလုဝိဟာရကျောင်းတော် သို့ သွားရောက်ပါမည်။ ထို့ နောက်တွင် ကန္ဒီမြို့ သို့ သွားရောက်ပြီး Hotel တွင် Check in ၀င်ကာ စွယ်တော်လှည့်ပွဲအား ဖူးမြော်မည်ဖြစ်ပါသည်။ ထို့ နောက် Hotel တွင် ညစာသုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် Hotel တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 05
Hotel တွင် မနက်အိပ်ရာမှထကာ စွယ်တော်တိုက်သို့ ဝင်ရောက်ဖူးမြော်ပါမည်။ ထို့ နောက် မနက်စာ သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ကန္ဒီဆရာတော်ကျောင်းတွင် ကုသိုလ်ပြုကာရေစက်ချပါမည်။ ထို နောက်တွင် ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်နေ့ လယ်စာသုံးဆောင်ပါမည်။ နေ့ လယ်စာသုံးဆောင်ပြီးနောက် ကန္ဒီမြို့  မှ ကိုလံဘို မြို့ သို့  ပြန်လည်ထွက်ခွာကာ ကိုလံဘိုမြို့ ရှိ Shopping Center များတွင် အမှတ်တရပစ္စည်းလက်ဆောင်များဝယ်ယူပါမည်။ ထို့ နောက်ညစာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကိုလံဘိုကမ်းခြေတွင် အပန်းဖြေရင်း လမ်းလျှောက်ပါမည်။ ထို့ နောက်တွင် ကိုလံဘိုလေဆိပ်သို့  ဆက်လက်ထွက်ခွာပါမည်။

Day 06
ကိုလံဘိုလေဆိပ် မှ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပါမည်။ ဘန်ကောက်လေဆိပ်တွင် မနက်စာသုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်လေဆိပ် မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  အေးချမ်းစွာဖြင့် ပြန်လည်ရောက်ရှိပါမည်။

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
၁။ လေယာဉ်လတ်မှတ် (အသွားနှင့်အပြန်)။
၂။ ဗီစာကြေးများ။
၃။ Hotel တွင်တည်းခိုခများ။(တစ်ခန်းလျှင် ၂ဦး)
၎။ ခရီးစဉ်တွင် ပါဝင်သော ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါဝင်သော သယ်ယူပို့ ဆောင်ကြေးများ
၆။ ခရီးစဉ်တွင် ပါဝင်သော မနက်စာ၊ နေ့ လယ်စာ၊ ညစာများ ကို (Buffet)ဖြင့်သုံးဆောင်နိုင်ရန် ဒါနပြုပါမည်။
၇။ ရေသန့် ၊ အအေးများကိုစိတ်ကြိုက်သုံးဆောင်နိုင်ရန် ဒါနပြုပါမည်။
၈။ပန်း၊ ကြာပန်း၊ စံပယ်ပန်းများကို ခရီးစဉ်တစ်လျှောက်ရှိ စေတီပုထိုးများတွင် စိတ်ကြိုက်လှူဒါန်းနိုင်ရန်
ဒါနပြုပါမည်။
၉။စွယ်တော်တိုက်အား ၀င်ရောက်ဖူးမြော်စဉ်တွင် လှူဒါန်းရန်အတွက် စံပယ်ပန်းများကို
စိတ်ကြိုက်လှူဒါန်းနိုင်ရန် ဒါနပြုပါမည်။
၁၀။လမ်းတွင် လ္ဘက်ရည်၊ coffee၊ အုန်းရည် နှင့် ဒေသထွက်အသီးအနှံများကို စိတ်ကြိုက်သုံးဆောင်နိုင်ရန်
ဒါနပြုပါမည်။
၁၁။ဗောဓိညောင်ပင်တွင် သင်္ကန်ကပ်လှူရန်အတွက်လည်း ဒါနပြုပါမည်။

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှုများ
၁။ ကိုလံဘိုတွင် အမှတ်တရပစ္စည်းလက်ဆောင်ဝယ်ယူသောစရိတ်။

ခရီးစဉ်တွင် လိုက်နာရမည့်အချက်များ။
၁။ လူပုဂ္ဂိုလ်ဧည့်သည်များအတွက် စွယ်တော်တိုက်ဖူးမြော်ရန်အတွက် (အကျီ်အဖြူ နှင့်အောက်အဖြူ)၀တ်ဆင်ရန်။
၂။ ခရီးစဉ်တွင် 20 Kg ထက်ပိုမယူရန်။

ခရီးစဉ်အတွက် အသေးစိတ်သိရှိလို၍ဖြစ်စေ၊ လိုက်ပါလိုသည့်အတွက် စာရင်းပေးလို၍ဖြစ်စေ---
(KMB Travels & Tours);
Email- [email protected]
Ph-09420045734 / 09261603987
အမှတ်(၅၉)၊ (၄၄)လမ်း (အောက်)၊ဗိုလ်တစ်ထောင်မြို့ နယ်၊ရန်ကုန်မြို့ ။

ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ---

သီရိလင်္ကာနို်​င်​ငံရှိ တန်​ခိုးကြီးဘုရားများအား ဖူး​မြော်​​နေ​သော ကျွန်​​​တော်​တို့ KMB Travels & Tours မှ ဘုရားဖူးခရီးသ...
23/06/2017

သီရိလင်္ကာနို်​င်​ငံရှိ တန်​ခိုးကြီးဘုရားများအား ဖူး​မြော်​​နေ​သော ကျွန်​​​တော်​တို့ KMB Travels & Tours မှ ဘုရားဖူးခရီးသွားဧည့်​သည်​များ

မင်္ဂလာရှိသော မနက်ခင်းလေးပါ ခင်ဗျာ…
19/06/2017

မင်္ဂလာရှိသော မနက်ခင်းလေးပါ ခင်ဗျာ…

16/06/2017

သီရိလင်္ကာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်နိုင်ရန်အတွက် KMB Travels & Tours မှ - -လေယာဉ်လတ်မှတ် -နေထိုင်ရေးအတွက် (3* Hotel + ကန္စီဆရာတော်ကျောင်း)။ -အစားအသောက်အတွက် (Buffet / European / Sri Lanka)။ -ဒါနဖြင့် Ph card(2 GB)။ -ဒါနဖြင့် ခရီးစဉ်တစ်လျောက်တွင် ရေသန့် နှင့် အအေး။ -ကား (Air Con Bus)။ -Guide အဖြစ် ဆရာတော်တစ်ဦး။ -စွယ်တော်တိုက် နှင့် တန်ခိုးကြီးဘုရားများတွင် ပန်း၊ ကြာပန်း ၊ စံပယ်ပန်း လှူဒါန်းရန် အခမဲ့ စီစဉ်ပေးခြင်း။ -မဟာဗောဓိပင်တွင် သင်္ကန်းကပ်ရန် စီစဉ်ပေးခြင်း စသည့် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် (၄)ညအိပ် (၅)ရက်ခရီးကို တစ်ဦးလျှင် USD 1000 နှင့်ညီမျှသော ဈေးနူန်းဖြင့် (၁၂)ဦးနှင့်အထက်အား ပို့ဆောင်ပေးနေပါသည်။ (ဘုန်းကြီး၊ သီလရှင် နှင့် သက်ကြီး၊ ရွယ်ကြီး များအားအထူးဈေးနူန်းဖြင့် ပို့ပေးနေပါသည်။ အသေးစိတ်သိရှိလိုပါက- KMB Travels & Tours အမှတ်(၅၉) ၊ (၄၄)လမ်း ( အောက်) ၊ ဗိုလ်တထောင်မြို့ နယ် ၊ ရန်ကုန်မြို့ ။ Ph-09 5016253, 09-974730086,09-261603987 သို့ဆက်သွယ်နိုင်ပါသည်။

မင်္ဂလာ နံနက်ခင်းပါ။Good Morning(Greeting from KMB Travels & Tours)
14/06/2017

မင်္ဂလာ နံနက်ခင်းပါ။
Good Morning(Greeting from KMB Travels & Tours)

Myanmar is a veritable land with full of colorful festivals and special events: mostly cultural and religious,all are al...
11/06/2017

Myanmar is a veritable land with full of colorful festivals and special events: mostly cultural and religious,all are always pleasurable.Most festivals are celebrated nation-wide all over the country.As Myanmar traditionally goes by 12 month lunar calendar,the dates of the festivals and culture events are determined by the lunar year.Once you come and experience our festivals,you won't forget that moment forever.

09/06/2017

သီဟို၌ ဗုဒ္ဓမြတ်စွယ်တော် လှည့် ပွဲ တွင် ကုသိုလ်ကောင်းမှုယူနိုင်ကြစေရန် သီဟိုဠ်သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်စစ်အား ဖူးမြော်နိုင်ရန်အတွက် KMB Travels & Tours မှ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဘုရားဖူးခရီးသွား ရဟန်းသံဃာ၊ ဒါယိကာ ၊ ဒါယိကာမများ အားသတင်းကောင်းပါးလိုက်ပါတယ်။
(၅)ညအိပ် (၆)ရက်ခရီးကို USD 1300 နှင့် ညီမျှသောဈေးနှင့်ပို့ဆောင်ပေးနေပါသည်။
အသေးစိတ်သိရှိ စုံစမ်းလိုပါက
KMB Travels & Tours - အမှတ်(၅၉) ၊ (၄၄)လမ်း(အောက်) ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်။
Ph-09-5016253,09-974730086,09-261603987 သို့ဆက်သွယ်နိုင်ပါသည်။

24/02/2017
ဂေါတမ ဘုရားရှင် ၏ လက်ယာညှပ်ရိုးတော် တည်ရှိရာ ထူပါရာမ စေတီတော်
25/01/2017

ဂေါတမ ဘုရားရှင် ၏ လက်ယာညှပ်ရိုးတော် တည်ရှိရာ ထူပါရာမ စေတီတော်

သီရိမဟာ ဗောဓိပင်  လက်ယာတောင်ကိုင်း
24/01/2017

သီရိမဟာ ဗောဓိပင် လက်ယာတောင်ကိုင်း

သီရိလင်္ကာနိုင်ငံရှိ  ပထမဆုံးသော ဘုရားရှင် သာသနာတော် ရောက်ရှိရာနေရာ မဟိတ္တလေ တောင်တော်မြတ်သို့  KMB Tour အဖွဲ့ သား ဘုန်းဘုန...
24/01/2017

သီရိလင်္ကာနိုင်ငံရှိ ပထမဆုံးသော ဘုရားရှင် သာသနာတော် ရောက်ရှိရာနေရာ မဟိတ္တလေ တောင်တော်မြတ်သို့  KMB Tour အဖွဲ့ သား ဘုန်းဘုန်းများ တက်ရောက်နေပုံ

Address

59, 44 Street, Lower Block, Botataung Township, Tangon
Yangon

Website

Alerts

Be the first to know and let us send you an email when Kyi Min Brothers Travel and Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyi Min Brothers Travel and Tourism:

Share

Category