ပေါက်ကျိုင်း ခရီးသွားဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • ပေါက်ကျိုင်း ခရီးသွားဝန်ဆောင်မှု

ပေါက်ကျိုင်း ခရီးသွားဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပေါက်ကျိုင်း ခရီးသွားဝန်ဆောင်မှု, Tour Agency, No. 8 ကျောင်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်, Yangon.

29/04/2020
16/04/2020

အချိန်ဆွဲရမယ့် ပွဲ

ခု ကျနော်တိူ့ ကျန်းမာ​​ရေးဘက်က ရင်ဆိုင်သွားမယ့်ပုံစံကို ကျနော်သိသလောက်ရေးပြတာပါ....

ကျန်းမာရေး
ဘက်က ရင်ဆိုင်နေတဲ့ပုံစံကို
ပြည်သူတေ​ွ သိထားရင်....
ပူးပေါင်းဆောင်ရွက်ကြရင်...
အောင်မြင်နိုင်ဖို့ အခွင့်အရေးပိုများပါတယ်...

လက်ရှိ ကျနော်တို့ တိုင်းပြည်က
Covid ကို....
ရင်ဆိုင်နေတဲ့ ဗျူဟာ ဟာ....
အချိန်ဆွဲ တဲ့ နည်းပါ....

သိတဲ့ အတိုင်း ကျနော်တို့ တိုင်းပြည်အနေအထားနဲ့
Man Materials Money power အနေအထားနဲ့
Covid ကို ရင်ဆိုင်ဖို့ ဗျူဟာအမျိုးမျိုး
ပြောင်းပြီး သုံးနေရပါတယ်....

မြင်သာအောင်ပြောရ ရင်...
Covid ဆိုတာ....
လက်ရှိမှာ အသစ်ပေါ်လာတဲ့...
World Class Fighter ပါ...
ကြိုးဝိုင်းထဲကို တစ်ယောက်ပြီးတစ်ယောက်
ဖိတ်ခေါ်ပြီး...ကြိတ်လွှတ်နေတာပါ....
UK လို US လို ကျနော်တို့ ထက်အဆင့်မြင့်တဲ့
Fighter ကြီးတွေဟာ...
Covid ကို ဖွင့်တိုက်ဖို့ ကြိုးစားပါတယ်...
သူထိုးကိုယ်ထိုး...ဖွင့်လုံးပါတယ်...
ကွဲတာပါပဲ....
US ဆို တော်တော်လေး အထိနာသွားပါတယ်
UK က အဲ့လို လုပ်တာမှားသွားကြောင်း
ဝန်ခံထားပါတယ်.....

ကမ္ဘာ့ နိုင်ငံ အသီးသီး ဒီဝိုင်းထဲကို
စိန်ခေါ်ပြီး တီးနေတဲ့ Covid ဟာ...
ခုချိန်ထိ တစ်ကယ်ပြောင်မြောက်စွာ တီးနေတုန်းပါ...
ကျနော်တို့လည်း အလှည့်ကျ တော့...
ရှောင်လို့ မရပဲ....
ကြိုးဝိုင်းထဲ ဝင်လာရပါပြီ....
ရှေ့ကအဖြစ်အပျက်တွေ ကို....
သင်ခန်းစာယူပြီး....ဝင်မလူံးပဲ...
အချိန်ဆွဲ တဲ့ နည်းကို သုံးကြမှာပါ...

နောက်ဆုံးမှာ အလူးအလဲ နဲ့ ပူးတွဲသရေဆိုလည်း
ကျနော်တို့တန်ပါတယ်....

ကျနော်တို့ Positive တွေကို နိုင်သမျှ Q ပါတယ်..
Contact လိုက်ပါတယ်...
ဘယ်ကမှန်းမသိ ပဲ ကူးတာလည်း ရှိပါတယ်..
Silent carrier ရှိနေတာပါ...

အဓိက က အစုလိုက်အပြုံလိုက် မနိုင်ရင်ကာ
ထမကူးဖို့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားနေတာပါ...

Case 15 Negative ဖြစ်လာတာ သိပြီး ကြမှာပါ...
Covid က ဖြစ်မယ်...ဆေးရုံတင်ကုမယ်...
ပြန်ကောင်းမယ်....
(အဖိတ်အစင်လည်း ရှိပါတယ်....)
အဲ့ ့တိုင်းသွားပါမယ်....

နည်းနည်းခြင်းဆီပဲ ကူးမယ် ဆိုရင်...
ကျနော်တို့ ကျန်းမာရေးလောကသားတွေ..
ကုသပေးမှုမှာ နိုင်နိုင်ပါတယ်....
ပြန်ကောင်းသွားလိုက်...ဆင်းသွားလိုက်..
အသစ်ကလေး နည်းနည်း တက်လိုက်...
ဒါမျိုးပါ...

အသစ်တွေ အများကြီး စုပုံ တက်တာကို...
မခံနိုင်တာပါ....
အဲ့တော့ ကျနော်တို့...
ရောဂါပိုး ကူးစက် မှုကို....
တတ်နိုင်သမျှ အချိန်ဆွဲ ပါတယ်...
Lock လုပ်တယ်...
Contact နည်းအောင်လုပ်တယ်....
ပြည်သူတွေကို အကူအညီတောင်းတယ်...

ကိုယ့်ကိုယ်ကို ပိုးမကူးအောင် ဂရုစိုက်စေတယ်....
ဒါဆို.....
ကူးစက် မှုနှုန်း နည်းပါမယ်...
အဲ့အချိန် ကောင်းသွားတဲ့ သူတွေလည်း ရှိနေမှာဆိုတော့......
ကျနော်တို့ အဲ့ ပုံစံအတိုင်း မိနေခဲ့ရင်...
Float လုပ်သွားရုံ ပါပဲ.....

စဥ်းစားကြည့်ပါ...
လူ ထောင်သောင်း မက ထကူးရင်...
ICU တွေပြည့် Ventilator တွေ မလောက်...
ကျန်းမာရေးဝန်ထမ်းတွေ ခြေကုန်လက်ပန်းကျ
အရာရာ...ကျဆုံးသွားမှာထက်...

အချိန်ဆွဲ တဲ့ နည်းဟာ....
အကောင်းဆုံးပါ....

ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းနဲ့
ကန်တာကို.....
မကန်ခင်...ရူးသွားမယ်တို့ ဘာတို့...
ကျောပေးပြီးစောင့်နေတယ်တို့
ပြောတာတွေဟာ
တော်တော် အဆင်မပြေတာပါ......

ကျနော်တို့ အရှိအတိုင်း
ပြည်သူတွေ သိအောင် ပြောကိုပြောရမှာပါ...
ကျနော်တို့ အဆင့်က ဒီလောက်ပဲ ရှိပါတယ်....
အကောင်းဆုံး ကြိုးစားသွားပါ့မယ်...
ဒီလို World Class အသင်းနဲ့ကန်တာကို...
ဖွင့်တိုက်လို့ကတော့.....အရှေ့ကနိုင်ငံတွေလိုပဲ
ဖြစ်မှာပါ...
ကျနော်တို့အဆင့်နဲ့ဆိုရင်....
ဒီထက်အကြောင်းဆိုးပါမယ်...

အဲ့တော့.....ကျနော်တို့ အချိန်ဆွဲပါမယ်...
ရှုံးတာတော့ ရှုံးပေမယ့်...ဂိုးမပြတ်ဘူးပေါ့...

ဒါမျိုးပါ...

ကူးစက် မှု တွေ ဆက်ရှိ နေပါမယ်...
ပြန်ကောင်းတာတွေ လည်း ရှိနေပါတယ်...

အဓိက အစုလိုက်အပြုံလိုက် မကူးအောင်
ပြည်သူတွေ ကူညီပါ....
လူစုလူဝေးကိူ ဘာအကြောင်းကြောင့်မှ
မသွားပါနဲ့....
အပြင်ထွက်တိုင်း mask တပ်ပါ....
လက်သေချာဆေးပါ....

စျေးခနလေး သွားတာပဲဆိုတဲ့
အမေတို့ အန်တီတို့ အစ်မတို့ လည်း..
သတိပေးပါရစေခမျာ...
Case တစ်ခုဆို အကျီလေး သွားယူရုံ
စကားခနလေး ပြောရုံ နဲ့ ကူးတာပါ...
လူနာတွေ ထဲက တစ်ယောက်က စျေးသည်ပါ..
စျေးသည် ဆိုတာ....ဝယ်သူနဲ့ အကြာကြီး စကားထိုင်ပြောလေ့ မရှိပါဘူး.....
ဒါတောင်သူအကူးခံရပါတယ်....
အဲ့တော့ Virus မှာ ခနလေးဆိုတာ မရှိပါဘူး...
ခများကိုလည်း....ငါဝင်တော့မယ်..
Mask သွားတပ်လို့ မပြောပါဘူး...
အချိန်လည်း မပေးပါဘူး....

Covid ကာကွယ်ရေးအကြောင်းပြပြီး...
ညဘက် စုရုံးနေတဲ့ ရပ်ကွက်ထဲက..
ရပ်ကွက်လူကြီးတွေလည်း...
ဒီအတိုင်းပါ....
Mask မတပ်ပဲ...စုစု လုပ်နေတာ...
ငါတို့က တာဝန်အရ ဘာညာ လျှောက်ပြောနေလည်း..
Mask မတပ် လက် မဆေး လူစုနေလို့ကတော့..
Covid က ရပ်ကွက်လူကြီးလည်း ညှာမှာ.မဟုတ်ပါဘူး....

အစုလိုက်အပြုံလိုက် မကူးအောင်
ပြည်သူများ ကူညီပေးကြပါ...

အလူးအလဲနဲ့ ပူးတွဲသရေ ဆိုလည်း...
ကျနော်တို့ တန်ပါတယ်...

ချစ်ခြင်းများစွာဖြင့်
crd- မောင်စီ

လက်ကိုသေချာဆေးကြောပါ
13/04/2020

လက်ကိုသေချာဆေးကြောပါ

ဒီ ပိုးက air ပိုး မဟုတ် ပါဘူး.....drop..ပိုးပါ...အကောင်ကြီးလို့..3ပေအကွာ မှာ ပြုတ်ကျ ပါတယ်.....ပြုတ်ကျပီး 2ပေ အကွာ မှာ သ...
25/03/2020

ဒီ ပိုးက air ပိုး မဟုတ် ပါဘူး.....drop..ပိုးပါ...အကောင်ကြီးလို့..3ပေအကွာ မှာ ပြုတ်ကျ ပါတယ်.....
ပြုတ်ကျပီး 2ပေ အကွာ မှာ သေပါတယ်
အာ့ကြောင့် ခပ် ခွာ ခွာ နေ ပါ..

ဒီ အကောင်က..ကိုယ်တွင်း မှာ..အဆုတ် တခု က လွဲ ပီး ဘယ်နေရာ ကို မှ ဒုက္ခ မပေးပါဘူး..

အဆုတ် ကို တွယ်ကပ် မိ တာ နဲ့ သူက ကိုက် ပီ...
ကိုက် တဲ့ နေရာ ကနေ အရည် လေးတေ ထွက်ပါတယ်...အရည်လေးတေ ပြည့်လာရင် အသက်ရှူ မဝ တာ ဖြစ်လာပါ တယ်...

ဒီရောဂါ ပိုးက မျက်လုံး..နှာခေါင်း..နား ပါးစပ်..ကနေ အဆုတ် ထဲ ဝင် တတ်တာကြောင့်..
လက် နဲ့ ထိတွေ့ မကိုင်တွယ် ပါ နဲ့ ...
Mask သေချာ တပ်ပါ..လက်ဆေးပါ ဆိုတာ..ဒီနေရာတေ က တဆင့် ကိုယ်တွင်း ပိုး ဝင်တာ မို့လို့ပါ..

နား နားကပ်. .မျက်လုံးနဲ့ နီး..ပါးစပ် နဲ့ ပြောရ တဲ့..
Mobile Phone တေ ကို ..အိမ်အပြင်ထွက် တာနဲ့ ..လုံးဝ သတိထားပါ...အမှတ်တမဲ့ သတိမမူ ပေါ့ဆ တာကြောင့်
ကူးစက်နိုင်ခြေ အမြင့်ဆုံး ပါ...

ရေများများသောက် ရင်..အစာအိမ်ထဲ ရောက်ရင် ဒီပိုးက သေပါတယ်...

တရုတ် နိုင်ငံ မှာ..နှစ်နေရာ.. ဖြေဆေး တွေ့ပါ ပီ..
သူ့ နိုင်ငံ သား တွေ ကို သာ..အရင်ဆုံး ကု မှာပါ..

အမေရိကန် နိုင်ငံ မှာ လည်း...clinic တေ အထိ ဖြေဆေး ရောက်ပါပီ...
သူ့နိုင်ငံ သား တွေ အတွက် မို့ ဘယ်နေရာ မှ မကြေငြာ ပါဘူး...

စမ်းသပ် ချက်အရ...ဖြေဆေး....ကို လူတိုင်း သုံး နိုင်ဖို့.. . 6လ မှ 9လ ထိ ကြာမြင့် ပါ...မယ်..

အာ့ကြောင့် ကိုယ် ဖြစ် ကိုယ်ခံ ရ မှာ မို့...အသက် ကို ညဏ်စောင့်ပါ.

အဆုတ်ထဲ လေပြည့် တဲ့ အထိ ဝ ဝ ရှူ ကျိ ပါ.
အားပြည့် သွားသလို ခံ စားရ ရင် good condition ပါ..
အဆုတ်ထဲ လေ ဝ ဝ ရှူ လို့ ..မော သလို.. အသက်ရှူ ကျပ် သလို . ဖြစ်လာရင်...သတိထား ပါ..

ကိုယ်ခံ အား ကောင်း မှ ခံ နိုင် ရည် ရှိ ပါမယ်..

# # thaw pyae phyo

ဆေးဘက်ဆိုင်ရာ လေ့လာမှုရလဒ်တွေအရ covid-19 က airborne ဖြစ်ပြီး 77 f (or 25 c) မှာ ဗိုင်းရပ်စ်က လေထဲမှာ 2-3 မိနစ်လောက်ပဲ အသ...
24/03/2020

ဆေးဘက်ဆိုင်ရာ လေ့လာမှုရလဒ်တွေအရ covid-19 က airborne ဖြစ်ပြီး 77 f (or 25 c) မှာ ဗိုင်းရပ်စ်က လေထဲမှာ 2-3 မိနစ်လောက်ပဲ အသက်ရှင်နေနိုင်ပါတယ် ။

မြန်မာနိုင်ငံ အပူချိန်က မြင့်လို့ အိမ်တွေမှာ အစည်းအဝေးခန်းထဲမှာ aircon (လေအေးပေးစက်) ဖွင့်မထားရင် ဗိုင်းရပ်စ်က ပိုကြာမနေနိုင်လို့ aircon တွေပိတ်ပြီးနေသင့်ပါတယ်တဲ့.. 😔😇

https://www.salon.com/2020/03/15/heres-what-chinese-doctors-learned-about-prevention-and-detection-of-covid-19/

ဝူဟန်ဗိုင်းရပ်စ်ကင်းလွတ်ဒေသများ(မတ်လ၂၁)World Atlas ရဲ့စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာတရားဝင်နိုင်ငံပေါင်း ၁၉၄/၁၉၅/၁၉၆ နိုင်...
23/03/2020

ဝူဟန်ဗိုင်းရပ်စ်ကင်းလွတ်ဒေသများ(မတ်လ၂၁)

World Atlas ရဲ့စာရင်းဇယားတွေအရ ကမ္ဘာပေါ်မှာတရားဝင်နိုင်ငံပေါင်း ၁၉၄/၁၉၅/၁၉၆ နိုင်ငံလို့ လူမျိုးရေးနိုင်ငံရေးအငြင်းပွားမှုတွေကြောင့် အမျိုးမျိုးကွဲပြား ကန့်သတ်သတ်မှတ်ထားကြပေမယ့် ကိုယ်ပိုင်အုပ်ချုပ်နေပြီးနိုင်ငံတခုလို့သတ်မှတ်မခံရသေးတဲ့ဒေသတွေလဲရှိနေပါတယ်

ဝူဟန်ဗိုင်းရပ်စ်ကူးစက်တာကိုတွက်ချက်တဲ့နေရာမှာတော့ နိုင်ငံတွေတင်မကပါဘူး ဒေသအားလုံးကိုထည့်သွင်းတွက်ချက်ကြတာကြောင့် ကမ္ဘာပေါ်မှာဒေသပေါင်း (တနည်း) နိုင်ငံပေါင်း(၂၀၆)ခုရှိနေပါတယ်

ဥရောပတိုက် တောင်အမေရိကတိုက် မြောက်အမေရိကတိုက်တွေမှာ နိုင်ငံအားလုံးကူးစက်သွားပေမယ့် အာဖရိကတိုက်က(၁၃)နိုင်ငံ အာရှတိုက်က(၇)နိုင်ငံကတော့ ရောဂါကူးစက်မခံရသေးပါဘူး

အာဖရိကတိုက်မှာ(၁၃)နိုင်ငံကတော့
အနောက်ပိုင်းဆာဟာရ
မာလီ
ဆီးရာလီယွန်
ဂီနီယားဘစ်ဆော
လစ်ဗျား
တောင်ဆူဒန်
ယူဂန်ဒါ
မိုဇမ်ဘစ်
မာလာဝီ
ဘော့ဆွာနာ
လီဆိုသို
အီရီထရီယာ
ဒီဂျော့တီ တို့ဖြစ်ပြီး

အာရှ(၇)နိုင်ငံကတော့
ရီမင်
ဆီးရီးယား
တာ့ခ်မန်နီစတန်
တာဂျစ်ကစ္စတန်
မြောက်ကိုရီးယား
လာအို
မြန်မာ တို့ဖြစ်ပါတယ်

ဂရုစိုက်ကြပါဗျို့

ဝင်းထိန်
ကိုးကား- coronavirus.thebaselab.com

https://www.facebook.com/1417931718/posts/10215931555587923/?d=n

Real-time data and worldwide news updates of the COVID-19 Coronavirus.

Address

No. 8 ကျောင်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
Yangon

Telephone

+959775648131

Website

Alerts

Be the first to know and let us send you an email when ပေါက်ကျိုင်း ခရီးသွားဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category