Golden Champa Travel & Tour

Golden Champa Travel & Tour ခရီးသွားဝန်ဆောင်မူpage လေးပါရှင့်

27/02/2026

Singapore အလုပ်ကိုင် နှင့်ပတ်သက်ပြီး စိတ်ဝင်စား စောင့်ကြည့်ရန် Telegram channel လေးကို Join ထားလိုက်ပါရှင့်
https://t.me/sgjobswithpia
TikTok မှလဲ လစာမြင့်အလုပ်များကို နေ့စဉ်တင်ပေးနေတာမို့ follow ထားနိုင်ပါပြီ

https://www.tiktok.com/?_r=1&_t=ZS-94G5SgCfaNx

အလုပ်စုံစမ်းသူအတော်များ မေးကြပါတယ်ဘယ်လောက်ကြာမလဲ ဘယ်လောက်စောင့်ရမလဲ✅ ကိုယ့်ဖက်က လိုအပ်တဲ့ Documents နဲ့ Skills ပြည့်စုံန...
17/02/2026

အလုပ်စုံစမ်းသူအတော်များ မေးကြပါတယ်
ဘယ်လောက်ကြာမလဲ ဘယ်လောက်စောင့်ရမလဲ

✅ ကိုယ့်ဖက်က လိုအပ်တဲ့ Documents နဲ့ Skills ပြည့်စုံနေရင်
ကိုယ်ရွေးချယ်နိုင်တဲ့ ကိုယ်လုပ်နိုင်တဲ့ ရာထူး နေရာ များတော့ မြန်မြန် ရနိုင်ပါတယ်

✅ ကိုယ်က Skills သိပ်မပြည့်သေးဘူးဆိုရင်
ကိုယ်ရွေးချယ်နိုင်တဲ့ ရာထူး နေရာ တွေက အရမ်းနည်းသွားတာမို့ သူများထက်တော့ ပိုပြီး စိတ်ရှည်ဖို့လိုပါမယ်

🌟 ခုမှ စပြီးလျောက်ကြမယ်ဆိုရင်🌟

❇️ သက်ဆိုင်ရာ ပညာရပ်များကို အရင်ဆုံး သင်ယူကြပါ
❇️ ဘာသာစကားက နံပါတ် ၁ အရေးကြီးပါတယ်
🔸 အင်္ဂလိပ်နဲ့ တရုတ် စကားပြော ကျွမ်းကျင်အောင် လုပ်ပါ
❇️ အလုပ်အတွက် လိုအပ်တဲ့ သင်တန်းများ တက်ထားပါ
❇️ အေးဂျင့်အသီးသီးက တင်တဲ့ အလုပ်ခေါ်စာတွေကို စောင့်ကြည့်ပြီး
🔸 ဘယ်အပိုင်းတွေက လစာ ဘယ်လိုပေးတယ်
🔸 ဘယ်အပိုင်းတွေက ဘယ်လို skills တွေ တောင်းတယ် လေ့လာပါ
❇️ လက်ရှိ လုပ်ငန်းခွင်တွင်းက စီနီယာများထံမှ အကြံဉာဏ် ရယူပါ
ဒါဆိုရင် စလုံးအလုပ်ရှာရတာက ထင်ထားတာထက် ပိုလွယ်ကူပါလိမ့်မယ်

အလုပ်ကိစ္စ ဗီဇာကိစ္စ လေဆိပ် ဝင်ထွက် VIP ကိစ္စများအတွက် ဆွေးနွေတိုင်ပင်ချင်ရင် what's app 09 44112 4885 ကို ဆက်သွယ်နိုင်ပါတယ်

✨Korea Visa လျောက်ရတာ ခက်နေတာလား💢Visa သီးသန့်လျောက်ပေးတဲ့🫰ဝန်ဆောင်မှုရှိတယ်နော် 🫰🎩Visa Process ၃ ပတ်ပဲကြာပါတယ်🎩ဝန်ဆောင်ခ...
22/11/2025

✨Korea Visa လျောက်ရတာ ခက်နေတာလား
💢Visa သီးသန့်လျောက်ပေးတဲ့
🫰ဝန်ဆောင်မှုရှိတယ်နော် 🫰
🎩Visa Process ၃ ပတ်ပဲကြာပါတယ်🎩

ဝန်ဆောင်ခ USD1500 ပဲ ကျသင့်ပါမယ်

&tour

14/11/2025

ထိုင်းဘတ်ငွေ ကို မြန်မာကျပ်ငွေလဲမယ်ဆိုရင် ဘယ်လောက်ရမလဲ? ဆိုတာ အလွယ်ကူဆုံးတွက်နည်း

🔸ဥပမာ - ထိုင်းမှာ ဒီနေ့ ဘတ်ဈေး က 100,000Ks ကို 815 ဘတ် ဆိုကြပါစို့။
🔸ဘတ် Rate ကို သိချင်ရင် 100,000÷815=122.6993

📌၁ သိန်း ကို ၈၁၅ ဘတ် နဲ့ စားပါ။ဘတ်ဈေးက ၁ ဘတ် ကို ၁၂၂.၆၉၉၃ ဖြစ်ပါသည်။

🔸အကယ်၍ မိမိက ဘတ် 10,000 လဲမယ်ဆို 10,000 ÷0.00815=1,226,993 Ks

📌မိမိလဲမည့် ဘတ် ၁၀၀၀၀ ကို ဝ.၀၀၈၁၅ နဲ့ စားပါ။ရလာတဲ့ ၁,၂၂၆,၉၉၃ ကျပ် က ဘတ် ၁၀,၀၀၀ ကို လဲလျှင် မိမိရမည့် မြန်မာကျပ်ငွေ ဖြစ်ပါသည်။

🔸၁ ဘတ်ဈေး ကို သိလျှင် မိမိလဲမည့် ဘတ်နဲ့ တန်းပြီးမြောက်တာက မိမိပြန်ရမည့် မြန်မာငွေကို တန်းတွက်နိုင်ပါတယ်။
📌ဥပမာ ဘတ် ၁၀,၀၀၀ x ၁၂၂.၆၉၉၃ (၁ ဘတ် Rate) = ၁,၂၂၆,၉၉၃ ကျပ်

📌၁ ဘတ်ဈေးနှုန်းရဲ့ နောက်က ဒဿမ ၄ လုံးက ငွေလဲမည့် ပမာဏနည်းရင် သိပ်မသိသာပေမယ့် များတဲ့အခါမှာတော့ သိသာပါတယ်။

&tour

Yangon- Tachilek ✈️🧳Tachilek - Yangon 🧳လေယာဉ်လက်မှတ်ရviber- 09692118229 လိုအပ်သူများဆက်သွယ်ပါရှင့်
14/11/2025

Yangon- Tachilek ✈️
🧳Tachilek - Yangon 🧳
လေယာဉ်လက်မှတ်ရ
viber- 09692118229
လိုအပ်သူများဆက်သွယ်ပါရှင့်

  ကိုရောက်သွားသူတိုင်း ဝင်ရောက်သင့်တဲ့မယ့်နေရာ Mittraphap Flowers Garden ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။အရောင်စုံပန်းခင်...
12/11/2025

ကိုရောက်သွားသူတိုင်း ဝင်ရောက်သင့်တဲ့မယ့်နေရာ
Mittraphap Flowers Garden ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အရောင်စုံပန်းခင်းကြီးဖြစ်ပြီး ယခုကာလတွင် ပန်းတွေပွင့်ထိန်ကာ ဖူဂျိဝါးတောလေးနဲ့ photo points တွေပြည်နှက်နေပါတယ်။

လှပသော ဂျပန်ဝတ်စုံများနဲ့အတူ ကော်ဖီ၊ အဖျော်ယမကာနဲ့ အသင့်စားအစာများကို သုံးဆွဲနိုင်တဲ့ အပန်းဖြေ ဇုံလေးတစ်ခုပါ

အိမ်မွေးတိရိစ္ဆာန်ချစ်သူများအတွက် ချစ်စရာကောင်းတဲ့ ဝက်ကလေးတွေနဲ့ ယုန်လေးတွေကို ကိုယ်တိုင်အစာကျွေးရင်း ချစ်စရာပုံလေးတွေ ရိုက်ယူနိုင်ပါတယ်။ 🐷🐰


ဝင်ကြေး : လူကြီး ၁၀၀ဘတ် ကလေး ၅၀ဘတ်

ဖွင့်ရက်နှငိ့အချိန် :တနင်္လာ-သောကြာ မနက် ၇း၃၀ မှ ညနေ ၆း၀၀
စနေ-တနင်္ဂနွေ မနက် ၇း၀၀ မှ ည ၇း၀၀


တည်နေရာ : ဘန်ကောက်မှလာပါက Chokchai Farm မရောက်မီ ၇၀၀ မီတာအကွာ လက်ဝဲဘက်တွင် ပန်းခြံရှိပါသည်

⭐Thai Visa/VIP/Extension⭐📍ထိုင်းးသိုထွက်ရန်   VIP Pass Service 📍Thai ED Visa, Language School Visa📍Thai Visa Extension 🌲...
10/11/2025

⭐Thai Visa/VIP/Extension⭐
📍ထိုင်းးသိုထွက်ရန် VIP Pass Service
📍Thai ED Visa, Language School Visa
📍Thai Visa Extension
🌲ထိုင်းဘက်ကူးဖို့ စဉ်းစားနေတဲ့မိတ်ဆွေများအတွက်အကောင်းဆုံး ဆွေးနွေးပေးပါတယ်

&tour

နိုဝင်ဘာလ၏ ရွှေရောင်ဆောင်းလက်ဆောင်- ထိုင်းမြောက်ပိုင်းမှ Bua Tong နေကြာအရိုင်းပန်းခင်းများ!တစ်နှစ်တစ်ခါပဲ ပွင့်တဲ့ ကမ္ဘာ...
04/11/2025

နိုဝင်ဘာလ၏ ရွှေရောင်ဆောင်းလက်ဆောင်- ထိုင်းမြောက်ပိုင်းမှ Bua Tong နေကြာအရိုင်းပန်းခင်းများ!
တစ်နှစ်တစ်ခါပဲ ပွင့်တဲ့ ကမ္ဘာ့အကြီးဆုံး နေကြာပင်လယ်ထဲ စွန့်စားခရီးထွက်ဖို့ အသင့်တော်ဆုံးပါ။

🌼အဲဒါကတော့ မဲဟောင်ဆော် (Mae Hong Son) ခရိုင်၊ ဒွယ်မဲ့အိုခေါ (Doi Mae-U-Kho) တောင်တန်းပေါ်က ရွှေရောင်လွှမ်းတဲ့ Bua Tong နေကြာအရိုင်းပန်းခင်းကြီး ပဲ

တစ်နှစ်တစ်ခါ၊ ရက်သတ္တပတ် အနည်းငယ်သာ: ဒီ "Tithonia Diversifolia" လို့ခေါ်တဲ့ မက္ကဆီကို နေကြာပန်းမျိုးစိတ်တွေဟာ နှစ်စဉ် နိုဝင်ဘာလ (၁၁ ရက်ဝန်းကျင် စတင်) ကနေ ဒီဇင်ဘာလ အစောပိုင်းအထိ အထွတ်အထိပ် ပွင့်လန်းပါတယ်။ ဒီရွှေရောင် ပန်းပင်လယ်ကို မြင်တွေ့ရဖို့ အခွင့်အရေးဟာ တစ်နှစ်မှာ တစ်ကြိမ်တည်း သာ ရှိတာမို့ လုံးဝလက်လွတ်မခံသင့်တဲ့ အလှတရားပါပဲ။
ရင်သပ်ရှုမောဖွယ် မြင်ကွင်း: ဧကပေါင်း ၅၀၀ ကျော် (၁.၆ သန်း စတုရန်းမီတာ) အကျယ်အဝန်းရှိတဲ့ တောင်တန်းတစ်ခုလုံးဟာ အစွမ်းကုန် ပွင့်လန်းနေတဲ့ Bua Tong ပန်းတွေကြောင့် ရွှေရောင်ကော်ဇောကြီး ခင်းထားသလို ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာ အကြီးဆုံး သဘာဝ နေကြာအရိုင်းပန်းခင်းကြီးကို ၃၆၀ ဒီဂရီ ရှုထောင့် ကနေ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။

🌻နေကြာပန်းခင်းကို ဖြတ်ပြီး ကားမောင်းရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး။ သဘာဝအလင်းရောင် အကောင်းဆုံးဖြစ်တဲ့ နေထွက်ချိန် (သို့) နေဝင်ချိန် တွေမှာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမယ်ဆိုရင် သင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို ရွှေရောင်လင်းစေမယ့် မှတ်တမ်းကောင်းတွေ အများကြီးရရှိမှာပါ။ ရုပ်ရှင်ရိုက်ကူးသူတွေတောင် လာရောက် အသုံးချတဲ့ နေရာတခုပါ။
🛣️ ဘယ်လိုသွားရောက်မလဲ။
တည်နေရာအဓိက: မဲဟောင်ဆော် (Mae Hong Son) ခရိုင်၊ ခွန်ယွမ်မြို့နယ် (Khun Yuam County) အနီး ဒွယ်မဲ့အိုခေါ (Doi Mae-U-Kho) တောင်ပေါ်မှာ တည်ရှိပါတယ်။
ခရီးစဉ်လမ်းကြောင်း:
မဲဟောင်ဆော်မြို့ကနေ (သို့) ခွန်ယွမ်မြို့နယ်ရုံးကနေ ကားနဲ့ ၂ နာရီခန့် (၂၅ ကီလိုမီတာခန့်) မောင်းနှင်ရုံပါပဲ။
မြန်မာပြည်ရဲ့ ကယားနယ်စပ်နဲ့ နီးတဲ့ ဒေသဖြစ်လို့ နယ်စပ်ဖြတ်ကျော် ခရီးသွားသူတွေအတွက်ပါ အဆင်ပြေပါတယ်။
☀️ မှတ်ချက်။ Doi Mae-U-Kho ရဲ့ ညပိုင်းအပူချိန်ဟာ ၁-၄°C လောက်အထိ အေးနိုင်တာကြောင့် စခန်းချလိုသူတွေအတွက် အနွေးထည်နဲ့ အိပ်ရာအိတ်တွေ အပြည့်အစုံ ပြင်ဆင်သွားဖို့ လိုပါမယ်နော်။
&tour
#ရွှေစံကား

🇹🇼 ထိုင်ဝမ်၏ ဧည့်ဝတ်ပြုလုပ်ငန်း (Hospitality Sector) အတွက် ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှု မူဝါဒ​အကျဉ်းချုပ်​ထိုင်ဝမ်နိုင်...
02/11/2025

🇹🇼 ထိုင်ဝမ်၏ ဧည့်ဝတ်ပြုလုပ်ငန်း (Hospitality Sector) အတွက် ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှု မူဝါဒ
​အကျဉ်းချုပ်
​ထိုင်ဝမ်နိုင်ငံဟာ လုပ်သားရှားပါးမှုကို ဖြေရှင်းရန်နဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်စေရန် ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၎င်းရဲ့ ဧည့်ဝတ်ပြုလုပ်ငန်း (Hospitality Sector) အတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်ခွင့်ကို စတင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
​အဓိက အချက်များ
​ခေါ်ယူမည့် လုပ်ငန်းများ- ဟိုတယ် သန့်ရှင်းရေး၊ အခန်းပြုပြင်ထိန်းသိမ်းမှု (housekeeping)၊ ဧည့်ကြို (reception) နဲ့ စားသောက်ကုန် ဝန်ဆောင်မှုပေးခြင်း (food-service) တို့ ပါဝင်ပါတယ်။
​ဦးစားပေး နိုင်ငံများ- ရွှေ့ပြောင်းလုပ်သားများကို အခြားသော ရင်းမြစ်နိုင်ငံများအပြင်၊ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ လုပ်သားများကို ဦးစားပေး ခေါ်ယူသွားဖို့ မျှော်လင့်ရပါတယ်။
​လစာနှုန်းထား- ဤဧည့်ဝတ်ပြုလုပ်ငန်းများအတွက် သတ်မှတ်ထားသော အခြေခံ လစဉ်လုပ်ခ မှာ NT$ 32,000 (ထိုင်ဝမ်ဒေါ်လာ သုံးသောင်းနှစ်ထောင်) ဖြစ်ပြီး၊ ၎င်းသည် ခန့်မှန်းခြေအားဖြင့် ဖိလစ်ပိုင်ပီဆို ₱60,000 (ခြောက်သောင်း) ဝန်းကျင်ရှိပါတယ်။ (အချိန်ပိုကြေး သို့မဟုတ် စည်းကြပ်ငွေ/အပိုဆုကြေးများလည်း ရရှိနိုင်ပါသေးတယ်။)
​မူဝါဒ၏ ရည်ရွယ်ချက်- ထိုင်ဝမ်ရှိ အခန်းပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းရေးနဲ့ ဧည့်ကြိုစသည့် ဧည့်ဝတ်ပြုလုပ်ငန်း (accommodation/hospitality functions) များတွင် ၆,၆၀၀ မှ ၈,၀၀၀ ကြားရှိနေသည့် လုပ်သား လိုငွေပြမှုကို ဖြည့်ဆည်းရန် ရည်ရွယ်ပါတယ်။
​တိုတိုပြောရရင်၊ ထိုင်ဝမ်မှာ ဟိုတယ်နဲ့ ဧည့်ဝတ်ပြုရေးဆိုင်ရာ အလုပ်တွေအတွက် လုပ်သားလိုနေတာကြောင့်၊ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံကနေ လာရောက်အလုပ်လုပ်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို လခ NT$ 32,000 နဲ့ ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

အခုတလော အမှန်တကယ်ဝယ်ယူနေကြတဲ့ ရှားပါးထိုင်းအကြွေစေ့ပုံစံနဲ့တကွ စျေးနှုန်းပါ တင်ထားတာတွေ့လို့ မျှဝေပေးလိုက်ပါတယ်ရှင်တချို...
01/11/2025

အခုတလော အမှန်တကယ်ဝယ်ယူနေကြတဲ့ ရှားပါးထိုင်းအကြွေစေ့ပုံစံနဲ့တကွ စျေးနှုန်းပါ တင်ထားတာတွေ့လို့ မျှဝေပေးလိုက်ပါတယ်ရှင်

တချို့အကြွေစေ့တွေကရှားပေမယ့် များများစားစားထုတ်ထားတာမို့ ကိုယ့်မှာရှိတဲ့အကြွေစေ့ကို တိုင်းစစ်ကြည့်ပါနော်

သူတို့ပြထားတဲ့ အကြွေစေ့တော်တော်များများက အဓိက ခုနှစ်ကိုပဲကြည့်ရမှာဖြစ်တယ်

အဲ့ထဲမှာ တန်ဖိုးအမြင့်ဆုံးက ၁၀ ဘတ်တန်အကြွေစေ့ ခုနှစ်က ၂၅၃၃ ဖြစ်ပြီး စျေးနှုန်းက ဘတ် ၁ သိန်းကနေ ဘတ် ၁သန်း ထိစျေးပေးဝယ်ကြပါတယ်...ဘာလို့စျေးများပေးဝယ်တာလဲဆိုတော့ အဲ့ ခုနှစ်နဲ့ ၁၀ ဘတ်စေ့က အရေအတွက် ၁၀၀ စေ့ပဲထုတ်ထားတယ်လို့သိရပါတယ်

အကြွေစေ့ အသစ်အဟောင်း အနာအဆာပေါ်မူတည်ပြီး စျေးပေးဝယ်ကြတာဖြစ်တယ်

နောက်ပုံထဲကအရ တရုတ်ငွေစေ့တွေလည်း စျေးအမျိုးမျိုးနဲ့ သူတို့ဝယ်ယူကြပါတယ်

***သူတို့လိုချင်တဲ့အကြွေစေ့တွေ ကိုယ့်မှာရှိတယ် ရောင်းချင််ဆို ပုံထဲက သူတို့ဆိုင်အမည်အစစ် လိုင်းစိမ်းအမည်အစစ် ပါတယ် ဆက်သွယ်သွားပြီး ရောင်းကြပါ

တကယ်ဝယ်ယူတဲ့အကောင့်ဆို ဘာငွေမှကြိုပေးစရာမလို ဘာလက်မှတ် ဘာQဖိုးမှပေးစရာမလိုပါ သူတို့ဆိုင်မှာလာရောင်းခိုင်းလိမ့်မယ်

Crd Thailandnationalnew
&tour
#ရွှေစံကား

Address

Hlaing
Yangon

Alerts

Be the first to know and let us send you an email when Golden Champa Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share