One Of A Kind Travel

One Of A Kind Travel ✈️ Travel beyond the ordinary with One of a Kind Travel — where dreamers, seekers, and explorers find their next great adventure

Happy Chinese New Year 2026 🧧🐎🧧 ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ🐎Year of the Fire Horse...
17/02/2026

Happy Chinese New Year 2026 🧧🐎

🧧 ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ🐎

Year of the Fire Horse ကို ကြိုဆိုလိုက်ပါတယ်

ဒီနှစ်သစ်မှာ ရဲရင့်တက်ကြွတဲ့ ခွန်အားတွေ၊ စီးပွားလာဘ်လာဘ တိုးပွားခြင်းတွေနဲ့အတူ အောင်မြင်မှုအသစ်၊ အစပျိုးမှုအသစ်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်

၂၀၂၆ ခုနှစ်မှာလည်း ကျွန်ုပ်တို့နဲ့အတူ...
“Travel Beyond the Ordinary ✨”ရိုးရိုးရှင်းရှင်းထက် ထူးခြားဆန်းသစ်တဲ့ ခရီးစဉ်များဆီသို့
ဆက်လက်လှမ်းမျှော်ပြီး တစ်သက်တာမမေ့နိုင်မယ့် ခရီးစဉ်တွေကို ဖန်တီးလိုက်ရအောင်ပါ

Gong Xi Fa Cai from One of a Kind Travel
One of a Kind Journeys for the Soul.

🇲🇾 မလေးရှားကို ဗီဇာမလိုဘဲ အပန်းဖြေရအောင် ✨ခွင့်ရက်ရှည်တွေမှာ ဘယ်သွားရမလဲ စဉ်းစားရခက်နေလား? Kuala Lumpur ရဲ့ ခေတ်မှီမြို့...
12/02/2026

🇲🇾 မလေးရှားကို ဗီဇာမလိုဘဲ အပန်းဖြေရအောင် ✨
ခွင့်ရက်ရှည်တွေမှာ ဘယ်သွားရမလဲ စဉ်းစားရခက်နေလား? Kuala Lumpur ရဲ့ ခေတ်မှီမြို့ပြအလှ နဲ့ Penang ရဲ့ ရှေးဟောင်းအနုပညာရနံ့ တွေက သင့်ကို စောင့်ကြိုနေပါပြီ။ Street Art ရှေ့မှာ ဓာတ်ဖမ်းမလား၊ မလေးရှားအစားအသောက်တွေကို တဝကြီး စားမလား... အားလုံးက Perfect ပဲ! 🍜🎨

MAI နဲ့ဆို ခရီးစဉ်က ပိုမိုချောမွေ့စေသွားမှာပါ ✈️

ကွာလာလမ်ပူကို တစ်ပတ် (၁၀) ကြိမ်တောင် ပျံသန်းပေးနေပါတယ်

ပီနန်းကိုလည်း တိုက်ရိုက်သွားချင်သူတွေအတွက် (တနင်္လာ၊ ကြာသပတေး) ခရီးစဉ်တွေ ရှိပါတယ်

လေယာဉ်ပေါ်မှာ Meal ရော၊ Baggage ရော ပါပြီးသားဆိုတော့ အများကြီး စဉ်းစားနေစရာမလိုတော့ဘူး။

🌟 မြန်မာခရီးသွားများအတွက် အထူးသတင်းကောင်း! ၂၀၂၅၊ အောက်တိုဘာ (၁) ရက်ကစပြီး မြန်မာ Passport နဲ့ ဗီဇာမလိုဘဲ မလေးရှားကို အလည်သွားလို့ ရပါပြီ။ 🇲🇾🙌

One of a Kind Travel မှာ ဘာတွေရမလဲ? ကိုယ်တိုင်စီစဉ်ရတာ ခေါင်းမစားချင်သူတွေအတွက် Ready-made Packages တွေ၊ မိသားစု Trip တွေနဲ့ Group လိုက် သွားချင်သူတွေအတွက် အစုံရှိပါတယ်။

📩 အသေးစိတ်ကို DM မှာ အခုပဲ မေးမြန်းလိုက်ပါ!

✅ ကွာလာလမ်ပူ + ပီနန်း ခရီးစဉ်များ

✅ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ရက်စွဲများ

✅ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု

✨Make every journey one of a kind….ရိုးအီနေတဲ့ ခရီးစဉ်တွေကနေ ခွဲထွက်လိုက်ရအောင်✨

ဘာလီမှာ Fall in Love Again ကြရအောင် 💕လေထဲမှာ အချစ်ရနံ့တွေ ထုံသင်းနေတဲ့လလေးဆိုတော့ ဘာလီကို စိတ်ကူးယဥ်ဆန်တဲ့ ခရီးလေးတစ်ခုသ...
05/02/2026

ဘာလီမှာ Fall in Love Again ကြရအောင် 💕

လေထဲမှာ အချစ်ရနံ့တွေ ထုံသင်းနေတဲ့လလေးဆိုတော့ ဘာလီကို စိတ်ကူးယဥ်ဆန်တဲ့ ခရီးလေးတစ်ခုသွားရင်း အမှတ်တရလေးတွေ ဖန်တီးကြရင်မကောင်းဘူးလား။ 🌺

လွမ်းမောဖွယ် နေဝင်ချိန်တွေခံစားကြမယ်။ အထင်ကရ Bali Swing စီးမယ်၊ ကမ်းခြေအလှကို တစ်ဝကြီး ခံစားမယ်၊ Jimbaran Beach မှာ စိတ်ကူးယဥ်ဆန်စွာ ဖယောင်းတိုင်မီးမှိန်မှိန်လေးတွေကြား ညစာအတူစားမယ်။ ကဲ ဒီအစီအစဥ်လေးတွေအားလုံးက နှစ်ယောက်တည်း quality time ကုန်ဆုံးချင်တဲ့ အတွဲလေးတွေအတွက် သေချာ ဖန်တီးထားတဲ့ အစီအစဥ်လေးတွေပါပဲ။

🏨 ဘတ်ဂျက်ကိုက်တဲ့ ဟိုတယ်တွေပဲ တည်းမလား၊ Private pool villa မှာပဲ chill မလား၊ စုံတွဲတိုင်းအတွက် USD 655 ကစတဲ့ package တွေကို One of A Kind Travel မှာ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

3★★★ ZIA Hotel Kuta – USD 655
4★★★★ Akmani Hotel Legian – USD 696
5★★★★★ Ramayana Resort & Suites – USD 886
The Bali Dream Villa Seminyak (Private Pool)– USD 936

ဒီစျေးလေးတွေက couple စျေး နှစ်ယောက်စာစျေးနှုန်းလေးတွေမို ဒီထက်တန်တာ မရှိနိုင်တော့ဘူးနော် 😉

Valentine's Day ပဲ ဆင်နွှဲမလား Honeymoons လား Anniversaries တွေအတွက်လား။ ကိုယ်ချစ်ရသူနဲ့ အတူရှိတဲ့ စက္ကန့်တိုင်းကို အမှတ်တရအပြည့်နဲ့ ဖြတ်သန်းဖို့ One of A Kind Travel ကို ဆက်သွယ်လိုက်တော့နော်။

သွားလည်မဲ့နေရာတွေ နဲ့ ပါဝင်တဲ့ plan အသေးစိတ်ကို အောက်က Comment ဖတ်ရှုပြီး စိတ်ဝင်စားရင် အခုပဲ ဆက်သွယ်လိုက်တော့နော်

☎️+959897792996
✉️[email protected]

✨ Zodiac Sign ကပြောတဲ့ သင့်ရဲ့ ခရီးသွားတဲ့ ပုံစံ ✨♈️ Aries – စိတ်မြန်လက်မြန် နဲ့ စွန့်စွန့်စားစား ခရီးတွေကြိုက်တယ်♉️ Ta*...
01/02/2026

✨ Zodiac Sign ကပြောတဲ့ သင့်ရဲ့ ခရီးသွားတဲ့ ပုံစံ ✨

♈️ Aries – စိတ်မြန်လက်မြန် နဲ့ စွန့်စွန့်စားစား ခရီးတွေကြိုက်တယ်
♉️ Ta**us – ဇိမ်ခံ ဟိုတယ်တွေ၊ အစားအသောက်ကောင်းတွေ ကြိုက်တယ်။ ပြေးလွှားနေရတာမျိုး မကြိုက်တတ်ကြဘူး။
♊️ Gemini – တစ်နေရာပြီး တစ်နေရာ လည်ပတ်ရတာကြိုက်တယ်။ နေရာတိုင်းမှာ ဓာတ်ပုံရိုက်မယ်။
♋️ Cancer – သက်သောင့်သက်သာ နေချင်တယ်၊ စိတ်ခံစားချက်နဲ့ ဆက်နွယ်တဲ့ နေရာတွေ လည်ရတာကြိုက်တယ်။
♌️ Leo – အထင်ကရနေရာတွေ လည်ရတာကြိုက်တယ်။
♍️ Virgo – သေချာစီစဥ်ထားတဲ့ ခရီးစဥ်တွေ၊ တိကျသေချာတဲ့ schedule တွေကို သဘောကျတယ်
♎️ Libra – Aesthetic ဖြစ်တဲ့ ကော်ဖီဆိုင်တွေ နဲ့ Instagrammable spots တွေ လည်ရတာ ကြိုက်တယ်
♏️ Scorpio – ဖုံးကွယ်နေတဲ့ အလှတရားတွေ၊ စိတ်ဝင်စားစရာ အတွေ့အကြုံတွေ ရှာဖွေရတာ ခုံမင်ကြတယ်။​
♐️ Sagittarius – ကျောပိုးအိတ် တစ်လုံးနဲ့ လွတ်လွတ်လပ်လပ်သွားရတာ သဘောကျတယ်
♑️ Capricorn – ရည်ရွယ်ချက်ရှိရှိ ခရီးသွားတတ်ကြတယ်
♒️ Aquarius – ထူးခြားတဲ့ ခရီးစဥ် တွေနဲ့ သမားရိုးကျ မဟုတ်တဲ့ နေရာအသစ်အဆန်းတွေကို လည်ပတ်ရတာ ကြိုက်တယ်
♓️ Pisces – ပင်လယ် မှာ နေဝင်ချိန်ကြည့်ပြီး အေးအေးချမ်းချမ်း chill ချင်ကြတယ်

🌍 ဘယ် zodiac ပဲဖြစ်ဖြစ် One of A Kind Travel နဲ့ဆို ကိုယ် personality အတိုင်း စိတ်ကြိုက်ခရီးစဥ်လေးတွေ ဖန်တီးနိုင်ပါပြီ။

👇 ကိုယ့်ရဲ့ zodiac sign ကို Comment မှာ ရေးပြီး အတူတူသွားမယ့် သူငယ်ချင်းကို tag လိုက်ပါဦး။

📩 ဒါဆို သာယာချောမွေ့တဲ့ ပျော်စရာခရီးလေး ဖန်တီးဖို့ One of A Kind Travel နဲ့ ဆက်သွယ်လိုက်တော့နော်။

☎️+959897792996
✉️[email protected]

30/01/2026

ဒီလှပတဲ့ နေရာလေးကို သိကြပါသလား? 🌴✨

ဒါကတော့ ဘာလီကျွန်းရဲ့ စိတ်လှုပ်ရှားရင်သပ်ရှုမောဖွယ်အကောင်းဆုံး Resort တွေထဲက တစ်ခုဖြစ်တဲ့ AYANA Resort Bali ပဲဖြစ်ပါတယ် 🌊⛰️

ပင်လယ်ကမ်းပါးယံထက်မှာ ခန့်ညားထည်ဝါစွာ တည်ရှိပြီး သဘာဝအလှတရားတွေ၊ ရင်သပ်ရှုမောဖွယ် နေဝင်ချိန်တွေနဲ့ အေးချမ်းဆိတ်ငြိမ်မှုတွေ စုစည်းရာနေရာလေးပေါ့...

AYANA is where luxury meets the soul.
Perfect for:
✨ Honeymoons
✨ Romantic getaways
✨ Wellness escapes

သင်စိတ်ကူးယဉ်ထားတဲ့အတိုင်း ထူးခြားဆန်းသစ်တဲ့ "One of a Kind" ဘာလီခရီးစဉ်လေးဖြစ်အောင် ကျွန်ုပ်တို့က အကောင်းဆုံး ပုံဖော်ဖန်တီးပေးပါရစေ ✈️🌿

📩 အသေးစိတ်ကို Message (DM) ပေးပို့ပြီး အခုပဲ စုံစမ်းမေးမြန်းနိုင်ပါတယ်

30/01/2026

အိပ်မက်ထဲကလို လှပတဲ့ မြို့ပြအလှအပတွေနဲ့ စင်ကာပူနိုင်ငံ... 🏙️✨

ခေတ်မှီဆန်းသစ်တဲ့ Marina Bay Sands နဲ့ Singapore Flyer ရဲ့ အလှတရားတွေက သင့်ကို စောင့်ကြိုနေပါတယ်။ Lion City ရဲ့ ထူးခြားတဲ့ အလှအပတွေကို ကိုယ်တိုင်ခံစားကြည့်ဖို့ အဆင်သင့်ပဲလား? 🇸🇬

One of a Kind Travel နဲ့အတူ စိတ်ချလက်ချ ခရီးထွက်လိုက်ပါ။ ✈️🦁

📩 စင်ကာပူခရီးစဉ်အတွက် အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ!
📞 Phone: 09 897 792996
📍 Travel beyond the ordinary with us

#စင်ကာပူခရီးစဉ် #ခရီးသွား

29/01/2026

စင်ကာပူမြို့ရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေနဲ့ အထင်ကရနေရာများဆီ အလည်သွားကြမယ် 🇸🇬✨

လူကြီးမင်း စိတ်တိုင်းကျဖြစ်စေမယ့်၊ အဆင်ပြေချောမွေ့ဆုံး ခရီးစဉ်တစ်ခုကို One of a Kind Travel ကဖန်တီးပေးပါရစေ 🤩

တမူထူးခြားတဲ့ စင်ကာပူခရီးစဉ်လေးဖြစ်ဖို့ အခုပဲ Chat Box (DM) ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 📩




27/01/2026

🌿✨ ထိုင်းနိုင်ငံရဲ့ ရာဇဝင်ထဲ သွားလည်ကြရအောင်။
Ancient City Museum ကြီးထဲ ရောက်သွားရင် ထိုင်းနိုင်ငံတစ်ခုလုံး အနှံ့ရောက်သွားတယ်လို့ ဆိုနိုင်လောက်အောင် အထင်ကရ အဆောက်အအုံတွေ နဲ့ စေတီပုထိုးတွေကို တစ်နေရာတည်းမှာ တစ်ပြိုင်နက်လည်ပတ်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

Ancient City Museum ဟာ ထိုင်းနိုင်ငံပုံသဏ္ဍာန်အတိုင်း ဒီဇိုင်းဆွဲထားတဲ့ ကမ္ဘာ့အကြီးဆုံး Open Air Museum ကြီး တစ်ခုပါ။

✨ ရှေးဟောင်းနန်းတော်တွေ
✨ စေတီပုထိုးတွေ
✨ ရေပေါ်ဈေးတွေ
✨ မင်းနေပြည်တော်ဟောင်းတွေ
✨ ထိုင်းနိုင်ငံရဲ့ သမိုင်းကြောင်းတွေကို တစ်ဝကြီး လေ့လာနိုင်လို့ လမ်းလျှောက်ရင်း ရာစုနှစ်တွေကို ဖြတ်သန်းရသလို ခံစားမှုကို ပေးစွမ်းနိုင်မယ့် နေရာတစ်ခုဆိုလည်း မမှားပါဘူး။

ရင်သပ်ရှုမော စိတ်လှုပ်ရှားဖွယ်ကောင်းအောင် အသေးစိတ် ပြန်လည်တည်ဆောက်ထားတာဖြစ်လို့ လည်ပတ်သူတိုင်းရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့နေရာတစ်ခုမို့ ဒီနေရာဟာ ထိုင်းနိုင်ငံရဲ့ ဝိညာဉ်တောင် တင်စားကြတာပေါ့။

စက်ဘီးနဲ့ပဲဖြစ်ဖြစ်၊ Tram ဓာတ်ရထားနဲ့ ဖြစ်ဖြစ်၊ ဂေါက်ကားလေးနဲ့ဖြစ်ဖြစ် လှည့်ပတ်ကြည့်ရှုနိုင်ပြီး စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ အနုပညာဆန်ဆန် လက်ရာတွေနဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ မှော်ဆန်ဆန် လှပတဲ့နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဒါကြောင့် ကိုယ်က ယဉ်ကျေးမှု၊ ဗိသုကာလက်ရာ နဲဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာရတာ ကြိုက်နှစ်သက်သူ တစ်ယောက်ဆိုရင် Ancient City Museum က လုံးဝလက်လွတ်မခံဘဲ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။

🌟 ကဲ ဘယ်ခရီးပဲသွားသွား သွားတဲ့ ခရီးစဉ်တိုင်းကို အဆင်ပြေလွယ်ကူချောမွေ့စေဖို့ဆို One of a Kind Travel နဲ့ ဆက်သွယ်ဖို့ လိုမယ်နော်။
One of a Kind Travel နဲ့ဆို ခရီးစဉ်တိုင်းဟာ ချောမွေ့ပြီး သူမတူတဲ့ အတွေ့အကြုံတွေ ခံစားနိုင်မယ်ဆိုတာ အသေအချာပါပဲ။

✔️ One of a Kind Travel ရဲ့ ထိုင်းနိုင်ငံ ခရီးစဥ်တွေမှာ

• 🎟 ဝင်ကြေးလက်မှတ်များ
• 🚗 ကားငှားဝန်ဆောင်မှု + ယာဉ်မောင်း
• 🏨 ဟိုတယ်များအား ကြိုတင်ဘွတ်ကင်စီစဉ်ခြင်း
• 🌴 သီးသန့်ခရီးစဉ်များ (Private Tour)
• ✍️ မိသားစုများ၊ စုံတွဲများနှင့် အဖွဲ့လိုက်များအတွက် စိတ်ကြိုက်ခရီးစဉ်များ (Customised Tour)
• 🚐 သီးသန့်နေ့ခရီးစဉ်များအတွက် ကားငှါးနှင့် Tour Guide ဝန်ဆောင်မှု များကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးပါတယ်။

လေယာဉ်ဆိုက်ရောက်ချိန်ကစလို့ ပြန်လည်ထွက်ခွာချိန်အထိ အစစအရာအဆင်ပြေစေဖို့ ပျော်စရာ အမှတ်တရအပြည့်နဲ့ ခရီးစဥ်တစ်ခု ပိုင်ဆိုင်ဖို့ 📩 One of a Kind Travel ကိုသတိရလိုက်နော်




☎️+959897792996
✉️[email protected]

ဘတ်ဂျက်လည်း အများကြီး မသုံးချင်ဘူး ဒါပေမယ့် နေရာစုံအောင် လည်ပတ်ပြီး အများကြီး explore လုပ်ချင်ကြတဲ့သူတွေရှိကြလား။ ကဲ ဒီလ...
23/01/2026

ဘတ်ဂျက်လည်း အများကြီး မသုံးချင်ဘူး ဒါပေမယ့် နေရာစုံအောင် လည်ပတ်ပြီး အများကြီး explore လုပ်ချင်ကြတဲ့သူတွေရှိကြလား။ ကဲ ဒီလို ခရီးသွားချင်သူတွေအတွက် SIC Travel plan လေးဟာ အသင့်တော်ဆုံးပါပဲ။

💡 SIC Travel ဆိုတာ သတ်မှတ်ထားတဲ့ ခရီးစဉ် အစီအစဉ်အတိုင်း အခြား ခရီးသွား မိတ်ဆွေများနဲ့ အတူတူ ခရီးသွားခြင်းပေါ့။ ခရီးစဉ် ရှိပြီးသားဆိုတော့ ကိုယ်တိုင်လည်း ဘာမှ စီစဉ်စရာမလိုဘဲ စိတ်အေးချမ်းစွာနဲ့ သက်သောင့်သက်သာ သွားနိုင်မယ့် ခရီးလေးတစ်ခုဆိုလည်း မမှားပါဘူး။

SIC Tour မှာ အမျိုးအစား (၂) မျိုး ရှိနိုင်ပါတယ်
1️⃣ Guide ပါတဲ့ SIC Tour
- ယာဉ်ကို ခရီးသွားအခြားသူများနဲ့ မျှဝေစီးနင်းရပါတယ်
- ခရီးစဉ်တစ်လျှောက် သတ်မှတ်ထားပြီးသား အစီအစဉ်၊ အချိန်ဇယားများအတိုင်း လည်ပတ်နိုင်ပါတယ်
- Professional Guide ပါဝင်ပါတယ်

2️⃣ Guide မပါတဲ့ SIC (Shared Transfer)
- ယာဉ်ကို ခရီးသွားအခြားသူများနဲ့ မျှဝေစီးနင်းရပါတယ်
- Transfer Only ဖြစ်ပြီး Guide မပါဝင်ပါဘူး
- ဒီ ဝန်ဆောင်မှုကို Airport Transfer, Attraction Transfer များမှာ အသုံးများပါတ​ယ်

🌿 SIC ခရီးစဉ်လေးတွေက
✔️ private tours တွေထက် ဈေးလည်း သက်သာတယ်
✔️ သတ်မှတ်ထားပြီးသား ခရီးစဉ်ဆိုတော့ စိတ်ရှုပ်စရာလည်း မလိုဘူး
✔️ တစ်ဦးတည်း သို့မဟုတ် လူနည်းနည်းပဲရှိတဲ့ ခရီးသွားအဖွဲ့တွေအတွက် အရမ်းအဆင်ပြေတယ်
✔️ Professional ယာဉ်မောင်း နဲ့ guide လည်း ပါဝင်တယ်
✔️ အထင်ကရနေရာတွေလည်း လည်ပတ်နိုင်မယ်

City tours တွေ day trips တွေမှာဆိုရင် SIC ခရီးစဉ်လေးတွေနဲ့ဆို ဈေးသက်သက်သာသာနဲ့ သက်သောင့်သက်သာ ခရီးသွားနိုင်လို့ အကောင်းဆုံး ခရီးစဉ်လေးတွေပါပဲ။
One of a Kind Travel မှာ
👉 Guide ပါတဲ့ SIC Tour
👉 Guide မပါတဲ့ SIC Shared Transfer
👉 Private Tour အားလုံးကို ခရီးစဉ်အလိုက် စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

📩 ဒါဆို သာယာချောမွေ့တဲ့ ပျော်စရာခရီးလေး ဖန်တီးဖို့ One of A Kind Travel နဲ့ ဆက်သွယ်လိုက်တော့နော်။

☎️+959897792996
✉️[email protected]

✨၂၀၂၆ ပထမ (၆)လ အတွင်းမှာ ရုံးပိတ်ရက်တွေ အများကြီးပဲနော်။ လာမယ့် ဖေဖော်ဝါရီ ပိတ်ရက်၊ သက်ြန်ပိတ်ရက်တွေကစလို့ မေလတွေအထိ ရက်...
19/01/2026

✨၂၀၂၆ ပထမ (၆)လ အတွင်းမှာ ရုံးပိတ်ရက်တွေ အများကြီးပဲနော်။ လာမယ့် ဖေဖော်ဝါရီ ပိတ်ရက်၊ သက်ြန်ပိတ်ရက်တွေကစလို့ မေလတွေအထိ ရက်ရှည်ပိတ်ရက်တွေ ရှိတော့ ခွင့်မယူရဘဲ ၂၀၂၆ မှာ ခရီးတွေ အများကြီးသွားဖို့ အခွင့်အရေးတွေ အများကြီးပဲပေါ့။ ✨

လာမယ့် ပိတ်ရက်ရှည်တွေကတော့
✅ ဖေဖော်ဝါရီ ၁၂ ကနေ ၁၇ ရက်အထိ
✅ ဖေဖော်ဝါရီ ၂၈ ကနေ မတ်လ ၂ ရက်အထိ
✅ မတ်လ ၂၇ မှ ၂၉ ရက်အထိ
✅ ဧပြီလ ၁၁ ရက်မှ ၁၉ ရက်အထိ
✅ ဧပြီလ ၃၀ ရက်မှ မေလ ၃ ရက်အထိ

📅 ကဲ ဒါဆို ဘာလို့ ကြို plan သင့်တာလဲ။
✔️ စျေးပိုသက်သာပြီး ပိုကောင်းတဲ့ flight နဲ့ hotel တွေ သေချာရွေးချယ်နိုင်မယ်
✔️ ကိုယ်သွားချင်တဲ့ နေရာအလိုက် အတွေ့အကြုံအလန်းစားတွေ ဖန်တီးဖို့ ကြိုတင်စီစဥ်နိုင်မယ်
✔️ last-minute စျေးကြီးသွားတာမျိုးတွေ ကြိုတင် ရှောင်ရှားနိုင်မယ်
✔️ လူစည်ကားမယ့် အချိန်ဖြစ်ပေမယ့် ကြိုစီစဥ်ထားတော့ စိတ်ပူပန်စရာတွေလည်း ကင်းဝေးနိုင်မယ်

ခဏတာ စိတ်ပြေလက်ပျောက် အပျော်ခရီးပဲ ထွက်ထွက်၊ ကမ်းခြေအလည်ပဲသွားသွား၊ နိုင်ငံခြားကို ရက်ရှည်ခရီးပဲသွားသွား၊ ကြိုတင်စီစဥ်ထားရင် ပိတ်ရက်ရှည်တွေဆိုတာ ခရီးသွားရ အကောင်းဆုံးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပိတ်ရက်တွေမှာ ခရီးထွက်ဖို့ ကိုယ့်စိတ်ကြိုက် budget အလိုက် အမိုက်စားခရီးစဥ်လေး ဖြစ်စေဖို့ One of A Kind မှ စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

📩 ဒါဆို သာယာချောမွေ့တဲ့ ပျော်စရာခရီးလေး ဖန်တီးဖို့ One of A Kind Travel နဲ့ ဆက်သွယ်လိုက်တော့နော်။

☎️+959897792996
✉️[email protected]

ဒီ Bangkok Free & Easy Trip က  ဘယ်သူတွေအတွက် သင့်တော်လဲဆိုရင် 👇✔️ Shopping ထွက်ရင်း Chill ချင်တဲ့သူ  ✔️ Café လှလှလေးတွေမ...
05/01/2026

ဒီ Bangkok Free & Easy Trip က
ဘယ်သူတွေအတွက် သင့်တော်လဲဆိုရင် 👇

✔️ Shopping ထွက်ရင်း Chill ချင်တဲ့သူ
✔️ Café လှလှလေးတွေမှာ ဓာတ်ပုံရိုက်ချင်တဲ့သူ
✔️ Package Tour မကြိုက်ဘဲ ကိုယ့်စိတ်ကြိုက် လည်ချင်တဲ့သူ
✔️ Girlfriends Trip / Couple Trip စီစဉ်ချင်တဲ့သူ
✔️ 2026 ကို အေးအေးဆေးဆေး စတင်ချင်တဲ့သူ

ဒီထဲက တစ်ချက် ကိုယ်နဲ့ကိုက်တယ်ဆိုရင်
ဒီ Trip လေးက သင့်အတွက်ပါ 💚

2026 in less than 12 hours!!!!နှစ်သစ်ကို ကြိုဆိုဖို့ အားလုံး ready ပဲလား? One of A Kind မိတ်ဆွေများ ၂၀၂၆ ကစလို့ စိတ်ချမ်...
31/12/2025

2026 in less than 12 hours!!!!

နှစ်သစ်ကို ကြိုဆိုဖို့ အားလုံး ready ပဲလား? One of A Kind မိတ်ဆွေများ ၂၀၂၆ ကစလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိတ်သွားတိုင်း ကိုယ်ပါပြီး ခရီးတွေအများကြီး ထွက်နိုင်ပါစေ ကမ္ဘာကြီး အနှံ့ ခြေဆန့်နိုင်စေဖို့ One of A Kind Travel မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

မိမိချစ်ခင်ရသူများနဲ့ ပျော်ရွှင်စရာ နှစ်သစ်အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေ။

Address

151 Zayatheidi Street, U9 VIP, Ward 48 North Dagon Township
Yangon

Website

https://www.instagram.com/oneofakindtravel.tmt

Alerts

Be the first to know and let us send you an email when One Of A Kind Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category