AL-BARAKAH Haj & Umrah -အလ်ဗရကဟ်

AL-BARAKAH Haj & Umrah -အလ်ဗရကဟ် "မှန်ကန်စွာဟဂ်ျနဲ့အွမ်ရဟ်ပြုဖို့ အလ်ဗရကဟ်နဲ့ သွားကြစို့"
Mufti Muhammad Anas Spမှ ဦးစီး၍ ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။

ကျွန်တော်တို့   Travel &Tours Company ဟာ လောလောဆယ်မှာ အွမ်ရာဟ် သီးသန့်ဝန်ဆောင်မှုသာပေးနေတာဖြစ်ပါတယ်။   ယုံကြည်စွာဖြင့်မေ...
21/09/2026

ကျွန်တော်တို့ Travel &Tours Company ဟာ လောလောဆယ်မှာ အွမ်ရာဟ် သီးသန့်ဝန်ဆောင်မှုသာပေးနေတာဖြစ်ပါတယ်။

ယုံကြည်စွာဖြင့်မေးမြန်းကြသော အလ္လာဟ်ဧည်သည့်တော် တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

   ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ AL-BARAKAH Travel & Tours ရဲ့ Anniversary လေးကို ရောက်ရှိလို့ လာခဲ့ပါပြီ။   ဦးစွာပထမ အလ...
17/09/2026



ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ AL-BARAKAH Travel & Tours ရဲ့ Anniversary လေးကို ရောက်ရှိလို့ လာခဲ့ပါပြီ။
ဦးစွာပထမ အလ္လာဟ်အရှင်မြတ်သခင်ကို နှလုံးသဲပွတ်ထဲမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အခုလို Social media ခေတ်ကြီးထဲမှာ ဘာ Video content မှမလုပ်ဘဲ ရှရီအသ်ကိုလေးစားလိုက်နာပြီး မှန်မှန်ကန်ကန်ရပ်တည်နိုင်တာ၊ အလ္လာဟ်ဧည့်သည်တော်တွေကို ကောင်းမွန်ပြည့်စုံတဲ့ Serviceတွေ ပေးနိုင်တာ အလ္လာဟ်အရှင်မြတ်ရဲ့ သောင်ဖီးက်ပေးမှု သက်သက်သာဖြစ်ပါတယ်။ ဒီလိုရှရီအသ်ကို လေးစားလိုက်နာပြီးဆောင်ရွက်တဲ့နေရာမှာ အမြင်အားဖြင့် လူအင်အားနည်းသော်ငြားလည်း များစွာသောအေးချမ်းမှုနဲ့ ဗရ်ကသ်မင်္ဂလာ အပြည့်အဝရရှိခဲ့ပါတယ် Alhamdulillah.
အစအဆုံး ယုံကြည်စိတ်ချစွာ လက်တွဲခဲ့ကြတဲ့ အလ္လာဟ်ဧည့်သည်တော်များအားလုံးကို နှလုံးသားထဲက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုတွေကြောင့်ပဲ ကျွန်တော်တို့ ဒီနေ့အထိ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တာပါ။
ရှေ့ဆက် လျှောက်လှမ်းမယ့် ခရီးစဉ်တိုင်းမှာလည်း အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ပေးသွားပါဦးမယ်။
အလ္လာဟ်အရှင်မြတ်အားလုံးကို မိမိအိမ်တော်ကို အကြိမ်ဖန်များစွာ လာရောက်ခွင့် ချီးမြှင့်တော်မူပါစေ။ ✨🤲

အလ်ဟမ်ဒုလိလ္လာဟ် AL-BARAKAH September Umrah Group ဟာဂျီများသည် 14/9/2026 ညနေ 5:45 အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိ...
14/09/2026

အလ်ဟမ်ဒုလိလ္လာဟ် AL-BARAKAH September Umrah Group ဟာဂျီများသည် 14/9/2026 ညနေ 5:45 အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကောင်းမွန်ချောမွေ့စွာနဲ့ ပြန်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

   -BARAKAH September Umrah Group ဟာဂျီများကို မဒီနာရှရီးဖ်၏ ဇေယာရသ်သို့ ပို့‌ဆောင်ပေးခဲ့ပါတယ်။ ဦးစွာပထမ ဟာဂျီများအားလုံ...
13/09/2026



-BARAKAH September Umrah Group ဟာဂျီများကို မဒီနာရှရီးဖ်၏ ဇေယာရသ်သို့ ပို့‌ဆောင်ပေးခဲ့ပါတယ်။

ဦးစွာပထမ ဟာဂျီများအားလုံးကို ရေယာဇွလ်ဂျန္နဟ်သို့ ဝင်ရောက်ပြီး အိဗာဒသ်ပြုစေခဲ့ပါတယ်။

အိုဟုဒ်တောင်၏မြင့်မြတ်မှုနှင့် အိုဟုဒ်စစ်ပွဲအကြောင်းကိုအသေးစိတ် ဆရာမှရှင်းပြပေးခဲ့ပါပြီး ဟဇရသ်ဟမ်ဇဟ်သခင်ကြီးနှင့်ရှဟီဒီပေါင်းခုနှစ်ဆယ်ကို ဇေယာရသ်ပြုခိုင်းခဲ့ပါတယ်။

မက်စ်ဂျေဒေကိဗ်လသိုင်းန်၏သမိုင်းဝင်‌အကြောင်းများနှင့် ဒုအာကိုဘယ်လိုစိတ်‌ရှည်စွာနဲ့‌တောင်းရမယ်၊ အလ္လာဟ်အပေါ်မှာယုံကြည်မှုအပြည့်ထား၍တောင်းခံရမယ်ဆိုတာကိုတင်ပြခဲ့ပါတယ်။

မက်စ်ဂျေဒေကူဗဟ်၏သမိုင်းဝင်အကြောင်းများနှင့် ဗလီအနီးရှိသမိုင်းဝင် အရီစ်(သို့)ခါသမ်ရေတွင်းနှင့်ပတ်သက်ပြီးအထူးတင်ပြခဲ့ပါတယ်။

မက်စ်ဂျေဒေဂျုမုအဟ် နှင့် မက်စ်ဂျေဒေဖသဟ်ဆဗ်အဟ်မဆာဂျိဒ်သမိုင်းကြောင်းကိုလည်း ရှင်းပြပေးခဲ့ပါတယ်။

ခန်ဒက်စစ်ပွဲဖြစ်ခဲ့သည့်သမိုင်းဝင်နေရာများကိုလည်းသွားရောက်လေ့လာခဲ့ပြီး သမိုင်းကြောင်းများကိုလည်းသေချာပြောပြပေးခဲ့ပါတယ်။
(ဂရက်စ်‌)ရေတွင်း နှင့် ဟဇရသ်ဆလ်မာန် ဖာရစီသခင်ကြီး၏ဥယျာဉ်ကို သွားရောက်လေ့လာခဲ့ပါတယ်။

  AL-BARAKAH September Umrah Group ဟာဂျီများသည် မက္ကဟ် မှ မဒီနာသို့ Bullet Train ဖြင့် စတင်ထွက်ခွာနေပြီးဖြစ်ပါသည်။
10/09/2026


AL-BARAKAH September Umrah Group ဟာဂျီများသည် မက္ကဟ် မှ မဒီနာသို့ Bullet Train ဖြင့် စတင်ထွက်ခွာနေပြီးဖြစ်ပါသည်။

09/09/2026


AL-BARAKAH September Umrah Group ဟာဂျီများကို ဂျစ်ဒဟ်Bar.B.Q Tonight တွင် ညစာဘူဖေး သုံးဆောင်စေခဲ့ပါသည်။

  AL-BARAKAH September Umrah Group ဟာဂျီများကို ဂျိဒ္ဒဟ်အလည်အပတ်နှင့် ဟရ်မိုင်န်ပြတိုက်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့နေ...
09/09/2026



AL-BARAKAH September Umrah Group ဟာဂျီများကို ဂျိဒ္ဒဟ်အလည်အပတ်နှင့် ဟရ်မိုင်န်ပြတိုက်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထို့နောက်ပင်လယ်ကမ်းခြေရှိ ရေပေါ်ဗလီ မစ်က်ဂျေဒုရ်ရဟ်မဟ်သို့ ပို့ပေးခဲ့ပါသည်။

ထို့နောက် Bar B Q Tonight Restaurant တွင်ညစာဘူဖေးသုံးဆောင်ခဲ့ပါသည်။

ထို့နောက် တမန်တော်မြတ်ကြီး(‎ﷺ)ဟိုဒိုင်ဗီယဟ် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့သည့် သမိုင်းကြောင်းများကို ရှင်းပြပေးခဲ့ပြီး ထိုနေရာမှ အွမ်ရဟ်ပြုလုပ်ရန် အဲဟ်ရာမ်ခြုံခဲ့ကြပါသည်။

အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်တို့ AL-BARAKAH September Umrah Group ကို မက္ကဟ်ဇေယာရသ် နှင့် သွာအိဖ်ဇေယာရသ်သို့ ပို့ပေးခဲ့ပြီ...
07/09/2026

အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်တို့ AL-BARAKAH September Umrah Group ကို မက္ကဟ်ဇေယာရသ် နှင့် သွာအိဖ်ဇေယာရသ်သို့ ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။

ဦးစွာပထမ တမန်တော်မြတ်ကြီး(‎ﷺ)၏ဟိဂျ်ရသ်ခရီးစဥ် နှင့် မီနာ၊အရ်ဖဟ်၊မွဇ်ဒလိဖဟ်၊ဂါရိဟေရဟ် နှင့်အခြားသောသမိုင်းဝင်နေရာများကိုပို့ဆောင်ပေးပြီး တိကျမှန်ကန်သော သမိုင်းကြောင်းများကို ရှင်းပြပေးခဲ့ပါတယ်။
ထို့နောက်သွာအိဖ်ခရီးစဉ်နဲ့ပတ်သက်ပြီး အကျယ်တဝန့်ရှင်းပြပေးခဲ့ပါတယ်။

ထို့နောက်မစ်ဂျေဒေအဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်သခင်ကြီးဗလီ၊ မစ်ဂျေဒေအလီဗင်န်အဗီသွာလိဗ်ဗလီကြီးနဲ့ တမန်တော်မြတ်ကြီး (‎ﷺ)ကြွမြန်းတော်မူခဲ့တဲ့ အဖွားအိုကြီးရဲ့အိမ်ကိုသွားရောက် ဇေယာရသ်ပြုခဲ့ပါတယ်။ မက်စ်ဂျေဒေ အိုဒါစ်ဗလီကတော့ဒီတခေါက်သွားရောက်ခွင့်မရခဲ့ပါဘူး မွမ်းမံပြင်ဆင်နေလို့ပါ။
အဲဒီ့နောက်မှာတော့ အလ္လာဟ့်ဧည့်သည်တော်များကို cableကားများ စီးပေး၍ ကိုယ်စီကိုယ်ငှ ဆုမွန်ဒိုအာများလုပ်ခိုင်းခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သွာအိဖ် restaurantတွင် နေ့လယ်စာဖြင့် တည်ခင်းကျွေးမွေးပြီး မိကားသ်ဗလီ၌ အဲဟ်ရာမ်ခြုံ၍ အွမ်ရာဟ်အတွက် နိယသ်ပြုလုပ်ခဲ့ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when AL-BARAKAH Haj & Umrah -အလ်ဗရကဟ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share