08/06/2026
Hello ! နယူးဇီလန်ရောက် မြန်နိုင်ငံသူနိုင်သားများ ခင်ဗျာ...
မကြာခင်ကျရောက်တော့မယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက် န်ုင်ငံ အသီးသီးမှာစပြီး လုပ်ဆောင်နေကြတာ အားလုံးတွေ့ကျမယ်ထင်ပါတယ်
ထိုနည်းတူစွာပဲ ကျတော်တို့ နယူးဇီလန်ရောက် မြန်မာ များ အနေနဲ့လည်း ဝိုင်းဝန်းပါဝင်ကျဖို့ဖိတ်ခေါ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာပြီး အချုပ်အနှောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ လူထုခေါင်းဆောင်ကို အမြန်ဆုံး ပြန်လည်လွတ်မြောက်အောင် ကျတော်တို့ အတူတူ ဆုတောင်း မေတ္တာ ပို့ကြရအောင်ပါ...
အသေးစိတ်အချက်အလက်များကို Oo Bazaar page မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်
Order တွေဖြည့်ရင်း တံတွေးခဏခဏမြိုချနေရတဲ့ မင်မင်ရဲ့ စိတ်ကူးကလေးများ 😋😋😋😋😋
ပွဲနေ့မှာမှ ဝယ်စားမယ် စိတ်ကူးရင် ကိုယ်ရောက်သွားတဲ့အချိန် ကိုယ်စားချင်တဲ့ဟာက ရှိချင်မှ ရှိတော့မှာ .. ဒီတော့ နောက်ရက် မနက်စာအတွက်က
နန်းကြီးသုပ်လေးလား ဧရာဝတီမုန့်ဟင်းခါးလေး မှာရမလား --အို မထူးပါဘူး နှစ်မျိူးလုံးပဲ မှာလိုက်တော့ကွာ 😋😜
ဒီပွဲကနေ ဟင်းပွဲလေးတွေကိုက မှာပြီး Freezer မှာသိမ်းထားမယ် .. မှာစရာဟင်းတွေ လည်း အများကြီးပဲ .. အမဲသားနှပ်| ဝက်သားဆီပြန်အစပ်| ကြက်မာမရမိးပြား|ဆိတ်မဆလာ|ဆိတ်ကလယ်|ငါးဖယ်ကြော် | ပုဇွန် ငါးဆုပ်| ငါးဖက်ခရမ်းချဉ် အထူးသဖြင့် ဂျီသားချဉ်စပ်ကလေးဆိုရင် မျှဉ်းမျှဉ်းပြီး စားမယ် ..ရှားပါးလေးကိုး 😋
ကယားဝက်အူချောင်းလေးဆို - microwave လေးနဲ့ နွှေး ထမင်းပူပူလေးကို နှမ်းဆီမွှေးလေးဆမ်း - သူနဲ့တင် ပြည့်စုံရဲ့ 😋 သူ့ထက် ပြည့်စုံချင်ရင် ငါးထမင်းနယ်လေးမှာလိုက် -အဲဒါလေးနဲ့တွဲစား နတ်သုဒ္ဓါပဲပေါ့ 😋
နောက် ~ ငပိရည်ကြို| ငရုပ်သီးလှော်| ကြက်သွန်ဖြူကြော် - ကိုယ်တိုင်လုပ်ရင် အညှော်မိမယ် ~ မှာသာချလိုက် 😄
အမြဲ ရောင်းမလောက် ဖြစ်ရတဲ့ ပဲကြော်လေးလည်း မှာထားဦးမှ ..ဒါမှ ကိုယ်မိတ်ဆွေတွေနဲ့ အုန်းနို့ခေါက်ဆွဲ|မုန့်ဟင်းခါးချက်စားဖြစ်တဲ့အခါ အဆင်သင့် ☺️
တို့တွေ လမ်းဘေးဆိုင်လေးတွေ စားရတဲ့ ခံစားချက်လေးတွေ ပြန်ရချင်ရင် လက်ဘက်ရည် | အသုပ်စုံ| မုန့်လင်မယားနဲ့ ဝက်သားတုတ်ထိုး ကြာဇံကြော်လေးမှာစားပြီး ငယ်ဘဝက လျှောက်သွား လျှောက်စားခဲ့တာလေးတွေကို လွမ်းလို့ရတယ် ☺️ ပွဲမှာ အကြော်စုံလေးကလဲပါဦးမှာ 😋
ပြီးရင် ~စုံလိုက်တဲ့ မြန်မာမုန့်မျိူးစုံရယ်( ထိုးမုန့်| ငှက်ပျော ဆနွင်းမကင်း| ရွှေကြည် ဆနွင်းမကင်း | မုန့်ပဲဆုပ် | မန္တလေးပဲကြော် | အန်းနို့သာကူပြင် | ဒူးရင်းမလိုင်| မုန့်ဖက်ထုပ် /ငှက်ပျောကောက်ညှင်းထုပ် နဲ့ ကမ္ဘာပတ် အချိူပွဲများစွာတွေဖြစ်တဲ့ bubble teaအစုံနဲ့ Turkish baklava, caramel pudding, oat cookies တွေရယ် ~ ဘေဘီကြိုက်တာရွေးပဲ ( Sold out -နို့မလိုင်လေးကလွဲ လို့ပေါ့လေ) 😆
ယိုးဒယား သင်္ဘောသီးထောင်းတွေ နဲ့ အီဆန်ကောက်ညှင်း ဝက်သားချဉ်တွေပါ ပါလာပြီနော် .. Menu တွေက ရှယ်တွေချည်း 😁
ဪ မေ့လို့ ~ ပဲပြုတ်လေးလည်း ဝယ်ပြီးခဲထားရမယ် .. ဒီပွဲပြီးလို့ တခြားဟာတွေကုန်ရင် ပဲပြုတ်ထမင်းကြော်နဲ့ပဲ နှစ်ပါးသွားကရတော့မှာကိုး 🫢😄
ဝက်ခေါင်းသုပ် |ဝက်ခေါက်ကြော် | ဝက်မွကင်လေးဟာဆိုရင်ဖြင့်လည်း ဘာလေးနဲ့ လိုက်သလဲ သိတယ်မို့လား ပိတ်သတ်ကြီး 🫢🍻menu အသစ် ဝက်မွကင်လေးဆို မင်မင် အရင်ပတ်က မှာကတည်းက ကြွေ - သူ့ကို စားခါနီး air fryer မှာထပ်ထည့် ..ပြီးရင် ရှိတဲ့ အရည်လေးနဲ့ တွဲသောက် ..နတ်ဗိမ္မာန်ပဲပေါ့ ..Bubble Tea ပြောပါတယ် 😜😂
ပြီးရင် ငယ်ငယ်က ဗီဒီယိုရုံတွေ သွားခဲ့ရတဲ့ vibe ပြန်ရချင်ရင် ကိုးမျိူးသီးစုံယိုလေးနဲ့ စာကလေးခွေသာ ဆောင်ထား ~ Netflix &Chill 😂😜
ကဲ ~ ဘာမှ တွေးမနေနဲ့တော့ မှာသာချလိုက်ပါတော့လို့ 😁
မှာဖို့က ယူတို့တာဝန် 😘စာရင်းမှတ်ဖို့ မင်မင်တာဝန်ထားလိုက်နော် 😘