18/06/2026
Hello everyone
အချိန်လေးနဲနဲရတာနဲ့ စာလေးနဲနဲရေးအုံးမယ်နော်
အိုမန်နိုင်ငံကဟိုတယ်တွေရဲ့အခြေအနေဟာဆိုရင်ဖြင့် ခုချိန်မှာရွှေရောင်မျှော်လင့်ချက်လေးတွေသမ်းလာဖို့ အလားလာရှိနေပါပီ
ဘာလို့ဆိုအားလုံးသိကြတဲ့အတိုင်းအပစ်အခတ်လဲရပ် စစ်ပြေငြိမ်းရေးလဲအဆင်ပြေဆိုတော့ကာ အောက်တိုဘာလကစလို့ ဧည့်သည်တွေအရင်လို့ပြန်ဝင်မယ်လို့မျှော်လင့်ရတာပေါ့လေ😉
ဒါပေမဲ့အခုချိန်ထိကတော့ဝန်ထမ်းတော်တော်များများ unpaid leave တွေနဲ့စက်တင်ဘာလအထိဆက်နေနေရတုန်းပါပဲ ဒူဘိုင်းလဲတူတူပဲလို့ကြားပါတယ်
ခန့်တို့ဆီလဲ ဝန်ထမ်ရတော်တော်များများ unpaid leave နဲ့အိမ်ပြန်ထိုင်နေကြရတယ် ဒီချိန်မှာတစ်ခုအကြံပေးချင်တာက unpaid ကို၃လလောက်ဆက်တိုက်ရပီဆို အိမ်မှာပဲထိုင်မနေတော့ပဲနဲ့ အလုပ်တွေဆက်တိုက်လျှောက်ကြည့်စေချင်တာပါ
GCC နိုင်ငံတွေဘယ်လိုပဲအလုပ်ကိုင်မကောင်းဘူးပြောပြော ဟိုတယ်တချို့ကတော့ အလုပ်တွေခေါ်နေကြဆဲပါပဲ ပီးတော့ မြန်မာနိုင်ငံကမောင်လေးညီမလေးတွေလဲ ကိုယ့်ရဲ့ cv form ကိုအကောင်းဆုံးပြင်ထားစေချင်တယ် နောက်လာမဲ့ high season မှာ job opportunity တွေအရမ်းကိုအလားလာကောင်းမှာမြင်မိတယ် ဘာလို့ဆိုအထူးသဖြင့် Dubai ကဝန်ထမ်းလျှော့ထားတဲ့ဟိုတယ် တွေက ဒီလာမဲ့ရာသီချိန်မှာ သေချာပေါက်ဝန်ထမ်းတွေလိုလာမှာပဲ အဲ့တော့ Linked in ကိုမကြာခဏဖွင့်ပီး ဝန်ထမ်းခေါ်တဲ့post တွေမှာ apply လိုက်လုပ်စေချင်တယ် အလုပ်ရတာ မရတာကိုအသာထား interview အတွေ့အကြုံများများရှိခြင်းဟာ သူများထက်အလုပ်ရဖို့ပိုလွယ်ကူတယ်
အထူးသဖြင့် interviewer နဲ့စကားပြောအမေးအဖြေလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာစေတယ်
အမှန်တိုင်းပြောရရင် အလုပ်တစ်ခုရဖို့က first impression ဖြစ်တဲ့ interview တဲ့အချိန်ကအရေးကြီးဆုံးပဲ တစ်ခါတစ်လေ ကိုယ့်မှာဘာအတွေ့အကြုံမှမရှိပေမဲ့ ယုံကြည်မှုအပြည့်နဲ့သာ interview ကိုဖြေပါ အရေးကြီးဆုံးကတော့ ပြုံးပါ အထူးသဖြင့် hotel life interview ဖြစ်တဲ့အတွက် interviewer ကကိုယ့်အပြုံးလေးကြောင့်ပဲအလုပ်တန်းခန့်သွားနိုင်ပါတယ် (အပိုမဟုတ်ဘူး ကိုယ်တွေ့နော်) အလုပ်က operation ထဲရောက်ရင်သူ့ဘာသာလုပ်ရင်းတတ်သွားပါလိမ့်မယ် (ကိုယ့်ဘက်ကကြိုးစားသင်ယူဖို့တော့လိုတာပေါ့နော်)
ဆိုတော့ကာ အားလုံးပဲလာမဲ့ high season မှာအလုပ်ကိုင်အခွင့်လမ်းကောင်းတွေရကြပါစေလို့ ဆုတောင်းပေးပါတယ် 🫶🏻