
06/06/2025
Chiny wtrącają się w wewnętrzne sprawy Birmy, stojąc po stronie junty. Taki sojusznik 🤮
Armie wolnościowe nie powinny słuchać chin, tylko atakować i przeszkadzać juncie na wszystkie możliwe sposoby.
Mam nadzieje, że w końcu zdarzy choćby jedna mądra osoba w Birmie i zniszczy gazociąg do chin. Z niego junta ma bardzo dużo pieniędzy, a tak to zostanie bez środków na prowadzenie wojny.
W Europie zniszczony został gazociąg pod morzem bałtyckim i uderzyło to w kieszeń Putina.
Weźcie przykład z Europejczyków, którzy się postawili i atakują w budżet wroga.
Zniszczcie gazociągi i uderzajcie w infrastrukturę strategiczna i krytyczną junty
Nie patrzcie na chiny, dla chin to biznes, dla Birmy walka o wolność i przetrwanie.
Wolny świat jest z Wami. Wszystkie chwyty podczas wojny są dozwolone!
တရုတ်နဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှု ကြုံနေရသော်လည်း သိမ်းပိုက်နယ်မြေ ၁၂ မြို့ကို TNLA က ပြန်ပေးရန်မရှိဘဲ အိမ်ထောင်စုဇယားနဲ့မှတ်ပုံတင် ထုတ်ပေးတာ၊ ယာဉ်မှတ်ပုံတင်ထုတ်ပေးတာတွေ လုပ်ဆောင်ပေးနေ
ရန်ကုန်၊ ဇွန် ၆
တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေ ဆက်လက်ခံနေရပေမယ့် ဖြေရှင်းဖို့နည်းလမ်းရှာနေပြီး သိမ်းပိုက်ထားတဲ့ နယ်မြေများ ပြန်လည် ပေးအပ်မည်မဟုတ်ကြောင်း မနေ့ ဇွန် ၅ရက်မှာပြုလုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ရဲ့ ဖိအားပေးမှုတွေကို အပြင်းထန်ဆုံး ကြုံနေရပေမယ့် TNLA အနေနဲ့ မူလရည်ရွယ်ချက်အတိုင်း ဆက်လက်ရပ်တည်ပြီး သိမ်းပိုက်နယ်မြေတွေ ပြန်လည်ပေးဖို့ မရှိကြောင်း၊ လာမယ့် ဩဂုတ်လအတွင်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးပွဲ ထပ်လုပ်ဖို့ ရှိပေမယ့်လည်း TNLA ရပ်တည်ချက် ပြောင်းမှာမဟုတ်ကြောင်း သူက ပြောဆိုပါတယ်။
TNLA က သိမ်းပိုက်ထားတဲ့ ၁၂ မြို့နယ်မှာ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေ ထုတ်ပေးတာ၊ မော်တော်ယာဉ်လိုင်စင် ထုတ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဧပြီလ နောက်ဆုံးပတ် တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက သီပေါ၊ နောင်ချို၊ ကျောက်မဲ၊မိုးကုတ်နဲ့မိုးမိတ်တို့ကို ပြန်ပေးဖို့တောင်းဆိုထားတာကြောင့် TNLA ဘက်ကမပေးဘဲ ကာကွယ်သွားမယ်လို့ပြောထားခဲ့တာပါ။
"စစ်ကောင်စီက ထိုးစစ်တွေကဆက်တိုက်လုပ်နေလို့ ကျမတို့ကခုခံပိုင်ခွင့်အရပြန်တိုက်တော့ တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတာ ၊တရုတ်အစိုးရရဲ့ဖိအားကလည်း ဆက်ရှိနေပါတယ်၊ ရှိနေတဲ့အတွက် ဒါကိုကျမတို့နည်းလမ်းရှာဖွေပြီးတော့မှ ဆောင်ရွက်မှာဖြစ်ပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။
ငလျင်ကြောင့် အခုလကုန်အထိ ယာယီအပစ်ရပ်ကြောင်း နှစ်ဖက်လုံးကကြေညာထားပေမဲ့ စစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမှာတိုက်ပွဲတွေဖြစ်ပွားပြီးစစ်ရေးတင်းမာနေတုန်းပဲဖြစ်တယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေတွေထဲ ဧပြီဆွေးနွေးပွဲနောက်ပိုင်းကစလို့ စစ်ကြောင်းထိုးမှုတွေ ပိုလုပ်လာသလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပိုမိုတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့မေလ ၁ လလုံး တိုက်ခိုက်မှုပေါင်း ၁၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
Photo- AFP