Footprints of Joy Journey

Footprints of Joy Journey Sharing my travels and joyful moments around the world 🌏✨

မဂၤလာပါခင္ဗ်ာ
ခေတ်မှီဆန်းသစ်သောDesignနှင့် Quality ပြည့်မှီသော အမျိုးသားဝတ် Shirt များကို UNICON မိသားစုမှ ရောင်းချပေးနေပါပီခင်ဗျာ

25/11/2025

Catching waves and dolphins in the Maldives. 🌊🐬 The bow, Arrow & Sunset Trend

ဒီတခေါက်ကတော့ 2025 နှစ်လယ် က သွားထားတဲ့ Maldives 🇲🇻 Kani Resort မှာ vacation ခဲ့တုန်းက အတွေ့အကြုံအမှားလေးတွေ Sharing လုပ...
25/11/2025

ဒီတခေါက်ကတော့ 2025 နှစ်လယ် က သွားထားတဲ့ Maldives 🇲🇻 Kani Resort မှာ vacation ခဲ့တုန်းက အတွေ့အကြုံအမှားလေးတွေ Sharing လုပ်မှာ

Maldives ကို သွားမယ် Plan ထားတဲ့ သူများ ဒီ Post လေး သေချာ ဖတ်ကြည့်နော် ….
Maldives ကို သွားမယ် ဆိုရင်လေ လှတာကတော့ ပြောစရာမလိုဘူးပေါ့နော်
ကျွန်းရွေးချယ်မှုကအဓိက ကျတယ် သွားမဲ့လ ရဲ့ ရဋသီဥတု လဲ ကြည့်ရမယ် ရေနည်းရင်လဲ မလှ သလို ရေစီးကြမ်းရင်လဲ ကိုယ်​တွေလို Activities မစုံဘူး​ပေါ့

Reviews တွေ Vlog တွေကြည့်သလောက်ပေါ့နော် ကျွန်းတွေ အကုန်လုံးက Resort တိုင်းကလှတယ် Services ပြည့်စုံတယ် Resort တိုင်းက အပြိုင်အဆိုင်ပဲ မို့ Activies တွေ စုံလင်တယ်

အိုခေ ဒီနေရာမှာ က Maldives လဲ သွားချင်တယ် ဘယ် ကျွန်းကို ရွေးရမလဲ မသိတဲ့ သူတွေ အတွက် ဒီပို့စ်လေးနဲ့ ကိုယ့်ရဲ့အမှားကို ဖတ်ပီး ရွေးချယ်ကြပါလို့

ကိုယ်တွေကတော့ မြန်မာတွေ အများဆုံး သွားတဲ့ Kani ပဲ ရွေးဖြစ်တယ် Overwater suit All inclusive plan ဝယ်လိုက်တယ်
ကိုယ်က ဒီတခုပဲ ရောက်ဖူးလို့ထင်တယ် Kani Activities တွေက အချိန်တိုင်း Join ချင်စရာတွေပဲပေါ့နော်
တခုပဲ ရေသာအရမ်းကူးတတ်နေခဲ့ရင် တအား တန်မှာပါ Water activities များတာကိုးးး
တခြား ကျွန်း တွေလဲ သူတို့ Activies တွေလဲ စိတ်ဝင်စားစရာကောင်းတာ Vlogs တွေမှာ တွေ့ဖူးတယ်

ဒီမှာ ကိုယ်တွေက ရွေးချယ်မှု က 60% လောက်လွဲချော်သွားတယ်လို့ထင်တယ်
တကယ်တော့ လေ သွားခါနီး Foreign Vlog တွေကြည့်ခဲ့တယ် အများကြီး
Activies တွေ Join နိုင်အောင် ရေကူးတောင် ပြေးသင်လိုက်သေးတာ ၃-၄ လ အလိုမှာ 🤪🤪🤪
Main အလုပ်ချင်ခဲ့ဆုံး က Swimming with Nurse Shark Activies အလုပ်ချင်ဆုံးတာက Bucket Lists ထဲက တခုပေါ့နော်
တွေ့ဖူးကြမလားပဲ Shark ပတ်ချာလည်နဲ့ Water bed လေးနဲ့လေ ရေပေါ်မှာ အဲ့ဒါတွေ့ပီး ရူးခဲ့တာ က ဒီခရီးစတင်တာ 😂😂( အောက်မှာ ကိုယ်သွားစုံစမ်းထားတဲ့ Guide တွေဆီက သူများပုံပြထားတယ် )
သေချာ Research မလုပ်မိတာ က တကျွန်းကနေ တကျွန်း အလွယ်တကူ ကူးလို့ရမယ်ပဲ ထင်ခဲ့တာ
ပီးတော့ ကျွန်းတိုင်းမှာ အဲ့ Activities ရမှာပါ ဆိုပီး တွေးခဲ့တယ်
Kani မှာ Swimming with shark Activity ရှိတယ် ဒါမဲ့ သူက Bed နဲ့ မဟုတ် အလွတ်ကူးရတဲ့ အတွက် သတ္တိ မရှိခဲ့ပါဘူး 🤪🤣 အဲ့အပြင် စျေးက USD 500+ ဆိုတော့ နဲနဲ လက်တွန့်သွားခဲ့တယ်
ထင်ခဲ့တာတွေ က အကုန် တက်တက်စင်လွဲခဲ့တယ်
တကျွန်းကနေ တကျွန်း ကူးရလဲ မလွယ်ခဲ့ဘူး Speed Boat က အချိန်နဲ့ ထွက်သလို ထွက်တာကလဲ Airport ပဲ ရောက်တာ အဲ့ Shark Activies တွေ ကို အဓိက လုပ်တဲ့ ကျွန်းတွေကို ဆက်သွယ်ပြန်တော့လဲ သူတို့ကျွန်းမှာ တည်းတာ မဟုတ်တော့ Airport ကို လာမကြိုချင်ကြဘူးးး သူတို့ဆီ လာတည်းဖို့ပဲ ခေါ်ကြတာ အဲ့ ရောက်မှ အကုန်စုံစမ်းတော့ မမှီတော့ ဆုံးဖြတ်ရခက် အဲ့လိုတွေ ဖြစ်
တခါလေး ရောက်တာမို့ ပိုက်ဆံ အကုန်ခံမယ်ဆိုပီး Boat တွေစငှါး အကုန် စုံစမ်းပြီးတော့လဲ မနက် ၄ခွဲ ၅ မှာ အဆုံးအစ မရှိတဲ့ ပင်လယ်ပြင်မှာ Speed Boat 1:30/ 2 hrs စီးရမယ်ဆိုတော့လဲ တွန့်သွားပြန်ရော 🥲
ကိုယ်တယောက်ထဲ တက်ကြွတဲ့ ကြက်ဖ ဖြစ်နေတာလေ အဲ့တော့ အားမတန်တော့ မာန်လျှော့ ပြီး Kani က Shark Activity ကို ဝယ်မယ်လုပ်တော့လဲ အဲ့ Service က အဲ့ အပတ်မှာ မှ ၂ ရက်ပိတ်တယ်တဲ့
ကိုယ့်ရဲ့ Research မပြည့်စုံမှု နဲ့ ပိုက်ဆံထပ်သုံးဖို့ ချီတုံချတုံဖြစ်မှု ပေါ့လေ 🥹
အဲ့တော့ အဆုံးသတ်က Shark activity မလုပ်ခဲ့ရဘူး
အဲ့ဒါလုပ်ချင်လို့ Maldives သွားဖို့ Plan ခဲ့တာ ကြောင့် ဆုံးဖြတ်ချက်လွဲမှားခဲ့ပါတယ် 🥲🥲🥲

အဓိက စဉ်းစားရမှာ က ကိုယ်က ဘာလုပ်ချင်တာလဲ Vacation Relax သီးသန့်လား ဘာလုပ်ချင်တာလဲပေါ် မူတည်ပီး ကျွန်းသေချာရွေးပါလို့ ကိုယ်တွေတော့ နောက်တခါ ငွေအား ထပ်တတ်နိုင်ရင် Maafushi Island မှာ ထပ်တည်းဖြစ်ပါမယ် Shark activity Join ချင်လို့ 😂 🦈
ခုက Kani အကြောင်းဆိုရင်တော့ Kani က အရမ်းလှ သလို အရမ်း Chill လို့ကောင်းတဲ့ ကျွန်း ဖြစ်တာကတော့ တခြား Vlogs တွေအကုန်မြင်ဖူးမှာပါ ရှိသမျှ Activities တွေလဲ Vloggers တွေထဲ ပါနေပီဆိုတော့ နောက်ပို့စ် အကျဉ်းချုပ် ရေးပါတော့မယ်

ရေလမ်းခရီးမို့ စိတ်ပူတတ်တဲ့ သူတွေသာဆို Kani က မြန်မာတွေကိုလဲ မစိမ်းကြတာမို့ Safe ဖြစ်တယ်လို့ ခံစားရတယ် ကိုယ်တွေကတော့ ရေတအား မကူးတတ်တာ​ရော အဲ့လ မှာ ရေစီးတအားသန်တာ​ရော ကြောင့် Scuba Diving & Snokelling တွေမှာ Swim Test အကုန် Fail လို့ မJoin ခဲ့ရပါဘူး 🤧🤣🤣
Kani ကလေ Safe ဖြစ်အောင် သေချာ လုပ်ထားတယ် ရေကတော့ ရေအလယ်အလတ်လောက်ရှိမှလဲ Activities တွေက လှပီး လုပ်ကောင်းတာကိုး အဲ့တော့ ရေကူးကောင်းကောင်းလုပ်နိုင်မှ အဆင်ပြေမှာ ဖြစ်တာတော့ လက်ခံတယ်
Snokelling ကတော့ လက်မခံချင်ဘူး 😂🤣🤣
စာလဲ အတော်ရှည်သွားပြီ အတွေ့အကြုံတွေကတော့ ပြောမကုန်ဘူးး အသားတော့ အတော်မဲပါတယ် 🤣
တခြားသိချင်တာလေးတွေ ရှိရင် မန့်မှာ ရေးပေးထားခဲ့နော် ….

28/10/2025

ဒီTrip က မနှစ်က June မှာ Indonesia Bali ကို သွားခဲ့တဲ့ ပုံလေးတွေ
Bali လို့ရှာလိုက်ရင် Ricefields တွေရယ် Temple ရယ် Mountains တွေ Waterfalls တွေရယ် နဲ့ တအားကို လှပတဲ့ သဘာဝတရားတွေ အများကြီးပဲ
အဲ့ထဲမှာမှ Bali ရောက်ရင် တော်တော်များများ Join ကြတဲ့ Trend ကတော့ Bali Swing ပါပဲ
တချို့ကတော့ ကိုယ့်ဝတ်စုံ နဲ့ ကိုယ် စီးကြတာပါပဲ
တချို့ကတော့ နာမည်ကြီး Bali Swing တွေမှာ ဝတ်စုံငှါး စီးပီး ဓာတ်ပုံရိုက်ကြတယ်ပေါ့နော်
ဒီမှာ ပြောချင်တာက သတိထားရမဲ့ အချက်ပါ
ဒို့က Popular ဖြစ်တဲ့ Alas Harum in Ubud မှာ ဝတ်စုံငှါးပီး ဓာတ်ပုံ & Video ရိုက်ခဲ့ပါတယ် 😁😁😁
သူတို့ အဲ့နားမှာတင် Photo & Video Camera နဲ့ရိုက်ပေးတဲ့ Service ရှိပါတယ် ဝတ်စုံ အတွက်ရော Video အတွက်ရော စျေးတော့ နဲနဲကြီးတယ် သေချာအတိအကျ မမှတ်မိတော့ဘူး
အဲ့မှာ ဒို့ ကတော့ Experience ကောင်းကောင်းရခဲ့ပါတယ်
ဒို့ က Smell Sensitive အရမ်းဖြစ်တတ်တဲ့ သူ ဆို​တော့
ဒီနေရာမှာ ဒီဝတ်စုံ ဝတ်ခဲ့တာ ကံဆိုးတယ်
Bali က အရမ်းပူတော့ ချွေးအရမ်းထွက်တယ်
ပိုက်ဆံရှင်းပီး ဝတ်စုံသွားရွေးမှ ဝတ်စုံတွေက Smell အရမ်း ထွက်နေတယ် 🤣🤣🤣
လူတိုင်းက ပူနေကြတာကိုး ဒို့​တော့ တွန့် သွားပေမဲ့
မဖြစ်သေးဘူး ဟဲ့ ငါ ပိုက်ဆံပေးထားတာ ဆိုပီး ဝတ်ခဲ့ပါတယ်
ပြီးတော့ တနေကုန် ဘယ်မှ ဆက်မသွားနိုင်တော့ပါဘူး 🤣🤣🤣
အဲ့တော့ Smell sensitive ဖြစ်ရင်တော့ နဲနဲရွေးပါလို့
Popular ဖြစ်တဲ့ အရောင်လဲ ကွာမယ်ထင်တယိ
Premium Dress တွေ ဆိုတာလဲ သပ်သပ်ရှိတော့ အဲ့ဒါလဲ ပါနိုင်သလို
ကို့ဟာကို ဝတ်စုံရွေးတ ကံဆိုးတာလဲ ဖြစ်နိုင်ပါတယ် 😅
သူတို့​ပေးတဲ့ Photo & Video တွေလဲ အရမ်းအကောင်းကြီးတော့ မဟုတ်ပါဘူး ကိုယ့်ဖုန်းနဲ့တင် အဆင်ပြေတယ် လို့ထင်တာပဲ….
အနှစ်ချုပ်က​တော့ Google မှာ Popular ဆိုတိုင်းလဲ နဲနဲတော့ ရွေးပါလို့ 🥲🥲🥲
Ps: Bali သွားဖို့ လာမေးသူတိုင်းကိုတော့ ပြောပြဖစ်တယ် ရွံတတ်ရင် စဉ်းစားဖို့ 🤪🤪🤪

နောက်ပို့စ်တွေမှာ လဲ Bali ပုံလေးတွေနဲ့ အတွေ့အကြုံလေးတွေ ဝေမျှ ပေးသွားမယ်နော်….

ဒီပို့စ်က Personal အကောင့်မှာ ခရီးပုံတွေ တင်ထဲက လာလာမေးကြတာ ၅ ယောက်လောက်ရှိပီမို့ စင်ကာပူမှာနေတဲ့ အနီရောင် Passport ကိုင...
25/10/2025

ဒီပို့စ်က Personal အကောင့်မှာ ခရီးပုံတွေ တင်ထဲက လာလာမေးကြတာ ၅ ယောက်လောက်ရှိပီမို့ စင်ကာပူမှာနေတဲ့ အနီရောင် Passport ကိုင်ထားသောမြန်မာများ အတွက် Sharing လုပ်ချင်တာပါ

Singapore ကနေ ကိုယ်တွေ တရုတ် သွားလည်ဖို့ Plan တော့ ဗီဇာ လုပ်ဖို့ စုံစမ်း​တော့ များသောအားဖြင့် လူတိုင်းနီးပါးက Agent service အပ်ကြတယ် စျေးက ၃ ဆ လောက်ကို ကွာတော့သက်သာအောင် ကိုယ်​တွေက ကို့ဟာကို လုပ်လိုက်တော့တာပဲ
အဲ့တုန်းက အသိတယောက်ပြောလို့ သွားစုံစမ်းတော့ Agent Fees + Visa Fees က SGD 250 + 90 Visa ကြေးပါ (Regular Visa က SGD 90, Express Visa က SGD 110+ )
ဘယ်လိုလျှောက်ရလဲ မပြောခင်မှာ Express & Regular ဘာကွာလဲ ပြောရမယ် ၂ ခုလုံး က လူကိုယ်တိုင် သွားရတာပါပဲ
Fees နဲ့ နောက်တခု ကွာတာ က Regular က Visa Office သွားပီး Passport ထားခဲ့ရပြီး သွားပြန်ယူရမဲ့ နေ့က Working days 3-5 days ပါ
Express ကနေ နေ့ချင်း ရပါတယ် ညနေ သွားပြန်ယူလို့ရတယ် ပေါ့ အဲ့​တော့ အချိန်ကပ်ရင် Express လုပ်​ပေါ့​နော်
Visa Agent တွေ နဲ့ လုပ်တာကလဲ အလုပ်ရှုပ်သက်သာပေမဲ့ Visa ရုံးက သွားရတာ ပါပဲ ခွင့်ယူရတာကလဲ တူတူပါပဲ Visa Approved Passport ပြန်ယူပေးတာ သာ ကိုယ်စားရတဲ့ အတွက် အဲ့တခု တော့ Agent က ထုတ်ပေးတော့ ရုံးဖွင့်ချိန် ပြန်မသွားရတော့ဘူးပေါ့
အိုစခေ Visa လျှောက်ပုံလျှောက်နည်း အဆင့်ဆင့် က အောက်မှာ ဆက်ကြည့်ပါနော့

- China Visa က Online application မှာ အကောင့်ဖွင့်ပီး Form အရင်ဖြည့်ရပါမယ် ဖြည့်စရာ များပေမဲ့ မခက်ပါဘူး ပုစိပုစိလေးတွေတော့ ဖြည့်ရတယ် ကိုယ်တွေတော့ Flight & Hotel Booking ပါ တင်ပေးပါတယ် (မတင်လဲ ရတယ်တော့ တချို့လဲ ပြောကြတယ်) တော်တော်ရှည်ပါတယ် ဖြည့်ရတာ ၇ မျက်နှာဖြည့်ရတယ်
ဒါက Online app Link ပါ https://www.visaforchina.cn/SGP3_EN/qianzhengyewu

- မြန်မာမှာလို Bank Statement လဲ မပြရပါဘူး အလုပ်အကြောင်းလေးတော့ သေချာ ဖြည့်လိုက်ရတာပေါ့နော်
အရေးကြီးတယ်ထင်ရတာတော့ ကိုယ်သွားမဲ့ Route ရယ် Plan ထားတဲ့ Booking တွေရယ် တင်လိုက်ပါတယ် ဓာတ်ပုံလဲ လိုတယ်ပေါ့နော် Submit လုပ်ပီးလဲ Online application မှာ Status သွားစစ်လို့ ရတယ်

- working days ~5 days လောက်ကျ ကိုယ့် email ကို Visa Approved ဖြစ်ကြောင်း ဘယ်ရက်အတွင်း Visa ရုံးကို လာရမယ်ဖြစ်ကြောင်း နဲ့ လာရင် ဘာတွေ ယူခဲ့ဖို့ mail ပို့ပါတယ် (အောက်မှာ ပုံလေး တချက်ကြည့်ကြည့်နော့) Singapore China Visa ရုံးကတော့ Downtown မြို့ထဲပဲ

- ကိုယ်တွေလဲ ခွင့်ယူပီး တရက်သွားလိုက်တယ် လိုအပ်တာတွေက ဓာတ်ပုံရယ် Online Application က တချို့ စာမျက်နှာတွေရယ် (mail ထဲတွင်ပါပီးသား) hardcopy ယူသွားရမယ် print မထုတ်နိုင်လဲ အဲ့ရုံးမှာ ထုတ်လို့ရပါတယ် 2 ကျပ်ပဲ ပေးရတယ် သူတို့ဆီ Mail ပို့ပီး ထုတ်ပေးတယ်
- လူလဲ တအားမရှုပ်သလို မတန်းစီရဘူး ခနလေးနဲ့ ပြီးသွားပါတယ် ကိုယ်တွေတုန်းကတော့ တဖွဲ့လုံး ကို ခက်ခက်ခဲခဲ ဘားမှ မမေးဘူး သူငယ်ချင်းအုပ်စု သွားမှာ ဒီလောက်ပဲ Regular လား Express Visa လုပ်မှာလား တော့ မေးတယ်

- ကိုယ်တွေတော့ Regular ပဲ လုပ်လိုက်တော့ 90 SGD ပဲကျ ပါတယ် Muti entry (6 months valid) ရွေးထားတော့ 90 ကျတာပါ single entry ( 3 months valid) သာဆို 90 ထပ်နည်းမယ်ထင်တယ် 😁
- ပြီးတော့ ပိုက်ဆံချေ ပြီး အဲ့ ကောင်တာ မှာပဲ ဘယ်နေ့တော့ Passport လာပြန်ယူလို့ရပီ လို့ တခါထဲ ပြောပေးလိုက်တယ် Passport ပြန်သွားယူရင်တော့ ကိုယ်စား သွားယူလို့ရတယ် ကိုယ်တိုင်သွားစရာမလိုဘူး အဲ့တော့ ခွင့်မသုံးချင်တဲ့ သူတွေက Lunch Time သွားလို့ရတယ် ကြာလဲ မကြာဘူး တခါထဲ သွားထုတ်ရုံပါပဲ

- Tada~~~ ဒါဆိုရင် Process ပြီးပါပီ Visa ကိုင်ပီး တရုတ် သွားရုံပါပဲ
အဲ့တော့ Agent တွေနဲ့ လျှောက်မနေပါနဲ့တော့ ကိုယ်တိုင်လျှောက်ကြည့်ပါ အဆင့်တွေ အကုန်လွယ်ပါတယ် ခွင့်လေးယူရတာ တခုပါပဲ
အောက်မှာ Visa Application နဲ့ Sample Visa approved email လေး တင်ပေးထားပါတယ်
စင်ကာပူက Myanmar တွေ တရုတ်ကိုသွားလည်ရင် ဒီပို့စ်လေး အတိုင်း လျှောက်ကြနော် ပိုက်ဆံ အများကြီးသက်သာတယ် ❤️ 🇨🇳

https://www.visaforchina.cn/SGP3_EN/qianzhengyewu

March 2025 က တရုတ်သွားခဲ့တဲ့ ခရီးစဉ်အတွေ့အကြုံလေး ဝေမျှ သွားမှာ ဖြစ်ပါတယ် ဒီ Page က တကယ်ကြုံခဲ့ရတဲ့ အမှားတွေ အများဆုံး ရ...
25/10/2025

March 2025 က တရုတ်သွားခဲ့တဲ့ ခရီးစဉ်အတွေ့အကြုံလေး ဝေမျှ သွားမှာ ဖြစ်ပါတယ်
ဒီ Page က တကယ်ကြုံခဲ့ရတဲ့ အမှားတွေ အများဆုံး ရေးဖြစ်မှာ ဆိုပိုမှန်မယ် နောက်သွားမဲ့လူ​တွေလဲ သတိထားနိုင်​အောင်…..
ကိုယ်တွေ သွားခဲ့တဲ့ တရုတ် ခရီးစဉ်က
Shanghai -> Zhangjiajie-> Suzhuo -> Beijing Route ပေါ့နော်
စရွေးထဲက သူက Spring Season နဲ့ Winter Season ၂ ခု ကို Recommend ကြတာ အအေးမခံနိုင်တော့ Spring သွားမယ်ပေါ့ Spring အစ March ရွေးလိူက်တာ
အဲ့ထဲက စမှားတာ ပဲ ဒီမှာတခု (၁)😂😂😂
ကိုယ်တွေ စသွားမယ် Plan တော့ သူများတွေVlog တွေကျ လဲ နဲနဲပဲ ရှိသေးတာ များသောအားဖြင့် Tour နဲ့ သွားကြတာ ဘာလို့လဲဘာလို့လဲ တွေးသေးတယ် ဒါမဲ့ အထင်သေးမှုကြောင့် ကို့ဟာကို Plan ဖြစ်လိုက်တယ် တကယ်ကျ တချို့ မြို့တွေက Tour လိုတယ် Tour မဟုတ်တောင် ရှေ့က သွားထားတဲ့ လူတွေ ရဲ့ Guidline လိုတယ် ကိုယ့်ဒူး ကိုယ်မချွန်သင့်ဘူး ဒီမှာ အမှားလေးသေးသေးလေး တခု (၂) 😂🤣

နောက်တော့ တရုတ် Map ထောက် ပီး Great Wall Gate မှားထောက်ပီး ၂ ခုလောက် ကုန်းရုန်းတက် သွားခဲ့တာ လဲ အမှားသေးသေးလေး နောက်တခု (၃) 😂😂😂
အမှားတွေကတော့ များတယ် Map ထောက်ပီး လှမ်းမြင်နေရတဲ့ Furong Waterfall ကိုလဲ ပတ်ချာလည် မနဲ ရှာလိုက်ရတဲ့ အမှားတွေ Taxi ငှါးမရတဲ့ အမှား ဒါတွေက Tour နဲ့ မJoin လို့ ဖြစ်တယ် ပေါ့ နောက်အမှားတခု (၄) 🤣
သေချာ Travel Vlog တွေမကြည့်ခဲ့တော့ Canyon Glass Bridge မှာလဲ Meter 300 ကနေ ခြေလျှင်ဆင်းခဲ့ရတာတွေ နောက်နေ့ ဒူးတွေပါ ခွေတယ် အဲ့တော့ Zhanjiajie ကတော့ Tour or Guidlines သေချာ စုပြီးမှ သွားရမှာ ကိုယ်တွေလို နဲနဲလေး ကြည့်ပီး အချိန်လဲ သိပ်မယူပဲ မသွားသင့်တဲ့ အမှားပေါ့ နော် (၅)
ဒါမဲ့ ကိုယ့်ဟာကိုယ် Plan ပြီးသွားတော့ ဒီအမှားတွေ တအားလှတဲ့ တရုတ်နိုင်ငံက အလှတွေ Tech တွေ ကို ခုချိန်ထိ တသသ လွမ်းနေပီး မမေ့နိုင်တဲ့ အမှတ်တရ Travel Experience & Culture တွေ ဆိုတာ တော့ အမှန်ပဲ
ဒါမဲ့ ခု တရုတ်ဘက်ပဲ ခြေဦးလှည့်ချင်နေတော့ ကိုယ်ကသွားမှာဆိုရင် တချို့နေရာတွေက Tour Group Join ကို Join သင့်တဲ့ မြို့တွေ ရှိတာမို့ သေချာလေး Plan ချ သွားဖို့ အကြံပြုပါတယ်
နောက် Post တွေ မှာ တမြို့ချင်းစီ ဘာတွေ သတိထား ရမယ်ဆိုတာ ရယ် အလှတရားတွေ စပ်မိစပ်ရာလေးတွေ ဆက်လက် ရေးတင်သွားပါမယ်ရှင် ☺️☺️☺️

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Footprints of Joy Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share