17/09/2026
မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်ကြမည့် တရုတ်နှင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) အား တတိယအကြိမ် (၁) နှစ် ထပ်မံသက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
📢 တရုတ်နှင့် အိန္ဒိယနိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထပ်မံသက်တမ်းတိုး
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
သက်တမ်းကာလ
* ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့အထိ (၁ နှစ်တာ အကျုံးဝင်)
ဗီဇာဆိုင်ရာ အဓိကအချက်အလက်များနှင့် သတ်မှတ်ချက်များ
* ဗီဇာကြေး - တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀) ဒေါ်လာ ကောက်ခံမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ် VoA ကောင်တာတွင် ပေးသွင်းရမည်။
* နေထိုင်ခွင့်သက်တမ်း - ရက်ပေါင်း (၃၀) ရက် နေထိုင်ခွင့်ပြုထားပြီး သက်တမ်းထပ်တိုး၍ မရပါ။
* ခရီးသွားခွင့်အမျိုးအစား - လေကြောင်းခရီး (Air Travel) ဖြင့် လာရောက်သည့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ Tourist များအတွက်သာ သီးသန့် အကျုံးဝင်ပါသည်။
* ပတ်စပို့သက်တမ်း - အနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရပါမည်။
* လိုအပ်သော စာရွက်စာတမ်းများ -
* သတ်မှတ်အရွယ်အစား ဓာတ်ပုံ (၂) ပုံ
* အသွား/အပြန် လေယာဉ်လက်မှတ် (Return Ticket)
* တည်းခိုမည့် ဟိုတယ်ဘွတ်ကင် (Hotel Booking)
* ဝင်/ထွက်ခွင့် ပြုထားသည့် ဂိတ်များ - ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များ
တရုတ်နှင့် အိန္ဒိယနိုင်ငံမှ မိတ်ဆွေများ၊ စီးပွားဖက်ဧည့်သည်များ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရန် စီစဉ်နေပါသလား
Flyme Driveme ဖြင့် အဆင်ပြေချောမွေ့စွာ ခရီးသွားပါ
English Version
📢 Travel Advisory: Myanmar Extends Visa on Arrival (Tourist) for Chinese and Indian Citizens.
Myanmar has officially extended its Visa on Arrival (VoA) tourist program for travelers arriving by air from China and India for a third consecutive 1-year trial term, as announced by the Ministry of Hotels and Tourism.
Validity Period
* August 30, 2026 – August 29, 2027 (Valid for 1 year)
Key Details & Requirements
* Eligibility: Ordinary passport holders from China and India traveling via air.
* Duration of Stay: 30 days (single entry, non-extendable).
* Visa Fee: USD 50 per person (payable upon arrival at airport immigration counters).
* Entry Points: Yangon, Mandalay, and Nay Pyi Taw International Airports.
* Passport Validity: Minimum 6 months remaining from the date of entry.
* Required Documents:
* Completed VoA application form
* Two recent passport-sized photos
* Confirmed return or onward flight ticket
* Confirmed hotel booking
Plan Your Journey with Flyme Driveme
Inviting guests, partners, or visiting Myanmar for leisure? Let Flyme Driveme handle the logistics so you can focus on the experience:
* International & domestic air ticketing
* Verified hotel reservations nationwide
* Airport transfers, private charters, and car rental services
* Tailored travel itineraries and express ticketing