Ayeyar - Travel & Car Rental

Ayeyar - Travel & Car Rental ထိုင်းနိုင်ငံအတွင်း ခရီးသွားနှင့် ကားအငှားဝန်ဆောင်မှု

ခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုရင် AYEYAR Travel & Car Rental က သင့်အတွက် အမြဲအဆင်သင့်ရှိနေပါပြီ။ 🚗✨ခရီးထွက်ဖို့ စိတ်ကူးရှိပြ...
27/07/2026

ခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုရင် AYEYAR Travel & Car Rental က သင့်အတွက် အမြဲအဆင်သင့်ရှိနေပါပြီ။ 🚗✨

ခရီးထွက်ဖို့ စိတ်ကူးရှိပြီး ဘယ်ကို လည်ပတ်ရမလဲ စဉ်းစားရခက်နေရင်တော့ AYEYAR Digital Travel Card မှာပါတဲ့ QR Code လေးကို Scan ဖတ်လိုက်ရုံနဲ့ ကျွန်တော်တို့ရဲ့ Website မှာ —

✅ လည်ပတ်စရာနေရာများ
✅ ကားအငှားဝန်ဆောင်မှုများ
✅ ခရီးစဉ် Packages များ
✅ အကြံပြုထားသော ခရီးစဉ်လမ်းကြောင်းများ နှင့်
✅ ဆက်သွယ်ရမယ့် နေရာများ
စတဲ့ သတင်းအချက်အလက်အားလုံးကို တစ်နေရာတည်းမှာ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်လည်း မိမိတို့အသုံးပြုနေတဲ့ Viber, Line, Whatsapp တဲ့ နေရာမျိုးစုံကနေပြီးတော့ အလွယ်အတူ ဆက်သွယ်လို့ ရအောင်လို့ ပြုလုပ်ထားပေးပါတယ်။ စိတ်ချယုံကြည်ရတဲ့ ကားဝန်ဆောင်မှုနဲ့ သက်တောင့်သက်သာ ခရီးစဉ်တွေအတွက် အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ ခင်ဗျာ။

ဒီ Degital Card လေးကို Phone ထဲမှာ Save ထား ယုံနဲ့ လူကြီးမင်းတို့ အချိန်မ‌ရွေး ဝင်ကြည့်လို့ ရမှာဖြစ်ပြီးတော့ နေရာအသစ်လေးတွေကိုလဲ အမြဲ Update တင်ပေးနေမှာဖြစ်ပါတယ်။

📞 Direct Contact: [+66 660093932]
🌐 Website Link: https://ayeyartravel.netlify.app/






Khao Yai ကို လည်ပတ်မယ်ဆိုရင် Farm Chokchai နဲ့ Toscana Valley က မဖြစ်မနေ ထည့်သွင်းသင့်တဲ့ နေရာနှစ်ခုပါ။ထိုင်းနိုင်ငံရဲ့ ...
22/07/2026

Khao Yai ကို လည်ပတ်မယ်ဆိုရင် Farm Chokchai နဲ့ Toscana Valley က မဖြစ်မနေ ထည့်သွင်းသင့်တဲ့ နေရာနှစ်ခုပါ။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် နို့စားနွားမွေးမြူရေးခြံကြီးဖြစ်တဲ့ ဒီနေရာမှာ Cowboy Show၊ Tractor Tour၊ နွားနို့ညှစ်တဲ့ အတွေ့အကြုံ၊ မြင်းစီးခြင်းနဲ့ တိရစ္ဆာန်လေးတွေကို အစာကျွေးခြင်း စတဲ့ လှုပ်ရှားမှုတွေကို မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ခံစားနိုင်ပါတယ်။ ဒါ့အပြင် လတ်ဆတ်တဲ့ နွားနို့နဲ့ ပြုလုပ်ထားတဲ့ Ice Cream နဲ့ Dairy Products တွေလည်း မဖြစ်မနေ မြည်းစမ်းကြည့်ကြည့်ပါ။

Farm Life ရဲ့ ပျော်ရွှင်မှုတွေကို ခံစားပြီးနောက် အီတလီနိုင်ငံ Tuscany ဒေသကို အတုယူ တည်ဆောက်ထားတဲ့ Toscana Valley နေရာဟာ ရဲတိုက်ပုံစံ အဆောက်အဦးတွေ၊ ဥရောပစတိုင် လမ်းမလေးတွေ၊ စိမ်းလန်းတဲ့ Golf Course တွေ၊ ရေကန်နဲ့ တောင်တန်းရှုခင်းတွေ ပေါင်းစပ်ထားတာကြောင့် ဥရောပကို ရောက်နေသလို ခံစားရစေပါတယ်။
ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်တော့ Toscana Valley ဟာ Spot တိုင်းနီးပါး လှပနေပြီး Couple Trip၊ Honeymoon၊ Family Trip နဲ့ အနားယူအပန်းဖြေခရီးအတွက် အထူးသင့်တော်တဲ့ Destination တစ်ခုပါ။ Café နဲ့ Restaurant တွေမှာလည်း သဘာဝအလှအပကို ကြည့်ရှုရင်း အရသာရှိတဲ့ အစားအသောက်တွေကို အေးအေးချမ်းချမ်း သုံးဆောင်နိုင်ပါတယ်။

✨ Farm Chokchai ရဲ့ သဘာဝ Farm Experience နဲ့ Toscana Valley ရဲ့ ဥရောပဆန်တဲ့ အလှတရားကို တစ်ရက်တည်းမှာ ခံစားနိုင်တာက Khao Yai ခရီးစဉ်ရဲ့ အထူးဆွဲဆောင်မှုတစ်ခုပါ။ သဘာဝ၊ အပန်းဖြေမှု၊ ပျော်ရွှင်မှုနဲ့ အမှတ်တရဓာတ်ပုံလှလှတွေကို တစ်ပြိုင်တည်း ရရှိစေမယ့် မလွတ်သင့်တဲ့ Destination နှစ်ခုလည်း ဖြစ်ပါတယ်။

စိတ်အေးချမ်းသာစွာနဲ့ အမှတ်တရကောင်းတွေပြည့်နှက်မယ့် ခရီးစဉ်တစ်ခုဖြစ်ဖို့ Booking နဲ့ ခရီးစဉ်အသေးစိတ် စုံစမ်းလိုပါက 🚗 Ayeyar Travel & Car Rental မှာ Day Trip / Private Tour များ စိတ်ကြိုက်ညှိနှိုင်းပြီး မေးမြန်းလို့ရပါတယ်။

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Car Rental







15/07/2026

☕🌊 Hidden Lab Cafe (ฮิดเด้นแล็บ คาเฟ่)

Bangsaen ကမ်းခြေနားမှာ တည်ရှိတဲ့ Hidden Lab Cafe ကတော့ ကော်ဖီသောက်ပြီး ပင်လယ်လေကို ခံစားရင်းအလှပုံလေးတွေ ရိုက်ချင်သူတွေအတွက် မလွဲမသွားသင့်တဲ့ Cafe လေးပါ။

ဒီ Cafe ရဲ့ ထူးခြားချက်ကတော့ တခြားဆိုင်တွေလို ရိုးရိုးရှင်းရှင်း ပုံစံမျိုးမဟုတ်ဘဲ နှစ် ၅၀ ကျော် သက်တမ်းရှိတဲ့ အဆောက်အဦးဟောင်းကို Art Cafe အဖြစ် ပြန်လည်ဖန်တီးထားတာကြောင့် Vintage ဆန်ဆန် Design၊ အမိုက်စား Photo Spot တွေနဲ့ ပင်လယ်ရှုခင်းကို တစ်နေရာတည်းမှာ ခံစားနိုင်ပါတယ်။ ခေတ်ဟောင်းပုံစံ အပြင်အဆင်တွေနဲ့ ကမ်းခြေသဲသောင်ပြင်၊ ပင်လယ်လှိုင်းသံတွေ ပေါင်းစပ်သွားတဲ့အခါ တကယ့်ကို ထူးခြားဆန်းသစ်တဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

📌 Weekend မှာ ကမ်းခြေဘက်ကို ခရီးထွက်ရင်း အနားယူဖို့ဖြစ်ဖြစ်၊ အမိုက်စား ဓာတ်ပုံတွေရိုက်ဖို့ဖြစ်ဖြစ် Hidden Lab မှာ Coffee တစ်ခွက်သောက်ရင်း လှပတဲ့ အမှတ်တရတွေ ဖန်တီးဖို့ မမေ့ပါနဲ့။ 💙📷🚗💨

စိတ်အေးချမ်းသာစွာနဲ့ အမှတ်တရကောင်းတွေပြည့်နှက်မယ့် ခရီးစဉ်တစ်ခုဖြစ်ဖို့ Booking နဲ့ ခရီးစဉ်အသေးစိတ် စုံစမ်းလိုပါက 🚗 Ayeyar Travel & Car Rental မှာ Day Trip / Private Tour များ စိတ်ကြိုက်ညှိနှိုင်းပြီး မေးမြန်းလို့ရပါတယ်။

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Car Rental






🌸 Bangkok Flower Market (Pak Khlong Talat) 🇹🇭ဘန်ကောက်ရဲ့ အရောင်အသွေးစုံဆုံး နေရာတစ်ခုကို ရှာနေတယ်ဆိုရင် Pak Khlong Talat...
12/07/2026

🌸 Bangkok Flower Market (Pak Khlong Talat) 🇹🇭

ဘန်ကောက်ရဲ့ အရောင်အသွေးစုံဆုံး နေရာတစ်ခုကို ရှာနေတယ်ဆိုရင် Pak Khlong Talat က မလွတ်သင့်တဲ့ Destination ပါ။ 🌺🌷

ပန်းအမျိုးအစားပေါင်းများစွာကို အရောင်စုံ၊ အနံ့သင်းသင်းနဲ့ တစ်နေရာတည်းမှာ မြင်တွေ့နိုင်ပြီး လက်ကားဈေးဖြစ်တာကြောင့် ဈေးနှုန်းလည်း သက်သာပါတယ်။ Carnation, Rose, Lily, Orchid အစရှိတဲ့ ပန်းတွေကို တန်းစီရောင်းချထားတဲ့ မြင်ကွင်းက ပန်းချစ်သူတိုင်းကို သဘောကျစေမှာပါ။

ဓာတ်ပုံရိုက်ရတာကြိုက်သူတွေအတွက်လည်း Instagram-worthy Spot တစ်ခုဖြစ်ပြီး နေရာတိုင်းလိုလိုက Colorful Background တွေနဲ့ ပြည့်နှက်နေပါတယ်။ မနက်အစောပိုင်းနဲ့ ညပိုင်းတွေမှာတော့ ပန်းအသစ်တွေဝင်တဲ့ အလုပ်ရှုပ်တဲ့ Local Atmosphere ကို ပိုပြီးခံစားနိုင်ပါတယ်။

📍 Location: Pak Khlong Talat (Bangkok Flower Market)
🚇 Nearest MRT: Sanam Chai Station

ဘန်ကောက်ကို လာရောက်လည်ပတ်မယ်ဆိုရင် ပန်းရောင်စုံတွေကြားမှာ အမှတ်တရဓာတ်ပုံတွေရိုက်ပြီး Local Vibe ကို ခံစားဖို့ ဒီနေရာကို သေချာပေါက် ထည့်ထားလိုက်ပါ။ 🌸✨

🏢 မိတ်ဆွေတို့အတွက် ဘန်ကောက်မြို့တွင်း အကြို / အပို့ (City Transfer) - ဟိုတယ်၊ ဆေးရုံ၊ shopping mall များနှင့် လည်ပတ်စရာနေရာများသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးမည့် အကောင်းဆုံးနဲ့ အစိတ်အချရဆုံး Ayeyar - Travel & Car Rental က အဆင်သင့်ရှိနေပါပြီ။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
* page messenger 💬
* Phone/Viber/Line: +66 660093932 မှတစ်ဆင့် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်…

🌷

✈️ လေဆိပ်အကြို / အပို့ ဝန်ဆောင်မှု (Airport Transfer Service) ဘန်ကောက်မြို့ရှိ Don Mueang (DMK) သို့မဟုတ် Suvarnabhumi (...
10/07/2026

✈️ လေဆိပ်အကြို / အပို့ ဝန်ဆောင်မှု (Airport Transfer Service)

ဘန်ကောက်မြို့ရှိ Don Mueang (DMK) သို့မဟုတ် Suvarnabhumi (BKK) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သင်တည်းခိုမည့် ဟိုတယ်အထိ၊ သို့မဟုတ် ဟိုတယ်မှ လေဆိပ်သို့ ပြန်လည်ထွက်ခွာရာတွင် စိတ်အေးချမ်းသာစွာ၊ အချိန်မှန်ကန်စွာနှင့် သက်တောင့်သက်သာ သွားလာနိုင်ရန် AYEYAR - Travel & Car Rental မှ ယုံကြည်စိတ်ချရသော လေဆိပ်အကြို/အပို့ ဝန်ဆောင်မှုကို ပေးဆောင်လျက်ရှိပါသည်။

✅ အချိန်တိကျစွာ လာရောက်ကြိုဆိုပေးခြင်း
✅ သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိသော ကားများ
✅ အတွေ့အကြုံရှိ ယာဉ်မောင်းများဖြင့် လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးခြင်း

AYEYAR - Travel & Car Rental နှင့်အတူ သင့်ခရီးစဉ်ကို စတင်ချိန်မှစ၍ အဆုံးသတ်ချိန်အထိ အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းသာဖွယ် အတွေ့အကြုံတစ်ခုအဖြစ် ဖန်တီးလိုက်ပါ။

📩 Booking ပြုလုပ်ရန် သို့မဟုတ် အသေးစိတ်စုံစမ်းလိုပါက page messenger ၊ Viber၊ WhatsApp သို့မဟုတ် ဖုန်းမှတစ်ဆင့် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Tour





☕️ Bangkok ရဲ့ အသစ်ဖွင့်ထားတဲ့ Café Amazon Experience Flagship Store 🌿🚉🚉 Ari BTS Station အနီးမှာ ဖွင့်လှစ်ထားတဲ့ ဒီဆိုင်...
04/07/2026

☕️ Bangkok ရဲ့ အသစ်ဖွင့်ထားတဲ့ Café Amazon Experience Flagship Store 🌿

🚉🚉 Ari BTS Station အနီးမှာ ဖွင့်လှစ်ထားတဲ့ ဒီဆိုင်ကတော့ Café Amazon ရဲ့ အကြီးဆုံးနဲ့ အလှဆုံး Experience Store ဖြစ်ပါတယ်။ လှိုင်းပုံစံ Modern Architecture အစိမ်းရောင်သဘာဝအလှဆင်ထားတဲ့ Design နဲ့ ဓာတ်ပုံရိုက်ဖို့ နေရာတိုင်းလှပနေပါတယ်။

☕️ကော်ဖီသောက်ဖို့သာမက Matcha 🍵 , Chocolate🍫, Bakery Menu 🍰 တွေလည်း ရရှိနိုင်ပြီး အထပ်တိုင်းမှာ မတူညီတဲ့ Experience ကို ခံစားနိုင်ပါတယ်။

အေးအေးဆေးဆေး အလုပ်လုပ်ချင်သူ 👨‍💻၊ သူငယ်ချင်းတွေနဲ့ Hangout လုပ်ချင်သူ👬၊ Facebook, Instagram အတွက် ဓာတ်ပုံလှလှလေးတွေ 📸 ရိုက်ချင်သူတွေအတွက် သွားရောက်သင့်တဲ့ Spot အသစ်တစ်ခုပါ။

📍 Location: Ari BTS Station အနီး, Bangkok
⭐️ Coffee + Architecture + Photo Spot ကို တစ်နေရာတည်းမှာ ခံစားချင်ရင် မလွတ်သင့်တဲ့ နေရာတစ်ခုပါ။

မိတ်ဆွေတို့အတွက် ဘန်ကောက်မြို့တွင်း အကြို / အပို့ (City Transfer) - ဟိုတယ်၊ ဆေးရုံ၊ shopping mall များနှင့် လည်ပတ်စရာနေရာများသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးမည့် အကောင်းဆုံးနဲ့ အစိတ်အချရဆုံး Ayeyar - Travel & Car Rental က အဆင်သင့်ရှိနေပါပြီ။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
* page messenger 💬
* Phone/Viber/Line: +66 660093932 မှတစ်ဆင့် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်…









03/07/2026

🍃 Khao Yai Thiang Windmill Viewpoint 🍃

လေပြေတဖြူးဖြူး၊ တောင်တန်းတွေကို ကျော်ဖြတ်လာတဲ့ မြင်ကွင်းကျယ်နဲ့အတူ လေစွမ်းအင်ထုတ်လုပ်တဲ့ Wind Turbine ကြီးတွေကို အနီးကပ်မြင်တွေ့ရမယ့် နေရာကတော့ Khao Yai Thiang Windmill Viewpoint ပါ။

🏞️🏞️ ဒီနေရာရဲ့ အထူးဆွဲဆောင်မှုကတော့ အမြင့်ပေါ်ကနေ သဘာဝရှုခင်းကျယ်ကြီးကို တစ်ဝကြီးခံစားနိုင်တာပါ။ မိုးကောင်းကင်အပြာရောင်၊ တောင်တန်းစိမ်းစိမ်းတွေကြားမှာ တန်းစီရပ်နေတဲ့ Windmill တွေက ဓာတ်ပုံရိုက်ဖို့ အရမ်းလှသလို၊ နေရောင်ကျချိန် (Golden Hour) မှာဆိုရင် ပိုပြီး အံ့မခန်းလှပပါတယ်။

🚵‍♀️🚵‍♂️ ဒီနေရာမှာ စက်ဘီးစီးပြီး လေညင်းခံနိုင်တာ၊ Viewpoint တွေမှာ အေးအေးလူလူ အနားယူနိုင်တာကြောင့် သဘာဝချစ်သူတွေအတွက် အရမ်းသင့်တော်တဲ့ Destination တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို အေးချမ်းတဲ့ လေထု၊ ကျယ်ပြန့်တဲ့ ရှုခင်းနဲ့ Wind Turbine ကြီးတွေ ပေါင်းစပ်ထားတဲ့ မြင်ကွင်းက မြို့ပြအလုပ်ရှုပ်မှုတွေကို ခဏမေ့စေမယ့် Feeling ကို တဝကြီးခံစားနိုင်ဖို့အတွက် ….

… ခရီးစဉ်အသေးစိတ်စုံစမ်းလိုပါက 🚗 Ayeyar Travel & Car Rental မှာ Day Trip / Private Tour များ စိတ်ကြိုက် မေးမြန်းညှိနှိုင်းလို့ရပါတယ်။

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Car Rental







အခုလိုမိုးရာသီမှာ ခေါက်ရိုင်က နဂါးဘုရားကို ရောက်ပြီးကြပြီလား….ဘန်ကောက်မြို့ထဲနဲ့ အခြားလှပတဲ့ နေရာတွေကို စိတ်အေးချမ်းသာစွ...
24/06/2026

အခုလိုမိုးရာသီမှာ ခေါက်ရိုင်က နဂါးဘုရားကို ရောက်ပြီးကြပြီလား….

ဘန်ကောက်မြို့ထဲနဲ့ အခြားလှပတဲ့ နေရာတွေကို စိတ်အေးချမ်းသာစွာ လည်ပတ်ချင်တယ်ဆိုရင်တော့ အခုပဲ ကျွန်တော်တို့ Ayeyar Travel & Car Rental မှာ ကားကြိုတင် booking လုပ်နိုင်ပါပြီ။ 📲✨

📞 Phone: +66-660093932
Viber, WhatsApp, Line- 066 009 3932
🌐 page: Ayeyar Travel & Car Rental




#နဂါးဘုရား
#ခေါက်ရိုင်

21/06/2026

ဘန်ကောက်မှာ အသစ်ပြန်လည်ဖွင့်လှစ်လိုက်တဲ့ တရုတ်တန်းက ကျောင်းတော်ကြီး The White Jade Tai Hong Gong ⛩️✨

ဒီကျောင်းတော်ကြီးဟာ ထိုင်းဘုရင် ရာမာ (၅) ခေတ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် နာမည်ပေးချီးမြှောက်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုပါ။ ကျောင်းထဲမှာ ကံဇာတာကောင်းအောင် ဆုတောင်းရုံတင်မကဘဲ တရုတ်ပြည်တောင်ပိုင်းရဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကိုလည်း တဝကြီး မြင်တွေ့ရမှာပါ။

ဘုရားဖူးပြီးရင်လည်း အနီးနားက Wat Mangkon MRT ဘူတာရုံ အလှကြီးမှာ ဓာတ်ပုံဝင်ရိုက်၊ ပြီးရင် I'm Chinatown မောလ် သို့မဟုတ် ဘေးနားက Hipster Cafe လေးတွေမှာ ကော်ဖီသောက်ရင်း chill လို့ရပါသေးတယ်။

ဒီတစ်ခေါက် ဘန်ကောက် trip မှာ ယာဝရတ်ဘက် လည်ဖြစ်ရင် "The White Jade Tai Hong Gong" ကိုပါ Checklist ထဲ ထည့်ထားဖို့ မမေ့နဲ့ဦးနော်! 🎒📸

ဖွင့်လှစ်ချိန်: နေ့စဉ် မနက် 8:00 AM - 6:00 PM
လိပ်စာ: Charoen Krung Road, Chinatown, Bangkok

ဘန်ကောက် trip မှာ The White Jade Tai Hong Gong ကျောင်းတော်ကြီးအပြင် အခြားစိတ်ကြိုက်နေရာတွေကို စိတ်အေးချမ်းသာစွာ လည်ပတ်ချင်တယ်ဆိုရင်တော့ အခုပဲ ကျွန်တော်တို့ Ayeyar Travel & Car Rental မှာ ကားကြိုတင် booking လုပ်နိုင်ပါပြီ။ 📲✨

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Tour





18/06/2026

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူအများစုဟာ Wat Arun၊ Wat Pho နဲ့ Grand Palace တို့ကို သွားရောက်ဖူးမြော်ကြပေမယ့် Samut Prakan ခရိုင်ထဲမှာတော့ လူသိနည်းသေးတဲ့ သာသနာ့အမွေအနှစ်တစ်ခု ရှိနေပါတယ်။

အဲဒါကတော့ Wat Asokaram ရှိ Maha Chedi (လောကချမ်းသာစေတီတော်) ပဲ ဖြစ်ပါတယ်။

အဝေးကနေ မြင်လိုက်တာနဲ့ အဖြူရောင်စေတီတော်ကြီးရဲ့ ခမ်းနားမှုက စိတ်ကို အေးချမ်းစေပြီး အနီးကပ်ရောက်သွားတဲ့အခါ ပိုပြီး အံ့ဩစရာကောင်းတာကို တွေ့ရပါတယ်။

ဒီနေရာရဲ့ အထူးခြားဆုံးက စေတီတော်အတွင်းပိုင်းပါ။

အထူးသဖြင့် အမိုးပေါ်ရှိ ကြယ်စုံကောင်းကင်သဖွယ် ပန်းချီလက်ရာများနှင့် စိမ်းရောင်အလင်းတန်းများက စေတီတော်အတွင်းကို တမူထူးခြားပြီး ဘုရားဖူးရန်သာမက ဓာတ်ပုံရိုက်ရန်၊ တရားထိုင်ရန်နှင့် စိတ်အေးချမ်းမှုကို ရှာဖွေရန်အတွက်လည်း အလွန်သင့်တော်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အလယ်ဗဟိုရှိ စေတီပုံစံ အထပ် (၄) ဆင့်ကို ဗုဒ္ဓဘာသာတရားတော်၏ အဆင့်ဆင့် မြင့်တက်သွားသော လမ်းစဉ်ကို သင်္ကေတပြုထားသည်ဟု သိရပါတယ်။

🌟 Bangkok ကို လာရောက်လည်ပတ်မယ်ဆိုရင် Wat Asokaram ရှိ ဒီလှပတဲ့ စေတီတော်ကိုလည်း မဖြစ်မနေ သွားရောက်ဖူးမြော်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

🚐 AYEYAR Travel & Car Rental နှင့်အတူ ထိုင်းနိုင်ငံ၏ ထင်ရှားသော ဘုရားဖူးနေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမှတ်တရခရီးစဉ်များကို အတူတကွ လေ့လာချင်တယ်ဆိုရင် အချိန်မရွေး ကျွန်ဝောာ်တို့ page Messenger (သို့) အောက်ဖော်ပြပါ Viber၊ line & Whatapp နံပါတ်မှ တဆင့် ‌ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📞 Phone: +66-660093932
🌐 page: Ayeyar Travel & Car Rental

📍 Wat Asokaram, Samut Prakan, Thailand






ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ayeyar - Travel & Car Rentalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์