
04/07/2025
Visa Friendly Countries in July
လွယ်ကူရိုးရှင်းတဲ့ ဗီဇာဝင်ရောက်မူနှင့် အဆင်ပြေချောမွေ့သော ခရီးစဉ်တို့အတွက် Destination ရှာဖွေနေပါသလား?
ဇူလိုင်လအတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံး ခရီးစဉ်များအဖြစ် ကျွန်တော်တို့ ANQD မှာ ဒီလို Tour Packages လေးတွေ စီစဉ်ထားရှိပါပြီနော်..
ဒစ်ဂျစ်တယ်ခြေရင်းသမားများ, ဇိမ်ခံအပန်းဖြေချင်သူများ, ယဉ်ကျေးမူ မြတ်နိုးသူများနှင့် လေ့လာရေးခရီး ထွက်ချင်သူများအနေနဲ့ အကိုက်ညီဆုံးသော ခရီးစဉ်များ ဖြစ်ပါတယ်..
ဗီယက်နမ် 🇻🇳
Visa အနေဖြင့် တစ်ကြိမ်တွင် ရက် (30) နေထိုင်ခွင့်ရှိသော Visa Type ဖြစ်ပါတယ်.. ဒီအချိန်က စိမ်းလန်းစိုပြေတဲ့ မိုးရာသီချိန်ခါ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူတွေဆိုင်းနေလေ့ရှိပြီး လည်ပတ်လို့ အကောင်းဆုံး ရာသီဥတုဖြစ်ပါတယ်.. ဗီယက်နမ်က သမိုင်းကြောင်းလည်း အခိုင်အခံ့ရှိပြီး လေ့လာစရာ ရိုးရာယဉ်ကျေးမူတွေကလည်း ဒုနဲ့ဒေးပါပဲ..
လာအို 🇱🇦
ဆိုက်ရောက်ဗီဇာ ရက် (30) ဖြင့် စိတ်ကြိုက်နေထိုင်ခွင့်ရှိပြီး အပန်းဖြေအနားယူလို့ ရပါတယ်.. ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Luang Prabang မှာ ရှေးဟောင်းဘုရားကျောင်းနှင့် သမိုင်းကို လေ့လာနိုင်ပါတယ်.. စွန့်စားခန်းများ အနေနဲ့လည်း Kaung Si ရေတံခွန်ရဲ့ အလှအပများနှင့် ထုံးကျောက်ခဲများရှိတဲ့ မြစ်တစ်လျှောက် ခရီးနှင်နိုင်ပါသေးတယ်..
ကမ္ဘောဒီးယား 🇰🇭
ရက် (30) ဆိုက်ရောက်ဗီီဇာဖြင့် လည်ပတ်နိုင်ပြီး သမိုင်းချစ်သူများနှင့် ဘတ်ဂျက်ခရီးသွားများအနေဖြင့် အရွေးချယ်သင့်ဆုံးသော နေရာတစ်ခု ဖြစ်ပါတယ်.. လူစူလူဝေးကင်းတဲ့ Angkor Wat ဘုရားကျောင်း, Phnom Penh ရှိ တော်ဝင်နန်းတော်နှင့် Tuol Sleng လူမျိုးတုံး သတ်ဖြတ်မူပြတိုက်တို့ကို ဝင်ရောက်လေ့လာနိုင်ပါတယ်..
မိုးရာသီဖြစ်တဲ့အလျောက် စိမ်းလန်းစိုပြေနေသော ရှုခင်းများ, ဂေဟစနစ်ပြောင်းလဲချိန်တွင် မြင်တွေ့ရသော ပတ်ဝန်းကျင် အနေအထားများအပြင် ခရီးသွားနဲပါးတဲ့ အချိန်အခါမို့ သွားလာစရိတ် သက်သာခြင်း, မြင်ရခဲတဲ့ ရာသီအလိုက် ရိုးရာဓလေ့များကို ကြုံကြိုက်နိုင်ခြင်းနှင့် အရှေ့တောင်အာရှရဲ့ မိုးတွင်းခရီးသွားခြင်း မှော်ဆန်မူကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်..
တိုင်ပင်ညှိနှိုင်းရန်အတွက် -
Thai Phone - 0931482025
WhatsApp - 0631235608
Viber - 0631235608
Line - 0631235608
Mail [email protected]
Travels and Tours Package, Tickets, Visa Services, Hotel and Flight Tickets များအကြောင်း သိရှိလိုပါက ANQD Page Chat Box သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်မျာ.. 🤗