Zaw Oo ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Zaw Oo, มัคคุเทศก์, Bangkok.

05/01/2026

နေခြည်မှာရွှေရည်လောင်း (စဆုံး)

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ၍ ပြန်လည်ရေးသားတင်ဆက်ခြင်းဖြစ်ပါသည်။

(၁)

လှည်းကလေးက မြေသားလှည်းလမ်းကြီးအတိုင်း တရွေ့ရွေ့နှင့်မောင်းနှင်လာခဲ့သည်။ ဇွန်လပင်ရောက်နေလင့်ကစား အထက်အညာဒေသမို့ မုတ်သုန်မိုးက မမှန်သေးသည့်အတွက် လှည်းလမ်းကြီးမှာပင် ဖုန်တထောင်းထောင်းနှင့်ဖြစ်နေလေသည်။ မကြာခင် အရှေ့တွင်ရွာကလေးတစ်ရွာကိုလှမ်းမြင်နေရသည်။ လက်ပံတောရွာကြီးက ရွာကြီးတစ်ရွာဖြစ်ပြီး အဝေးမှလှမ်းကြည့်ရုံနှင့်ပင် အုပ်ဆိုင်းနေသည့် သစ်ပင်ကြီးများဖြင့် စိမ်းစိမ်းစိုစိုတွေ့မြင်ရသည်။

လှည်းလမ်းကြီးအတိုင်း ဆက်မောင်းလာပြီးသည့်အခါ မကြာခင် ဝါးခြမ်းပြားကလေးများဖြင့် ခြံစည်းရိုးခတ်ထားသည့် ကျောင်းကလေးကိုမြင်တွေ့ရပြီဖြစ်သည်။ လှည်းထိပ်ဦးတွင်စီးနင်းလာသည့် ရွာလူကြီးကအနောက်သို့လှည့်လိုက်ပြီး

“ဒီကျောင်းက ဆရာမလေးစာသင်ရမယ့်ကျောင်းပေါ့”

ဆရာမဖူးဖူးလည်း ရွာလူကြီးပြသည့်ကျောင်းကလေးကိုကြည့်လိုက်သည်။ ကျေးရွာမူလတန်းကျောင်းကလေးမို့ ရိုးရှင်းသည်။ ကျောင်းတစ်ဝန်းလုံးကို ဝါးခြမ်းပြားများ၊ ဝါးကပ်များဖြင့်ကာရံထားပြီး သစ်သားဖြင့်ဆောက်လုပ်ထားသည့် ရှည်မြောမြောတစ်ထပ်အဆောက်အဦးတစ်ခုရှိသည်။ ထိုအဆောက်အဦးကတော့ စာသင်ကျောင်းပင်ဖြစ်သည်။ စာသင်ကျောင်းရှေ့တွင် အလံတိုင်တစ်ခုရှိပြီး နိုင်ငံတော်အလံကိုလွှင့်ထူထားသည်။ လှည်းကိုကျောင်းအရှေ့မြေကွက်လပ်တွင် ထိုးရပ်လိုက်ပြီးနောက် ဆရာမဖူးဖူးက ကျောင်းဆောင်အပေါ်သို့တက်ခဲ့သည်။ ရွာကျောင်းကလေးဟုဆိုသော်လည်း သပ်သပ်ရပ်ရပ်ရှိသည်။

“ကျန်တဲ့ဆရာမတွေကတော့ ဒီရွာကဆရာမတွေပါပဲ၊ ဆရာမလေးနေမယ်ဆိုရင် ကျွန်တော်တို့ရွာထဲမှာ တည်းခိုဖို့အိမ် စီစဉ်ပေးပါ့မယ်”

ဆရာမဖူးဖူးကို ကျောင်းဝင်းကိုပတ်ကြည့်လိုက်သည်။ ကျောင်းဝန်းအတွင်း အရိပ်ရအပင်များကိုစိုက်ပျိုးထားပြီး ကျောင်းအနောက်ဘက်တွင်လည်း ကြီးမားလှသည့် ကုက္ကိုလ်ပင်ကြီးများရှိသည်။ ကျောင်းဆောင်ကြီး၏ အနောက်ဘက်ထောင့်တွင် သစ်သားအိမ်ကလေးတစ်လုံးရှိပြီး မြောက်ဘက်ထောင့်တွင်တော့ ကျောင်းအိမ်သာလေးခန်းတွဲရှိသည်။ ကျောင်းမှာ ရွာနှင့် နှစ်ဖာလုံမရှိတရှိ ဝေးကွာသည်။

ဆရာမဖူးဖူးက ထိုသစ်သားအိမ်ကလေးကိုကြည့်လိုက်သည်။ သစ်သားဖြင့်ဆောက်လုပ်ထားပြီး ထရံကာ သွပ်မိုးထားသည့် အညာအိမ်ပုံစံကလေးက နေချင်စရာကလေးဖြစ်နေသည်။

“ဦးလေး၊ ဒီအိမ်က ဘာလုပ်တာလဲ”

“အရင်က ဆရာမတစ်ချို့နေခဲ့တာပါ၊ အခုတော့ နေတဲ့လူမရှိတော့ပါဘူး”

“အိမ်ကလေးက လုံခြုံသားပဲ၊ ကျွန်မကတော့ ဟောဒီကျောင်းဝန်းထဲက အိမ်ကလေးမှာပဲ နေချင်ပါတယ်၊ ဦးလေးတို့ ကျွန်မအတွက် အပင်ပန်းခံပြီးတော့ စီစဉ်ပေးမနေပါနဲ့”

ရွာလူကြီးမှာ မျက်နှာတစ်ချက်ပျက်သွားသည်။

“မဟုတ်တာဘဲ ဆရာမလေးရယ်၊ ဆရာမလေးက ကလေးတွေကိုပညာသင်ပေးချင်လို့ ဟိုးအဝေးကြီးကနေ ပြောင်းရွှေ့လာရတာမဟုတ်လား၊ ကျွန်တော်တို့က ဆရာမလေးကို နားလည်ပါတယ်၊ ရွာထဲမှာနေတော့ ဆရာမလေးစားဖို့သောက်ဖို့ကအစ အားလုံးကျွန်တော်တို့စီစဉ်ပေးလို့ရတာပေါ့”

ဆရာမဖူးဖူးကလည်း အားနာမိသည်။

“ရပါတယ်၊ ကျွန်မအတွက်မပူပါနဲ့၊ ဒီသစ်သားအိမ်ကလေးမှာပဲ ကျွန်မနေချင်တယ်၊ ကျောင်းနဲ့နီးတယ်ဆိုတော့ ကျောင်းအလုပ်တွေကိုလည်း ပိုပြီးလုပ်နိုင်တာပေါ့ရှင်”

“ဆရာမလေး ဒီမှာနေလို့ဖြစ်မှာမဟုတ်ပါဘူးဗျာ”

ရွာလူကြီးအသံက ခပ်မာမာဖြစ်သွားသဖြင့် ဆရာမဖူးဖူးကြောင်အမ်းအမ်းဖြစ်သွားသည်။

“ဘာလို့လဲဦးလေး၊ ဒီရွာမှာ လူဆိုးလူမိုက်တွေပေါလို့လား၊ ဒီအိမ်ကလေးမှာနေတာ ကျွန်မရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာရှိလို့လား”

“မဟုတ်ပါဘူးဆရာမလေးရာ၊ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ ဒီကျောင်းနဲ့ ဟောဒီသစ်သားအိမ်ကလေးနဲ့က သရဲခြောက်တယ်ဆရာမလေးရဲ့၊ နေဝင်ရီတရောဆို ရိုးခနဲရိပ်ခနဲမြင်ရတတ်တယ်၊ ဒါကြောင့် ဆရာမလေးကြောက်မှာစိုးလို့၊ ဆရာမလေးအတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ရွာထဲမှာနေခိုင်းတာပါ”

ဆရာမဖူးဖူးက ရွာလူကြီးစကားကိုကြားသည့်အခါ အသံထွက်ပြီးရယ်မောလိုက်လေသည်။

“အောင်မယ်လေးဦးလေးရယ်၊ ဘာများလဲလို့၊ ကျွန်မလည်း မြန်မာပြည်အနှံ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့သူပါ၊ သရဲတွေဘာတွေကို မကြောက်တတ်ပါဘူးရှင့်”

ရွာလူကြီးကလည်း အကြိမ်ကြိမ်ထပ်ထားသော်လည်း ဆရာမဖူးဖူးကလည်း ခေါင်းမာသဖြင့် နောက်ဆုံးတော့ ရွာလူကြီးပင် လက်မြှောက်အရှုံးပေးလိုက်ရလေသည်။

“ကောင်းပါပြီဆရာမလေး၊ ဆရာမလေးနေမယ်ဆိုရင်နေပါ၊ ဆရာမလေးအဖော်ရအောင် ရွာက ကျောင်းသူတစ်ချို့ကို ညဘက်ခေါ်အိပ်ပေါ့၊ ဆရာမလေး စားဖို့သောက်ဖို့ကိုတော့ ကျွန်တော်တို့ရွာကနေ ထမင်းချိုင့်ပို့ပေးမယ်ဆရာမလေး”

သို့နှင့် ပါလာသည့်အထုပ်အပိုးများကို ချကြသည်။ ရွာသားတစ်ချို့က သစ်သားအိမ်ကလေးကို ရှင်းလင်းပေးကြလေသည်။ သစ်သားအိမ်ကလေးမှာ ခိုင်ခိုင်ခံ့ခံ့နှင့် လုံလုံခြုံခြုံရှိသည်။ ဘုရားကျောင်းဆောင်ကလေးတစ်ခုရှိပြီး ထိုအပေါ်တွင်တော့ ဘုရားပုံတော်ကားချပ်တစ်ခုနှင့် ဘုရားပန်းအိုးတစ်အိုးကိုတွေ့ရသည်။ သစ်သားဖြင့်ရိုက်ထားသည့် ကုတင်တစ်လုံးလည်းရှိပြန်သည်။

ရွာသားများမှာ အလွန်ကူညီကာ ဖော်ရွေသူများဖြစ်ကြသည့်အလျောက် သစ်သားအိမ်ကလေးထဲတွင် အဆင်သင့်နေနိုင်ရန်ပြင်ဆင်ပေးကြသည်။ ခုတင်ပေါ်တွင်ဖျာခင်းကာ အိပ်ရာခင်းပေးသည်။ ခြင်ထောင်ထောင်ပေးသည်။ သောက်ရေအိုးသောက်ရေခွက်မှအစ ချိုးရေသုံးဖို့အတွက် ရေအိုးကြီးများ ကျောက်ပြားများကို ချပေးကြသည်။ ကျောင်းအနောက်ဘက် မလှမ်းမကမ်းတွင် ရေတွင်းကြီးတစ်တွင်းရှိကာ ရေများကြည်စိမ်းနေလေသည်။ သို့နှင့် ညနေမစောင်းသေးမီမှာပင် သစ်သားအိမ်ကလေးမှာ လူတစ်ဦးနေထိုင်ရန် အားလုံးအဆင်သင့်ဖြစ်သွားသည်။ သို့သော် လျှပ်စစ်မီးတော့ မသွယ်တန်းရသေးပေ။

(၂)

အညာဒေသဆိုသော်လည်း ကျောင်းပတ်ဝန်းကျင်က အေးမြနေလေသည်။ ကျောင်းပတ်ပတ်လည်တွင် လယ်ကွင်းကြီးများရှိပြီး လေကတဖြူးဖြူးတိုက်နေသည်။ ရွာနှင့်အလှမ်းဝေးသဖြင့် အတော်ပင်တိတ်ဆိတ်နေလေသည်။ ညနေရောက်သည့်အခါ ဖယောင်းတိုင်ထွန်းပြီးနေရသည်။ ညနေ ခြောက်နာရီခွဲခန့်တွင် ကျောင်းသူလေးနှစ်ဦးရောက်လာသည်။ လက်ထဲတွင်လည်း သုံးဆင့်ထမင်းချိုင့်ကိုင်ထားကြသည်။

“ဆရာမ၊ သမီးတို့ ဆရာမနဲ့အတူအိပ်ဖို့လာခဲ့တာ”

“အေးကွယ်၊ လာကြ”

တစ်ယောက်က လေးတန်း၊ တစ်ယောက်က ငါးတန်းဖြစ်သည်။ ရွာကျောင်းမှာ မူလွန်ဖြစ်သည့်အတွက် ငါးတန်းအထိလက်ခံသင်ကြားပေးသည်။ ကျောင်းသူကလေးများမှာ ကျောင်းနေအရွယ်လွန်မှ ကျောင်းတက်ခဲ့ရသူများဖြစ်သူမို့ အပျိုပေါက်အရွယ်ပင်ဖြစ်နေလေပြီ၊ ထမင်းစားရန်ချိုင့်ဖွင့်လိုက်သောအခါ ဟင်းတွေအလျံပယ်ထည့်ထားသည်ကိုကြည့်ချင်းအားဖြင့် ရွာသူရွာသားများ၏ စေတနာကိုခံစားမိသည်။ ထမင်းစားပြီးသောအခါ အိပ်စက်ရန်ပြင်ဆင်ကြသည်။ ည ရှစ်နာရီခန့်ရှိနေပြီဖြစ်သည်။

“သမီးတို့ ဆရာမနဲ့အတူတူလာအိပ်ပါလား”

“ရပါတယ်ဆရာမ၊ သမီးတို့က ကြမ်းပေါ်မှာပဲ ခြင်ထောင်ထောင်ပြီးအိပ်မယ်၊ ဆရာမက ကုတင်ပေါ်မှာအိပ်ပါ”

မိန်းကလေးနှစ်ယောက်ကြည့်ရသည်မှာ ကြောက်လန့်နေပုံရသည်။ သို့နှင့် ညရှစ်နာရီခွဲတော့ အိပ်ရာသို့အသီးသီးဝင်ခဲ့သည်။ မိန်းကလေးနှစ်ဦးမှာတော့ မအိပ်ကြသေးဘဲ မင်းသားမင်းသမီးအကြောင်းတွေပြောဆိုနေကြလေသည်။ ဆရာမဖူးဖူးလည်း ကလေးများပြောဆိုသည်ကိုနားထောင်ရင်း တစ်ချိန်က ကလေးဘဝအမှတ်တရများကို ပြန်သတိရနေမိသည်။

“ဖရော . . . ဖရော . . . ဖရော”

ထိုစဉ် အိမ်ခေါင်မိုးပေါ်မှ အသံကြားလိုက်ရသည်။ အသံကတော့ သစ်ကိုင်းတစ်ခုခုက သွပ်မိုးကိုလာပြီး ရှပ်တိုက်နေခြင်းဖြစ်သည်။ စကားပြောနေကြသည့် ကျောင်းသူလေးများမှာ အသံတိတ်၍ ငြိမ်ကုပ်သွားလေသည်။

“ဖရော . . . ဖရော”

အသံက ထပ်မံထွက်ပေါ်လာသည်။ လေးငါးကြိမ်ခန့်ထွက်ပေါ်ပြီးသည့်အခါ အသံက ခပ်စိပ်စိပ်ထွက်လာသည်။ ကျောင်းသူကလေးနှစ်ဦးမှာကြောက်လန့်တကြားနှင့် အော်ဟစ်ကြသည်။

“ဆရာမ . . . ဆရာမ၊ သရဲခြောက်တာလားမသိဘူးဆရာမ . . . သမီးတို့ကြောက်တယ်”

“ဘာမှမကြောက်ပါနဲ့ သမီးတို့ရယ်၊ ခေါင်မိုးပေါ်ကို သစ်ကိုင်းပွတ်ဆွဲမိတဲ့အသံပါ”

“မဟုတ်ဘူး၊ မဟုတ်ဘူး အဲဒါ သရဲခြောက်တာနေမှာ ဆရာမရဲ့”

“မဟုတ်ပါဘူး၊ သမီးတို့စိတ်ထင်နေလို့ပါ၊ သေချာနားထောင်ကြည့် သစ်ကိုင်းပွတ်ဆွဲတဲ့အသံ”

ဆရာမဖူးဖူးပြောသော်လည်း ကလေးများက နားမထောင်ကြသဖြင့် နောက်ဆုံးလက်တွေ့ပြမှရတော့မည်ဖြစ်သည်။ အားသွင်းလက်နှိပ်ဓါတ်မီးကိုယူလိုက်ပြီး အိမ်တံခါးကိုဖွင့်ကာဆင်းခဲ့သည်။ ကျောင်းသူကလေးနှစ်ယောက်လည်း ကြောက်ကြောက်နှင့် အိမ်ထဲတွင်ငြိမ်ကုပ်နေကြသည်။ ထို့နောက်ခေါင်မိုးပေါ်သို့ ဓါတ်မီးနှင့်ထိုးကြည့်လိုက်သည်။

“ဘုရားရေ . . . “

ခေါင်မိုးပေါ်တွင် သစ်ပင်သစ်ကိုင်း တစ်ခုမှပင်မရှိပေ၊ အနီးဆုံးသစ်ပင်မှာလည်း ကျောင်းအနက်ဘက် ခြံဝန်းအပြင်တွင်ပေါက်နေသည့် ကုက္ကိုလ်ပင်များဖြစ်ပြီး ပေသုံးဆယ်ခန့်ကွာဝေးလေသည်။

“သစ်ပင်မှမရှိတာ”

ဆရာမဖူးဖူးရေရွတ်နေရင်း သူကိုယ်တိုင်ပင်ထိတ်လန့်လာခဲ့သည်။ ပိုပြီးသေချာစေရန် ခေါင်မိုးအပေါ်သို့ဓါတ်မီးထိုးကြည့်လိုက်ရာ လူပုံသဏ္ဍာန် အနက်ရောင်အရိပ်တစ်ခုက ခေါင်မိုးပေါ်မှလွှားခနဲခုန်ဆင်းသွားကာ ပျောက်ကွယ်သွားလေသည်။ ဆရာမဖူးဖူးကြောက်လန့်နေသော်လည်း ကလေးနှစ်ယောက်ရှိသေးသည့်အတွက် မကြောက်သည့်ဟန်ဖြင့် ထိန်းထားရင်း အိမ်ပေါ်ပြန်တက်ကာ တံခါးပိတ်လိုက်သည်။

“ဆရာမ၊ သစ်ကိုင်းမရှိဘူးမဟုတ်လား”

“သစ်ကိုင်းမရှိပါဘူး၊ အိမ်ခေါင်မိုးပေါ်မှာ ငှက်တစ်ကောင်နားနေတာပါ၊ ငှက်က သူ့အတောင်ပံနဲ့ပွတ်နေလို့ ဒီအသံထွက်နေတာကွဲ့ အခုတော့ ပျံသွားပြီ”

ကျောင်းသူနှစ်ယောက်က ထိုတော့မှ နည်းနည်းငြိမ်သွားသည်။ ဆရာမဖူးဖူးလည်း ဘုရားစာတွေဆက်တိုက်ရွတ်လိုက်သည့်အခါ ထိုအသံများကို ထပ်မံမကြားရတော့ပေ၊ ကျောင်းသူနှစ်ယောက်မှာ အိပ်ပျော်သွားသော်လည်း ဆရာမဖူးဖူမအိပ်နိုင်သေးပေ၊ ရွာလူကြီးပြောသလို သရဲရှိနေသည်က သေချာသည်။ ယခုညလည်း သူတို့ကိုနှုတ်ဆက်သည့်သဘောနှင့် ခြောက်လှန့်သည်လားတော့ မပြောတတ်ပေ။

(၃)

ထိုကျောင်းတွင် အလုပ်လုပ်ရသည်မှာ အားလုံးအဆင်ပြေပါသည်။ ရွာခံဆရာမများကလည်း သူ့အပေါ်ကောင်းသည်။ ရွာသားများကလည်း အကုန်ကောင်းကြသည်။ သို့သော် မကောင်းသည်ကတော့ ထိုအိမ်ကလေးဖြစ်သည်။ ဆရာမဖူးဖူးကို နေ့လည်စာအတွက် ရွာမှ ထမင်းချိုင့်ပို့သည်။ တစ်ခါတစ်ရံတွင် ဆရာမဖူးဖူးက ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သည်။ သို့သော် ထမင်းကိုသာ အားစိုက်ချက်ရပြီး ဟင်းလျာများကို ရွာသားများမှ မပြတ်ပို့ဆောင်နေသဖြင့် ဟင်းအတွက်မပူပန်ရသည်က အမှန်ပင်ဖြစ်သည်။ ရွာမို့ထမင်းပို့ချိန်က အတော်စောသည်ဖြစ်ရာ နံနက်ခင်း ကိုးနာရီ ဆယ်နာရီခန့်ဆိုလျှင် ထမင်းချိုင့်ရောက်လာပြီဖြစ်သည်။ ဆရာမဖူးဖူးက ထမင်းချိုင့်ကို အိမ်ကလေးအတွင်းထည့်ထားလိုက်သည်။ ထမင်းစားချိန်ရောက်တော့မှ အိမ်ပြန်စားတတ်သည်။ သို့မဟုတ်လျှင်လည်း ထမင်းစားချိန်ရောက်မှ ထမင်းချိုင့်ကိုပြေးယူကာ ဆရာမများနှင့်အတူတူစားသည်။

“ဟယ်တော်၊ ထမင်းချိုင့်က ပွင့်လို့ပါလား”

တစ်ရက်တွင် အိမ်တွင်ထားသည့် ထမင်းချိုင့်မှာ ပွင့်နေလေသည်။ အထဲတွင် ချက်ထားသည့် အမဲသားဆီပြန်ဟင်းတွင် အမဲသားဖတ်များမကျန်တော့ဘဲ ဟင်းအနှစ်များသာကျန်နေသည်။ ဆရာမဖူးဖူးက အိမ်တံခါးကိုပိတ်ထားသော်လည်း ပြတင်းပေါက်များကိုဖွင့်ထားသဖြင့် တစ်ယောက်ယောက်ဝင်ရောက်ကာ ခိုးစားခြင်းဖြစ်မည်ဟုတွေးမိသည်။ ထိုနေ့ကတော့ ဟင်းအနှစ်များဖြင့်သာ စားသောက်လိုက်ရသည်။

နောက်ရက်များတွင်တော့ ထမင်းချိုင့်ထည့်ပြီး အိမ်တံခါးရော၊ ပြတင်းပေါက်များကိုပါ လုံနေအောင်ပိတ်ထားကာ သော့ခတ်ထားသည်။ ထိုနေ့က ဟင်းတွေမပျောက်ပေ၊ သို့သော် တစ်ရက်တော့ ဝက်သားနှပ်ချက်ထားသည့်နေ့တွင် ထမင်းချိုင့်က ထူးထူးဆန်းဆန်းပွင့်နေပြန်သည်။

အခြားတစ်ယောက်ခိုးစားရအောင်ကလည်း တစ်အိမ်လုံးကိုသော့ပိတ်ပြီး သော့ကလည်း သူ့ထံတွင်သာရှိသည်မို့ မဖြစ်နိုင်ပေ၊ ဆရာမဖူးဖူးတွေးရင်း ခေါင်းနားပန်းကြီးလာခဲ့သည်။ နာနာဘာဝများက ဖွင့်စားခြင်းဖြစ်မည်ဟုတွေးလိုက်ကာ နောက်ပိုင်းတွင်ထမင်းချိုင့်ကို အိမ်သို့ယူမသွားဘဲ ကျောင်းတွင်သာ ထားရတော့သည်။

ညနေသုံးနာရီကျောင်းဆင်းပြီးသည့်အချိန်တွင် ရေမိုးချိုး အဝတ်အစားလဲ သနပ်ခါးများလူးပြီးချိန်တွင် ဆရာမဖူးဖူးတစ်ယောက် ဘာကိုလွမ်းလို့လွမ်းမှန်းမသိဖြစ်လာတတ်သည်။ ညနေငါးနာရီခန့်ဆို ပုံမှန်ဖြစ်နေတတ်သည်။ တစ်ယောက်တည်း ဘာကိုလွမ်းမှန်းမသိ၊ စိတ်ထဲ တစ်ဆို့ဆို့ကြီးဖြစ်လာပြီး ငိုချင်လာပြန်သည်။ တစ်ခါတစ်လေဆို တစ်ယောက်တည်းငိုနေမိသည်။ တစ်နေ့ထက်တစ်နေ့ ထိုလွမ်းစိတ်ကြီးက ပိုမိုကြီးမားလာကာ တစ်ရက်တွင်တော့ တစ်ယောက်တည်းငိုချမိသည်။ ငိုသည်မှ ရှိုက်ကြီးတငင် မျက်ရည်ပေါက်ကြီးငယ်ကျပြီး ငိုယိုခြင်းဖြစ်သည်။ ညနေခြောက်နာရီကျော်သည့်အခါ အတူအဖော်အိပ်ပေးသည့် ကျောင်းသူကလေးများရောက်လာသည့်တိုင် ဆရာမဖူးဖူးမှာ မျက်ရည်မဆည်နိုင်သေးပေ။

“ဆရာမ ဘာဖြစ်လို့ငိုနေတာလဲ”

ကျောင်းသူကလေးများအမေးကို ဆရာမဖူးဖူးမဖြေနိုင်၊ သူလည်း ငိုနေတာသာရှိသည်၊ ဘာကြောင့်ငိုနေမှန်း ရေရေရာရာမသိပေ။

“ဆရာမ . . . ဆရာမ အိမ်ကိုလွမ်းလို့ ငိုမိတာပါကွယ်”

ကျောင်းသူကလေးများယုံအောင် တမင်လွှဲပြောရသည်။ ဆရာမဖူးဖူးတစ်ယောက် ညနေခုနစ်နာရီထိုးခါနီးမှာ ငိုချင်စိတ်များရပ်တန့်သွားရသည်။ ထမင်းစားနေရင်း ဆရာမဖူးဖူးကတွေးနေမိသည်။

“ဒါ သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး၊ သရဲတွေက ငါ့ကိုတမင်နှောင့်ယှက်နေတာဖြစ်မယ်၊ နောက်နေ့ကျရင် ငါအစီအစဉ်ပြောင်းမှဖြစ်မယ်”

(၄)

နောက်နေ့တွင် ညနေငါးနာရီထိုးခါနီးရောက်တိုင်း ဘုရားစင်ရှေ့တွင်ထိုင်လိုက်သည်။ တောပန်းကလေးများထိုးထားသည့် ဘုရားပန်းအိုးကလေးကိုကြည့်ပြီး စိတ်ကြည်နူးရသလို၊ ဘုရားပုံတော်ကားချပ်ကလည်း ကြည်ညိုဖွယ်ကောင်းလေသည်။ ဆရာမဖူးဖူးလည်း ဘုရားကိုစိမ်ပြေနပြေ အေးအေးဆေးဆေးရှိခိုးပြီးသည့်အခါ နာရီဝက်ပင်မကြာသေးပေ၊ ထိုအခါ ထုံးစံအတိုင်း စိတ်ထဲတစ်မျိုးကြီးဖြစ်လာပြန်သည်။

ဘုရားစာအုပ်ကိုယူလိုက်ပြီး ပရိတ်ကြီးဆယ့်တစ်သုတ်ရွတ်သည်။ နောက်ရှိသမျှ ဘုရားစာအားလုံးရွတ်သည်။ ကျောင်းသူကလေးများလာတော့မှသာ ဘုရားရှိခိုးခြင်းပြီးဆုံးလိုက်သည်။ ကျောင်းတွင်ရှိသော မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား အမျှပေးဝေလိုက်ပြန်သည်။ ထိုတော့မှ သူ့စိတ်ထဲ ဘာမှမဖြစ်တော့ပေ၊ ဆရာမဖူးဖူးလည်း ပြုံးလိုက်မိလေသည်။

နောက်ရက်များတွင် ထိုနည်းအတိုင်းဆက်လက်ကျင့်သုံးလေရာ တစ်ပတ်ခန့်ကြာသည့်အခါ ထူးခြားမှုတစ်ခုဖြစ်လာခဲ့သည်။ ဘုရားရှိခိုး ပရိတ်ရွတ်သည့်အခါတိုင်း အိမ်ထရံကို တဘုန်းဘုန်းနှင့် ပုတ်သံကြားရသည်။ အသံကြားရသည်နှင့် ဆရာမဖူးဖူးလည်း ဘုရားစာကိုဖိရွတ်သည်။ ဘုရားစာရွတ်ပြီး အမျှဝေပြီးမတ်တပ်ထရပ်လိုက်သည့်အခါ ပုဆိုးကွက်တုံးကြီးဝတ်ဆင်ထားသည့် အဘကြီးတစ်ဦးက သူ့အိမ်ရှေ့တွင်ရပ်နေလေသည်။ အဘကြီးက အသက်ခြောက်ဆယ်ကျော်လောက်ဖြစ်မည်ထင်ရပြီး အပြာရောင်အကျီလက်ရှည်ခပ်နွမ်းနွမ်းကိုဝတ်ဆင်ထားကာ အောက်တွင်လည်း ပုဆိုးကွက်တုံးကြီးဝတ်ဆင်ထားသည်။ ဆရာမဖူးဖူးလည်း ဘုရားစာအုပ်ကိုတင်လိုက်ပြီး

“အဘ ဘာပြောချင်လို့လဲ၊ လာလေ”

ဆရာမဖူးဖူးက ရွာမှ အဘကြီးတစ်ဦးဖြစ်မည်ထင်ပြီး ခေါ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ဖိနပ်စီးပြီး လှေကားမှဆင်းရန် ပြင်ဆင်လိုက်ချိန်တွင် ထိုအဘကြီးမှာ ပျောက်ချင်းမလှပျောက်ကွယ်သွားသည်။ ကျောင်းဝန်းကြီးမှာ တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မှောင်အတိဖုံးလွှမ်းကာ ဆိတ်ငြိမ်နေလေသည်။ ဆရာမဖူးဖူးလည်း မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည့်အဘကြီးအကြောင်းစဉ်းစားမိတော့မှ သရဲမှန်းသိလိုက်ပြီး အိမ်တံခါးပင်မပိတ်နိုင်တော့ဘဲ ရွာအတွင်းသို့ ပြေးထွက်လာခဲ့တော့သည်။

“ဟော၊ အမောတကောနဲ့ ဘာများဖြစ်လာတာလဲ ဆရာမလေးရယ်”

“သရဲ၊ သရဲတွေ့တယ်ဦးလေး”

ပြောဆိုရင်းမောပန်းနေသည့် ဆရာမဖူးဖူးကို ရွာလူကြီးက ရေတစ်ခွက်ခပ်တိုက်လိုက်လေရာ ဆရာမဖူးဖူးက ထိုရေခွက်တစ်ခွက်လုံးကုန်သွားအောင်မော့သောက်လိုက်လေသည်။

“အဘကြီးတစ်ယောက်ပဲ၊ ရှပ်အင်္ကျီအပြာလက်ရှည်၊ ပုဆိုးအကွက်တုံးကြီးနဲ့ ကျွန်မကိုလာကြည့်နေတာ”

“ကျုပ်တို့ပြောပါပြီကော ဆရာမလေးရယ်၊ အဲဒီမှာ သရဲခြောက်တယ်လို့၊ အင်း၊ အခုဆရာမလေးတွေ့တဲ့သရဲက အဲဒီနေရာက မြေပိုင်ရှင်အဘကြီးဖြစ်ရမယ်”

“ဘယ်လို၊ မြေပိုင်ရှင်တဲ့လား”

“ဟုတ်တယ်၊ သူ့နာမည်က ဦးတင်ကြည်တဲ့၊ ရွာကလူတွေကတော့ ဦးပြောင်ကြီးလို့ပဲခေါ်ကြတယ်၊ အခု ကျောင်းဆောက်ထားတဲ့ မြေနေရာက တစ်ချိန်တုန်းက ဦးပြောင်ကြီးပိုင်တဲ့ခြံကြီးပေါ့၊ ကျောင်းနောက်က ရေတွင်းကလည်း သူတူးခဲ့တာပဲ၊ အခု အလံတိုင်လုပ်ထားတဲ့နေရာက အရင်တုန်းက သူ့အုတ်ဂူနေရာပေါ့ဆရာမလေးရယ်၊ သူ့မြေကို ကျောင်းဆောက်လိုက်လို့ မကျေမနပ်ဖြစ်ပြီးတော့ အဲဒီမြေမှာစွဲနေတာနေမှာ”

ဆရာမဖူးဖူးလည်း အလွန်ကြောက်လန့်နေမိသည်။

“ဒါဆို ဆရာမလေး ကျောင်းမှာဆက်မနေနဲ့တော့၊ ကျုပ်တို့ရွာထဲမှာ လာနေလှည့်”

ဆရာမဖူးဖူးခေါင်းခါပြလိုက်သည်။

“မနေဘူးဦးလေး၊ ဘာပဲဖြစ်ဖြစ် ကျွန်မအဲဒီမှာပဲဆက်နေမယ်၊ အဲဒီမြေပိုင်ရှင်ကြီးကို အလှူအတန်းလုပ်ပေးပြီးတော့ အမျှပေးဝေလိုက်ရင် အဲဒီမြေပိုင်ရှင်ကြီး ကျွတ်လွတ်သွားမှာပါ”

“ဆရာမလေးကတော့ တယ်လည်းခေါင်းမာတာပဲ၊ အင်းလေ၊ ဆရာမလေးလုပ်ချင်တာသာပြောပါ၊ ကျုပ်တို့စီစဉ်ပေးပါ့မယ်”

သို့နှင့်ရွာကျောင်းကလေးတွင် အရုဏ်ဆွမ်းကပ်ကြသည်။ ရွာဘုန်းကြီးကျောင်းမှ ဆရာတော်များပင့်ကာ ဆွမ်းကပ်ပြီး အမျှအတန်းဝေကာ ပရိတ်တရားရွတ်ဖတ်ကြသည်။ သို့တိုင်အောင် ညနေပိုင်းတွင် ဆရာမဖူးဖူးငိုချင်လာစမြဲဖြစ်သည်။

“အဘရေ၊ ကျွန်မလည်းတာဝန်အရဆိုတော့ ဒီမှာနေရတာပါ၊ အဘကိုလည်း နှောင့်ယှက်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်၊ အဘလည်း ကျွန်မကိုမနှောင့်ယှက်ပါနဲ့”

ထိုနောက်ပိုင်းတွင်တော့ ဆရာမဖူးဖူးကိုအခြောက်အလှန့်နည်းသွားသည်။

(၅)

ကျောင်းဆောင်မှာ မိုးကောင်းကောင်းမလုံပေ၊ ကျောင်းတိုင်အချို့မှာလည်း အလွန်ဟောင်းနွမ်းနေသည့်အတွက် ကျောင်းပြုပြင်ရန်အတွက် အထက်ကိုစာတင်သည့်အခါ အထက်ကလည်းပြုပြင်တည်ဆောက်ခွင့်အမိန့်ကျသည်။ ကျောင်းကို အစိုးရဘက်ဂျက်ဖြင့် အုတ်ကျောင်းကလေးတည်ဆောက်ပေးမည်ဖြစ်သည်။

နွေရာသီတွင် လုပ်ငန်းစကြသည်။ ဆရာမဖူးဖူးလည်း မိဘအိမ်သို့ပြန်လာခဲ့ရသည်။ မိဘအိမ်ရောက်ပြီး တစ်ရက်သာကြာသေးသည်၊ ရွာလူကြီးမှ ဖုန်းဆက်လာခဲ့သည်။

“ဆရာမရေ ကျောင်းမှာပြဿနာဖြစ်လို့ ပြန်လာခဲ့ပါအုံး”

နောက်နေ့ကားဖြင့် ရွာသို့ပြန်လာခဲ့ရသည်။ ရွာရောက်သည့်အခါ ကျောင်းတွင်အမှုအခင်းဖြစ်နေလေသည်။

ဖြစ်ပုံက ဆန်းသည်။ ဆရာမဖူးဖူးပြန်သွားသည့်အခါ ကျောင်းတွင်အလုပ်သမားများရောက်လာကြပြီး ကျောင်းဆောက်ကြလေသည်။ အလုပ်သမားများအနက် အလုပ်သမားလေးယောက်မှာ ဆရာမဖူးဖူးနေထိုင်သည့်အိမ်ကလေးတွင် နေထိုင်ကြသည်။ တစ်ရက်တွင် အလုပ်သမားများ အလုပ်ဆင်းပြီးချိန် အိမ်ပေါ်တွင်အရက်သေစာသောက်စားကြလေသည်။ ထိုအထဲမှ အလုပ်သမားတစ်ယောက်က အရက်သေစာသောက်စားပြီး ကြမ်းတမ်းစွာဆဲဆိုသည်ဟုဆိုသည်။

ထိုည အိပ်သည့်အခါ အလုပ်သမားတစ်ယောက်က တစ်ရေးနိုးတွင် အပေါ့သွားချင်လာသဖြင့် အိမ်ပေါ်မှဆင်းလာကာ အိမ်နောက်ဖေးတွင်သာ အပေါ့သွားလိုက်သည်။ ထို့နောက် ထိုအလုပ်သမားမှာ အိမ်အောက်တွင်ထောင်ထားသည့် ပေါက်တူးကြီးကိုင်ပြီး အိမ်ပေါ်သို့တက်သွားကာ အခြားအလုပ်သမားများကို ပေါက်တူးဖြင့်လိုက်ခုတ်တော့သည်။ အိပ်ပျော်နေသည့် အလုပ်သမားတစ်ဦး၏ ခေါင်းကို ပေါက်တူးဖြင့်အတော်ခုတ်မိသွားပြီး ဒဏ်ရာကြီးမားသည်ဟုဆိုသည်။

ထိုပေါက်တူးကိုင်သည့်အလုပ်သမားအား ဝိုင်းဝန်းဖမ်းဆီးကြပြီး စစ်မေးသည့်အခါတွင်လည်း အိပ်နေရာမှရုတ်တရက်နိုးထသလို ငူငူငေါင်ငေါင်ကြီးဖြစ်နေပြီး သူလုပ်ခဲ့သည့်အရာများအားလုံးကို မမှတ်မိဟုဆိုသည်။ သူမှတ်မိသည့်အရာကတော့ အပေါ့သွားနေရင်း အနောက်မှတစ်စုံတစ်ဦးက တွန်းထုတ်ခဲ့သည်ကို ခံစားလိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

ဆရာမဖူးဖူးက ကျောင်းအုပ်မို့ ကျောင်းတွင်ဖြစ်ပွားသည့်အမှုအတွက် ဗျာများရတော့သည်။

သို့နှင့် နွေရာသီပြီးဆုံးပြီး မိုးရာသီပင်ရောက်ခဲ့လေပြီ၊ အုတ်ဖြင့်ဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်သစ်က အစိမ်းရောင်ဆေးဖျော့ဖျော့ဖြင့်လှပနေလေသည်။ ကျောင်းဆောင်ရှေ့ရှိ အလံတိုင်အသစ်မှာလည်း မြင့်မားလှပြီး နိုင်ငံတော်အလံက လေအဝေ့တွင် လွှင့်နေလျှက်ရှိသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပပြီးသည့်အခါ ကျောင်းဆောင်သစ်ကြီးတွင် ဆရာတော်၊ သံဃာတော်များကိုပင့်ဖိတ်ပြီး အလှူပွဲတစ်ခုကျင်းပလေသည်။ အလှူပွဲပြီးစီးသည့်အခါ ဆရာမဖူးဖူးက ထိုအဘကြီး၏ ပုံစံကို စိတ်ဖြင့်မှန်းလိုက်ပြီးနောက် အမျှအတန်းပေးဝေလိုက်လေသည်။

“အဘကြီးရဲ့မြေက အခုအစိုးရပိုင်မြေဖြစ်သွားပြီ၊ အဘကြီးရဲ့နေရာကလည်း နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ပညာသင်ကြားပေးနိုင်မယ့်နေရာဖြစ်သွားပါပြီအဘကြီး၊ အဘကြီးလည်း ကျေနပ်ပါတော့၊ အခုပြုရတဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း အဘကြီးကိုအမျှပေးဝေပါတယ်၊ အဘကြီးသာဓုခေါ်ပြီး ကောင်းရာမွန်ရာသွားပါတော့ရှင်”

ဆရာမဖူးဖူးရေရွတ်ကာ အမျှအတန်းပေးဝေလိုက်သည့်အချိန် ကျောင်းဆောင်သစ်ကြီး၏ သွပ်မိုးအပေါ်သို့ ရေစက်ရေပေါက်များ ပက်ဖြန်းလိုက်သည့်နှယ် ဖြန်းခနဲအသံအကျယ်ကြီးထွက်ပေါ်လာလေသည်။ တရားနာသူများပင် ကြောက်လန့်ကာခေါင်မိုးပေါ် မော့ကြည့်ကြသည်။ အချို့က မိုးရွာသည်ဟုယူဆသည်။ အချို့ကလည်း လူသရမ်းများ ကျောင်းခေါင်မိုးပေါ်သို့ ရေနှင့်လှမ်းပက်ခြင်းဖြစ်မည်ဟု ပြောဆိုကြပြန်သည်။ ဆရာမဖူးဖူးကတော့ အဘကြီးသူ့ကိုနှုတ်ဆက်သွားမှန်း သိလိုက်လေတော့သည်။

ဇွန်လမိုးစက်တို့နှင့်အတူ ကျောင်းဆောင်သစ်ကြီးက ခန့်ညားစွာတည်ရှိနေသည်။ အဖြူအစိမ်းဝတ်ထားသည့်ကျောင်းသားလေးများမှာလည်း သစ်လွင်ခန့်ညားသည့် ကျောင်းကြီးပေါ်တွင် ပညာသင်ကြားနေရပြီဖြစ်သည်။

“ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း”

ကျောင်းသားကလေးများ၏ စာအံသံက ကျောင်းဝန်းအတွင်းသို့ ပျံ့နှံ့ထွက်ပေါ်လျှက်ရှိနေပါတော့သည်။

ပြီးပါပြီ။
#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်

13/11/2025

ဝတ္ထုတို/ဝတ္ထုရှည်များ စုစည်းမှု (၁၉၉၄) ပုဒ်

စာဖတ်တိုင်း မမှတ်မိမယ့်အတူတူ ဘာလို့စာဖတ်နေသေးလဲ...?
https://www.facebook.com/100070723514638/posts/446526957714751/?app=fbl

အလင်းနှင့်အမှောင် //လယ်တီပဏ္ဍိတဦးမောင်ကြီး
https://www.facebook.com/100070723514638/posts/639363425097769/?app=fbl

ရသစာပေ၏ စွမ်းအား // မင်းခသင်း
https://www.facebook.com/100070723514638/posts/633800078987437/?app=fbl

ဇိနတ္ထပကာသနီကျမ်း {မဟာဗုဒ္ဓဝင်ဝတ္ထုတော်ကြီး}(အစ/အဆုံး)
https://www.facebook.com/100070723514638/posts/440136135020500/?app=fbl

ဆရာကြီးရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/598542572513188/?app=fbl

ကာမတဏှာ (အစ/အဆုံး) ဦးနု
https://www.facebook.com/100070723514638/posts/552661683767944/?app=fbl

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း (အစ/အဆုံး) ဆန်းလွင်
https://www.facebook.com/100070723514638/posts/622415870125858/?app=fbl

သမီးချစ် { အစ/အဆုံး } #ရဝေထွန်း
https://www.facebook.com/100070723514638/posts/626369563063822/?app=fbl

ကလေးရဟန္တာများ စုစည်းမှု (၉)ပုဒ် #ချစ်ဦးညို
https://www.facebook.com/100070723514638/posts/629046216129490/?app=fbl

"အတိတ်လမ်းကို ပြန်လျှောက်ခြင်း" (အစ/အဆုံး)‌ ပတ္တမြားခင်
https://www.facebook.com/100070723514638/posts/351879490512832/?app=fbl

စာရေးဆရာအောင်ဆန်းရေးတဲ့ "ဇာတိ" ဆောင်းပါး
https://www.facebook.com/100070723514638/posts/532113022489477/?app=fbl

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/603223672045078/?app=fbl

တခါက တဘဝ (ဗိုလ်ချုပ်အမှတ်တရများ)
https://www.facebook.com/100070723514638/posts/600762675624511/?app=fbl

ကံ့ကော်မြိုင်စာတန်း (ကလောင်စုံ)
https://www.facebook.com/100070723514638/posts/597283685972410/?app=fbl

ဆရာဇော်ဂျီ ကဗျာ၊ ဝတ္ထုတိုစုစည်းမှု ၂၈ ပုဒ်
https://www.facebook.com/100070723514638/posts/474855634881883/?app=fbl

မင်းသုဝဏ် (၂၁)ပုဒ်
https://www.facebook.com/100070723514638/posts/465317279169052/?app=fbl

ငွေဥဒေါင်း (၁၀) ပုဒ်
https://www.facebook.com/356Myat.Thu.Aung/videos/488285763684797/?app=fbl

ရွှေဥဒေါင်း (၆၃) ပုဒ်
https://www.facebook.com/100070723514638/posts/516506487383464/?app=fbl

သိပ္ပံမောင်ဝ (၄၁) ပုဒ်
https://m.facebook.com/story.php?story_fbid=326664426367672&id=100070723514638&mibextid=UyTHkb

ဦးဖိုးကျား (၂၁) ပုဒ်
https://www.facebook.com/100070723514638/posts/326672533033528/?app=fbl

ဆရာကြီးဦးသုခ အပုဒ်ရေ (၃၀)
https://www.facebook.com/100070723514638/posts/306555631711885/?app=fbl

တက္ကသိုလ်ဘုန်းနိုင် (၅၄) ပုဒ်
https://m.facebook.com/story.php?story_fbid=216907537343362&id=100070723514638&mibextid=UyTHkb

မြသန်းတင့် (၁၂၂) ပုဒ်
https://www.facebook.com/100070723514638/posts/449739180726862/?app=fbl

ရေနံ့သာခင်ခင်ကြီး (အစ/အဆုံး) မောင်သိန်းဆိုင်
https://www.facebook.com/100070723514638/posts/407834964917284/?app=fbl

လယ်တွင်းသားစောချစ် (၆၆) ပုဒ်
https://m.facebook.com/story.php?story_fbid=431909809176466&id=100070723514638&mibextid=UyTHkb

ဂျာနယ်ကျော်မမလေး (၄၂) ပုဒ်
https://m.facebook.com/story.php?story_fbid=218127987209856&id=102151318807524&mibextid=UyTHkb

ကြည်အေး (၄၁) ပုဒ်
https://www.facebook.com/100070723514638/posts/511217944578985/?app=fbl

ခင်နှင်းယု (၃၆) ပုဒ်
https://www.facebook.com/100070723514638/posts/449180957449351/?app=fbl

ခင်ဆွေဦး (၁၀) ပုဒ်
https://www.facebook.com/100070723514638/posts/624265806607531/?app=fbl

နုနုရည် (အင်းဝ) (၃၅) ပုဒ်
https://www.facebook.com/100070723514638/posts/449170067450440/?app=fbl

မင်းယုဝေ (၁၂) ပုဒ်
https://www.facebook.com/100070723514638/posts/521155813585198/?app=fbl

မိုးမိုး(အင်းလျား) (၂၈) ပုဒ်
https://www.facebook.com/100070723514638/posts/449234167444030/

မစန္ဒာ (၉၉) ပုဒ်
https://m.facebook.com/story.php?story_fbid=326765133024268&id=100070723514638&mibextid=UyTHkb

ခင်ခင်ထူး (၈၂) ပုဒ်
https://m.facebook.com/story.php?story_fbid=327622169605231&id=100070723514638&mibextid=UyTHkb

ဂျူး (၉၈) ပုဒ်
https://m.facebook.com/story.php?story_fbid=317729807261134&id=100070723514638&mibextid=UyTHkb

ပုညခင် (၉) ပုဒ်
https://m.facebook.com/story.php?story_fbid=429542216079892&id=100070723514638&mibextid=UyTHkb

သန်းမြင့်အောင် (၂၈)ပုဒ်
https://www.facebook.com/100070723514638/posts/461617926205654/?app=fbl

လွန်းထားထား(ဆေးတက္ကသိုလ်) (၃) ပုဒ်
https://www.facebook.com/100070723514638/posts/603289575371821/?app=fbl

ငွေတာရီ စုစည်းမှု (၈) ပုဒ်
https://www.facebook.com/100070723514638/posts/521155230251923/?app=fbl

မောင်ထင် (၂၄) ပုဒ်
https://www.facebook.com/100070723514638/posts/449762660724514/?app=fbl

မန်းတင် (၁၂) ပုဒ်
https://www.facebook.com/100070723514638/posts/521157796918333/?app=fbl

မောင်သင် (၂၇)ပုဒ်
https://www.facebook.com/100070723514638/posts/461080976259349/?app=fbl

ပီမိုးနင်း (၁၅) ပုဒ်
https://www.facebook.com/100070723514638/posts/449750004059113/?app=fbl

မင်းသိင်္ခ (၃၁) ပုဒ်
https://www.facebook.com/100070723514638/posts/530221646011948/?app=fbl

သော်တာဆွေ (၆၈) ပုဒ်
https://www.facebook.com/100070723514638/posts/449760727391374/?app=fbl

အောင်သင်း (၄၈) ပုဒ်
https://www.facebook.com/100070723514638/posts/324655809901867/?app=fbl

ဆင်ဖြူကျွန်းအောင်သိန်း (၁၂) ပုဒ်
https://www.facebook.com/100070723514638/posts/471969695170477/?app=fbl

ရန်ကုန်ဘဆွေ (၈) ပုဒ်
https://www.facebook.com/100070723514638/posts/556304906736955/?app=fbl

ဖိုးကျော့ (၁၂) ပုဒ်
https://www.facebook.com/100070723514638/posts/614046237629488/?app=fbl

ဆရာတင်ညွန့် (၈၉) ပုဒ်
https://www.facebook.com/100070723514638/posts/517140793986700/?app=fbl

ညီပုလေး (၁၈) ပုဒ်
https://www.facebook.com/100070723514638/posts/481912957509484/?app=fbl

ချစ်ဦးညို (၇) ပုဒ်
https://www.facebook.com/100070723514638/posts/471960241838089/?app=fbl

မောင်သာချို (၄၄) ပုဒ်
https://www.facebook.com/100070723514638/posts/471956285171818/?app=fbl

ငြိမ်းကျော် (၁၈) ပုဒ်
https://www.facebook.com/102151318807524/posts/216322550723733/?app=fbl

တာရာမင်းဝေ စုစည်းမှု (၅) ပုဒ်
https://www.facebook.com/100070723514638/posts/635838125450299/?app=fbl

အဏ္ဏဝါစိုးမိုး (၄၇) ပုဒ်
https://m.facebook.com/story.php?story_fbid=216907250676724&id=100070723514638&mibextid=UyTHkb

ဖေမြင့် (၂၄) ပုဒ်
https://www.facebook.com/100070723514638/posts/471953438505436/?app=fbl

နေဝင်းမြင့် (၃၄) ပုဒ်
https://www.facebook.com/100070723514638/posts/513531557680957/?app=fbl

တင်မိုး (၃၈) ပုဒ်
https://www.facebook.com/100070723514638/posts/516512427382870/?app=fbl

ဝင်းဖေ (၂၁) ပုဒ်
https://www.facebook.com/100070723514638/posts/516542054046574/?app=fbl

နွေမိုးဝေ စုစည်းမှု (၅) ပုဒ်
https://www.facebook.com/100070723514638/posts/624254033275375/?app=fbl

မောင်စိန်ဝင်း (ပုတီးကုန်း) (၁၅) ပုဒ်
https://www.facebook.com/100070723514638/posts/516521487381964/?app=fbl

သာဓု ဝတ္ထုတို/ရှည်များ စုစည်းမှု (၃၁) ပုဒ်
https://m.facebook.com/story.php?story_fbid=324869096547205&id=100070723514638&mibextid=UyTHkb

မင်းလူ စုစည်းမှု (၁၂၉) ပုဒ်
https://m.facebook.com/story.php?story_fbid=324259559941492&id=100070723514638&mibextid=UyTHkb

သုမောင် စုစည်းမှု (၅၆) ပုဒ်
https://m.facebook.com/story.php?story_fbid=324814909885957&id=100070723514638&mibextid=UyTHkb

နန်းဟာဗီး (အစ/အဆုံး) ရန်ကုန်ဘဆွေ
https://www.facebook.com/100070723514638/posts/499758979058215/?app=fbl

မောင်ရင်မောင် မမယ်မ // ဂျိမ်းစ်လှကျော်
(ပထမဦးဆုံး ခေတ်ပေါ် မြန်မာဝတ္ထု)
https://www.facebook.com/100070723514638/posts/506177188416394/?app=fbl

မသိန်းရှင်ဆီပို့ပေးပါ (အစ/အဆုံး)နိုင်ဝင်းဆွေ
https://www.facebook.com/100070723514638/posts/440080491692731/?app=fbl

နွေတည (အစ/အဆုံး) နိုင်ဝင်းဆွေ
https://www.facebook.com/100070723514638/posts/440075591693221/?app=fbl

မဟူရာမေတ္တာ (အစ/အဆုံး) နိုင်ဝင်းဆွေ
https://www.facebook.com/100070723514638/posts/600496482317797/?app=fbl

ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ// နိုင်ဝင်းဆွေ
https://www.facebook.com/100070723514638/posts/519469750420471/?app=fbl

မေတ္တာရှင်မလေးပေါ်လီယာနာ (အစ/အဆုံး)
ထင်လင်း
https://www.facebook.com/100070723514638/posts/355477360153045/?app=fbl

နွမ်းလျအိမ်ပြန် (အစ/အဆုံး) // ကြည်အေး
https://www.facebook.com/100070723514638/posts/425469803153800/?app=fbl

ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်
(အစ/အဆုံး) // နွမ်ဂျာသိုင်း
https://www.facebook.com/100070723514638/posts/326376496396465/?app=fbl

တခါတုန်းက တက္ကသိုလ်မှာ (အစအဆုံး) //
နွမ်ဂျာသိုင်း
https://www.facebook.com/100070723514638/posts/326377819729666/?app=fbl

ပုဂံမြို့သူ (အစအဆုံး)// မောင်သိန်းဆိုင်
https://www.facebook.com/100070723514638/posts/520730536961059/?app=fbl

မိန်းမလှအမုန်း (အစအဆုံး) // ဝင်းဦး
https://www.facebook.com/100070723514638/posts/520733630294083/?app=fbl

ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (အစ/အဆုံး)တင်ညွန့်
https://www.facebook.com/100070723514638/posts/434306215603492/?app=fbl

ကျွန်းရိပ်ညိုထဲမိုးလည်းသည်းပြီ (အစ/အဆုံး)
ကိုရွှေမိုး(စီးပွားရေးတက္ကသိုလ်)
https://www.facebook.com/100070723514638/posts/303071602060288/?app=fbl

အများနှင့် မသက်ဆိုင်သောသူ (အစ/အဆုံး) မင်းလူ
https://www.facebook.com/100070723514638/posts/516093277424785/?app=fbl

အမှောင်ထဲမှ [အစ/အဆုံး] လမင်းမိုမို
(ရင်ဘတ်ထဲက ဓား- ရုပ်ရှင်)
https://www.facebook.com/100070723514638/posts/445988054435308/?app=fbl

မုန်းစွဲ (ဖြစ်ရပ်မှန်) //အရှင်ဆန္ဒာဓိက
https://www.facebook.com/100070723514638/posts/427272306306883/?app=fbl

ရပ်ကွက်ထဲကလူတွေ //လမင်းမိုမို
https://www.facebook.com/100070723514638/posts/446055041095276/?app=fbl

ဘိသိက်ပြိုင်// ရွာစားစိန်တင့်ဟန်
https://www.facebook.com/share/p/JkSCCZZLmmUXoQS5/?mibextid=xfxF2i

ရွာစားစိန်မွတ္တားနှင့် စာဟောဆရာ ရွှေဘိုစိန်
https://www.facebook.com/share/p/X6cE6gANXvfKj8ZH/?mibextid=xfxF2i

ရစ်ဘီးနှင့် စက္ကူစွန်//မောင်စိန်ဝင်း(ပုတီးကုန်း)
https://m.facebook.com/story.php?story_fbid=461052092928904&id=100070723514638&mibextid=NOb6eG

မြေနှိမ့်မြစ်ဝှမ်းလွင်ပြင်//ဟန်စိုင်း (ဆေး-မန်း)
https://www.facebook.com/100070723514638/posts/310960287938086/?app=fbl

ခင်ဖုန်းသက်ဝေဂယ်လာရီ//သန်းတင့်
https://www.facebook.com/100070723514638/posts/473813114986135/?app=fbl

ခင်ဖုန်းသက်ဝေဖတ်ဖို့နွေ // သန်းတင့်
https://www.facebook.com/100070723514638/posts/630125469354898/?app=fbl

စင်ပေါ်က အပျိုကြီး // လမင်းမိုမို
https://www.facebook.com/100070723514638/posts/443535024680611/?app=fbl

အပျိုကြီးတွေ လင်ရနိုင်တဲ့ဆေးမြီးတို// စောစံဖိုးသင်
https://www.facebook.com/100070723514638/posts/623415173359261/?app=fbl

ကျွန်မဘဝရဲ့အတ္ထုပ္ပတ္တိ // ရင်နွေငြိမ်း
https://www.facebook.com/102151318807524/posts/151909017165087/?app=fbl

ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/560194093014703/?app=fbl

အကြံဉာဏ်ဖြင့် ကြီးပွားရေး (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/562188829481896/?app=fbl

မိတ်တဗလဋီကာ (အစ/အဆုံး) ဦးနု
https://www.facebook.com/100070723514638/posts/555314566835989/?app=fbl

သျှင်ဥက္ကဌ နှင့် ကျောက်ကွင်းအရေးတော်ပုံ
https://www.facebook.com/100070723514638/posts/556430750057704/?app=fbl

ပန်ထွာဘုရင်မ (အစ/အဆုံး) စိမ့်(ပညာရေး)
https://www.facebook.com/100070723514638/posts/593907509643361/?app=fbl

အမျိုးသမီးတို့လက်မထပ်ခင် ဖတ်သင့်သောစာအုပ် ၉ အုပ် (အစ/အဆုံး)
https://www.facebook.com/100070723514638/posts/606933788340733/?app=fbl

နာမည်ကြီး မ'အက္ခရာ ဝတ္ထုများ စုစည်းမှု
မမ၊ မေ၊ မီ၊ မြိုင်၊ မွှေး (အစ/အဆုံး)
https://m.facebook.com/story.php?story_fbid=422276343473146&id=100070723514638&mibextid=UyTHkb

အတ္ထုပ္ပတ္တစာအုပ်များ စုစည်းမှု (၁၁) အုပ်
https://www.facebook.com/100070723514638/posts/625869663113812/?app=fbl

Credit ဝတ္ထုတိုဝတ္ထုရှည်များပေ့ခ်ျ
Credit to owner with respect

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zaw Ooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์