Salmon’s Tube Traveling, shopping and eating

27/12/2025

ဒီနေရာလေးကတော့ Khao Yai Theing Windmill လို့သိကြပါတယ် တောင်ပေါ်ကနေလှမ်းကြည့်ရင် ဟိုးအောက်မှာသိပ်လှတဲ့ဆည်ကြီးရယ် ကားလမ်းကြီးကိုလဲ မှုန်ဝါးဝါးတွေ့ရပါတယ်
မနက်စောစော ဒါမှမဟုတ် ညနေလေးနာရီလောက်အရောက်သွားပြီး နေဝင်ချိန်ကိုကြည့်ရတဲ့ခံစားချက်က အဲ့ဒီကိုရောက်မှပဲ ကိုယ်တိုင်သိရမှာပါ Pak Chong မြို့လေးကနေဆို နာရီဝက်ကျော်လောက် ကား သို့မဟုတ် ဆိုင်ကယ်နဲ့သွားရင်ရောက်ပါတယ် တခုသတိထားရမှာက လမ်းမအတိုင်းမောင်းပါ ဖြတ်လမ်းမလိုက်ပါနဲ့ ဖြတ်လမ်းတွေကလမ်းတိုပေမဲ့ အန္တရာယ်များပါတယ်
Location-https://maps.app.goo.gl/FrKse5RB2wWkAtTR8?g_st=ipc

26/12/2025

ဒီနေရာလေးကတော့ ခေါက်ရိုင်မှာရှိတဲ့ Farm Chokchai မှာပါ
Pak Chong နဲ့ဘန်ကောက် သွားတဲ့လမ်းမကြီးပေါ်မှာရှိတာမို့ အလွယ်တကူလည်ပတ်လို့ရပါတယ်။
တစ်ယောက်ကို ဝင်ကြေး ၁၂၀ ဘတ်ပါ။ သူ့မှာ Zone လေးခုရှိပါတယ်။
ဒါကတော့ တိရစ္ဆာန်လေးတွေကိုအစာကျွေးတဲ့နေရာရှေ့မှာပါ။ ခေါက်ရိုင်ရောက်ရင် မသွားမဖြစ်တဲ့အထဲမှာပါပါ။
Location- https://maps.app.goo.gl/JvZeKERUxnHWrHo77?g_st=ipc

ခေါက်ရိုင်(Khao Yai) 🥰တောင်တန်း၊ ရေကန်နဲ့ ပန်းခြံ၊ကော်ဖီဆိုင်တွေ၊တိရစ္ဆာန်လေးတွေကို အနီးကပ်အစာကျွေးချင်သူတွေအတွက် ဘန်ကော...
15/07/2025

ခေါက်ရိုင်(Khao Yai) 🥰

တောင်တန်း၊ ရေကန်နဲ့ ပန်းခြံ၊ကော်ဖီဆိုင်တွေ၊တိရစ္ဆာန်လေးတွေကို အနီးကပ်အစာကျွေးချင်သူတွေအတွက် ဘန်ကောက်ကနေအနီးဆုံးနေရာလေးတစ်ခုပါ။

မြန်မာပြည်က ပြင်ဦးလွင်လိုမျိုး သဘာဝဆန်တဲ့နေရာကို သွားချင်သူတွေအတွက် Khao Yai သွားဖို့ အကြံပြုချင်ပါတယ်။
ကျွန်တော်ကတော့ ရာသီဥတုရော ပတ်ဝန်းကျင်ကိုရောကြိုက်လို့ ဒီနေရာကို သွားတာ သုံးခေါက်ရှိပါပြီ။



📍 ဘယ်လိုသွားရမလဲ?

1. ရထားနဲ့သွားချင်သူများအတွက် Grand Bang Sue Station (Krung Thep Aphiwat) ကနေစတင်ထွက်ခွါပါတယ်။Bangkok တခြားနေရာတွေအဖြစ် Don Mueang, Rangsit ကလဲစီးလို့ရပါတယ်။D-Ticket App မှာ လက်မှတ်ဖြတ်လို့ရပြီး ခုံနံပါတ်နဲ့ရထားအချိန်ရွေးလို့ရပါတယ်။ဆင်းရမယ့်ဘူတာက Pak Chongပါ။ခရီးကြာချိန်က ၃နာရီခွဲလေးနာရီလောက်ပါ။ရထားစစီးရမဲ့ဘူတာကိုတော့ရထားမထွက်ခင် နာရီဝက်အကြို ရောက်သင့်တယ်။

2. ကားနဲ့သွားချင်သူများအတွက် -Mo Chit ကားဝင်း (Chatuchak နား) ကနေ ဘတ်စ်ကားစီးလို့ရတယ်။ကိုယ်ပိုင်ကား or အငှားကားနဲ့သွားလို့လည်းရပါတယ်။ ဘတ်စ်ကားကတော့ Pak Chong Lotusမှာချပေးတာမို့ မြို့ထဲမှာတည်းချင်သူတွေအတွက်တော့ ရထားကပိုအဆင်ပြေပါလိမ့်မယ်။ Lotus နားမှာလဲ တည်းစရာတွေရှိပါတယ်။



🛵 ဆိုင်ကယ်ငှားချင်ရင်တော့ဒီဆိုင်လေးRecommend ပေးပါတယ်။

ကျွန်တော်ငှားနေကျဆိုင်ကောင်းကောင်းတစ်ခုကတော့
📍 By Keane
• တစ်ရက် 300 B
• Deposit မလို
• ဆီအပြည့်ဖြစ်ပြီး ပြန်အပ်တဲ့အချိန်မှာလည်း အပြည့်ဖြည့်ပေးရတယ်။
• ဘူတာကနေလဲ မဝေးပါဘူးခင်ဗျာ။

နောက်အပိုင်းတွေမှာတော့ ဘယ်ကိုလည်ရမလဲ။ ဘယ်မှာတည်းမလဲဆိုတာတွေကို ဆက်ရေးပေးသွားမယ်နော်။

07/07/2025

ဒီနေရာလေးက ဘယ်အချိန်ဖြစ်ဖြစ်လှတယ် အထူးသဖြင့် ညနေပိုင်းနေဝင်ချိန်ပေါ့ ခေါက်ရိုင်ရောက်ရင် သွားကိုသွားသင့်တဲ့နေရာလေးတစ်ခုပေါ့

ဒီအချိန်ဆို ထိုင်းနိုင်ငံမြောက်ပိုင်းက မယ့်ကပေါင်ရွာလေးမှာ ဧည့်သည်တွေနဲ့စည်ကားနေပြီနော် နောက်ရက်ကျ ခရီးသွား Package လေးတ...
06/01/2025

ဒီအချိန်ဆို ထိုင်းနိုင်ငံမြောက်ပိုင်းက မယ့်ကပေါင်ရွာလေးမှာ ဧည့်သည်တွေနဲ့စည်ကားနေပြီနော်
နောက်ရက်ကျ ခရီးသွား Package လေးတွေကို စျေးတန်တန်လေးနဲ့ မိတ်ဆက်ပေးမှာမို့ အားပေးကြပါဦးခင်ဗျာ သိချင်တာလေးများကိုလဲ အားမနာတမ်းလာမေးလို့ရပါတယ်ခင်ဗျာ

27/11/2024

ခရီးသွားထားတာတွေရှိတယ်
ဘယ်ကစလုပ်ရမှန်းမသိနေလို့ သိမ်းထားရုံသက်သက်..
နောက်ရက်တွေတော့ ကြိုးစားပြီးမျှဝေပေးပါ့မယ်ခင်ဗျာ
ဘတ်ဂျက် ကို အဓိကထားပြီးသွားထားတာမို့ ကုန်ကျစရိတ်လေးတွေပါမျှဝေပေးရင်ကောင်းမလားခင်ဗျာ

27/11/2024

from stress

ที่อยู่

Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Salmon’s Tubeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์